ကမ္ဘာ့သတင်း

ဗင်နီဇွဲလားသမ္မတကို ချေမှုန်းရန် အမေရိကန် စစ်သင်္ဘော ၃ စီး စေလွှတ်

မဲခေါင် 28 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၈ အမေရိကန်နိုင်ငံအတွင်း ကိုကင်းများ အဓိက မှောင်ခိုတင်ပို့သူ မူးယစ်-အကြမ်းဖက် အာဏာရှင်ဟုဆိုကာ ဖမ်းမိလျှင် ဆုကြေးဒေါ်လာ သန်း ၅၀ ပေးမည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ဒေါ်နယ်ထရမ့်အစိုးရမှ ဆုကြေးထုတ်ပြန်ခဲ့သော ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ချေမှုန်းရန် စစ်သင်္ဘော ၃ စီးအား အမေရိကန်ရေတပ်က စေလွှတ်လိုက်ပြီဖြစ်သည်။ အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘောတစ်စီး၊ USS Erie စစ်သင်္ဘောနှင့် နျူကလီးယား စွမ်းအင်သုံး အမြန်ဆုံးတိုက်ခိုက်နိုင်စွမ်းရှိသည့် ရေငုပ်သင်္ဘောတစ်စီး၊ စုစုပေါင်းရေတပ် စစ်သည် ၄၀၀၀ကို တောင်ဘက်သို့ စေလွှတ်လိုက်ခြင်းဖြစ်ကာ ကာရစ်ဘီယန်ကမ်းလွန်ဒေသသို့ နောက်တစ်ပတ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ရာ မာဒူရိုဘက်မှလည်း ကိုလံဘီယာနယ်စပ်သို့ စစ်သည် ၁၅၀၀၀ ကိုတပ်ရွှေ့ထားရှိသလို တင့်ကား၊ စစ်သင်္ဘောများပါ ဖြန့်ကျက်စောင့်ဆိုင်းရန်

မဲခေါင်၊ ဩဂုတ် ၂၈

အမေရိကန်နိုင်ငံအတွင်း ကိုကင်းများ အဓိက မှောင်ခိုတင်ပို့သူ မူးယစ်-အကြမ်းဖက် အာဏာရှင်ဟုဆိုကာ ဖမ်းမိလျှင် ဆုကြေးဒေါ်လာ သန်း ၅၀ ပေးမည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ဒေါ်နယ်ထရမ့်အစိုးရမှ ဆုကြေးထုတ်ပြန်ခဲ့သော ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ချေမှုန်းရန် စစ်သင်္ဘော ၃ စီးအား အမေရိကန်ရေတပ်က စေလွှတ်လိုက်ပြီဖြစ်သည်။

အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘောတစ်စီး၊ USS Erie စစ်သင်္ဘောနှင့် နျူကလီးယား စွမ်းအင်သုံး အမြန်ဆုံးတိုက်ခိုက်နိုင်စွမ်းရှိသည့် ရေငုပ်သင်္ဘောတစ်စီး၊ စုစုပေါင်းရေတပ် စစ်သည် ၄၀၀၀ကို တောင်ဘက်သို့ စေလွှတ်လိုက်ခြင်းဖြစ်ကာ ကာရစ်ဘီယန်ကမ်းလွန်ဒေသသို့ နောက်တစ်ပတ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ရာ မာဒူရိုဘက်မှလည်း ကိုလံဘီယာနယ်စပ်သို့ စစ်သည် ၁၅၀၀၀ ကိုတပ်ရွှေ့ထားရှိသလို တင့်ကား၊ စစ်သင်္ဘောများပါ ဖြန့်ကျက်စောင့်ဆိုင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အွန်လိုင်းတွင် ပျံ့နှံ့လာသော ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရင်နို၏ ပြောစကားတွင် အမေရိကန်ကို ခုခံရန် ဒရုန်းများစွာပြင်ဆင်ထားရှိပြီး ရေတပ်ကင်းလှည့်မှုများ၊ ရေပိုင်နက်အတွင်း စစ်သင်္ဘောအုပ်စုများဖြင့် စစ်ရေးပြင်ဆင်မှု အသင့်ရှိနေမည်ဟု ပါရှိလာသည်။

အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံခန့်ခွဲမှု (DEA) အဖွဲ့သည် မာဒူရိုနှင့်ပတ်သက်သည့် ကိုကင်း တန် ၃၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုထဲမှ ၇ တန်သည် မာဒူရိုကိုယ်တိုင် မူးယစ်ကုန်သွယ်မှုကို ဦးဆောင်ပြုလုပ်နေသော The Cartel of the Suns မူးယစ်အကြမ်းဖက်ဂိုဏ်းလက်ချက်ဖြစ်ကြောင်း၊ အမေရိကန်မှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ (FARC) အပါအဝင် အခြားသော အင်အားကြီး လက်နက်ကိုင် မူးယစ်ဂိုဏ်းများမှ တစ်ဆင့်ပြီး တစ်ဆင့် လက်လွှဲကာ အမေရိကန်နိုင်ငံအတွင်းသို့ ကိုကင်းအများဆုံး မှောင်ခိုတင်သွင်းနေသူဖြစ်သည့်အတွက် ဆုကြေး ဒေါ်လာသန်း ၅၀ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မနှစ်က စက်တင်ဘာလတွင် အမေရိကန်အစိုးရသည် မာဒူရိုပိုင်ဆိုင်မှု ဒေါ်လာသန်း ၇၀၀ ကျော်ကို သိမ်းဆည်းလိုက်ပြီး ထိုထဲတွင် ဗင်နီဇွဲလားအစိုးရပိုင် လေယာဉ် ၂ စီးလည်း ပါဝင်ခဲ့ကာ ယခု စစ်သင်္ဘော ၃ စီး စေလွှတ်ခြင်းမှာ မာဒူရိုကို ဖမ်းဆီးနိုင်ရေး ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု သို့မဟုတ် ပင်လယ်ပြင်မှ တိုက်ခိုက်ထိန်းချုပ်မှုများလုပ်ဆောင်ရန်ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#မာဒူရို
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈)
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now