ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

မဲခေါင် 19 Oct - 2026
~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊ ထိရောက်တဲ့ ဒရုန်းစစ်ဆင်ရေးအတွက် အသက်တမျှ အရေးကြီးပါတယ်။ ယူကရိန်းဒရုန်းတွေဟာ Starlink နဲ့ ချိတ်ဆက်ထားတာကြောင့် ပုံမှန်ရေဒီယိုကွန်ရက်တွေထက် ပိုပြီးခရီးဝေးတဲ့ နေရာတွေအထိ ဒရုန်းမောင်းနှင်သူတွေနဲ့ အချိတ်အဆက် ရှိနေပြီး သူတို့ကို ကြားဖြတ်နှောက်ယှက်ဖို့လည်း ပိုခက်ပါတယ်။ ဒါပေမဲ့လည်း မကြာခင်က တစ်ညမှာတော့ အင်တာနက်နဲ့ ချိတ်ဆက်ထားရင်း ဒရုန်းတွေပျံသန်းနိုင်တဲ့ အရှိန်နှုန်းကို Starlink ဖက်က ရုတ်တရက် မမျှော်လင့်ဘဲ ကန့်သတ်လိုက်ပါတယ်။ ဒီအခြေအနေဟာ

~ ဒင်းဒင်း ~

အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။

ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊ ထိရောက်တဲ့ ဒရုန်းစစ်ဆင်ရေးအတွက် အသက်တမျှ အရေးကြီးပါတယ်။

ယူကရိန်းဒရုန်းတွေဟာ Starlink နဲ့ ချိတ်ဆက်ထားတာကြောင့် ပုံမှန်ရေဒီယိုကွန်ရက်တွေထက် ပိုပြီးခရီးဝေးတဲ့ နေရာတွေအထိ ဒရုန်းမောင်းနှင်သူတွေနဲ့ အချိတ်အဆက် ရှိနေပြီး သူတို့ကို ကြားဖြတ်နှောက်ယှက်ဖို့လည်း ပိုခက်ပါတယ်။

ဒါပေမဲ့လည်း မကြာခင်က တစ်ညမှာတော့ အင်တာနက်နဲ့ ချိတ်ဆက်ထားရင်း ဒရုန်းတွေပျံသန်းနိုင်တဲ့ အရှိန်နှုန်းကို Starlink ဖက်က ရုတ်တရက် မမျှော်လင့်ဘဲ ကန့်သတ်လိုက်ပါတယ်။ ဒီအခြေအနေဟာ စစ်မြေပြင်ရဲ့ မစ်ရှင်အချို့ကို ပြတ်တောက်သွားစေခဲ့ပြီး ရုရှားတို့ဆီက ဝင်လာတဲ့ တိုက်ခိုက်မှုတွေအပေါ် ယူကရိန်းရဲ့ တားဆီးကာကွယ်နိုင်စွမ်းကိုလည်း ထိခိုက်သွားစေခဲ့တယ်လို့ ယူကရိန်းထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောပါတယ်။

တစ်နာရီ မိုင် ၁၀၀ နှုန်း ကန့်သတ်မှုကြောင့် အဲဒီထက်ပိုပြီး မြန်မြန်ပျံသန်းနေတဲ့ ဒရုန်းတွေဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး အသုံးမဝင်တော့ဘူး ဖြစ်သွားပါတယ်။

“Starlink ဟာ ဘာတွေ ဝင်ရောက်လာသလဲဆိုတာ ယူကရိန်းကို မြင်တွေ့နိုင်စွမ်းပေးပြီး လူထုကို ကာကွယ်နိုင်ပါတယ်” ဟု နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ကတ်ဗော်လကာက က ဘီဘီစီရဲ့ Radio 4 Today အစီအစဉ်ကို ပြောကြားပါတယ်။

“အဲဒါကို ဖြတ်တောက်လိုက်ရင် လူတွေပိုပြီး အသတ်ခံရမှာဖြစ်လို့ အခုလို ဖြတ်တောက်လိုက်တဲ့ ပုံစံဟာ အလွန်ရက်စက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

နောက်တစ်ရက်၊ နှစ်ရက်မှာတော့ ချိတ်ဆက်မှု ပြန်လည်ရရှိသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကနေပြီး Starlink ဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်တာကနေစတင်ခဲ့တဲ့ ပဋိပက္ခအပေါ် ဘယ်လောက် သက်‌ရောက်နိုင်တယ်ဆိုတာကို ထပ်မံပြသလိုက်ပါတယ်။

