ဆောင်းပါး

ရာဇဝင်ထဲက ထိုင်းဆေးခြောက်ပုံပြင်

မဲခေါင် 2 Apr - 2023
MKF - 001 ဆေးခြောက်ပဲ ခေါ်ခေါ် ဝိ ပဲ ခေါ်ခေါ် ကန်နာဘစ်ပဲ ပြောပြော မာရီဝါးနားပဲ ပြောပြော ဒီအရွက်ချွန်ချွန်လေးတွေနဲ့ အပင်အကြောင်းက စိတ်ဝင်စားဖို့ ကောင်းသဗျ။

MKF – 001

ဆေးခြောက်ပဲ ခေါ်ခေါ် ဝိ ပဲ ခေါ်ခေါ် ကန်နာဘစ်ပဲ ပြောပြော မာရီဝါးနားပဲ ပြောပြော ဒီအရွက်ချွန်ချွန်လေးတွေနဲ့ အပင်အကြောင်းက စိတ်ဝင်စားဖို့ ကောင်းသဗျ။

စားကောင်း အိပ်ပျော် တိမ်တွေပေါ်လွှင့်တဲ့ အရသာကို ဟိုးပဝေသနီကတည်းက အမျိုးသားတွေ သိပ်ကြိုက်ခဲ့တာပေါ့။ ဆေးခြောက်သမိုင်းက သူ့အရပ်နဲ့ သူ့ဇာတ် အမျိုး မျိုး သမိုင်းကြောင်းတွေ၊ ပုံပြင်တွေအဖြစ် ရှိကြတာပဲ။ အခုကတော့ ထိုင်းနိုင်ငံရဲ့ ဆေးခြောက် ပုံပြင်အကြောင်း ဟိုးအတိတ်အဝေးကြီးဆီအထိ လွင့်ပြီး အိပ်မက်ကြည့်လိုက်ရအောင်။

၂၀၂၂ ခုနှစ် ဇွန်လမှာ ထိုင်းနိုင်ငံဟာ သမိုင်းဝင်တဲ့ ဥပဒေပြုမှုတစ်ရပ်ကို လုပ်ခဲ့တယ်။ အရင်က ဆေးခြောက်ဟာ မူးယစ်ဆေးဝါးရာဇဝတ်မှုထဲပါဝင်နေရာက ဒီနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးအဖြစ်ကနေ ပယ် ဖျက်ပေးလိုက်တာပါပဲ။ ဆေးခြောက်နဲ့ ထိုင်းဆိုတာ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိခဲ့ကြတာပေါ့။ ရာစုနှစ်ပေါင်း များစွာချီပြီး ဆေးခြောက်ဋီကာချဲ့နိုင်လောက်တဲ့အထိ သမိုင်းအဆက်ဆက် ရှိခဲ့တာ။ ဆေးခြောက် ခရီးစဉ်ကြီးက အတက်အကျ၊ အလှည့်အပတ်တွေနဲ့ အပြည့်။

ဆေးခြောက်ဟာ ပင်မရေစီးကြောင်းကြီးထဲ ဘယ်တုန်းကစလို့ မကောင်းတဲ့အရာအဖြစ် စတင်သတ်မှတ်ခဲ့တာလဲ တော့ အတိအကျမသိနိုင်။ ဒါပေမဲ့ ယုံချင်ယုံ မယုံချင် ပုံပြင်မှတ်။ ဆေးခြောက်ကို လွန်ခဲ့တဲ့ ရာစုနှစ်များစွာ ကတည်းက ထိုင်းမှာ လုံးလုံး တရားဝင်ခွင့်ပြုခဲ့တဲ့ သမိုင်းကတော့ ရှိနှင့်ပြီးသား။ ပထမဆုံး သမိုင်းမှတ်တမ်းအရ ဆိုရင် အယုဒ္ဓယခေတ် မဟာနာရိုင်းမင်းလက်ထက်ကတည်းက ဆေးခြောက်ရာဇဝတ်ရှိခဲ့ပြီးသား။ အဲဒီခေတ် ကတည်းက ဆေးခြောက်ကို ဆေးဘက်ဝင်အဖြစ်ပဲသုံးသုံး စိတ်လက်အပန်းဖြေဖို့အတွက်ပဲ သုံးသုံး တရားဝင် ခွင့်ပြုခဲ့တာဖြစ်တယ်။ တိုင်းရင်းဆေး ၉၁ မျိုးထဲမှာ ဆေးခြောက်ထည့်သွင်းစပ်ထားတဲ့ အထောက်အထား မှတ်တမ်းတွေရှိခဲ့တယ်။

