ဆောင်းပါး

သောင်းရင်းမြစ်ပေါ်စီးမျောနေတဲ့ တရုတ်မြေအောက်ကမ္ဘာ သို့မဟုတ် ရွှေကုက္ကိုလ်

မဲခေါင် 17 Dec - 2022
သိပ်ချစ်ကြည်ရင်းနှီးလှတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံကို နွေရာသီ ခြေလျှင်တောင်ဖြတ်ကူးလို့ရတဲ့ သောင်းရင်းမြစ် (Moei River) လေးပဲ ခြားထားတာပါ။ ဒီမြစ်ရဲ့ မြန်မာဘက်ခြမ်းမှာ ရွှေကုက္ကိုလ်ရာတိုင်းမြို့သစ်ကြီးက မြ၀တီမြို့ထဲမှာတည်ရှိနေတယ်။ ဖေ့စ်ဘုတ်မှာတော့ ဟောင်ကောင်အခြေစိုက် Yatai International Holding Group က ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှုပ်နှံထားတဲ့ ဒီမြို့သစ်ဟာ ထိုင်း-မြန်မာ- တရုတ် စီးပွားရေးစင်္ကြန်လမ်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ဗီဒီယိုဖိုင်တင်ပြီး ကြော်ငြာနေခဲ့တယ်။ လက်နက်ကိုင်စစ်ပွဲနဲ့ ငှက်ဖျားရောဂါ ဒဏ်တွေခံနေရတဲ့ ကရင်ပြည်နယ်ထဲက ဒီမြို့သစ်ကြီးဟာ တည်ဆောက်နေဆဲအနေအထားပါ။ ကရင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ဟာ ၁၉၄၈ ခုနှစ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ ဒီနေ့အထိ ဒီဒေသက မငြိမ်းချမ်းနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီရွှေကုက္ကိုလ်မြို့သစ်နဲ့ပတ်သက်လို့ တရုတ်အစိုးရကို တကယ်ပဲ တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative)မှာ ပါသလားလို့မေးတော့ ၂၀၂၀ ခုနှစ်ထဲ မြန်မာနိုင်ငံက တရုတ်သံရုံးကနေ အလိမ်အညာသာဖြစ်တယ်။ တရုတ်အစိုးရနဲ့ မဆိုင်ဘူးလို့ ငြင်းဆိုခဲ့တယ်။ ရွှေကုက္ကိုလ်မြို့သစ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်ဆိုတဲ့နယ်စပ်မြို့နဲ့ကပ်လျှက်မှာပဲ ရှိတယ်။ မြို့သစ်ကြော်ငြာမှာ သိပ္ပံနှင့်နည်းပညာစက်မှုဥယျာဉ်တွေ၊ အပန်းဖြေနှင့် ခရီးသွားဒေသတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုနယ်မြေတွေ၊ စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနယ်မြေတွေနဲ့ ဂေဟစနစ် စိုက်ပျိုးရေးနယ်မြေတွေ ပါဝင်တယ်လို့ ဖော်ပြထားပေမယ့် တကယ်တမ်းမှာ လက်နက်ကိုင် သီးခြားစစ်ရေးလေ့ ကျင့်မှုသင်တန်းတောင် လျှို့ဝှက်စွာပါဝင်နေပြီး အဆောက်အအုံတွေပုံစံက သူတို့ကြော်ငြာသလို နယ်ပယ်လုပ်ငန်းမျိုးတွေပုံစံ တစ်စက်မှ မပေါက်ပါဘူး။ ဒါကို တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာကို ရေကြောင်းပိုးလမ်းမ ဖောက်တဲ့ စီမံကိန်းတစ်စိတ်တစ်ဒေသလို့တောင် လိမ်ညာကြော်ငြာနေတုန်းပါပဲ။ မြန်မာဆီလီကွန်တောင်ကြား လို့တောင် တင်စားကြော်ငြာနေတာပါ။

