ဆောင်းပါး

မေ့လျော့မခံရသေးပေမဲ့ လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံကစစ်ပွဲ

မဲခေါင် 1 Mar - 2023
မြန်မာနိုင်ငံမှာရက်စက်တဲ့ပြည်တွင်းစစ်ကို စတင်စေခဲ့တဲ့ ရက်စက်တဲ့စစ်အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာမှာ ပဋိပက္ခအပေါ် ကမ္ဘာကြီးက မျက်စိမှိတ်ထားလိုက်ပြီလို့ လူအများအပြားက ယုံကြည်နေကြပါတယ်။

မြန်မာနိုင်ငံမှာရက်စက်တဲ့ပြည်တွင်းစစ်ကို စတင်စေခဲ့တဲ့ ရက်စက်တဲ့စစ်အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာမှာ ပဋိပက္ခအပေါ် ကမ္ဘာကြီးက မျက်စိမှိတ်ထားလိုက်ပြီလို့ လူအများအပြားက ယုံကြည်နေကြပါတယ်။

ကမ္ဘာ့မေ့လျော့ခံစစ်ပွဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး တွမ်အန်ဒရူးက ပြီးခဲ့တဲ့လမှာခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက်၊ အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ ၁ ရက်အလိုက စီအန်အန်သတင်းဌာနရဲ့သတင်းခေါင်းစဉ်တခုမှာလည်း “ကြောက်မယ်ဖွယ်ရာအခြေအနေသို့ မြန်မာနိုင်ငံဆင်းသက်နေသော်လည်း ကမ္ဘာကြီးမျက်နှာလွှဲထား”လို့ ပါဝင်နေပါတယ်။

ဒါဟာ လက်ခံမှုမြင့်တက်လာတဲ့ ဘုံခံယူချက်တခုဖြစ်ပေမဲ့ အဲဒီအချက်မှာ ကောင်းကျိုးဘယ်လောက်ရှိနေပါသလဲ။

အာဏာသိမ်းခံရပြီး သီတင်းပတ်တွေလောက် ဒီနေ့မြန်မာနိုင်ငံကို နိုင်ငံခြားနိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ စိတ်မဝင်စားဘူးဆိုတဲ့ပြောဆိုမှုဟာ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းမှာ နေတိုးတပ်ဖွဲ့တွေပြန်ဆုတ်သွားပြီးနောက် နိုင်ငံအာရုံစိုက်မှု မြန်မြန်ဆန်ဆန်ရခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကဖြစ်ရပ်တွေ၊ ဆီးရီးယား၊ ယီမင်နဲ့ အာဖရိကအရှေ့ပိုင်းက ပိုဆိုးလာတယ်လို့ ငြင်းခုန်ပြောဆိုရနိုင်တဲ့ ဖြစ်ရပ်တွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။

နည်းလမ်းအများအပြားနဲ့ မြန်မာနိုင်ငံဆိုင်ရာအကြပ်အတည်းဟာ သတင်းစာခေါင်းကြီးပိုင်းတွေနဲ့ နိုင်ငံရေးသမားတွေရဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ပါဝင်ခြင်းမရှိတော့ဘဲ ကမ္ဘာ့နောက်ဆုံးကပ်ဘေးတွေနဲ့ အစားထိုးလာနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မျှော်လင့်ထားခဲ့သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ရှင်းရှင်းပြောရရင်တော့ နာမည်ပျက်နဲ့ကျော်ကြားတဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့အာရုံစိုက်မှုကင်းမဲ့တဲ့ရောဂါအတွက် နောက်ထပ်သားကောင်တကောင်ဖြစ်သွားတာပါပဲ။

မြန်မာနိုင်ငံအကြောင်း အနောက်နိုင်ငံတွေမှာ အသိအမြင်ကင်းမဲ့မှုနဲ့ မီဒီယာတွေမြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ငန်းလည်ပတ်နိုင်မှု ခက်ခဲမှုတို့အပါအဝင် သိသာထင်ထားရှားတဲ့ မီဒီယာအာရုံစိုက်မခံရတဲ့ အကြောင်းရင်းအများအပြားရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း စကော့ မာစီယယ်ကပြောပါတယ်။