ဘုရင် ရာမ – ၅ လက်ထက်မှာလည်း ဆေးခြောက်ဟာ တရားဝင်ဖြစ်ပြီး အစားအသောက်ထဲ ထည့်သွင်း ချက် ပြုတ်ထုတ်လုပ်မှုတွေတောင် ရှိခဲ့တယ်။ ကွေတီယို၊ ခေါက်ဆွဲပြုတ်တွေထဲ ဆေးခြောက်ပင်ခတ် သောက်ခဲ့ကြတာ ရာဇဝင်နဲ့ကို ရှိခဲ့တာပါ။ ဒါပေမဲ့ ၁၉၃၄ ခုနှစ်မှာတော့ ဆေးခြောက်ရဲ့ တရားဝင်မှုကို အစိုးရက ပိတ်ပင်လိုက်ပြီး ရာဇဝတ်မှုသက်ရောက်ဆေးတဲ့ မူးယစ်ဆေးအဖြစ် ဆေးခြောက်ဥပဒေကို ထုတ်ပြန်လိုက်တော့တယ်။ ဒါကြောင့် ဆေးခြောက်ကို လက်ဝယ်ကိုင်ဆောင်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့်၊ အသုံးပြုခွင့်နဲ့ စိုက်ပျိုးခွင့်တွေအားလုံး ဥပဒေကြောင်းအရ ပိတ်ပင်ခံလိုက်ရတာပဲ။

၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိရှည်ကြာတဲ့ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားတွေရဲ့ အပန်းဖြေ ရက်သတ္တပတ်တွေမှာ ထိုင်းဟာ အိမ်ရှင်အဖြစ်ဧည့်ဝတ်ပြုဖို့ ဘိန်းနဲ့ဆေးခြောက် မူပိုင်ခွင့်တွေထုတ်ပေးပြီး ပျော်ရွှင်မှုဖန်တီးပေးခဲ့ကြတယ်။ တခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီလို စိတ်အပန်းဖြေရေး၊ ဖျော်ဖြေရေး မူးယစ်ကုန်စည် စျေးကွက်တွေ တည်ရှိလာတယ်။ ဒီလိုနဲ့ အမေရိကန်စစ်သားတွေကြားမှာ ဆေးခြောက်ကြိုက်နှစ်သက်မှုဟာ တောမီးလို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတယ်။ ထိုင်းနိုင်ငံက ဆေးခြောက် မှာယူမှု တစ်နည်းအားဖြင့် ဝယ်လိုအား က အရမ်းမြင့်တက်သွားတယ်။ ထိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက အမြတ်အစွန်းများတဲ့ ဆေးခြောက်ပင် စိုက်ပျိုးမှုနဲ့ ဆေးခြောက်ထုတ်လုပ်မှုတွေကို စီးပွားရေးအဆောက်အအုံ တစ်ခုအဖြစ် အသုံးချပြီး ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ ထိုင်းနိုင်ငံရဲ့ ဆေးခြောက်လုပ်ငန်းဟာ ပြန်အုံကြွလာပါတော့တယ်။ စျေးပေါတဲ့ ဆေးခြောက်ရှူအိုးတွေ၊ ဝါးပြောင်းတွေကအစ ထုတ်လုပ်မှုတွေ မြင့်တက်သွားတယ်။ ဒါတွေကြောင့်ပဲ ထိုင်းနိုင်ငံက မူးယစ်ဆေးပေါ်လစီခေတ်စနစ်သစ်တစ်ခု အစပျိုးပြောင်းလဲလာပြန်တယ်။ ဆေးခြောက်စက်ရုံတွေပေါ်လာပြီး ထိုင်းအစိုးရကလည်း ဝင်ငွေရတော့ ဥပဒေတွေကို လျှော့ပေါ့လို့ ၆ လထက်ပိုပြီး သိုလှောင်ပိုင်ဆိုင်ထားမှ အရေးယူမယ်လို့ ပြဌာန်းလိုက်တာကို အမေရိကန် အစိုးရတာဝန်ရှိသူတွေက စိုးရိမ်ပြီး ဖိအားပေးလာတယ်။ ဒါကြောင့် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းသစ်များစွာကို ထုတ်ပြန်ခဲ့ရတယ်။

