မဲခေါင်၊ စက်တင်ဘာ ၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည်လည်း ပူတင်ကဲ့သို့ပင် သွားလေရာ ခရီးဆောင် အိမ်သာ သယ်ဆောင်သွားသလို မိမိထိတွေ့ခဲ့သည့်အရာများအားလုံးကိုလည်း မည်သည့် DNA မှ မကျန်စေရန် ရှင်းလင်းသုတ်သင်လေ့ရှိကြောင်း သိရသည်။
ပေကျင်းသို့ ရောက်ရှိနေစဉ် ရုရှားသမ္မတပူတင်နှင့် ကင်ဂျုံအန်တွေ့ဆုံမှုအပြီး ကင်ဂျုံအန်သောက်ခဲ့ သည့် ရေဖန်ခွက်အား အမျိုးသမီးလက်ပါးစေတစ်ဦးက ယူဆောင်သိမ်းဆည်းသွားသလို အမျိုးသား လက်ပါးစေအဖွဲ့ကလည်း ထိုင်ခဲ့သည့်ခုံများတွင် မည်သည့် မျိုးရိုဗီဇ DNA မှ မကျန်ခဲ့စေရန် သန်ရှင်း သုတ်သင်နေသည်ကို ရယ်ဖွယ်ရာ မှတ်တမ်းများအဖြစ် မြင်တွေ့ခဲ့ရသည်။
ကင်ဂျုံအန်နောက်လိုက် လက်ပါးစေများသည် ၎င်းထိုင်သွားသည့်နေရာများ၊ ထိတွေ့သည့်နေရာများတွင် DNA မကျန်ရှိခဲ့စေရန် ဘက်တီးရီးယားရှင်းလင်းသုတ်သင်သည့် ဆေးသုံးကာ ရှင်းလေးရှိကြောင်း၊ DNA ခိုးခံရမည်ဆိုးသဖြင့် သွားလေရာ တစ်ကိုယ်ရေသုံး ခရီးဆောင် အိမ်သာသယ်သွားလေ့ရှိကြောင်း သတင်းများထွက်ပေါ်လာသည်။
မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာ Yunashev LIVE တွင် ပူတင်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မိနစ် ၉၀ ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံခေါင်းဆောင်နှင့်လိုက်ပါသွားသည့် ဝန်ထမ်းများသည် မိမိတို့ခေါင်းဆောင် လမ်းကြောင်းတစ်လျှောက် မည်သည့်အရာမျှ မကျန်ရှိစေရန် ရှင်းလင်းခဲ့သည်ဟုလည်း ဖော်ပြသွားခဲ့သည်။
ပူတင်နှင့် ကင်ဂျုံအန်တို့ ပေကျင်းတွင် တွေ့ဆုံမှုမှာ ကင်ဂျုံအန်ဘက်မှ နောက်ထပ်မြောက်ကိုရီးယားစစ်သား ၁၂၀၀၀ ကို ယူကရိန်းစစ်မျက်နှာပြင်တွင် ရုရှားဘက်မှ ကူတိုက်ရေး စေလွှတ်ရန် ဆွေးနွေးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#မြောက်ကိုရီးယား
#ကင်ဂျုံအန်
#မျိုးရိုးဗီဇ
#ရုရှားသမ္မတ
#ပူတင်








