မဲခေါင်၊ ဒီဇင်ဘာ ၂၅
ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အိဗ်နေ့မှာပဲ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသထဲက စစ်ဘေးရှောင် မိသားစုများစွာ နေထိုင်တဲ့ အယ်လ်မာဂါဇီ ဒုက္ခသည်စခန်းကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အနည်းဆုံး အယောက် ၇၀ သေဆုံးပြီး သေဆုံးမှု ထပ်မံမြင့်တက်လာမယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး အယ်လ်ကူဒရာက အစ္စရေးရဲ့လုပ်ရပ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြောက်ပြီး အပျက်အဆီးတွေရှင်းလင်းပြီးရင် သေဆုံးမှုနှုန်းထပ်မံမြင့်တက်လာမှာသေချာတယ်လို့ ထုတ်ပြန်ပြော ကြားသွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကလည်း ခရစ္စမတ်အိဗ်မှာ အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် လူသားတွေသေဆုံးနေ ရတဲ့အတွက် ယေရှုဖွားမြင်ရာ ပါလက်စတိုင်းနိုင်ငံ အစ္စရေးသိမ်းထားတဲ့ West Bank မြို့တော် ဗက်လင်မြို့မှာ နှစ်ပတ်လည်း ခရစ္စမတ်ပွဲတော်မကျင်းပကြဖို့ ဗာတီကန်နန်းတော်ကနေ မိန့်ကြားတဲ့အတွက် နှစ်စဉ် လူအစည် ကားဆုံးသော ဘက်လင်မြို့ ခရစ္စမတ်နေ့ဟာ အတိတ်ဆိတ်ဆုံး ဖြစ်ခဲ့ရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်တွေ အစ္စရေးဘက်ကျော်ဖြတ်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုကနေ စတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲကြောင့် ပါလက်စတိုင်းဘက်က အနည်းဆုံး ၂၀၄၂၄ ဦးသေဆုံးပြီး ၅၄၀၃၆ ဦး ဒဏ်ရာရကြောင်း၊ အစ္စရေးဘက်က ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
Ref: outlookindia
MKF-001
#MeKongNews
#အစ္စရေး
#ဂါဇာ
#ခရစ္စမတ်