ဒါတောင် ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ ထိုင်းနိုင်ငံဟာ ဆေးခြောက်တင်ပို့မှု အများဆုံး ဦးဆောင်နိုင်ငံအဖြစ် ဒေသတွင်းမှာ ရှိနေဆဲပါပဲ။ အမေရိကန်က ဒါကို ဘဝင်မကျနိုင်သေးလို့ ဆေးခြောက်တိုက်ဖျက်ရေးမှာ ထိုင်းနဲ့ ပူးပေါင်းတိုက်ပွဲဝင်လာတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုင်းနဲ့ အမေရိကန်နှစ်နိုင်ငံအကြား မူးယစ် မှောင်ခိုမှု အဆုံးသတ်သွားတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးသုံးသူတွေဟာ ဆေးခြောက်နဲ့ ဘိန်းတွေအစား ဒီနေ့ ခေတ်စားနေတဲ့ စိတ်ကြွဆေးပြားတွေ သုံးစွဲရောင်းဝယ်ဖောက်ကားမှုဘက်ကို ဦးလှည့်သွားတယ်။ ဒီနေ့ ထိုင်းမှာ ဖမ်းမိသမျှ မူးယစ်မှုထဲ စိတ်ကြွဆေးပြားမှုက ၉၀ ရာခိုင်နှုန်းအထက်မှာ ရှိနေတယ်။ ဒါကြောင့် ထိုင်းမှာ ဆေး ခြောက်ကို ရာဇဝတ်မှုအဖြစ် တားမြစ်ခဲ့ခြင်းမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှု၊ ဖိအားပေးမှုကြောင့်လို့ ဆိုရင် မမှားနိုင်ဘူး။

ဆေးခြောက် လက်ဝယ်ထားရှိမှု၊ သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ စိုက်ပျိုးမှုအားလုံး ဥပဒေနဲ့ငြိစွန်းပေမယ့် ဆေးခြောက်စျေးကွက်ဟာ ပြည်တွင်းမှာ ပြတ်လပ်သွားတယ်မရှိပါဘူး။ ဒါကြောင့် ထိုင်းအစိုးရဟာ ဆေး ခြောက်ကို ဆေးဖြစ်ဝါးဖြစ် သုံးစွဲခွင့်၊ တိုင်းရင်းဆေးတွေမှာ သုံးစွဲခွင့်ပြုခြင်းနဲ့ အကျိုးစီးပွားတစ်ခုဖြစ်လာဖို့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်လိုက်တယ်။ ၂၀၁၈ မှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင် ခွင့်ပြုလိုက်တယ်။ ဒီလုံးသုံးခွင့်ပေးလိုက်တော့ ထိုင်းဟာ အရှေ့တောင်အာရှမှာ ဆေးဘက်ဆိုင်ရာအတွက် အသုံး လိုလို့ ဆေးခြောက်ကို တရားဝင်သုံးခွင့်ပေးတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတယ်။ ဒါပေမဲ့ အများအပြား စိုက်ခင်းကျယ် ကြီးတွေနဲ့စိုက်ပျိုးခွင့်ကိုတော့ ပိတ်ပင်တားဆီးထားခဲ့တယ်။

