မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ကိုယ်တိုင်မှတ်တမ်းတင်ထားတဲ့ စနိုက်ပါ ပစ်ချက်မှာ ရုရှားစစ်သား ၂ ယောက်ကို တစ်ထိုင်တည်း သုတ်သင်နိုင်ခဲ့ ပြီး အနည်းဆုံး ရုရှားစစ်သား ၁၀ ယောက်ကို ပစ်သတ်နိုင်ခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့လို့ ယူကရိန်းအာဇာနည် ဟီးရိုးအဖြစ် ဂုဏ်ပြုခံရတဲ့ အိုလီနာဘီလိုဇက်စကာ (၄၄ နှစ်) က ရုရှားသမ္မတပူတင်ကို နိုင်ငံတကာခုံရုံးက ပြစ်ဒဏ်စီရင်နိုင်ဖို့မမြင်ပေမယ့် သူ့လက်ချက်နဲ့မသေရင်တောင် လူယုံတွေပြန်သတ်လို့သေမှာပဲဖြစ်ကြောင်း အခိုင်အမာပြောကြားသွားပါတယ်။
အိုလီနာဟာ ၂၀၁၄ ခုနှစ်က ရုရှားတွေ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ကတည်းက ယူကရိန်းစနိုက်ပါ သမားအဖြစ် အရန်စစ်အင်အားအဖွဲ့မှာပါဝင်ခဲ့ပြီး ၂၀၂၀ မှာ တပ်ကထွက်ခဲ့ပေမယ့် ရုရှားက ၂၀၂၂ ဖေဖော်ဝါရီ လမှာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလာချိန် စစ်သားဖြစ်သူ ခင်ပွန်း၊ အရင် အရန်တပ်မှာ တာဝန်ထမ်းခဲ့တဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ s Artan Special Unit တပ်မှာ တပ်မှူးအဖြစ် ပြန်လည် စစ်မှုထမ်းပြီး ဒိုးနက်စ် စစ်မျက်နှာပြင်မှာ ရုရှားတပ်တွေကို ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
အရင်က ကိဗ်မြို့မှာသတင်းထောက်လုပ်ခဲ့သလို ဒွန်ဘက်စ်စစ်ပွဲမှာ ၂ နှစ်တာ စနိုက်ပါသမားအဖြစ် ရန်သူကို ရင်ဆိုင်ခဲ့မှုတွေကို စာအုပ်ထုတ်ဝေရင်း ယူကရိန်းနိုင်ငံ အာဇာနည်းဖြစ်လာတဲ့ အိုလီနာက ပူတင်ကို နိုင်ငံတကာခုံရုံးက ပြစ်ဒဏ်စီရင်နိုင်ဖို့ မမြင်ပါဘူး။ ဒါပေမဲ့ ကျွန်မလက်ချက်နဲ့သူမသေလဲ သူ့အနီးဆုံးက လူယုံတွေ ကပဲ သူ့ကို အဆိပ်ခတ်တာ၊ သုတ်သင်တာနဲ့ သေမှာသေချာပါတယ်။ ကျွန်မကတော့ သူ့ကို သုတ်သင်ဖို့ အခွင့် အရေးရဖို့ ခက်ခဲလွန်းပါတယ်။ ရတာနဲ့လည်း သုတ်သင်မှာပါ လို့ ပြောပါတယ်၊၊
ပူတင်ရဲ့ ကျူးကျော်စစ်က သူတို့နိုင်ငံအတွက် အကျိုးအမြတ်မဖြစ်စေဘဲ စတေးရတဲ့ပြည်သူများစွာရှိခဲ့တယ်လို့ ကရင်မလင်အစိုးရက သတ်မှတ်တဲ့အချိန် သူ့ကို အဆိပ်ခတ်သတ်မှာပါ။ သူ့ခရိုနီတွေကိုယ်တိုင်က သူ့ကို ပြန်သတ်မှာသေချာပါတယ်။ စနိုက်ပါသမားတစ်ယောက် အတွက် ရန်သူကို လူသားတစ်ယောက်လို့ မခံယူရဘဲ ပစ်မှတ်တစ်ခုအဖြစ်ပဲ ခံယူရပါမယ်။ ကိုယ်က လက်မဦးရင် ကိုယ်ဒါမှ မဟုတ်ကိုယ့်ရဲဘော်တွေ သေရမှာပါ။
ဒါကြောင့် ကြောက်စိတ်ကို ထိန်းချုပ်နိုင်ပြီး ရန်သူကို ရှင်းလင်း နိုင်ခဲ့ပြီးရင် လူသတ်လိုက်တယ်ဆိုတာထက် ငါ့အလုပ် ငါကောင်းကောင်းလုပ်နိုင်ခဲ့ပြီဆိုတဲ့ ကျေနပ်စိတ်ကို မွေးကို မွေးရမှာပါ လို့ ပြောသွားခဲ့ပါတယ်။
Ref:Thesun
MKF-001