ကမ္ဘာ့သတင်း

တောင်-မြောက် ပေါင်းစည်းရေး မုဒ်ဦးကို ဖြိုချပြီး တောင်ကိုရီးယားသာ အဓိကရန်သူလို့ ကင်ဂျုံအန် သတ်မှတ်

မဲခေါင် 17 Jan - 2024
ဇန်နဝါရီ ၁၅ ရက်က ပြည်သူလွှတ်တော်ချုပ်အစည်းအဝေး (SPA) မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ဘိုးဘွားတွေ ချမှတ်ခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယားပြန်လည်ပေါင်းစည်းရေး မူဝါဒတွေကို ပယ်ဖျက်ကြောင်း နဲ့ ပြုံယမ်းမြို့မှာ ဖခင်တည်ဆောက်ခဲ့တဲ့ တောင်မြောက်ပြန်လည်ပေါင်းစည်းနိုင်ရေး မုဒ်ဦးကို ဖြိုချပြီး တောင်ကိုရီးယားဟာ အဓိက ရန်သူတော်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ဇန်နဝါရီ ၁၅ ရက်က ပြည်သူလွှတ်တော်ချုပ်အစည်းအဝေး (SPA) မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ဘိုးဘွားတွေ ချမှတ်ခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယားပြန်လည်ပေါင်းစည်းရေး မူဝါဒတွေကို ပယ်ဖျက်ကြောင်း နဲ့ ပြုံယမ်းမြို့မှာ ဖခင်တည်ဆောက်ခဲ့တဲ့ တောင်မြောက်ပြန်လည်ပေါင်းစည်းနိုင်ရေး မုဒ်ဦးကို ဖြိုချပြီး တောင်ကိုရီးယားဟာ အဓိက ရန်သူတော်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ၁၉၄၈ ခုနှစ်ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကင်အီဆန်ကစလို့ ကင်မိသားစု အစဉ်အဆက် အုပ်ချုပ်ခဲ့ရာမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ တောင်နဲ့မြောက်ကိုရီးယားဟာ တစ်မိသားစု တည်းက ပေါက်ဖွားခဲ့ကြတာဖြစ်လို့ တစ်ချိန်မှာ ပြန်လည်ပေါင်းစည်းရေး မူဝါဒ ၃ ရပ်ကို ကင်အီဆန်က ချမှတ် ပေးခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျောင်အီဟာ သူအုပ်ချုပ်တဲ့လက်ထက်မှာ ပြုံယမ်းမြို့မှာ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအထိမ်းအမှတ် ၉ ထပ်မုဒ်ဦးကြီးကို ၂ နှစ်ကြာတည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ် မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တောင်ကိုရီးယားကို ခြိမ်းခြောက်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွေ၊ အမြောက်တွေ၊ ရေငုပ်သင်္ဘောပစ် နျူကလီးယားတင်ဆောင်ဒုံးတွေ အကြိမ်ကြိမ်စမ်းသပ်ပစ်ခတ်နေပြီး အမေရိကန်နဲ့ ကိုရီးယားကျွန်းဆွယ်မှာ တောင်ကိုရီးယားက ပူးပေါင်းစစ်ရေးလေ့ကျင့်တာဟာ အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်လို့ စစ်ရေးအသင့်ပြင်ဆင်ခိုင်းထားပါတယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာလည်း တောင်ကိုရီးယား သည်သာ အဓိက ရန်သူဖြစ်ကြောင်းဖွင့်ပြောခဲ့သလို အခုလည်း တောင်-မြောက် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုအဖွဲ့တွေအားလုံးကို လွှတ်တော်ကနေ ဖျက်သိမ်းခိုင်းပြီး ပေါင်းစည်းရေးမုဒ်ဦးကိုပါ ဖျက်ချပစ်မယ်လို့ ပြောဆိုသွားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA ကနေ ထုတ်ပြန်သွားပါတယ်။

ဒီထုတ်ပြန်ချက်အရ ကင်ဂျုံအန်ဟာ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးကို ဘိုဘွားတွေ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးမူဝါဒတွေကိုပါ လျစ်လျူရှုလိုက်ပြီး စစ်အင်အားသုံးတဲ့ ပေါင်းစည်းရေးအိပ်မက်ကို မက်နေတာ ဖြစ်မယ်လို့ တောင်-မြောက် ကိုရီးယားပြန်လည်ပေါင်းစည်းရေး အင်စတီကျုက ဂျောင်အန်းမီက သုံးသပ်သွား ပါတယ်။

Ref: cnn
MKF-001

#MeKongNews

#တောင်မြောက်

#ကိုရီးယား

#ဖြိုချ

#ရန်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now