၂၀၂၂ ဇွန်မှာတော့ ထိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးခြောက်ကို မူးယစ်ဆေးစာရင်းထဲ မထည့်သွင်း တော့ကြောင်း တရားဝင်ကြေညာလိုက်တယ်။ ဆေးခြောက်ပင်ရဲ့ အစိတ်အပိုင်းတိုင်းကို တရားဝင်သုံးခွင့်ပြု လိုက်တာလည်းဖြစ်တယ်။ ဒါကြောင့် စိုက်ပျိုး၊ သိုလှောင်၊ ပိုင်ဆိုင်၊ သုံးစွဲခြင်းတွေဟာ ဥပဒေအရ အပြစ်ပေးမရတဲ့ အနေအထားပြန်ရောက်သွားတယ်။ ဒါပေမဲ့ ဒီနေ့အထိ သုံးစွဲမှုစံတွေကို စစ်ဆေးကန့်သတ်ထားတာရှိပြီး ဘယ်လို ကန့်သတ်ထားတယ်၊ ဘယ်အတိုင်းအတာထက်မကျော်ရ၊ ဘယ်ပမာဏလောက်ပဲ ထည့်သွင်းသုံးစွဲသင့်တယ်ဆိုတဲ့ အသေးစိတ်ဥပဒေကတော့ ရေးဆွဲမပြီးသေလို့ မရှင်းမလင်းအနေအထားမှာပဲ ရှိနေပါသေးတယ်။

ဆေးခြောက် လက်လီကုမ္ပဏီ OG Canna ရဲ့ စီအီးအို ဘန်ဂျမင်ဘက်စ်ကင်က “ဥပဒေပြု စံနှုန်းသတ်မှတ်ချက်တွေ က လွယ်တဲ့နေရာလွယ်သလို ခက်တဲ့နေရာခက်ခဲနေဆဲပါပဲ။ ဥပဒေ တည်မြုရေး၊ တိကျ ရေးတွေလုပ်ဖို့ဆိုရင် ကယ်လီဖိုးနီးယားပြည်နယ်က ဆေးခြောက်ဥပဒေ ကန့်သတ်ချက်တွေကို အတုယူသင့်တယ်။ ဥပမာ ၁၀၀ ရာခိုင်နှုန်း တရားဝင်ရောင်းချနိုင်ရေးမှာ ဆရာဝန်လိုင်စင်တင်ပြီး ဘေးဥပါဒ်ကင်းတဲ့ ထုတ်ကုန်တွေကိုပဲ ရောင်းချတာမျိုးဖြစ်ရမယ်။ စားသုံးသူစျေးကွက်က အရေးအကြီးဆုံး ဖြစ်လို့ အားလုံးဘေးကင်းပြီး အရည်အသွေးကောင်းတဲ့ ဆေးခြောက်၊ ဆေးခြောက်ဆက်စပ်ထုတ်ကုန်တွေကို နာမည်ရ Brand တွေဖြစ်လာအောင် စီမံကွပ်ကဲ ထုတ်လုပ်တာမျိုးပဲ ဖြစ်လာစေချင်တယ်။ လမ်းပေါ်မှာ တရားဝင် တယ်ဆိုပြီး ကြုံရာကျပမ်းရောင်းတာမျိုးတွေ လက်မခံဘဲ လိုင်စင်လျှောက်ထားပြီး စံချိန်စံညွှန်းနဲ့ညီတဲ့ ထုတ်ကုန် တွေကို ဥပဒေဘောင်အတွင်းက ရောင်းချစေတာမျိုးပဲဖြစ်ရမယ်” လို့ အကြံပေးပြောကြားသွားပါတယ်။

ထိုင်းမှာ ဥပဒေအရ ပြန်ဖွင့်ပေးလိုက်တဲ့ ဆေးခြောက်စျေးကွက်ကြောင့် စိန်ခေါ်မှုတွေလည်း အများကြီး တိုးလာပါတယ်။