တကယ်တော့ ရွှေကုက္ကိုလ်မြို့သစ်ဆိုတာ ထင်မှတ်ထားတာထက်ပိုပြီး နက်ရှိုင်းလျှို့ဝှက်စွာနဲ့ ဒုစရိုက်လုပ်ငန်းပေါင်းများစွာ တည်ရှိနေရာရပ်ဝန်း ဖြစ်နေပါပြီ။ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ အခြေစိုက်တယ်။ အလုပ် လိမ်ခေါပြီး လူမှောင်ခိုကူး၊ ပြန်ပေးဆွဲ၊ လူသားကလီစာတွေ မှောင်ခိုစျေးကွက်တင်တဲ့ အမှောင်တကာ့ အမှောင်ဆုံးရပ်ဝန်ဖြစ်နေခဲ့ပါပြီ။

ပိုးလမ်းမစီမံကိန်းနဲ့မဆိုင်မှန်း ဒေါ်အောင်ဆန်းစုကြည်အစိုးရက သိသွားတော့ ဒီစီမံကိန်းကို ချက်ချင်းရပ်ခိုင်းခဲ့တယ်။ ၂၀၂၀ ခုနှစ်ထဲမှာ ထိုင်းအစိုးရက သူတို့ပေးထားတဲ့ မီးနဲ့ ဖုန်းလိုင်းဆက်သွယ်မှုတွေကို ချက်ချင်းဖြတ်တောက်လိုက်တယ်။ မင်းအောင်လှိုင်အာဏာရူးပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ရွှေကုက္ကိုလ်မှာ ညတွင်းချင်း မီးထိန်ထိန်ပြန်လင်းသွားတယ်။ သုတေသနပညာရှင် Priscilla A ရဲ့ Clapp and Jason Tower ဆိုတဲ့ ရွှေကုက္ကိုလ်အကြောင်းရေးတဲ့ စာအုပ်မှာ ဒီမြို့သစ်ကို အရှေ့တောင်အာရှရဲ့ အမှောင်နှလုံးသားဗဟိုချက်၊ ဥပဒေမဲ့ နယ်မြေအဖြစ် ရေးသားဖော်ပြထားတယ်။ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု U.S. Institute of Peace (USIP) က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်တဲ့ စာတမ်းမှာ ရွှေကုက္ကိုလ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့နေရာလို့ သတ်မှတ်ဖော်ပြလိုက်တယ်။

တကယ်တမ်း ရွှေကုက္ကိုလ်မြို့သစ်ကို စလုပ်ခွင့်ပြုခဲ့တဲ့ သိန်းစိန်အစိုးရလက်ထက်မှာကတည်းက ပေးထားတဲ့ နယ်မြေအပိုင်းအခြားက သေးသေးလေးပါ။ ဒါပေမဲ့ ဒီနေ့ မြို့သစ်ဧရိယာဟာ သောင်းရင်းမြစ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၄၀ အထိကို ကျယ်ပြန်နေရာယူလာတယ်လို့ Clapp and Tower သတင်းစဉ်မှာဖော်ပြပါရှိတယ်။ USIP ရဲ့ စုံစမ်းဖော်ထုတ်မှုတင်ပြချက်မှာ ဒီမြို့သစ်ထဲ ရာဇဝတ်ဇုန် ၁၅ ခု ခွဲထားတယ်လို့ ဆိုတယ်။ Google Earth က ကြည့်ရင်လည်း ဒီအတိုင်းမြင်နိုင်ပါတယ်။ အုတ်၊ အင်္ဂတေလောင်း အဆောက်အအုံတွေအားလုံးက ကာစီနိုရုံကြီးတွေမဟုတ်ဘူး။ ကြော်ငြာပါသလို အထူးစီးပွားရေးဇုန် အင်္ဂါရပ်နဲ့လည်း တစ်ခုမှ မကိုက်ညီဘူး။ ဒီအဆောက်အအုံတွေက စီးပွားရေးဇုန်ပုံစံမရှိဘဲ အခန်းတစ်ခန်းထဲမှာ လူခြောက်ယောက်လောက် တစ်ပြိုင်တည်းထားပြီး မကောင်းမှုဒုစရိုက်လုပ်ငန်းတွေကို နည်းမျိုးစုံနဲ့လုပ်ခိုင်းနေတာသာ ဖြစ်တယ်လို့ ဖော်ပြတယ်။ ကိုလိုနီ ချွေးတပ်စခန်းပုံစံနဲ့ပဲ တူနေတယ်။ မြို့ကို ၄ မီတာမြင့်ပြီး သံဆူးကြိုးဝိုင်းတွေ ထပ်တင်ထားတဲ့ အုတ်နံရံနဲ့ ကာထားတယ်။ ထိုင်းဘက်ကမ်းမှာ အင်တာနက် 5G ပေးထားတဲ့ တယ်လီကွန်းတာဝါတိုင်ကြီးက ရွှေကုက္ကိုလ်ဘက်ကိုမျက်နှာမူပြီး ငွားငွားစွင့်စွင့်ကြီး ဝန်ဆောင်မှုတွေ ပေးလို့။ ရွှေကုက္ကိုလ်ဘက် မြစ်ကမ်းနဘေးမှာ ကုန်ကားကြီး တွေများစွာ ဒီမြို့ထဲကို လိုအပ်တဲ့ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ တခြားထောက်ပံ့ပစ္စည်းတွေပို့ဖို့ ကွန်ကရစ် စစ်ဆေးရေးဂိတ်တွေကလည်း အများကြီးတည်ဆောက်ထားသေးတယ်။

