မဲခေါင်၊ အောက်တိုဘာ ၂
ဘင်္ဂလားဒေ့ရှ်မှာ အောက်တိုဘာ ၁ ရက်နေ့ညမှာ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းတရားဝင် မှတ်တမ်းတင်ထားမှုအရ ၂၀၂၃ ခုနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူပေါင်း စံချိန်တင် ၁၀၀၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ခံရသူပေါင်း ၂၀၀၀၀၀ ကျော်အထိရှိခဲ့ပြီး ၁၀၀၆ ဦးသေဆုံးခဲ့ရာ မှာ အသက် ၁၅ နှစ်အောက်ကလေး ၁၁၂ ယောက်ပါဝင်သလို မွေးကင်းစကလေးငယ်တွေလည်းအများအပြားပါဝင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေးကြောင့် ၂၈၁ ယောက်သာ သေဆုံးခဲ့ရာက အခုနှစ်အတွင်း လူ ၁၀၀၀ ကျော်သေဆုံးခဲ့ခြင်းဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း နှစ်တိုင်းသေဆုံးမှုအားလုံးပေါင်းထက်တောင် များပြား နေခဲ့လို့ ဘင်္ဂလားဒေ့ရှ်မှာသာမက ကမ္ဘာတစ်လွှားမှာပါ အန္တရာယ်အထူးကြီးလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထုတ်ပြန်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကြားကနေ ပေါက်ဖွားတဲ့ရောဂါဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အစုလိုက် အပြုံလိုက်ကူးစက်ဖြစ်ပွားတတ်သလို ခြင်ကနေ ဇီကာဗိုင်းရပ်စ်၊ Yellow Fever ရောဂါတွေလည်း ကူးစက် တတ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါက အဖျားကြီးခြင်း၊ ခေါင်းကိုက်၊ နွမ်းနယ်၊ အော့အန်၊ ကြွက်သား နာကျင်၊ သွေးလွန်ခြင်းကနေ သေဆုံးမှုဖြစ်ပွားစေတဲ့ ရောဂါဆိုးဖြစ်ပါတယ်။
Ref: straitstimes
MKF-001
#MeKongNews
#ဘင်္ဂလားဒေ့ရှ်
#သွေးလွန်တုပ်ကွေး
#ကလေးငယ်
#စံချိန်တင်