မဲခေါင်၊ အောက်တိုဘာ ၁၁
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့တာကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပယ်ခံထားရတဲ့ ရုရှားဟာ ၁၈ လအကြာမှာ ဒီကောင်စီအဖွဲ့ဝင်ဖြစ်ဖို့ ပြန်လည် လျှောက် ထားပေမယ့် မဲခွဲဆုံးဖြတ်ရာမှာတော့ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ လျှို့ဝှက်မဲပေးမှုစနစ်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ မဲပေးမှုမှာ ဥရောပ အရှေ့ပိုင်းဒေသက ဘူလ်ဂေးရီးယားဟာ မဲ ၁၆၀၊ အယ်လ်ဘေးနီးယားက ၁၂၃ မဲ ရပြီး ရရှားက ၈၃ မဲသာရရှိတာကြောင့် ဘူလ်ဂေးရီးယားနဲ့ အယ်လ်ဘေးနီးယားတို့သာ ဇန်နဝါရီ ၁ ရက်နေ့ကနေစလို့ ကုလလူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအတွက် ၃ နှစ်တာဝန်ထမ်းဆောင်ခွင့်ရသွားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW ဒါရိုက်တာ လူးဝစ်ချာဘွန်နီယူက ရုရှားရဲ့ လူ့အခွင့်အရေး ကောင်စီ ဦးဆောင်သူအဖွဲ့ဝင်နိုင်ခဲ့ဖြစ်ခဲ့မှုသမိုင်းဟာ ယူကရိန်းစစ်မှာ ရေတွက်မရလောက်တဲ့ စစ်ရာဇဝတ်မှုတွေ၊ တာဝန်မခံမှုတွေကြောင့် ဒီလို ဘေးရောက်သွားစေတာကို ခိုင်ခိုင်မာမာ အချက်ပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီမဲပေးမှုဟာ ရုရှားရဲ့ ယူကရိန်းက ဟော်ဇာရွာကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော်သေဆုံးမှုဖြစ်ရပ်အပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၁၀ ရက်က နယူးယောက်မှာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း ကုလအဖွဲ့ဝင်နိုင်ငံ တစ်ဝက်နီးပါးက ရုရှားကို ဒီနေ့အထိ ထောက်ခံမဲပေးနေခဲ့တာဟာ ရုရှားအတွက် အားတက်စရာ ဖြစ်နေ နိုင်သေးတုန်းပဲလို့ အကျိုးအမြတ်မယူ ကပ်ဘေးအုပ်စုက ရစ်ချက်ဂါဝင်က စိတ်မသက်မသာ သုံးသပ်ပြောဆိုခဲ့ပါ တယ်။
Ref: aljazeera
MKF-001
#MeKongNews
#ရုရှား
#လူခွင့်ရေး
#ကုလ
#ကျရှုံး
#ယူကရိန်း