တကယ်တော့ မဲဆောက်မြို့ဟာ မြ၀တီကို အာရှလမ်းမကြီးနဲ့ဆက်တဲ့ အမှတ်(၁) ချစ်ကြည်ရေးတံတား၊ အမှတ် (၂) ချစ်ကြည်ရေးတံတားနဲ့ ဆက်သွယ်ထားတဲ့ အချက်အချာအကျဆုံး နယ်စပ်မြို့ပါ။ ကုန်စည်ကူးသန်းပို့ဆောင် မှတ်ပုံတင်ခြင်းအတွက် အရမ်းအရေးပါတဲ့မြို့လည်းဖြစ်တယ်။ ဒီတံတားနှစ်ခုက အာဏာသိမ်းပြီးကတည်းက မြန်မာဘက်က ပိတ်ထားပြီး ဇွန်လက အမှတ်(၁) တံတားနား ကားဗုံးကလည်း ကွဲခဲ့သေးတယ်။ ဒါဟာ မြန်မာ ဘက်ခြမ်းက ကရင်လက်နက်ကိုင်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုကို ပြသတာဖြစ်ပြီး စစ်ဘေးရှောင် တွေကလည်း ထောင်ပေါင်းများစွာတိုးလာနေပါတယ်။ ချစ်ကြည်ရေးတံတားကနေ ကုန်စည်တွေဟာ ၁၇၅ ကီလိုမီတာဝေးတဲ့ မော်လမြိုင်နဲ့ အဓိကချိတ်ဆက်ဖို့ အာရှလမ်းကိုဖောက်ခဲ့ကြတာ။ မော်လမြိုင်မှာ ၁၉ ရာစု အစောပိုင်းကတည်းက ဗြိတိန်က အိန္ဒိယသမုဒ္ဒရာကမ်းကနေ ရေကြောင်းလမ်းဖောက်ဖို့ အန်ဒမန်ဆိပ်ကမ်းကြီး တည်ဆောက်ပေးခဲ့တယ်။ ဒါကို ရွှေကုက္ကိုလ်တည်ဆောက်တဲ့ Yatai ကုမ္ပဏီက မော်လမြိုင်နဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်း Laem Chabang နဲ့ တရုတ်ပြည်အရှေ့တောင်ပိုင်း ကွမ်းကျိုးဆိပ်ကမ်းကို ဆက်သွယ် ကုန်ကူးမှု ပိုးလမ်းမ တစ်စိတ်တစ်ဒေသ စီမံကိန်းလို့ လူရှိန်အောင် ကြော်ငြာတွေ ထည့်နေတယ်။