• Starlink and Starshield ဆိုတာ ဘာလဲ

Starlink ဆိုတာ ကမ္ဘာမြေနဲ့နီးတဲ့ဂြိုဟ်ပတ်လမ်းထဲမှာ လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေကို အသုံးပြုတဲ့ အင်တာနက်ချိတ်ဆက်မှုစနစ် ဖြစ်ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေနဲ့ စစ်မြေပြင်တွေမှာ အသုံးပြုကြပါတယ်။ လက်ရှိမှာ ဒီစနစ်က ဂြိုဟ်တုပေါင်း ၁၀၀၀၀ ကျော်ရှိတဲ့ ကွန်ရက်ကို အသုံးပြုနေပြီး ကမ္ဘာပေါ်မှာမှာ အကြီးဆုံး ဂြိုဟ်တုကွန်ရက် ဖြစ်ပါတယ်။ ဒီကွန်ရက်ကို အီလွန်မက်စ်ရဲ့ Space X ကုမ္ပဏီကပိုင်ဆိုင်ပြီး သူတို့အတွက် ဝင်ငွေ အများဆုံးရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

Starlink က အရပ်ဘက်သုံး ဖြစ်ပေမယ့်လည်း Starshield ကတော့ စစ်ဘက်သုံး အတွက်ဖြစ်ပြီး အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်အတွက် အထူး ဖန်တီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Starshield စနစ်က Starlink ဂြိုဟ်တုကွန်ရက်ကိုပဲ အသုံးပြုတာ ဖြစ်ပေမယ့်လည်း လျို့ဝှက်ကုတ်နံပါတ်တွေ အထပ်ထပ်ခံထားတာမျိုးလို လုံခြုံရေး အဆင့်မြှင့်တင်ထားတာကြောင့် ကြားဖြတ်ခိုးယူမှာကို မစိုးရိမ်ရဘဲ လျို့ဝှက်သတင်းအချက်အလက်တွေကို ပေးပို့နိုင်ပါတယ်။

ယူကရိန်းက ရုရှားကို ခုခံကာကွယ်ရာမှာ အမေရိကန်က Starlink နဲ့ Starshield စနစ်ကိုပါ ယူကရိန်းကို အသုံးပြုခွင့် ပေးထားပါတယ်။

သူရဲ့စနစ်တွေကို ရုရှားက အသုံးမပြုနိုင်အောင် အီလွန်မက်စ်က ဖေဖော်ဝါရီလမှာ ဖြတ်တောက်လိုက်တာကြောင့် ကိဗ်က စစ်မြေပြင်မှာ အသာစီးရလာခဲ့ပါတယ်။

• Starlink က စစ်ပြေပြင်မှာ ဘယ်လို အလုပ်လုပ်တာလဲ။

ရိုးရိုးလေးပြောရရင် Starlink က သူ့ရဲ့ ထောင်ပေါင်းများစွာရှိတဲ့ ဂြိုဟ်တု ကွန်ရက်ကနေတစ်ဆင့် ကမ္ဘာမြေရဲ့ နေရာအနှံ့အပြားဆီ မြန်နှုန်းမြင့် အင်တာနက်လိုင်း ထုတ်လွှတ်ပေးနေပြီး အသုံးပြုသူတွေက အလွယ်တကူ ဝယ်ယူနိုင်တဲ့ အင်တာနက်လှိုင်းဖမ်းစက်လေးတွေ ထောင်ပြီး အသုံးပြုရုံပါပဲ။ မက်စ်ပြောစကားအရဆို လှိုင်းဖမ်းစက်ကို ကောင်းကင်ကို မျက်နှာမူပြီး စ,အသုံးပြုရုံပါပဲ။

ဒါကြောင့် စစ်မြေပြင်မှာ အသုံးပြုဖို့ရာ အကောင်းဆုံး ဖြစ်လာပါတယ်။

“မြန်မြန်ဆန်ဆန် အသုံးပြုလို့ ရတဲ့ ချိတ်ဆက်မှုဖြစ်ပါတယ်။ ဘယ်လို အထူးကိရိယာမှလည်း မလိုဘူး၊ ကြိုတင်ပြင်ဆင်ဖို့လည်း မလိုဘူး၊ ကွင်းပြင်ထဲ သွားလိုက်တာနဲ့ အလုပ်ဖြစ်ပါတယ်”ဟု ယူကရိန်း ဒရုန်း ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်သားတစ်ဦးဖြစ်သူ နီယိုက ဆိုပါတယ်။

“ကျနော်တို့က ထောက်လှမ်းရေးလုပ်ငန်းနဲ့ ကုတ်ဖော်တာတွေ တန်းလုပ်နိုင်လို့ ကျနော်တို့ အလုပ်ကို ရိုးရှင်းသွားစေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်း ကြည်းတပ်၊ လေတပ်၊ ရေတပ်မှာ ကျယ်ပြန့်စွာ အသုံးပြုနေပြီး “ဒီကွန်ရက်က ယူကရိန်း စစ်ဘက်ဆက်သွယ်ရေး ကျောရိုးဖြစ်လာပါတယ်” လို့ Institute for the Study of War (ISW) မှ ဂျော့ဂျ်ဘားရို့စ်က ဆိုပါတယ်။