ဆေးခြောက် စိုက်ပျိုးရေးကုမ္ပဏီ OG Canna Company CM ဒါရိုက်တာ ဘာဘာဖစ် ခေါ် ရွိုင်ယန်ဒိုယန်က “လူတွေက အထင်အမြင်လွဲမှားမှုတွေ ရှိနေကြတယ်။ ဆေးခြောက်ပင်ကို စိုက်ပျိုးတဲ့အခါ ထိုင်းဆေးခြောက်မျိုးစိတ်က ထိုင်းမှာပဲ စိုက်လို့ ကောင်းမယ်ထင်ကြတယ်။ မဆိုင်ပါဘူး။ ဒီဆေးခြောက်က ဒီ ဆေးခြောက်ပဲ။ ပိုးကိုက်မှာကြောက်လို့ ရုံတွင်းစိုက်ပျိုးရေးစနစ်တွေကို အဓိက စိုက်ရတယ်။ ဒီစနစ်နဲ့က ထိုင်းမှာတင်မဟုတ် တစ်ကမ္ဘာလုံးမှာရော လကမ္ဘာပေါ်တက်စိုက်တက်စိုက် အတူတူပဲ။ လျှော်ဆေးခြောက်ပင်နဲ့ တခြား မျိုးစိတ်ဆေးခြောက်ပင်တွေလည်း ကျွန်တော်တို့ ထိုင်းမှာပဲ စိုက်ပျိုးအောင်မြင်နေပါတယ်။ တိကျတဲ့ ရာသီချိန် သဘာ၀ပတ်ဝန်းကျင်အခြေအနေတစ်ရပ်မှာဆို ထိုင်းနိုင်ငံ ရေခံမြေခံက ဆေးခြောက်စိုက်ပျိုးဖြစ်ထွန်းမှု အကောင်းဆုံးအနေအထားမှာရှိတာ တွေ့ရတယ်။ ပိုးမကိုက်ဖို့ကတော့ စိန်ခေါ်မှုတစ်ရပ်ပေါ့။ ဒါပေမဲ့ တိကျတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ပြဌာန်းရမှာဖြစ်သလို လိုက်နာလုပ်ဆောင်ကြဖို့ကလည်း အဓိက စိန်ခေါ်မှု တစ်ရပ်ပဲ။ ဒါတွေ အောင်မြင်သွားရင် ကယ်လီဖိုးနီးယားမှာလိုပဲ ဆေးခြောက်စျေးကွက်ကနေ ကျန်းမာရေး၊ စိတ် အပန်းဖြေရေး၊ စီးပွားရေး၊ နိုင်ငံအခွန်ရင်းမြစ်ကြွယ်၀ရေး စတဲ့ အကျိုးကျေးဇူးတွေကို နိုင်ငံတော်က ခံစား စံစား နိုင်မှာဖြစ်ပါတယ်” လို့ ရှင်းလင်းပြောကြားသွားပါတယ်။

[ထိုင်းမီဒီယာ thethaiger မှာ Cita Catellya ရေးသားတဲ့ From ancient to modern: The cannabis tale of Thailand ကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်]

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ကို တိတ်တဆိတ် တော်လှန်ပုန်ကန်နေသည့် တရုတ်လူငယ်များ

~ လင်းမောင် ~ ယနေ့ တရုတ်နိုင်ငံသည် ၎င်း၏ မျိုးဆက်သစ်လူငယ်များက အာဏာရှင်ဆန်သော ထိန်းချုပ်မှုဒဏ်အောက်တွင် နှုတ်ဆိတ်မနေလိုတော့သည့် လမ်းဆုံလမ်းခွတစ်ခုတွင် ရပ်တည်နေသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန်အတွင်း အထပ်မြင့်ခေါင်မိုးပေါ်သို့ သတ္တိရှိရှိ တက်ရောက်မှုများမှသည် မြို့ပြ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပရိုဂျက်တာဖြင့် ထိုးပြသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now