ရွှေကုက္ကိုလ်စီမံကိန်းဟာ တစ်ချိန်က KNU ရဲ့ အခြေစိုက်စခန်း တပ်မ ၁၀၁ တပ်ထိုင်တဲ့ ကော်မူရာ (Kawmura) အနီးမှာပဲ တည်ဆောက်နေတာ။ ဒီစခန်းမှာ ၁၉၉၄ ခုနှစ်အထိ KNU က စခန်းထိုင်ခဲ့တယ်။ ဒီနေ့မှာတော့ ဒီစခန်းကို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးပွဲစားအဖြစ်ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် ခွဲထွက် နယ်ခြားစောင့်တပ် BGF က ထိန်းချုပ်နေထိုင်တယ်။ သူတို့ ရုံးချုပ်ကလည်း ရွှေကုက္ကိုလ်မှာပဲ ထိုင်နေတယ်။ ပြောရရင်တော့ BGF ဟာ မြန်မာစစ်ကောင်စီနဲ့ရော တရုတ် မြေအောက် ဒုစရိုက်ဂိုဏ်းအားလုံးနဲ့ တစ်ပြိုင်တည်း ပူးပေါင်းပတ်သက်နေပြီဆိုတာပါပဲ။

မြို့အကျယ် ၁၂၀ ကီလိုမီတာပတ်လည်ရှိနေတဲ့ ဒီနေ့ရွှေကုက္ကိုလ်ရဲ့ အကျယ်အဝန်းဟာ မက္ကာအိုထက်ကို ကြီးနေပါတယ်။ မက္ကာအိုဟာ တရုတ်အစိုးရရဲ့ လောင်းကစားတရားဝင်လုပ်ခွင့်ပေးထားတဲ့ တစ်ခုတည်းသော နယ်မြေဖြစ်တယ်။ ကိုဗစ် -၁၉ ကပ်ဆိုးဖြစ်တော့ လော့ဒေါင်းစည်းမျဉ်းတွေနဲ့အတူ မက္ကာအိုရဲ့ အဓိကစီးပွားရေး လောင်းကစားမှုကရတဲ့ ဝင်ငွေဟာ ဒီရာစုနှစ်ထဲမှာ အဆိုးရွားဆုံးအဖြစ် ထိုးကျသွားတယ်။ မက္ကာအိုကို စိုးမိုးထားနိုင်တဲ့ တရုတ်အစိုးရက နောက်ပိုင်းတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာလို့ ၂၀၁၆ လောက်ကတည်းက မက္ကာအိုက လောင်းကစားစီးပွားရေးလုပ်ငန်းရှင်တွေ၊ တစ်နည်းအားဖြင့် ကာစီနိုသူဌေးတွေဟာ ပိုမိုလွတ်လပ်တဲ့၊ လွတ်မြောက်တဲ့ နယ်မြေတွေကို ရှာလာကြတယ်။ ကမ္ဘောဒီးယားက Sihanoukville နဲ့ Poipet လို လောင်းကစားလွတ်မြောက်နယ်မြေတွေမှာ သွားအခြေချကြတယ်။ နောက်ပိုင်း ထိုင်း၊ လာအို၊ မြန်မာ သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာလည်း သူတို့တွေ ခြေချလာကြတယ်။ ဒီနေရာတွေဟာ ဘာဥပဒေမှ မရှိတဲ့ ဒုစရိုက်သမားတို့အတွက် လွတ်မြောက်နယ်မြေကြီးတွေဖြစ်တော့ အွန်လိုင်းလောင်း ကစားကမ္ဘာကို ကမ္ဘာချီပြီး ချိတ်ဆက်စီးပွားရှာဖို့၊ နည်းစနစ်တွေ၊ နည်းပညာတွေ၊ အခြေခံအဆောက်အအုံတွေ ဆောက်ဖို့ လိုအပ်တဲ့လုပ်သားတွေကို အလုပ်လိမ်ညာခေါ်ပြီး ချွေးတပ်သားတွေလို အဓမ္မ စေခိုင်း၊ ရက်စက်စွာ အနိုင်ကျင့်၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ လုပ်လာတော့တာပဲ။

