နိုင်ငံတကာသတင်း

အဖမ်းခံရသည့် ခိုးဝင် မြန်မာရွှေ့ပြောင်းများက ထိုင်းရဲ၏ မွေးနေ့အား ဆုတောင်းသီချင်း ဆိုပေးခဲ့

မဲခေါင် 20 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံ၊ အန်ထောင်ပြည်နယ်တွင် တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီးခံလိုက်ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများက ရဲတစ်ဦး၏ မွေးနေ့အား ဆုတောင်းသီချင်း ပါဝင်သီဆိုပေးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ယင်းမြန်မာလုပ်သားများအား အမှုစစ်နေစဉ်အတွင်း အဝေးပြေးလမ်း ရဲတပ်ဖွဲ့မှ တပ်စုခေါင်းဆောင် တပ်ကြပ်ကြီး ဝီချိုင်းတမ်စမိုင်၏ မွေးနေ့ဖြစ်ကြောင်း ရဲများကသိရှိခဲ့ရာ ၎င်းအတွက် မွေးနေ့ကိတ်ဖြင့် အံ့ဩပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့ကြပြီး၊ အဖမ်းခံထားရသူများကလည်း လက်ခုပ်တီးကာ မွေးနေ့သီချင်း အတူတူ သီဆိုပေးခဲ့ကြသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ည ညနှောင်းပိုင်းတွင် အန်ထောင်ပြည်နယ်၊ အာရှလမ်းမကြီးပေါ်၌ ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂ ဦးနှင့် လူမှောင်ခိုဟု

မဲခေါင်၊ ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံ၊ အန်ထောင်ပြည်နယ်တွင် တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီးခံလိုက်ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများက ရဲတစ်ဦး၏ မွေးနေ့အား ဆုတောင်းသီချင်း ပါဝင်သီဆိုပေးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ယင်းမြန်မာလုပ်သားများအား အမှုစစ်နေစဉ်အတွင်း အဝေးပြေးလမ်း ရဲတပ်ဖွဲ့မှ တပ်စုခေါင်းဆောင် တပ်ကြပ်ကြီး ဝီချိုင်းတမ်စမိုင်၏ မွေးနေ့ဖြစ်ကြောင်း ရဲများကသိရှိခဲ့ရာ ၎င်းအတွက် မွေးနေ့ကိတ်ဖြင့် အံ့ဩပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့ကြပြီး၊ အဖမ်းခံထားရသူများကလည်း လက်ခုပ်တီးကာ မွေးနေ့သီချင်း အတူတူ သီဆိုပေးခဲ့ကြသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ည ညနှောင်းပိုင်းတွင် အန်ထောင်ပြည်နယ်၊ အာရှလမ်းမကြီးပေါ်၌ ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂ ဦးနှင့် လူမှောင်ခိုဟု သံသယရှိသူ ၃ ဦးကို အဝေးပြေးလမ်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲခန့်၌ နောက်ခန်းကို မိုးကာဖြင့်အုပ်ထားပြီး မှန်အနက်များဖြင့် ပစ်ကပ် ၂ စီး အရှိန်ပြင်းစွာ မောင်းနေကာ ရုတ်တရက် လမ်းလွှဲသွားသည်ကို တွေ့ရှိရာမှ ရဲတပ်ဖွဲ့က သံသယဖြစ်ကာ တားဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့က ကားများကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခန်းနှင့် အနောက်ကုန်တင်ခန်းများအတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၂ ဦးကို တွေ့ရှိခဲ့ရသည်။

၎င်းတို့အားလုံးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် ခရီးသွားလာခွင့် စာရွက်စတမ်းများ တစ်စုံတစ်ရာ မရှိကြကြောင်း အရာရှိများက ပြောကြားခဲ့သည်။

၎င်းတို့သည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ မှတစ်ဆင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ လှေဖြင့် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပြီး အလုပ်ရရှိရန် ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၃၀၀၀ ခန့် ပေးခဲ့ရကြောင်း ယင်းရွှေ့ပြောင်းလုပ်သားများက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ပြောခဲ့ကြသည်။

ထို့နောက် လူမှောင်ခို သံသယရှိသူ ၃ ဦးကို တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ခိုလှုံခွင့်ပေးမှု၊ ကူညီမှုတို့ဖြင့် တရားစွဲဆိုထားပြီး၊ ရွှေ့ပြောင်းလုပ်သားများကိုမူ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

#MeKongNews
#ခိုးဝင်
#မြန်မာရွှေ့ပြောင်း
#ထိုင်းရဲ
#ဆုတောင်းသီချင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now