မဲခေါင်၊ ဇန်နဝါရီ ၂၄
စက်တင်ဘာကနေ ဒီဇင်ဘာလအတွင်းမြောက်ကိုရီးယားက ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ လက်နက်ကြီး ကျည်တွေကို မြောက်ကိုရီးယားပိုင် ကုန်တင်သင်္ဘော ၃ စီးနဲ့တင်ပို့နေတဲ့ ကောင်းကင်ဓာတ်ပုံမှတ်တမ်းတွေကို ယူကေစပိုင်ဂြိုဟ်တုက ရိုက်ကူးထားနိုင်တဲ့ ဓာတ်ပုံအထောက်အထားတွေ ရရှိခဲ့ပြီး ကုလသမဂ္ဂထံ ပေးပို့တင်ပြ ခဲ့ကြောင်း သိရှိရပါတယ်။
ယူကေစစ်ထောက်လှမ်းရေးက ရရှိထားတဲ့မှတ်တမ်းတွေကို ထိန်ချန်လျှို့ဝှက်ထားပေမယ့် Guardian သတင်းဌာန က ရရှိသွားပြီး မြောက်ကိုရီးယားဟာ လက်နက်တွေကို နာဂျင်းဆိပ်ကမ်းကနေ ရုရှားနိုင်ငံ ဘက်ခ်ထာကွန်နော့ရှ် ကိုဗာဆိပ်ကမ်းနဲ့ ဗော့စတိုချင်နီဆိပ်ကမ်းတွေဆီ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။
မြောက်ကိုရီးယားအသုံးပြုခဲ့တဲ့ သင်္ဘော ၃ စင်းဟာ မိုင်ရာ၊ အန်ဂါရာနဲ့ မာရီယာတို့ဖြစ်ပြီး ဒီသုံးစင်စလုံးဟာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနပိုင် Oboronlogistika OOO ကုမ္ပဏီနဲ့ ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ်မှာပဲ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခံရမှုစာရင်းထဲပါဝင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုရှားကို သွားပြီး ပူတင်နဲ့ တွေ့ဆုံပြီး နောက်နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာအဆင့် တိုးမြှင့်တည်ဆောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရုရှား ထိပ်တန်းခေါင်းဆောင်တွေ မြောက်ကိုရီးယားကို အလာစိပ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း တွေကို မြောက်ကိုရီးယားဆီက ရယူခဲ့တာဖြစ်ကြောင်း၊ ဇန်နဝါရီလဆန်ပိုင်းက ရုရှားပစ်တဲ့ လက်နက်တွေဟာ မြောက်ကိုရီးယားထုတ်တွေဖြစ်နေတာ ယူကရိန်းဘက်က တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပူတင်နဲ့ကင်ဂျုံ အန်တို့ဟာ ပူးပေါင်းမှုမြှင့်တင်ပြီး ရန်သူအနောက်မဟာမိတ်တွေနဲ့ အမေရိကန်ကို ဆန့်ကျင်လို့ ကမ္ဘာသစ်အမိန့် ထုတ်ပြန်နိုင်တဲ့အထိ ကြိုးစားကြမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂသံတမန်တစ်ဦးက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကို နျူကလီးယားပျံ့နှံ့မှုထိန်းချုပ် ကာကွယ်ရေးဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီစည်းမျဉ်းကို ချိုးဖောက်ထားတဲ့ မြောက်ကိုရီးယားက လက်နက် ပေးပို့တာ လုံခြုံရေးကောင်စီဥပဒေကို ချိုးဖောက်တာဖြစ်လို့ စုံစမ်းဖော်ထုတ်အရေးယူဖို့ စီစဉ်သင့်ကြောင်း ပြောကြားသွားပါတယ်။
Ref:Guardian
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ကုန်တင်
#လက်နက်