ကာစီနိုတွေထဲမှာတော့ ရွှေကုက္ကိုလ်က ကာစီနိုဟာ မြန်မာဘက်မှာ အကြီးမားဆုံးပဲ။ ဒီမြို့သစ်ကို လည်ပတ်နေစေသူက အသက် ၄၀ သာရှိသေးတဲ့ တရုတ်နိုင်ငံသား ရှီဇီကျန်း ခေါ် ဒိုင်လန်ရှီ (She Zhijiang — or Dylan She) ပါ။ မကြာခဏဆိုသလို သူဟာ Yatai International Holding Group ရဲ့ ဥက္ကဌ လို့ ပြောလေ့ရှိတယ်။ တရုတ်ပြည်ပရောက် စီးပွားရေလုပ်ငန်းရှင်များအဖွဲ့ချုပ် (China Federation of Overseas Entrepreneurs) ဒုတိယဥက္ကဌလည်းဖြစ်ပြီး ရွှေကုက္ကိုလ်စီမံကိန်းမှာပါတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေစုဝေးရာ All-China Federation of Returned Overseas Chinese နဲ့ ပေါင်းဖက် အလုပ်လုပ်တယ်။

တရုတ် Caixin news portal ရဲ့ ဖော်ပြမှုမှာ ရှီဇီကျန်းခေါ် ဒိုင်လန်ရှီဟာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အစိုးရရဲ့ ဖမ်း၀ရမ်းထုတ်ထားလို့ ထွက်ပြေးတိမ်းရှောင်နေရသူလို့ ပါရှိတယ်။ သူဟာ ကမ္ဘောဒီယား၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လောင်းကစားကွန်ရက်တွေကို တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက သူ့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ဖမ်းဆီးလိုက်နိုင်ပြီး တရုတ်လက်ကိုအပ်ဖို့ စီစဉ်နေရာမှာ ရှုပ်ထွေးမှု၊ နားမလည်နိုင်မှုတွေအများကြီးနဲ့ ခုထိ အထမမြောက်ဖြစ်နေတယ်။ သူက ကမ္ဘောဒီယား နိုင်ငံသားကတ်လည်း ကိုင်ထားသူဖြစ်လို့ တရုတ်ပြန်ပို့ဖို့အရေး ရှုပ်ထွေးနေတာလို့လည်း သတင်းတွေက ဖော်ပြကြတယ်။ ရှီဇီကျန်းကို ထောင်ထဲထည့်ထားပေမယ့် ရွှေကုက္ကိုလ်ရဲ့ Yatai ကုမ္ပဏီကတော့ သူတို့စီးပွားရေး လုပ်ငန်းတွေကို ဟန်တစ်ချက်မှ မပျက်ဘဲ ဆက်လုပ်နေကြတာပါပဲ။

သတင်းတွေအရ ရှီဇီကျန်းဟာ တရုတ်နိုင်ငံ ဟန်နန်ဒေသဖွား။ ဆင်းရဲသားဘ၀ကနေလာပြီး ဘ၀မှာ အသက်မွေး ဝမ်းကျောင်းအလုပ်ပေါင်း ၁၇ ခုထက်မနည်းလုပ်ခဲ့သူ၊ ဒီအထဲမှာ ဘ၀စတင်စဉ်က စက်ဘီးပြင်ဆိုင်လုပ်ငန်းပါ လမ်းဘေးလုပ်ခဲ့မှုပါဝင်တယ်လို့ ဆိုတယ်။ ကမ္ဘောဒီယားနိုင်ငံသားကတ်က သူတို့နိုင်ငံကို ဒေါ်လာ နှစ်သိန်းပေး ရင် လူတိုင်းကိုင်ခွင့်ရတာကြောင့် ရှီဇီကျန်းဟာလည်း တခြားသော တရုတ်ဂိုဏ်းစတားတွေလို ကမ္ဘောဒီယား နိုင်ငံသားကတ် ကိုင်ဆောင်ထားတာ မဆန်းပါဘူး။ တရုတ်မှာ ရာဇဝတ်မှုကျူးလွန်သူတွေ၊ အချင်းချင်းသစ္စာ ဖောက်လို့ သတ်ခိုင်းတဲ့အလုပ်တွေကိုလုပ်တဲ့ ဒုစရိုက်ဂိုဏ်းသားများစွာဟာ ဒီနည်းနဲ့ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေကို အများအပြားရောက်ရှိပြီး စီးပွားရေးလုပ်ငန်းတွေကို တရားဝင်ပုံစံနဲ့ လုပ်နေကြတယ်။