ယူကရိန်းစစ်ပွဲဟာ မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှုတွေကို ယုတ်လျော့စေတယ်လို့လည်း တခြားသောရင်းမြစ်တွေက ညီညီမျှမျှထောက်ပြကြပါတယ်။ အရှေ့ဥရောပပဋိပက္ခကိုအာရုံစိုက်သလို အာရုံစိုက်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက စစ်အုပ်စုဆန့်ကျင်တဲ့တော်လှန်သူတွေအတွက် နိုင်ငံတကာအသိုက်အဝန်းက ပိုပြီးဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ပြောကြတယ်ဆိုပြီး သက်သေပြနေပါတယ်။

“ကမ္ဘာတဝန်းက နိုင်ငံအများအပြားကတော့ မြန်မာအကြပ်အတည်းကို မေ့လျော့နေကြပါပြီ” လို့ မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူဖို့စည်းရုံးလှုံ့ဆော်နေတဲ့ ဘားမားကမ်ပိန်းယူကေ (Burma Campaign UK)ရဲ့ညွှန်ကြားရေးမှူး မာ့ခ် ဖာမာနာက ပြောပါတယ်။

“သူ့တို့အိမ်တံခါးရောက်နေတဲ့ အကြပ်အတည်းဆိုတဲ့သဘောနဲ့ အစိုးရတွေက ယူကရိန်းအရေးကို ပိုပြီးအာရုံစိုက်နေကြတယ်လို့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ရုရှားကိုကျင့်သုံးနေတဲ့ အရေးယူဆောင်ရွက်မှုတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်လောက်သာ မြန်မာစစ်တပ်ကို ကျင့်သုံးမယ်ဆိုရင် စစ်အာဏာသိမ်းမှုကိုခုခံနေကြတဲ့လူတွေကိုအားပေးတဲ့မျှခြေကို ကူညီနိုင်မယ်ဆိုတာကတော့ ရှုပ်ထွေးစရာကောင်းနေပါတယ်” လို့လည်း သူကပြောပါတယ်။

အဲဒီသဘောထားနဲ့ပတ်သက်ပြီး နောက်ပြန်ဆုတ်နေတဲ့ အချက်အချို့လည်းရှိနေပါတယ်။ ယူကရိန်းနဲ့ထပ်တူ သဘောထားနေတာဟာလည်း ပြဿနာတခုလို့ သတင်းရင်းမြစ်တချို့ကပြောပါတယ်။

“ယူကရိန်းနဲ့ မြန်မာကို နှိုင်းယှဉ်တာ မသင့်လျော်ပါဘူး။ ယူကရိန်းအထောက်အပံ့တွေ အများကြီးရနေတာမြင်ရတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ သူတို့ဟာ ပစ်ပယ်ခံထားရတယ်လို့ ခံစားရတာကို နားလည်ပေးနိုင်ပါတယ်။ လုံးဝကိုခြားနားတဲ့အခြေအနေတခုပါ” လို့ အကြီးတန်းနိုင်ငံခြားသံတမန်တယောက်က အေးရှားတိုင်းမ်စ်ကို ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွက် သုံးစွဲနေရလို့ မြန်မာနိုင်ငံကို လျစ်လျူရှုခံနေရတယ်ဆိုပြီး ပါးစပ်ပြောဖြစ်နေတာကလည်း အနောက်နိုင်ငံတွေဟာ အာရှနိုင်ငံတွေနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူးဆိုတဲ့ စိုးရိမ်စရာအတွေးကိုဖြစ်လာစေပြီး (အကြောင်းရင်းခံက လူမျိုးရေးခွဲခြားမှုဖြစ်နေပြီး မှားနေတယ်လို့ အနောက်နိုင်ငံတွေဘက်ကပြောပါတယ်) ယူကရိန်းနိုင်ငံကအခြေအနေတွေကို သူတို့လည်း ဂရုစိုက်စရာမလိုဘူးလို့ အရှေ့တောင်အာရှနိုင်ငံတွေက ခံယူလာနိုင်တယ်လို့ အနောက်နိုင်ငံတနိုင်ငံက သံတမန်တယောက်ကပြောပါတယ်။

