မဲခေါင်၊ ဇန်နဝါရီ ၂၅
ဇန်နဝါရီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီမှာ တောင်ကိုရီးယားရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ နယ်စပ်မှာ စစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကနေ ခရုဇ်ဒုံးကျည်တွေကို ကျွန်းဆွယ် အနောက်ဘက်ကမ်းခြေကို စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
ဒီသတင်းကို တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးပူးပေါင်းစိစစ်ပြီးမှ ဇန်နဝါရီ ၂၄ ရက်နေ့မှာ တောင်ကိုရီးယားပူးတွဲစစ်ဦးချုပ်များရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယား ရေတပ်ဟာ မကြာသေးခင်က သူတို့ရေပိုင်နက်ထဲ မြောက်ကိုရီးယားဘက်က လက်နက်ကြီးနဲ့ ဒုံးကျည် အလုံးပေါင်း ရာချီ ပစ်ခတ်ခဲ့မှုကြောင့် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ၁၀ ရက်မြောက် စစ်ရေးလေ့ကျင့်မှု အဖြစ် နယ်စပ်ကမ်းရိုးတမ်းမှာ စစ်ရေးလေ့ကျင့်နေတာဖြစ်ပါတယ်။
ဒီအချိန် မြောက်ကိုရီးယားဘက်က ဂန်ဝန်ခရိုင် အရှေ့ဘက်ကမ်းခြေကို ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်တာဖြစ်ကြောင်းနဲ့ အခြေအနေကို ဆက်လက် စောင့် ကြည့်နေတယ်လို့ ပူးတွဲစစ်ဦးချုပ်များရုံးက ထုတ်ပြန်သွားပါတယ်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်ကလည်း မြောက်ကိုရီးယားအနေနဲ့ အချုပ်အခြာအာဏာ ထိပါးတဲ့ တိုက်ခိုက်မှုမျိုး လုပ်ခဲ့ရင် မြောက်ကိုရီးယားမှာ ကင်မိသားစု အုပ်စိုးခဲ့တဲ့ အာဏာရှင်စနစ် ပျက်သုဉ်းသွားစေရမယ်ဆိုပြီး မဟာ မိတ်အမေရိကန် ထုတ်ပြန်ခဲ့တဲ့ ပုံစံအတိုင်း သတိပေးထုတ်ပြန်သွားပါတယ်။
Ref: trtworld
MKF-001
#MekongNews
#တောင်
#မြောက်
#ကိုရီးယား
#စစ်ရေး