ဆောင်းပါး

“ထိုင်းအတွက်အပြောင်းအလဲ”လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

မဲခေါင် 15 May - 2023
ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။

ပါတီဖျက်သိမ်းခံထားရတဲ့ Future Forward ပါတီပြန်လည်အသက်ဝင်လာတာနဲ့ ထိုင်းကအားကောင်းတဲ့ရှေးရိုးစွဲတွေကိုဆန့်ကျင်တာတို့ပေါင်းစည်းထားတဲ့ Move Forward ပါတီဟာ ထိုင်းမြောက်ပိုင်းမဲဆန္ဒနယ်တွေက လွှတ်တော်အမတ်နေရာတွေနဲ့ ဘန်ကောက်မြို့က မဲဆန္ဒနယ် ၃၃ ခုစလုံးနီးပါးကို အနိုင်ရထားပြီး မှန်းဆချက်အားလုံးထက်ကျော်လွန်ခဲ့ပါတယ်။ ပါတီအလိုက်ရတဲ့မဲဆန္ဒစာရင်းမှာလည်း ၁၀၀ နီးပါးရှိတဲ့အထဲက ၃၈ နေရာကို အနိုင်ရထားပြီး ဒါဟာ ၂၇ နေရာအနိုင်ရထားတဲ့ဖွေထိုင်းထက်ကလည်း သာလွန်နေပါတယ်။

တနင်္လာနေ့အစောပိုင်းအထိ မဲ ၉၈.၈၂ ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်မှာ မဲဆန္ဒနယ် ၄၀၀ အနက် Move Forward ပါတီက ၁၁၃ နေရာ၊ ဖွေထိုင်းက ၁၁၁ နေရာအနိုင်ရထားပြီး ပါတီစာရင်းနဲ့အနိုင်ရတဲ့အမတ်နေရာတွေမှာလည်း Move Forward ပါတီက ၁၅၁ နေရာ၊ ဖွေထိုင်းပါတီက ၁၄၁ နေရာအနိုင်ရထားပါတယ်။ အာဏာရညွှန့်ပေါင်းအုပ်စုမှာပါဝင်တဲ့ ဘုန်ဂျိုင်ထိုင်းပါတီကတော့ စုစုပေါင်းအမတ်နေရာ ၇၀ နဲ့ တတိယနေရာမှာရှိနေပါတယ်။

လက်ရှိအာဏာရ၊ စစ်တပ်နဲ့အချိတ်အဆက်ရှိတဲ့ ပလန်ပရာချာရတ်ပါတီကတော့ စတုတ္ထနေနရာမှာ ၃၉ နေရာနဲ့ရှိနေပြီး ပလန်ပရာချာရတ်ကနေနုတ်ထွက်ခဲ့တဲ့ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ အသစ်တည်ထောင်ခဲ့တဲ့ United Thai Nation(ယူတီအန်)ပါတီကတော့ ၃၆ နေရာနဲ့ ပဉ္စမနေရာမှာရှိနေပါတယ်။

နိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသ၊ ဘန်ကောက်က လူ့မလိုင်ရှေးရိုးစွဲတွေနဲ့ ထိုင်းတောင်ပိုင်းကရှပ်ဝါတွေရဲ့မဲဆန္ဒအမြောက်အမြားရဖို့ ရည်ရွယ်ထားတဲ့ ထိုင်းစစ်တပ်နဲ့အဆက်အစပ်ရှိတဲ့ပါတီ ၂ ခုဟာ နောက်ကျောဓားထိုးခံရတာပါပဲ။ ပလန်ပရာချာရတ်က ၂၀၁၉ ခုနှစ်မှာ လူအများစုရဲ့မဲတွေရခဲ့ပြီး အပြောင်းအလဲကိုတောင်းဆိုတာထက် တည်ငြိမ်မှုကိုတောင်းဆိုသူတွေအသာရခဲ့တာ ၄ နှစ်ကြာခဲ့ပါတယ်။