စကားမစပ်ပြောရရင် မြန်မာနိုင်ငံကလူ့မလိုင် ၁၀ ပုံ ၁ ပုံနီးပါးကလည်း ယူကရိန်းကစစ်ပွဲအကြောင်းကို စိတ်မဝင်စားဘူးလို့ ပြောပါတယ်။ ဒါဟာ ဘရူနိုင်းနိုင်ငံသားတွေနောက်မှာ ဒုတိယအများဆုံးရာခိုင်နှုန်းဖြစ်တယ်လို့ ပြီးခဲ့တဲ့တပတ်မှာ စင်ကာပူနိုင်ငံအခြေစိုက် အိုင်အက်စ်အီးအေအက်စ်-ယူဆွတ်ဖ် အိုင်ရှက်အင်စတီကျူ့ (ISEAS–Yusof Ishak Institute) ကထုတ်ပြန်တဲ့ စစ်တမ်းအရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်များစွာကြာနေတဲ့ နိုင်ငံရေးရုပ်ဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ကျခံနေရတဲ့အတွက် မြန်မာနိုင်ငံက စစ်အုပ်စုဆန့်ကျင်ရေးခုခံမှုတွေဟာ သြဇာတိက္ကမရှိတဲ့ ဗဟိုရုပ်လုံးကင်းမဲ့နေပြီး ယူကရိန်းနိုင်ငံမှာတော့ သမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီရှိနေတဲ့အတွက် မြန်မာအကြပ်အတည်းကို အာရုံစိုက်ခံရတာပိုနည်းနေတဲ့ အကြောင်းရင်းတရပ်ဖြစ်နိုင်ပါတယ်။

မြန်မာအရေးဟာ ပိုမိုရှုပ်ထွေးတဲ့ အကြပ်အတည်းလည်းဖြစ်ပါတယ်။ ယူကရိန်းမှာတော့ ကမ္ဘာကြီးကို အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံက နောက်တနိုင်ငံကိုဝင်ရောက်ကျူးကျော်တယ်ဆိုတဲ့ အဖြူနဲ့အမည်းဇာတ်လမ်းတခု တင်ပြထားပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတနိုင်ငံကို ပထမဆုံးကျူးကျော်ဝင်ရောက်မှုအဖြစ်လည်း သတ်မှတ်ထားပြီး တကမ္ဘာလုံးကိုသက်ရောက်နိုင်တဲ့ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်လာနိုင်တဲ့ပိုကျယ်ပြန့်တဲ့ နျူကလီးယားစစ်ပွဲအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းနားလည်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့အစိုးရတွေက နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ သူတို့မှာတာဝန်မရှိဘူးလို့ ယုံကြည်နေပြီး မြန်မာနိုင်ငံကို အာဆီယံအစီအစဉ်ကနေဖယ်ထုတ်ချင်နေကြတာပါ။

မြန်မာအကြပ်အတည်းဟာ ပြည်တွင်းနိုင်ငံရေးပါဝင်ပတ်သက်သူတွေ၊ မတူကွဲပြားတဲ့ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းတွေရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပါဝင်နေတဲ့ မတူညီတဲ့အုပ်စုတွေနဲ့ ရုပ်စုံပန်းချီကားအသွင် ဆောင်နေသူတွေကြားမှာဖြစ်နေတာပါ။

“မြန်မာခုခံမှုဟာ တဖက်နဲ့တဖက်အကြည့်ချင်းမဆုံကြသေးတဲ့၊ အားလုံးပြောပြီးဆိုပြီးတဲ့အချိန်မှာ တဖွဲ့နဲ့တဖွဲ့ပြန်လည်တိုက်ခိုက်နိုင်ကြတဲ့ မတူကွဲပြားတဲ့အဖွဲ့ဒါဇင်ချီရဲ့စုပေါင်းထားမှုဖြစ်ပါတယ်” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာ (Center for Strategic and International Studies) အကြံပေးအဖွဲ့က အရှေ့တောင်အာရှအစီအစဉ်ညွှန်ကြားရေးမှူး ဂရီဂိုရီ ပိုလင်းက ပြောပါတယ်။

