မြန်မာ့နွေဦး

ကလောမြို့နယ် ဘော်ဆိုင်း မီးသတ်ရုံးထဲမှာ ရပ်ထားတဲ့ မီးသတ်ဝန်ထမ်းရဲ့ ဆိုင်ကယ် ခိုးယူခံရ

မဲခေါင် 16 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ဘော်ဆိုင်းဈေးအနီး၊ ကန်ဦးရပ်ကွက်ရှိ ဘော်ဆိုင်း မီးသတ်ရုံးထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ် ခိုးယူခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ဘော်ဆိုင်းဈေးအနီး၊ ကန်ဦးရပ်ကွက်ရှိ ဘော်ဆိုင်း မီးသတ်ရုံးထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ် ခိုးယူခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၅ ရက်၊ ည ၁၂ နာရီကျော်မှာ မီးသတ်ဝန်ထမ်း ဦးကျော်သူရ ဆိုသူရဲ့ ဆိုင်ကယ် ခိုးယူခံခဲ့ရတာလို့ ဆိုပါတယ်။

“သူတို့ မီးသတ်ဝန်ထမ်း အင်အားက ၃ ယောက်ပဲ ဆိုတော့ ညစောင့်ရတာ အခက်အခဲ ဖြစ်တယ် ထင်တယ်။ CCTV တပ်ထားတယ် ဆိုပေမယ့် ည ၁၂ နာရီကျော်ရင် ဖြုတ်သိမ်းတာ ဆိုတော့ အဲဒီအချိန်မှာ ပျောက်သွားတာလို့ ကြားတယ်” လို့ မီးသတ်နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆိုင်ကယ် အခိုးခံလိုက်ရတာကို မနက် အစောပိုင်းမှ သိရတာဖြစ်ပြီး ခိုးယူသူကိုတော့ ဖမ်းမိတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ဘော်ဆိုင်းမြို့ဟာ ပင်းတယမြို့ရဲ့ အရှေ့ဘက် ၁၂ မိုင်အကွာ၊ ဟဲဟိုးမြို့ရဲ့ ၁၉ မိုင် အကွာမှာ တည်ရှိပြီး ဘော်၊ ငွေ၊ ခဲ စတဲ့ သတ္တုတွေ ထွက်တဲ့ဒေသ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စားဝတ်နေရေး ကြပ်တည်းမှုနဲ့အတူ ရှမ်းပြည်နယ် မြို့အများစုမှာ ဆိုင်ကယ် ခိုးမှုတွေ ဖြစ်ပွားနေပေမယ့် ဘော်ဆိုင်းမြို့မှာတော့ အခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

CJ-007

#MekongNews

#ဘော်ဆိုင်း

#မီးသတ်

#ဆိုင်ကယ်ခိုးမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈)
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now