ရှီဇီကျန်းဟာ မြ၀တီမြို့အရှေ့တောင်ပိုင်းမှာရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park အပန်းဖြေရိပ်သာလိုမြို့နဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်နေတယ်။ Google မှာ ဒီ KK Park ကို ရှာဖွေနိုင်ပြီး KK Zone ၊ KK Garden လို့လည်း ခေါ်ဆိုမှုတွေရှိပါတယ်။ ကိုလိုနီချွေးတပ်နယ်မြေသစ်တစ်ခုလိုပဲ တည်ရှိနေတာဖြစ်ပြီး အဲဒီမှာ ပြတင်းပေါက်တွေကို ကာထားတဲ့ အဆောက်အအုံကြီး ၂ ခု မျက်နှာချင်းဆိုင်မှာ ထောင်တစ်ခုသဖွယ် ရှိနေတယ်။ အလယ်မှာ ဇိမ်ခံ အပန်းဖြေအိမ်ကြီးနှစ်လုံး ခန့်ခန့်ထည်ထည်ဆောက်ထားတယ်။ မလေးရှား၊ ထိုင်ဝမ်နဲ့ အိန္ဒိယနိုင်ငံသား အများအပြားဟာ အလုပ်လိမ်တွေနဲ့ ဆင့်ခေါ်ခံရပြီး ဒီအဆောက်အအုံတွေထဲမှာ တရုတ် ဒုစရိုက်ဂိုဏ်းသားတွေ ခိုင်းသမျှအလုပ်တွေကို လုပ်ပေးရတယ်။ လူမှောင်ခိုကူးခံရတာ၊ ပြန်ပေးဆွဲခံရတာမျိုးပဲ။ ဒီထက်ဆိုးတာက ပြန်ပေးငွေပေးတိုင်းလည်း ပြန်လွတ်တာမျိုးမဟုတ်ဘူး။

Clapp and Tower သတင်းစဉ်မှာ သောင်းရင်းမြစ်ကြီး တစ်ခုလုံးဟာ ဒုစရိုက်မြစ်ကြီးဖြစ်နေခဲ့ပြီလို့ ဒီမြစ်ဘေးတစ်လျှောက် မြန်မာဘက်ခြမ်းက တရုတ်ကာစီနိုရုံတွေ၊ လူမှောင်ခိုကူးခံရသူတွေကို ခိုင်းစားတဲ့ အဆောက်အအုံများစွာရှိနေတာကို ရည်ရွယ်ပြီး နာမည်ပေးခဲ့တယ်။ “သောင်းရင်းမြစ်ကြီးကို ဖြတ်ပြီး လူမှောင်ခိုကူးခံရသူတွေဟာ မြန်မာဘက်ခြမ်းဒုစရိုက်နယ်မြေကို တစ်နေ့တခြား များသထက်များအောက် ရောက်ရှိပြီး ပြန်ပေးဆွဲခံနေကြရတယ်” လို့ ရေးသားဖော်ပြခဲ့တယ်။