မြန်မာနိုင်ငံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားတပ်ဖွဲ့တွေကို မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ယူကရိန်းစစ်တပ်နဲ့ နိုင်ငံတကာသတင်းစာဆရာတွေက ချိတ်ဆပ်နေပါတယ်။ တပ်ဖွဲ့တွေလှုပ်ရှားမှုစက်ဝန်း နေ့စဉ်နောက်ဆုံးရအချက်အလက်တွေကို ယူကရိန်းစစ်ပွဲမှာရရှိနိုင်နေပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်တပ်ဖွဲ့တွေ ဘယ်နေရာတွေကို ထိန်းချုပ်ထားသလဲဆိုတာ ထောက်ပြရတာက ပိုမိုခက်ခဲနေပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေပြီး မြန်မာအကြပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့စီးပွားရေးကို ရိုက်ခတ်မှုနည်းပါးပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကြောင့် လူ ၂၉၀၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) ဆီကနေသိရပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ယူကရိန်းအရပ်သား ၇၀၀၀ ဝန်းကျင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့လမှာပြောပြီး ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့ဝင် သိန်းချီလည်းသေဆုံးခဲ့ပါတယ်။

နိုင်ငံခြားအစိုးရအဖွဲ့တွေက မြန်မာနိုင်ငံအကြောင်း မေ့လျော့နေတယ်ဆိုတာမဟုတ်ကြောင်း နိုင်ငံခြားအစိုးရအဖွဲ့တွေက ငြင်းဆိုကြပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာမှာ မြန်မာနိုင်ငံအပေါ် ၅ ကြိမ်မြောက်ဒဏ်ခတ်အရေးယူမှုကို ဥရောပသမဂ္ဂက ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာက အာဆီယံအဖွဲ့နဲ့ ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာပဋိပက္ခဟာ အဓိကဆွေးနွေးခဲ့တဲ့အကြောင်းရင်းဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အနေနဲ့ အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး အီဂေါ ဒရီးရက်စ်မန်းကို ခန့်အပ်ထားပါတယ်။

စစ်တပ်ဘဏ္ဍာငွေသုံးစွဲမှုကို ကြပ်မတ်ထားတဲ့ဥပဒေပြုမှုမှာ အာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေဖြစ်လာနိုင်တဲ့ ဘားမားအက်ဥပဒေကို ပြီးခဲ့တဲ့ဒီဇင်ဘာမှာ အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက နောက်ထပ်ဒဏ်ခတ်အရေးယူမှုတကြိမ် ထပ်မံပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသေးတယ်။

နိုင်ငံတကာသတင်းစာတွေကလည်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို တူညီတဲ့ပုံစံနဲ့ မေးခွန်းထုတ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်တုန်းက အီကောနော်မစ်အပတ်စဉ်မဂ္ဂဇင်းက အမျိုးသားညီညွတ်ရေးအစိုးရကိုရည်ညွှန်းပြီး မြန်မာစင်ပြိုင်အစိုးရဟာ အကူအညီတွေပိုရဖို့ ထိုက်တန်တယ်လို့ ခေါင်းစဉ်တပ်ထားတဲ့မျက်နှာဖုံးစာမျက်နှာနဲ့ ထုတ်ဝေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံအကြောင်းဆောင်းပါးတွေကို အဲဒီမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်ကစပြီး နယူးယောက်တိုင်းမ်စ်သတင်းစာက မြန်မာနိုင်ငံအကြောင်းဆောင်းပါး ၁၇ ခု ဖော်ပြခဲ့ပါတယ်။

အမေရိကန်က နယူးယောက်တိုင်းမ်စ်ဟာ အခုနှစ်မှာတော့ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာမရှိသေးပါဘူး။ ဗြိတိန်သတင်းစာ ဂါးဒီးယန်းကလည်း အခုနှစ်အစကစပြီး မြန်မာနိုင်ငံအကြောင်းဆောင်းပါး အနည်းဆုံး ၁၆ ခုဖော်ပြခဲ့ပါတယ်။ Telegraph သတင်းဌာနကတော့ သတင်းတွေနေ့စဉ်ထုတ်ဝေနေပါတယ်။ ဒါပေမဲ့ ၂ ဖက်စလုံးဟာ ကျိုးကြောင်းညီညွတ်မှုမရှိပါဘူး။

