ယောက္ခမနှစ်ဦးနှင့် ဇနီးအပါအဝင် လေးဦးကိုဓါးဖြင့်ခုတ်သည့်ဖြစ်စဉ် သီပေါ၌ဖြစ်ပွါး၊ နှစ်ဦးသေဆုံး
မဲခေါင်၊ ဖေဖော်ဝါရီ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၌ ယောက္ခမနှစ်ဦးနှင့် ဇနီးဖြစ်သူအပါအဝင် လေးဦးကို ခင်ပွန်းဖြစ်သူမှ ဓါးဖြင့်ခုတ်သည့်ဖြစ်စဉ် ယမန်နေ့၊ ညပိုင်းက ဖြစ်ပွါးခဲ့ရာ ယောက္ခမနှစ်ဦးသေဆုံးခဲ့သည်ဟု နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းကသိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၃)၊ ည ၇ နာရီခန့်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၌ စိုင်းမြင့်အောင်သည် ဇနီးဖြစ်သူနှင့်ဇနီးဖြစ်သူ၏ မိဘနှစ်ဦး အိမ်အတွင်းရှိနေစဉ် ဓါးဖြင့်ဝင်ခုတ်ရာတွင် စိုင်းမြင့်အောင်၏ ဇနီးဒဏ်ရာရကာ ယောက္ခမနှစ်ဦးသေဆုံးခဲ့သည်။
ဓားခုတ်မှုကျူးလွန်သူ စိုင်းမြင့်အောင်သည် အိမ်နောက်ဘက်ထွက်ပြေးသွားပြီးနောက် အိမ်နောက်ဘေးရှိရေချောင်းကို ဖြတ်ကျော်ကာ ဝေဖြိုးဆိုသူကိုလည်း ဓားဖြင့် ထပ်မံခုတ်သတ်ခဲ့သဖြင့် ဒေသခံများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ လူမှုရေးလား ဘာလားမသိဘူး၊ အခု TNLA ဖမ်းထားပြီ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
လူသတ်မှုကျူးလွန်သူ စိုးမြင့်အောင် ၄၀နှစ် ကို သီပေါ TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ရာရသူကို ပရဟိတအဖွဲ့က ဆေးကုသရန် ဆေးရုံပို့ဆောင်ပေးခဲ့သလို သေဆုံးသူအဖိုးအဖွားနှစ်ဦးကိုလည်း ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း နယ်စည်းမခြားပရဟိတ(သီပေါ) အသင်းမှ သိရသည်။
မဟာ
#MeKongNews








