ကမ္ဘာ့သတင်း

ပြန်ပေးဆွဲခံ အလုပ်သမား ၁၉ ဦးလွတ်မြောက်ရေး ထိုင်းဝန်ကြီးချုပ် မွတ်ဆလင်နိုင်ငံတွေကို အကူညီတောင်း

မဲခေါင် 27 Oct - 2023
အစ္စရေးနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားပေါင်း အယောက် ၃၀ အထိကို ဟားမက်စ် တွေက သတ်ဖြတ်ခဲ့ပြီး ပြန်ပေးဆွဲခံထားရသေးတဲ့ ၁၉ ဦးလွတ်မြောက်စေဖို့ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းဟာ ဒေသတွင်း မွတ်ဆလင် အားအားကြီးနိုင်ငံတွေကို အကူအညီတောင်းနေခဲ့ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

အစ္စရေးနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားပေါင်း အယောက် ၃၀ အထိကို ဟားမက်စ် တွေက သတ်ဖြတ်ခဲ့ပြီး ပြန်ပေးဆွဲခံထားရသေးတဲ့ ၁၉ ဦးလွတ်မြောက်စေဖို့ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းဟာ ဒေသတွင်း မွတ်ဆလင် အင်အားကြီးနိုင်ငံတွေကို အကူအညီတောင်းနေခဲ့ပါတယ်။

အစ္စရေးနိုင်ငံမှာ ပြည်ပသား အလုပ်သမား ၁၅၀၀၀၀ အလုပ်လုပ်ကိုင်နေကြပြီး အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနယ်စပ်ဖြတ်ကျော်တိုက်ခိုက်တဲ့နေရာမှာ စိုက်ပျိုးရေးလုပ်သား ထိုင်းနိုင်ငံသား အများဆုံး သတ်ဖြတ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

ပျောက်ဆုံးနေသူ ၂ ဒါဇင်ကျော်စာရင်းမပါတာတောင် ပြန်ပေးဆွဲခံရတဲ့ အယောက် ၂၂၀ ထဲမှာ ထိုင်းနိုင်ငံသား အများဆုံးအဖြစ် ၅၄ ယောက် ပါသွားခဲ့ကြောင်း၊ နောက်ဆုံးရသတင်းအရ အယောက် ၃၀ သတ်ဖြတ်ခံရပြီး ၁၉ ယောက်ကို ဓားစာခံအဖြစ် ဟားမက်စ်က ဖမ်းထားတယ်လို့ အစ္စရေး ဘက်က အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်းဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်းဟာ ပါလက်စတိုင်းထောက်ခံ မွတ်ဆလင်မဟာမိတ်နိုင်ငံကြီး တွေဖြစ်တဲ့ မလေးရှား၊ အီဂျစ်၊ ဂျော်ဒန်၊ ပါလက်စတိုင်း အကြီးအကဲ အာဏာပိုင်တွေဆီ ကိုယ်တိုင်သွားတွေ့ခြင်း နဲ့ ဖုန်းဆက်သွယ်မှုကနေ ဓားစာခံ ထိုင်းနိုင်ငံသား ၁၉ ဦးပြန်လွှတ်ပေးရေး အကူအညီပေးဖို့ တောင်းပန်ခဲ့ပါ တယ်။

လက်ရှိမှာ အစ္စရေး-ဟားမက်စ်စစ်မီးကြောင့် နှစ်ဖက်သေဆုံးမှု ၇၀၀၀ ကျော်ခဲ့ပြီဖြစ်ပြီး စစ်ရေးပဋိပက္ခ ဇုန်ထဲမှာ ထိုင်းနိုင်ငံသား ၅၀၀၀ ကျော်ရှိနေသေးပါတယ်။

ထိုင်းအလုပ်သမား ၃၀၀၀ ကို နှစ်ပတ်အတွင်း ပြန်လည်ခေါ်ယူပေးနိုင်ခဲ့ပြီးဖြစ်ပေမယ့် အိမ်ပြန်လာဖို့ စာရင်းပေးထားသူ ၈၀၀၀ သာရှိသေးပြီး ကျန် ၂၀၀၀၀ ကျော်ဟာ ပြည်တော်ပြန်လာခဲ့ရင် ချေးငှားပြီး ပွဲစားကနေတစ်ဆင့် အစ္စရေးကို အလုပ်သွားလုပ်မှု မှာ အကြွေးများစွာ ဆပ်ဖို့ အဆင်မပြေတာကြောင့် အစ္စရေးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ကြတဲ့အတွက် စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ဆရတ်သာ သာဗီဆင်းက ဖွင့်ပြောသွားပါတယ်။

Ref: scoop
MKF-001

#MeKongNews

#အစ္စရေး

#ထိုင်း

#အလုပ်သမား

#ပြန်ခေါ်

#မွတ်ဆလင်

#နိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now