ယူကရိန်းစစ်ပွဲဟာ ထပ်တူပြုနှိုင်းယှဉ်ရာမှာ အကောင်းဆုံးမဟုတ်နိုင်ဘဲ လက်တွေ့အသုံးချရာမှာ တလွဲဦးဆောင်တဲ့အခြေအနေမှာရှိနေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ မြန်မာအကြပ်အတည်းကြား ရုပ်ပိုင်းဆိုင်ရာကွဲပြားခြားနားမှုတွေထက် အဆိုးဆုံးအနေနဲ့ အနောက်နိုင်ငံတွေရဲ့ မညီမမျှအဆင့်အတန်းခွဲတယ်လို့ ပြောနိုင်တဲ့လုပ်ရပ်တွေဟာ တမင်ရည်ရွယ်တာလို့ ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီပြောင်းလဲမှုတွေနောက်ကွယ်မှာ အပြည့်အဝရပ်တည်တယ်လို့ နှစ်ပေါင်းများစွာ အနောက်နိုင်ငံတွေကပြောခဲ့ပြီးနောက်၊ ရပ်တည်တဲ့အတွက် သူတို့ကိုယ်သူတို့ချီးကျူးခဲ့ပြီးနောက် ဒီမိုကရေစီအရေးကြိုးပမ်းမှုတွေကျရှုံးခဲ့ချိန်မှာ တူညီတဲ့အနောက်နိုင်ငံတွေရဲ့အစိုးရတွေက စိတ်ဝင်စားမှုနည်ကြောင်းပေါ်လွင်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေမှာ ဒေါသထွက်ခွင့်ရှိနေပါတယ်။

“ယူကရိန်းနဲ့အပြိုင်ဖြစ်နေကြောင်း ဆက်ပြီးကောက်ချက်ဆွဲတာနဲ့ ယူကရိန်းမှာနိုင်ငံတကာကနေရတဲ့အထောက်အပံ့တွေရဲ့တစိတ်တပိုင်းဟာ မြန်မာနိုင်ငံက တော်လှန်မှုဒီရေကို ပြောင်းလဲပစ်နိုင်တယ်လို့ ပြောတာဟာ မြန်မာနိုင်ငံက ခုခံသူတွေအတွက် လုံးဝတရားမျှတပါတယ်” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာက ပိုလင်းကပြောပါတယ်။

ပိုပြီးထိရောက်တာက အဲဒီလိုပြောတာဟာ နိုင်ငံရေးတန်ဖိုးလည်းရှိနေပါတယ်။ မြန်မာနိုင်ငံကအတိဒုက္ခတွေကို ယူကရိန်းနဲ့ယှဉ်ပြီးပြောတာဟာ ကမ္ဘာတဝန်းကအာရုံစိုက်ခံရတယ်လို့ မြန်မာနိုင်ငံက တော်လှန်သူတွေနဲ့ ထောက်ခံသူတွေသိကြပါတယ်။ တကယ်တော့ လူလေးစားခံရတဲ့နိုင်ငံတကာသတင်းစာတွေနဲ့ ဂျာနယ်တွေက မြန်မာနိုင်ငံအကြောင်းဖော်ပြရာမှာ အဲဒီဇာတ်ကြောင်းပြောပြမှုနဲ့ မကြာသေးခင်ကသတင်းဖော်ပြမှုတွေပြုလုပ်ခဲ့တာပါ။

ပိုပြီးအရေးကြီးတာကတော့ အဲဒီဇာတ်ကြောင်းပြောပြမှုဟာ မြန်မာနိုင်ငံက စစ်တပ်တော်လှန်သူတွေကို လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတဲ့ယူကရိန်းက ရဲစွမ်းသတ္တိရှိတဲ့ခုခံသူတွေနဲ့ အဆင့်အတန်းတူဖြစ်ကြောင်း ဖော်ပြနိုင်ပြီး မြန်မာနိုင်ငံက ခုခံသူတွေဟာ ပိုကျယ်ပြန့်တဲ့ ဒီမိုကရေစီအတွက် ကမ္ဘာတဝန်းရုန်းကန်မှုတွေမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်လာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

(Asia Times တွင် David Hutt ရေးသားသော “Myanmar’s overlooked but not-yet-forgotten war” ကို #OhkKar ဘာသာပြန်ဆိုသည်။)
Photo – AFP

#MeKongNews

#ယူကရိန်း #မြန်မာ့အရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Xi’s Purge Enters New Phase as CCP Braces for Mass Central Committee Expulsions

~ Linn Maung ~ China’s ruling Communist Party is preparing for one
ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင် ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးသတင်းစကားများကို ပညာရေး၏ နေ့စဉ်လုပ်ငန်းစဉ်များအတွင်း မည်သို့ထည့်သွင်းလာသည်ဆိုသည့်အပေါ် စိုးရိမ်မှုများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now