မဲခေါင်၊ ဇန်န၀ါရီ ၂၉
မြောက်ကိုရီးယားနိုင်ငံဟာ ကွပ်မျက်မှုတွေကို ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် စက်သေနတ်နဲ့ ပစ်သတ်တဲ့ အထိ အာဏာရှင်ဆန်လွန်းပေမယ့် ပြည်ပသားတွေကို နိုင်ငံအတွင်း အထင်ကရနေရာတွေကို ၄ ရက်တာ လည်ပတ်ခွင့်လက်မှတ်ရောင်းချမှုမှာ အံ့အားသင့်စရာ ရောင်းကုန်သွားခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြ သွားပါတယ်။
ကင်ဂျုံအန်ဟာ သူ့မွေးရပ်မြို့ ပင်လယ်ကမ်းခြေမှာ အင်မတန်ကြီးမားတဲ့ အပန်းဖြေကမ်းခြေ ဟိုတယ်တွေကို အမြန်ဆုံးအပြီးဆောက်လုပ်ခိုင်းနေသလို ရေခဲပြင်နှင်းလျှောစီးစခန်းတွေကိုပါ ပြည်ပသားတွေ လာရောက် လည်ပတ်ပြီး နိုင်ငံဝင်ငွေကို ပြည်ပခရီးသွားလုပ်ငန်းကနေ ရှာဖွေဖို့ စီမံကိန်းချ လုပ်ဆောင်နေပါတယ်။
ဒီစီမံကိန်းရဲ့ ပထမဆုံး ရှေ့ဦးအစီအစဉ်အဖြစ် ခရီးစဉ်အပြန်လေယာဉ်လက်မှတ်ခပါ အပါ ပေါင် ၆၀၀ တည်းနဲ့ ၄ ရက်တာ လာရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်ကို စီစဉ်ခဲ့ရာမှာ နောက်လမှ ခရီးစဉ်စမှာဖြစ်ပေမယ့် ခုကတည်းက လက်မှတ်ရောင်းကုန်သွားခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ပြည်ပခရီးသွားတွေဟာ ပြုံယမ်းမြို့က ကင်အီဆန်း ရင်ပြင်၊ တည်ဆောက်မှုမပြီးဆုံးနိုင်သေးတဲ့ ခြောက်ခြားဖွယ်ရာ မိုးမျှော် ဟိုတယ် Hotel of Doom ၊ စတာလင် ဝါဒီခေတ် မီးရထားလမ်းဟောင်းနဲ့ တခြား အထိမ်းအမှတ်နယ်မြေတွေကို သွားလည်ခွင့်ရမှာဖြစ်သလို နှင်းလျောစီးစခန်းနဲ့ ပင်လယ်ကမ်းခြေတွေကိုလည်း သွားရောက်လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။
လက်ရှိ တောင်ကိုရီးယားနဲ့ မဟာမိတ် အမေရိကန်တို့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်နေလို့ အန္တရာယ် တားဆီးနိုင်ရေး ပင်လယ်ကမ်းခြေတိုင်းမှာ သံဆူးကြိုးတွေ ကာရံတားဆီးထားတဲ့ ကမ်းခြေတွေကို ဘယ်သူမှ နေပူစာလှုံဖို့ သွားရောက်လည်ပတ်ဝံ့မှာ မဟုတ်ဘူးထင်ကြပေမယ့် ဒီခရီးစဉ်အတွက် လက်မှတ်တွေ အံ့အားသင့် ဖွယ်ရာ ရောင်းကုန်သွားတာဖြစ်တယ်လို့ ရုရှားနိုင်ငံ ဗော့စတော့ဗ်အင်တာ ခရီးသွားအေဂျင်စီက ထုတ်ပြန်သွားပါ တယ်။
ဒီကနဦး ပြည်ပခရီးသွားအစီအစဉ်မှာ မြောက်ကိုရီးယားဘက်က ရုရှားနိုင်ငံသား သီးသန့် အယောက် ၁၀၀ အတွက်ပဲ လက်မှတ်ရောင်းချပေးတာဖြစ်ပြီး ပူတင်နဲ့ မဟာမိတ်လုပ်နေတဲ့ ကင်ဂျုံအန်အတွက် မြောက်ကိုရီးယား နိုင်ငံဟာ ဘယ်လောက်လည်ပတ်ဖို့ ကောင်းတဲ့နေရာဖြစ်ကြောင်း ကမ္ဘာကို စချပြတာဖြစ်တယ်လို့ ဗော့စတော့ဗ်အင်တာ ခရီးသွားအေဂျင်စီက ညွှန်းဆိုထုတ်ပြန်သွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#လည်ပတ်
#ရောင်းကုန်
#လက်မှတ်