မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရုရှားတပ်တွေဟာ သိမ်းပိုက်ထားတဲ့ ဒိုးနက်စ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်နဲ့ ၆ ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ အိုလီနစ်ဗ်ကာနဲ့ ဗိုလ်နိုဗာခါဒေသကြား ၁၉ မိုင်အကွာအဝေးကို ကုန်ရထားတွဲပေါင်း ၂၁၀၀ ကျော်ပါတဲ့ ခံစစ်လိုင်း ရထား တည်ဆောက်ပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ကာကွယ်ဖို့ စီစဉ်နေကြောင်း ယူကရိန်းရဲ့ လွတ်လပ်သော ထောက်လှမ်းရေးရင်းမြစ် DeepState က ဖော်ပြသွားပါတယ်။
စစ်ရေးလေ့လာမှုအင်စတီကျု (ISW) ရဲ့ ကျွမ်းကျင်သူတွေ ခေါ်ဆိုမှုအရ ဒီခံစစ်လိုင်း ကုန်ရထားကာမှုကို Tsar Train လို့ ခေါ်ပြီး ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၀ ရက်အတွင်း ရိုက်ကူးထားတဲ့ ကောင်းကင်ဓာတ်ပုံအရ ရုရှား စစ်သားတွေဟာ သံလမ်းတွေဖောက်လုပ်ပြီး ရွှေ့လျားနိုင်တဲ့ ခံစစ်တန်း ကုန်တွဲရထားတွေကို ဆက်သွယ်လုပ်ဆောင်နေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၉ လကတည်းက ဒီစီမံကိန်းကို စလုပ်တာဖြစ်ကြောင်းနဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို နောက်ဆုတ်ခံရဖို့များကြောင်း သိလာတဲ့အတွက် ဒီလို ခံစစ်လိုင်း တည်ဆောက်နေတာဖြစ် တယ်လို့ သုံးသပ်နေကြပါတယ်။
ယူကရိန်းစစ်ရေး လေ့လာသူတွေကတော့ ရုရှား ကာကွယ်ရေးလုပ်ငန်းတွေဟာ စစ်ပန်း၊ စစ်ပွဲကာလကြာမြင့် လာတာနဲ့အမျှ လိုအပ်တဲ့ ထုတ်ကုန်တွေကို မထုတ်နိုင်တော့လို့ ကြံရာမရ သံမီးရထားကုန်တွဲတွေကို ခံစစ်လိုင်း အဖြစ်ထားရှိဖို့ ဒီလို စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီခံစစ်တန်းနဲ့ အနီးဆုံး ၆ ကီလိုမီတာအကွာ အက်ဗဒစ်ကာနဲ့ ဇာပေါ်ရိုဇီယီအရပ်တွေမှာ လက်ရှိ ရုရှားနဲ့ ယူကရိန်းတပ်တွေ ရှေ့တန်းစစ်မျက်နှာပြင်အဖြစ် တိုက်ပွဲပြင်းထန်နေ ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
Ref:Thesun