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်လပ် ရှင်နာဝပ်ထရာတို့ရဲ့ပါတီဖြစ်ပြီး လက်ရှိမှာ သက်ဆင်ရဲ့သမီး နိုင်ငံရေးအတွေ့အကြုံနည်းသေးတဲ့ ပေတောင်တန်ဦးဆောင်နေတဲ့ဖွေထိုင်းက အမတ်နေရာ ၅၀၀ ထဲက ၃၁၀ ကို သောင်ပြိုကမ်းပြိုအနိုင်ရမယ်လို့ ခန့်မှန်းထားပေမဲ့ ၁၄၁ နေရာသာအနိုင်ရထားတာကြောင့် ရွှေရောင်သမိုင်းရှိခဲ့တဲ့လူူကြိုက်များတဲ့ပါတီဟာ နောက်တကြိမ်ထပ်ခြေချော်ပြီး လူူကြိုက်များမှုကျဆင်းနေပါတယ်။ ပြစ်မှုတွေအတွက် ထောင်ဒဏ်ကျခံရခြင်းမရှိဘဲ ပြည်ပြေးဖြစ်နေတဲ့သက်ဆင်ကို ထိုင်းပြန်ခေါ်ဖို့ဆွေးနွေးမယ်လို့ မျှော်လင့်ထားတဲ့ ဖွေထိုင်းရဲ့နောက်ထပ်ခြေလှမ်းက မရေမရာဖြစ်လာပါတယ်။

မဲဆန္ဒတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့အပြောင်းအလဲအတွက် ဆန္ဒရှိနေတာကို ဖော်ပြနေတယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရောင်ရတ်က သတင်းထောက်တွေကိုပြောပြီး နောက်ပိုင်းမှာလည်း ပါတီရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ “ကျွန်တော်တို့အတူူအိပ်မက်မက်ထားတဲ့ ထိုင်းနိုင်ငံကိုတည်ဆောက်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတွေကို မြန်နိုင်သမျှမြန်မြန်တွန်းအားပေးသွားမယ်”လို့ ပြောထားပါတယ်။ ပါတီရဲ့လူကြိုက်များမှုဟာ သူတို့ရမယ်လို့မျှော်လင့်ထားတဲ့ လူဦးရေအရအကန့်အသတ်ရှိတဲ့လူငယ်တွေရဲ့မဲထက်ပိုပြီးများပြားခဲ့တာပါ။

ဟားဗက်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး သက်ဆင်နဲ့သွေးရင်းတဲ့ပီတာက အမတ်နေရာ ၃၀၀ ကျော်သွားမယ့် ညွှန့်ပေါင်းဖွဲ့နိုင်ဖို့ ဖွေထိုင်းနဲ့ တခြားအတိုက်အခံပါတီငယ်တွေကို နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမယ်လို့ တကနဦးကမ်းလှမ်းထားပေမဲ့ တနင်္လာနေ့မနက်ပိုင်းအထိ ဖွေထိုင်းက ရလဒ်ကို အကြောင်းမပြန်သေးပါဘူး။

နိုင်ငံရေးလောကထဲမှာဆက်ရှိနေပြီး အစဉ်အလာအတိုင်းဆက်လက်ရပ်တည်နေမယ်လို့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက မှတ်ချက်ပြုခဲ့ပြီး ဒါဟာ မဲရှုံးခဲ့တဲ့ညွှန့်ပေါင်းပါတီတွေနဲ့ လူနည်းစုအစိုးရဖွဲ့ဖို့ကြိုးစားမှာမဟုတ်ဘူးဆိုတဲ့ကနဦးအဓိပ္ပာယ်ပါ။ အဲဒီပျော့လွယ်ပြောင်းလွယ်ဖြစ်နိုင်ချေဟာ ဝန်ကြီးချုပ်သစ်ခန့်အပ်ရာမှာ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့အတူမဲပေးရမယ့်၊ စစ်တပ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တ ၂၅၀ရဲ့အခန်းကဏ္ဍနဲ့အတူ အချိန်ဆွဲနေပါတယ်။

ဘယ်ပါတီက မဲအရေအတွက်ပိုများလဲဆိုတာ Move Forward နဲ့ ဖွေထိုင်းတို့ ယှဉ်နေကြချိန်မှာ ပိုအရေးကြီးတဲ့မေးခွန်းကတော့ အဲဒီရလဒ်ကို ရှေးရိုးစွဲတွေက လက်ခံပါ့မလားဆိုတာပါပဲ။ ဘန်ကောက်အပါအဝင် မဲဆန္ဒနယ်တွေမှာ မဲဝယ်တာအပါအဝင် တခြားရွေးကောက်ပွဲမသမာမှုတွေနဲ့ပတ်သက်တဲ့စွဲချက်တွေကို Move Forward နဲ့ တခြားပါတီတွေအပေါ် အရှိန်မြှင့်တင်နေပါပြီ။ ထိုင်းရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးရလဒ်တွေကိုမကြေညာခင် အဲဒီစွဲချက်တွေကို စီရင်ဆုံးဖြတ်ဖို့ လပေါင်းများစွာကြာမှာဖြစ်ပြီး အဲဒီနောက်မှာမှ လွှတ်တော်မှာ ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆုံးဖြတ်မှာပါ။

ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ Move Forward ဟာ ထီးနန်းကိုဖော်ညွှန်းတဲ့မှတ်ချက်တွေနဲ့ အပြုအမူတွေမလျော်မကန်ပြုလုပ်ပြီး စည်းရုံးရေးဆင်းခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တချို့ကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ထိုင်းထီးနန်းကိုဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်တဲ့ နိုင်ငံတော်အသရေဖျက်မှုဥပဒေပုဒ်မ ၁၁၂ ကိုပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ ပါတီက တွန်းအားပေးနေတဲ့အတွက် စွပ်စွဲမှုတွေထွက်ပေါ်လာတာပါ။

ဇူလိုင်လမှာဖြစ်နိုင်တဲ့ ရွေးကောက်ပွဲမဲရလဒ်တွေအတည်ပြုကြေညာချိန်မတိုင်မချင်း ထိုင်းထီးနန်းကိုခြိမ်းခြောက်လာနိုင်တဲ့အန္တရာယ်တခုကိုချေမှုန်းဖို့ ဟန်ပြစွဲချက်တွေသုံးခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေကရှုမြင်ခဲ့တဲ့ Move Forward ရဲ့ပင်ရင်း Future Forward ကို ပါတီငွေကြေးထောက်ပံ့မှုဥပဒေတွေနဲ့စွဲချက်တင်ခဲ့တာဟာလည်း ရွေးကောက်ပွဲနောက်ပိုင်းအထိ သက်ရောက်မှုရှိနေနိုင်ပါတယ်။

Future Forward ကိုဖျက်သိမ်းဖို့တရားရုံးကအမိန့်ချမှတ်ပြီးနောက်ပိုင်း လမ်းမပေါ်ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ ပရာရွတ်နုတ်ထွက်ဖို့နဲ့ နန်းမျိုးနန်းနွယ်တွေကိုကျယ်ကျယ်ပြန့်ပြန့်သက်ရောက်စေတဲ့ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ မကြုံစဖူးတောင်းဆိုမှုတွေအထိပါဝင်တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေအဖြစ် ကျယ်ပြန့်လာပါတယ်။

၂၀၁၉ ရွေးကောက်ပွဲနောက်ပိုင်း ပလန်ပရာချာရတ်နဲ့ ပရာရွတ်တို့က အာဏာရညွှန့်ပေါင်းအစိုးရဖြစ်လာစေတဲ့အမတ်အရေအတွက်ရဖို့ မရေမရာနဲ့အသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း ပါတီစာရင်းဥပဒေကို အမည်အားဖြင့်အမှီအခိုကင်းမဲ့တဲ့ရွေးကောက်ပွဲကော်မရှင်က ပါတီငယ်တွေအတွက် ထင်ရှားစွာလက်မှတ်ထိုးအတည်ပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့မဲရလဒ်တွေဟာ Move Forward ပါတီကိုပြောင်ပြောင်တင်းတင်းဖျက်သိမ်းခြင်းမရှိရင် လှည့်စားဖို့ပိုပြီးခက်ခဲပါတယ်။ ဖျက်သိမ်းမယ်ဆိုရင်လည်း ဒီမိုကရေစီနိုင်ငံတနိုင်ငံအနေနဲ့ ယုံကြည်ရမှုကို ထိုင်းနိုင်ငံက ဆုံးရှုံးမှာဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ပြင်းထန်မှုအတိုင်းအတာအပေါ်မူတည်ပြီး ဒီမိုကရေစီလိုလားတဲ့၊ ပြင်းထန်တဲ့ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ရှောင်လွှဲမရနိုင်တော့ဘဲ စစ်တပ်ကြားဝင်စွက်ဖက်ဖို့ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

သိသာထင်ရှားစွာပဲ Move Forward ပါတီရဲ့ယူဆချက်စစ်တမ်းတွေမှာမြင့်တက်လာမှုကိုတုံ့ပြန်တဲ့အနေနနဲ့ ပရာရွတ်ရဲ့ ယူတီအန်ပါတီက Move Forward ကို ပျက်စီးခြင်းး၊ နှောင့်ယှက်ခြင်းနဲ့ ဒုစရိုက်ကိုအားပေးတဲ့ပါတီလို့ပုံဖော်ထားတဲ့ဗီဒီယိုတခုကို အွန်လိုင်းမှာဖြန့်ချိခဲ့ပြီး ယူတီအန်ပါတီကို တည်ငြိမ်မှုနဲ့ ထီးနန်းကိုကာကွယ်ပေးတဲ့ပါတီလို့ပုံဖော်ဖို့ ပါတီရဲ့နောက်ပိုင်းစည်းရုံးရေးတွေမှာ နောက်ခံအနေနဲ့လည်း အဲဒီဗီဒီယိုကိုအသုံးပြုခဲ့ပါသေးတယ်။

