နေ့စဥ်သတင်း

စစ်ကောင်စီက ရေပူကျေးရွာကို နှစ်ရက်ဆက်တိုက် ဗုံးကြဲ၊ စာသင်ကျောင်းနှင့်နေအိမ်များပျက်ဆီး

မဲခေါင် 17 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီလ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံး ငါးကြိမ် ကြဲချသဖြင့် စာသင်ကျောင်းအပါ အဝင်နေအိမ်ငါးလုံး ပျက်ဆီးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်သည်။ ယမန်နေ့ ၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရေပူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ပေါင်းစုအကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီမှ လေကြောင်းစစ်ကူဖြင့် ဗုံးသုံးကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယနေ့၊ မွန်းလွဲနေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေပူကျေးရွာကို ဗုံးနှစ်ကြိမ် ကြဲချခဲ့သည်။ ယခုကဲ့သို့ လေကြောင်းဖြင့် ပအိုဝ်းအများစုနေထိုင်ရာ ရေပူကျေးရွာကို တိုက်ခိုက်နေခြင်းသည်

မဲခေါင်၊ ဖေဖော်ဝါရီလ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံး ငါးကြိမ် ကြဲချသဖြင့် စာသင်ကျောင်းအပါ အဝင်နေအိမ်ငါးလုံး ပျက်ဆီးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်သည်။

ယမန်နေ့ ၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရေပူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ပေါင်းစုအကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီမှ လေကြောင်းစစ်ကူဖြင့် ဗုံးသုံးကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ယနေ့၊ မွန်းလွဲနေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေပူကျေးရွာကို ဗုံးနှစ်ကြိမ် ကြဲချခဲ့သည်။

ယခုကဲ့သို့ လေကြောင်းဖြင့် ပအိုဝ်းအများစုနေထိုင်ရာ ရေပူကျေးရွာကို တိုက်ခိုက်နေခြင်းသည် ပအိုဝ်းအမျိုးသားအချင်းချင်း သစ္စာဖောက်မှုဖြစ်ကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက မဲခေါင်ကိုပြောသည်။

“ ပအိုဝ်းပြည်သူတွေ အများဆုံးနေထိုင်တဲ့ရွာကို PNOနဲ့ စခ (စစ်ကောင်စီ)တွေပေါင်းပြီး လေယာဉ်နဲ့ ကြဲတယ်ဆိုတော့ အမျိုးသားအချင်းချင်းသစ္စာဖောက်တယ်လို့ပဲမြင်ပါတယ်”ဟု သူကပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ရေပူကျေးရွာကို လက်နက်ကြီးနှင့် ဒရုန်းအသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် နေအိမ် နှစ်လုံးပျက်ဆီးခဲ့သည်။

ယခုလ ၅ ရက်မှ ၁၂ ရက်အထိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ်၊ ဇန်နဝါရီလတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သားသုံး ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်ဆီးခဲ့သည်။

သုဝဏ္ဏခွန်
#MeKongNews
#အင်းလေးဒေသ
#ညောင်ရွှေမြို့နယ်
#ရေပူကျေးရွာ
#ဗုံးကြဲ
ဓါတ်ပုံ။ ။ အင်းလေးလူ့အခွင့်အရေးအဖွဲ့။ စစ်ကောင်စီဗုံးကြဲသဖြင့်ပျက်ဆီးခဲ့သည့် အဆောက်အအုံများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈)
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now