ကမ္ဘာ့သတင်း

ရုရှား ရေနံစိမ်းစည် ၂ သန်းခွဲ ဖိလစ်ပိုင် ဝယ်ယူ

မဲခေါင် 30 Mar - 2026
မဲခေါင်၊ မတ် ၃၀ မြန်ဆန်စွာ လျော့နည်းကျဆင်းလာသော အရန်ရေနံများကို ပြန်လည် ဖြည့်တင်းရန် ဖိလစ်ပိုင်နိုင်ငံက ကြိုးပမ်းနေချိန်တွင် အလွန် လိုအပ်နေသောကြောင့် ရုရှားရေနံစိမ်း စည်ပေါင်း ၂ သန်းခွဲကို ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံက ရယူလိုက်သည်ဟု စတော့ဈေးကွက်သို့ အသိပေးစာတစ်စောင်အရ သိရသည်။ အီရန်အပေါ် အမေရိကန်နှင့် အစ္စ‌ရေးတို့၏ စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှုများ လုံးဝနီးပါး ပြတ်တောက်နေခဲ့ရာ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ကာ အရန်ရေနံများ ဇွန် ၃၀ ရက် အထိရှိကြောင်း သမ္မတ မားကို့စ်က မကြာသေးမီက ပြောကြားသည်။ ရုရှားရေနံစိမ်းများ တင်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စီးသည် ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံ

မဲခေါင်၊ မတ် ၃၀

မြန်ဆန်စွာ လျော့နည်းကျဆင်းလာသော အရန်ရေနံများကို ပြန်လည် ဖြည့်တင်းရန် ဖိလစ်ပိုင်နိုင်ငံက ကြိုးပမ်းနေချိန်တွင် အလွန် လိုအပ်နေသောကြောင့် ရုရှားရေနံစိမ်း စည်ပေါင်း ၂ သန်းခွဲကို ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံက ရယူလိုက်သည်ဟု စတော့ဈေးကွက်သို့ အသိပေးစာတစ်စောင်အရ သိရသည်။

အီရန်အပေါ် အမေရိကန်နှင့် အစ္စ‌ရေးတို့၏ စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှုများ လုံးဝနီးပါး ပြတ်တောက်နေခဲ့ရာ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ကာ အရန်ရေနံများ ဇွန် ၃၀ ရက် အထိရှိကြောင်း သမ္မတ မားကို့စ်က မကြာသေးမီက ပြောကြားသည်။

ရုရှားရေနံစိမ်းများ တင်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စီးသည် ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံ Petron Corp က လုပ်ကိုင်နေသော ဆိပ်ကမ်းသို့ ဆိုက်ရောက်နေကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ခဲ့ပြီးနောက်တွင် ဖိလစ်ပိုင်သို့ ပေးပို့မည့် ရေနံစိမ်း စည်ပေါင်း အနည်းဆုံး ၄ သန်း ဖျက်သိမ်းခံခဲ့ရပြီးနောက် ရုရှားရေနံစိမ်းဝယ်ယူရန် သဘောတူခဲ့သည်ဟု ဖိလစ်ပိုင် စတော့ရှယ်ယာဈေးကွက်ထံ ပေးပို့သောစာတွင် Petron က ပြောကြားသည်။

ယခင်က မကြုံခဲ့ဖူးသော ပထဝီနိုင်ငံရေး အခြေအနေနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ ပြတ်တောက်မှုများနှင့်အတူ လိုအပ်ချက် အလွန်မြင့်မားနေသောကြောင့်သာ ရုရှားရေနံ ဝယ်ယူမှု လုပ်ဆောင်ခဲ့သည်ဟု ကုမ္ပဏီက ဆက်ပြောသည်။

ရေနံစိမ်းရှာဖွေရန် ပျက်ကွက်ပြီး ရေနံချက်စက်ရုံကို ပိတ်သိမ်းလိုက်ရပါက နိုင်ငံတစ်ဝန်းတွင် ဆိုးရွားသော လောင်စာပြတ်လပ်မှုများနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဖိလစ်ပိုင်ကုမ္ပဏီက ဆက်ပြောသည်။

Petron Corp က ဖိလစ်ပိုင်နိုင်ငံ၏ လောင်စာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနေကြောင်း သိရသည်။

ပင်လယ်ပြင်တွင် ‌ရောက်ရှိနေသော ရုရှား ရေနံများကို ဧပြီ ၁၁ ရက်အထိ ဝယ်ယူနိုင်ကြောင်း အမေရိကန်က ၎င်းတို့၏ ရုရှားရေနံအပေါ် ပိတ်ဆို့မှုကို လျှော့ပေးထားသည်။

အေးကျော်
Ref: AFP
#MeKongNews
#ရုရှား
#ရေနံစိမ်းစည်
#ဖိလစ်ပိုင်
#ဝယ်ယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈)
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now