မဲခေါင်၊ အောက်တိုဘာ ၉
အောက်တိုဘာ ၇ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆယ်စုနှစ် ၂ ခုအတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ် ခဲ့မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သေဆုံးသူပေါင်း ၂၄၀၀ ကျော်သွားခဲ့ပြီလို့ သိရှိရ ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့အနောက်မြောက်ဘက် ၂၅ မိုင်အကွာကို ဖဟိုပြုလှုပ်ခတ်သွားလို့ ရွာ ၆ ရွာစလုံး အဆောက်အအုံးအားလုံးနီးပါး ပြားပြားဝပ် ပြိုလဲခဲ့ကြောင်း၊ ပထမ ငလျှင်ကြီးက ပြင်းအား ၆ . ၃ ရှိပြီး နောက်ဆက်တွဲ ငလျှင်အဖြစ် ပြင်းအား ၆ . ၃၊ ၅ . ၉ နဲ့ ၅ . ၅ ပြင်းအားရှိငလျှင်တွေ လှုပ်ခတ်ခဲ့သေးလို့ အိမ်အလုံး ပေါင်း ၁၃၀၀ ပျက်စီးရပြီး အတည်ပြုနိုင်တဲ့သေဆုံးသူပေါင်း ၂၄၀၀ ကျော်ရှိသလို အပျက်အစီးပုံတွေကြား သေဆုံး လျှက် သို့မဟုတ် ရှင်လျှက် ပိတ်မိနေသူများစွာလည်း ရှိနေသေးလို့ နိုင်ငံတကာ ကယ်ဆယ်ထောက်ပုံမှုတွေ လိုအပ်နေတယ်လို့ အာဏာသိမ်း တာလီဘန်အစိုးရက အကူအညီပါ တောင်းနေရပြီဖြစ်ပါတယ်။
ငလျှင်လှုပ်အပြီး ၃၆ နာရီကြာတဲ့အထိ နိုင်ငံတကာကူညီကယ်ဆယ်မှုတွေ မရှိလို့ အသက်ရှင်လျှက် ကျန်သူတွေ ဟာ အဆောက်အအုံပျက်တွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ရာမှာ လက်နဲ့ယက်ဖယ်နေရတဲ့အဆင့်မျိုးအထိ အတိဒုက္ခရောက်နေရကြောင်း၊ လက်ရှိ အစ္စရေးနဲ့ ဟားမက်စ် စစ်ပွဲပြင်းထန်နေခြင်း၊ အာဖဂန်မှာ စစ်သွေးကြွ တာလီဘန်တွေ သိမ်းပိုက်အုပ်စိုးထားခြင်းကြောင့် နိုင်ငံတကာ အကူအညီဝင်ရေးက ခက်ခဲတဲ့အနေအထားဖြစ် နေရကြောင်းလည်း နိုင်ငံတကာကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
အဆောက်အအုံပျက်တွေအောက် ပြိုပိနေသူတွေကို ကယ်ထုတ်ရာမှာ အသုံးအဆောင် ပစ္စည်းတွေ ရှားပါးမှုက သေဆုံးမှုနှုန်းကို ပိုပြီးမြင့်တက်လာစေမှာဖြစ်ပြီး ညဘက်အပူချိန်ဟာ ၁၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းနေလို့ အရေးပေါ် အကူအညီအစီအစဉ်တွေ အမြန်လုပ်ဆောင်ဖို့ လို ကြောင်လည်း လက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့ တာလီဘန်အစိုးရ ကယ်ဆယ်ရေးအဖွဲ့က အကူအညီတောင်းခံ နေပါတယ်။
Ref: itv
MKF-001
#MeKongNews
#အာဖဂန်
#ငလျင်
#မြင့်တက်
#သေဆုံး
#ကူညီ
#ကယ်ဆယ်