၂၀၂၀ အစောပိုင်းတုန်းက ထိုင်းသတင်းထောက်တစ်ယောက်ဟာ မြ၀တီမြို့ဘက်သွားလည်ရင်း ဒီပြဿနာအတွက် စုံစမ်းမှုလုပ်ခဲ့တယ်။ ကိုဗစ် သက်ရောက်မှုတွေ မစခင်ကပေါ့။ အဲဒီမှာ ကမ္ဘောဒီယားက ကာစီနို၊ ဖဲကတ်ကိုင်၊ အလျော်အစားလုပ်သူတွေ အများအပြားကို တွေ့ခဲ့ရတယ်။ ကမ္ဘောဒီယားအစိုးရက တရုတ်ရဲ့ တောင်းဆိုမှုအရ ၂၀၁၉ ခုနှစ်မှာ အွန်လိုင်း လောင်းကစားကို စီမံကိန်းချ အမြစ်ဖြတ်တဲ့ဥပဒေထုတ်တော့ အဲဒီက လောင်းကစား ဒုစရိုက်သမားအားလုံး မြန်မာဘက်ခြမ်းကို ရောက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူမှောင်ခိုကူးပြီး ခိုင်းစားခံရသူတွေကတော့ မန်ဒရင်းဘာသာစကားရော၊ အင်္ဂလိပ်လိုပါ တော်တော်ပြောတတ်တဲ့ မလေးရှားသား တွေဖြစ်တယ်။ တရုတ်တစ်နိုင်ငံလုံးက ကိုဗစ်ကြောင့် လော့ဒေါင်းချထားလို့ တရုတ်ကလူတွေ ဒီကိုမခေါ်နိုင်၊ မရောက်နိုင်တဲ့အတွက် မလေးတွေအပြင် ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အာဖရိက က လူတွေကိုပါ အလုပ်နဲ့လိမ်ပြီး မျှားခေါ်ရင်း လူမှောင်ခိုသွင်းကြတာ ဖြစ်ပါတယ်။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ စုံစမ်းထားတဲ့ သတင်းစဉ်ဖော်ပြချက်မှာ မြန်မာနိုင်ငံထဲ ထောင်ခြောက်မိနေတဲ့ ပြည်ပနိုင်ငံသားပေါင်း တစ်သိန်းကျော်တောင် ရှိနေတယ်လို့ ပါရှိတယ်။ အများစုက သောင်းရင်းမြစ်တစ်လျှောက်က တရုတ်ပိုင် ဒုစရိုက်နယ်မြေအဆောက်အအုံ တွေဆီမှာရှိနေကြတယ်လို့ဆိုတယ်။

သုံးထပ်တိုက်ပေါ်က ခုန်ချပြီး မဲဆောက်မြို့ဘက် ထွက်ပြေးလွတ်မြောက်လာတဲ့ မလေးရှားနိုင်ငံသားတစ်ယောက်က မတူညီတဲ့အဆောက်အအုံတွေထဲမှာ သူတို့နိုင်ငံသား ထောင်ပေါင်းများစွာ ပိတ်မိပြီး ကျန်ရှိနေတယ်လို့ ဖွင့်ဟခဲ့တယ်။ မဲဆောက်ရဲတပ်ဖွဲ့ရုံးနဲ့ဆက်သွယ်ပြီး မြန်မာဘက် လူမှောင်ခိုကူးခံရသူတွေအရေး လိုက်ပါလုပ်ဆောင်နေတဲ့ ထိုင်းရှေ့နေတစ်ဦးက သူတို့ ၁၅ နှစ်သာရှိသေးတဲ့ မလေးရှားနိုင်ငံသား ချာတိတ်နှစ်ယောက်ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးဗျူရိုနဲ့ပေါင်းပြီး ကယ်တင်နိုင်ခဲ့တာလည်း ရှိတယ်။ ဧပြီလက လူမှောင်ခိုမှုကနေ ကယ်ထုတ်ဖို့ ပရဟိတစိတ်အပြည့်နဲ့ ကူညီနေတဲ့ ထိုင်းနိုင်ငံသား Ekapop Lueangprasert ဆိုသူက သူကယ်ထုတ်ပေးခဲ့တဲ့ လူပေါင်း ၁၀၀ ကျော်ထဲက တစ်ယောက်ဖြစ်သူ၊ ရုပ်တောင်မှန်းမရအောင် ပျက်နေတဲ့ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး တင်ပြခဲ့တယ်။ မြ၀တီဘက်ကူးသွားခဲ့ပြီးနောက် ဒီအမျိုးသမီးဟာ ပြည့်တန်ဆာအဖြစ် အနိုင်ကျင့်ခိုင်းစေခံခဲ့ရကြောင်းနဲ့ အဲ့ဘက်မှာ ထိုင်းအမျိုးသမီး အနည်းဆုံး ၃၀၀ လောက် ကျန်ရှိနေသေးတယ်လို့ ပြောကြားခဲ့တယ်။

ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ မူးယစ်နဲ့ရာဇဝတ်မှုရုံးဒေသဆိုင်ရာတာဝန်ခံ ဂျရမီဒေါက်ဂလက်စ်က ထောင်ခြောက်မိနေတဲ့ ကျန်တဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့က မဖြစ်နိုင်သလောက်ကို ခက်ခဲတဲ့အခြေအနေတွေ ရှိနေတယ်လို့ ပြောကြားခဲ့တယ်။ ဒေါက်ဂလက်စ်က “သောင်းရင်းမြစ် တစ်ဖက်ကမ်းဆိုတာ တခြားကမ္ဘာ တစ်ခုလိုဖြစ်နေတယ်။ အစိုးရအုပ်စိုးမှု မရှိ၊ ထိန်းချုပ်မှုပြင်ပရောက်နေတဲ့အရပ်ပေါ့၊ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ဒီဒုစရိုက်နယ်မြေအတွက် မီးတွေ၊ တယ်လီကွန်မြူနီကေးရှင်း အချိတ်အဆက်တွေပေးနေတာကို ရပ်တန့်လိုက်ပါ။ ကာစီနိုဗန်းပြ ရာဇဝတ်မှုလုပ်နေရာမှာ အဆင်မပြေဘူးထင်သူတွေကို ကိုယ်တွင်းကလီဆာ စျေးကွက်လိုအပ်ချက်ရှိရင် သတ်ဖြတ်ပြီး ကလီဆာပါရောင်းတဲ့ ဒုစရိုက်နယ်မြေကို မီးဖြတ်၊ အဆက်အသွယ်ဖြတ်ရင် သူတို့ဘာသာ ချက်ချင်းတည်ဆောက်လို့မရနိုင်ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လိုကစပြီး အကောင်အထည်ဖော်မလဲဆိုတာကို နိုင်ငံတကာနဲ့ပါချိတ်ဆက်ပြီး အဖြေရှာကြပါ” လို့ တောင်းဆိုပြောကြားသွားပါတယ်။

[ဒီဆောင်းပါးကို ဂျပန်နိုင်ငံမှာ ၁၉၅၀ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့ပြီး ဒီနေ့ နေ့စဉ် စောင်ရေ ၁.၇၃ သန်း ရိုက်နှိပ်ထုတ်ဝေနေတဲ့ နီဟွန်ခိုင်ဇိုင် ရှင်ဘွန်းလို့လည်းခေါ်တဲ့ ကမ္ဘာ့အကြီးမားဆုံး ဘဏ္ဍာရေးသတင်းစာကြီး Nikkei Asia က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။ Nikkei Asia associate editor DOMINIC FAULDER က အဓိကတင်ဆက်ရေးသားသူဖြစ်ပြီး ထောက်ကူသတင်းထောက်အဖြစ် Pak Yiu က စုံစမ်းတင်ဆက်ထားခြင်းဖြစ်ပါတယ်]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Xi’s Purge Enters New Phase as CCP Braces for Mass Central Committee Expulsions

~ Linn Maung ~ China’s ruling Communist Party is preparing for one
ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင် ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးသတင်းစကားများကို ပညာရေး၏ နေ့စဉ်လုပ်ငန်းစဉ်များအတွင်း မည်သို့ထည့်သွင်းလာသည်ဆိုသည့်အပေါ် စိုးရိမ်မှုများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now