မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲလာတာ ၂ နှစ်ပြည့်သွားပြီဖြစ်ချိန်မှာ ရုရှားဟာ စစ်ကြိုကာလ ကြိုတင်စု ဆောင်းပြင်ဆင်ထားတဲ့ လက်နက်တွေဟာ ရှားပါးလာတာကြောင့် ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လအတွင်း ထုတ် လုပ်ထားတဲ့ ပူပူနွေးနွေး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ယူဆသုံးသပ်ခဲ့ပါတယ်။
၂၀၂၃ နှစ်ကုန်ပြီးနောက် ဇန်နဝါရီ ၂ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရုရှားဘက်က ယူကရိန်းနယ်မြေတွေထဲ တားဝေးပစ် ဒုံးကျည်များစွား အသုံးပြု တိုက်ခိုက်မှုမှာ ဒုံးကျည်တွေကို စစ်ဆေးတော့ ထုတ်လုပ်ရက်စွဲတွေ ပါဝင်နေတာတွေ့ ရလို့ စုဆောင်းထားတဲ့ လက်နက်တွေကုန်သွားပြီး အပူတပြင်းထုတ်ထားတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ယူကရိန်း စစ်ရေးသိပ္ပံ သုတေသီ ကယ်လ်ချက်စကီး က သုံးသပ်သွားပါတယ်။
ဇန်နဝါရီလအတွင်း ရုရှား ပစ်ခတ်တဲ့ ဒုံးကျည်တွေထဲမှာ Kh-32 ဒုံးကျည်တွေ ပါဝင်လာပြီး ဒီဒုံးကျည်တွေကို နိုဝင်ဘာလတုန်းကမှ ရုရှားဘက်က ဒူဘိုင်းလေကြောင်းပြပွဲမှာ ပထမဆုံး မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။
ပူတင်ဟာ လက်နက် ရှားပါးလာလို့ မြောက်ကိုရီးယားဆီက ဒုံးကျည်တွေကို ပိုမို ရယူဖို့ ကြိုးစားနေပြီး ၂၀၂၄ ခုနှစ်အတွင်း လိုအပ်တဲ့ ဒုံးကျည်ပေါင်း ၄ သန်း လျာထားမှုမှာ ၂ သန်းကို မြောက်ကိုရီးယားဆီက ရယူဖွယ်ရှိ တယ်လို့ Rusi Thinh Tank အဖွဲ့ဝင် မိုက်ကယ်ကလက်ခ်က သုံးသပ်ပြောဆိုသွားပါတယ်။
Ref:Thesun
MKF-001