Move Forward ပါတီရဲ့ရွေးကောက်ပွဲနီးမှ နိုင်ငံတဝန်းလှိုင်းအနေနဲ့ဖြစ်လာတဲ့ ယူဆချက်စစ်တမ်းတွေမှာနေရာရမှုမြင့်တက်လာတာဟာ ချားလ်စ်ဘုရင် ၃ ရဲ့နန်းတက်ပွဲအတွက် ဗြိတိန်ကို မဟာဝိဇယလောင်ကွန်းဘုရင်ထွက်ခွာသွားမှုနဲ့ တိုက်ဆိုင်နေတယ်လို့ တချို့အကဲခတ်တွေက အသိအမှတ်ပြုပါတယ်။ ကနဦးက ထိုင်းရွေးကောက်ပွဲကို မေ ၇ ရက်မှာကျင်းပဖို့ စီစဉ်ထားပေမဲ့ ဘုရင်ကြီးရဲ့နိုင်ငံခြားခရီးစဉ်အတွက် သီတင်းပတ် ၁ ပတ်နောက်ဆုတ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကပြောပါတယ်။

Move Forward ရဲ့ထီးနန်းကိုစိန်ခေါ်မှုဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းစစ်ဆေးရုံမှာ ခွေးတွေကိုလေ့ကျင့်ပေးနေတုန်း နှလုံးဖောက်လိ့ မြေပြင်ပေါ်လဲကျခဲ့တဲ့ သက်တော် ၄၄ နှစ်ရှိနေတဲ့၊ ကော်နဲတက္ကသိုလ်ဆင်းရှေ့နေ မင်းသမီး ဘာရာကီတီယာဘာ ဆေးရုံရေရှည်တက်နေရတာနဲ့လည်း ဆုံနေပါတယ်။

မင်းသမီးဟာ ဧပြီလမှာ ၁၈ နှစ်ပြည့်ခဲ့တဲ့ မင်းသား ဒီပန်ကွန် ရာမီဂျိုတီကို တနေ့မှာထီးနန်းလွှဲအပ်ဖို့စီစဉ်ထားတဲ့ မဟာဝိဇယလောင်ကွန်းရဲ့အစီအစဉ်ကိုစီမံခန့်ခွဲရာမှာဗဟိုချက်လို့ ရှုမြင်ခံရသူပါ။

ဆက်ခံရေးအစီအစဉ်ဟာ လူငယ်မျိုးဆက်ကိုသူ့နေရာပေးထားဖို့လို့ ရှင်းလင်းစွာမြင်နိုင်တဲ့အစီအစဉ်ဖြစ်ပြီး ထီးနန်းကိုဆက်ခံနိုင်တဲ့၊ လွှမ်းမိုးနိုင်စွမ်းရှိတဲ့မင်းသမီးရဲ့ သေစေလောက်တဲ့နာဖျားနေမှုဟာလည်း သံသယဝင်စရာကောင်းတယ်လို့ တချို့ကပြောနေပါတယ်။

နန်းတော်ကခင်းကျင်းထားတဲ့ထီးရိပ်အောက်မှာ အတိတ်ကနိုင်ငံရေးရန်သူတွေကိုစုစည်းထားတဲ့ မင်းမျိုးမင်းနွယ်တွေက ညီညွတ်ရေးအစိုးရတရပ်အနေနဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အခန်းကဏ္ဍတခုအဖြစ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ လာမယ့်လတွေအတွင်း ထိုင်းနိုင်ငံကတည်ငြိမ်မှုနဲ့ မတည်ငြိမ်မှုကြား ကွဲပြားခြားနားမှုတွေကိုဖြစ်စေမှာပါ။

(Asia Times တွင် Shawn W. Crispin ရေးသားသည့် A resounding vote for change in Thailand ကို #OhkKar ဘာသာပြန်ဆိုသည်။ Shawn W. Crispin သည် Asia Times ၏ အရှေ့တောင်အာရှရေးရာစာတည်းဖြစ်သည်။)
Source – Asia Times

#ဥက္ကာ

#MeKongNews

Photo – Move Forward, Pheu Thai and UTN social media

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now