ယူကရိန်းနိုင်ငံမှာတော့ ဘယ်လိုဆက်သွယ်မှု လိုအပ်တာလဲ ဆိုတဲ့အပေါ်မူတည်ပြီး Starlink (အရပ်ဘက်သုံး) နဲ့ Starshild (စစ်ဘက်သုံး) နှစ်မျိုးစလုံးကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူတို့က ဒရုန်းလို လက်နက်တွေ ထိရောက်စွာ အသုံးပြုနိုင်ဖို့ အလွန် အရေးကြီးပါတယ်။ ဒရုန်းတွေက ကွန်ရက်နဲ့ ချိတ်ဆက်ထားလို့ ဒရုန်းမောင်းနှင်နေသူတွေက ပစ်မှတ်တွေကို အချိန်နဲ့တစ်ပြေးညီမြင်နိုင်တာကြောင့် အာရုံခံ ကိရိယာနဲ့ ပစ်ခတ်သူကြားက အချိန်ကွာဟမှုကို အနည်းဆုံး ဖြစ်သွားစေတယ်လို့ ဘားရော့စ်က ဆိုပါတယ်။

ရုရှားကို Starlink အသုံးပြုခွင့် မပေးထားတာကြောင့် ရုရှားအတွင်းပိုင်းက ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ဖို့ ယူကရိန်းက တာဝေးပြေး ဒရုန်းတွေ လွှတ်လိုက်ရင် ကွန်ရက်က (ရုရှားအတွက်) အလုပ်မလုပ်ပါဘူး။

ယူကရိန်းက မိမိကိုယ်ကိုယ် ကာကွယ်ရေးအတွက်ဆိုရင် ရုရှားဘက်က ဝင်လာတဲ့တိုက်ခိုက်မှုတွေ အထူးသဖြင့် ဂျက်စွမ်းအားသုံး ရှာဟက်ဒရုန်းတွေကို ကာကွယ်ဖို့ Starlink ကွန်ရက်ကို အားကိုးရတယ်လို့ ဘားရော့စ်က ပြောပြပါတယ်။

ရှာဟက်ဒရုန်းတွေက တစ်နာရီ ၁၉၈ မိုင်နှုန်းလောက် ပျံသန်းပါတယ်။ ဒါကြောင့် စတားလင့်က ကန့်သတ်ချက်တွေ ထားရှိလိုက်တယ်ဆိုရင် ရှာဟက်တွေကို လိုက်လံပစ်ချဖို့ ယူကရိန်းရဲ့ ကြိုးစားမှုတွေ သဲထဲရေသွန် ဖြစ်သွားမှာပါ။

နီယိုအတွက်ဆိုရင် Starlink ကွန်ရက်အပေါ် တမင်သက်သက် ကန့်သတ်ချက်တွေ ထားရှိတာက သစ္စာဖောက်မှုပဲ ဖြစ်ပါတယ်။

Starlink ကွန်ရက်ကို အစားထိုးစရာ အခြားရွေးချယ်စရာ မရှိတာကြောင့် မြန်နှုန်းကို ကန့်သတ်လိုက်တာနဲ့ အဆက်အသွယ်ပြတ်တောက်မှုတွေဟာ ယူကရိန်းကာကွယ်ရေးမှာ ကြီးမားတဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်စေပါတယ်။

မကြာသေးခင်က ကန့်သတ်မှုတွေကနေပြီး ယူကရိန်းက အဲဒီကွန်ရက်ကို ဘယ်လောက်တောင် အားကိုးနေတယ်ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။

Starlink က ကမ္ဘာ့ဘယ်နေရာမှာ မဆို အင်တာနက်ချိတ်ဆက်မှု ပေးနိုင်တယ် ဆိုပေမယ့်လည်း နေရာတိုင်းမှာ သူ့နဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အသုံးပြုချင်တဲ့ တိုင်းပြည်က လိုင်စင်လုပ်ထားရမှာ ဖြစ်ပါတယ်။

ရုရှားက သူတို့ ခွင့်ပြုချက်မပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မော်စကို Starlink ချိတ်ဆက်တဲ့ လှိုင်းဖမ်းစက်တွေကို ရယူပြီး သူတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေထဲမှာ အသုံးပြုနေတယ်လို့ ကိဗ် က အရင်က ပြောကြားခဲ့ပါတယ်။

Starlink နဲ့ ချိတ်တဲ့ စက်တွေကို ပိတ်ပင်ထားတဲ့ ဒါမှမဟုတ် ခွင့်ပြုမထားတဲ့လူတွေက အသုံးပြုနေတယ်လို့ SpaceX က သိရှိခဲ့ရင် အဲဒီလိုပြောကြားတာကို ကျနော်တို့ စုံစမ်းစစ်ဆေးပြီး အတည်ဖြစ်ခဲ့ရင် ကျနော်တို့က အဲဒီ လှိုင်းဖမ်းစက်ကို အသက်မဲ့အောင် လုပ်ပါတယ်” လို့ Starlink က ၂၀၂၄ ခုနှစ်မှာ ပြောကြားပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းနိုင်ငံ တစ်နိုင်ငံတည်းမှာတင် အဲဒီလို ဖမ်းစက်တွေ ထောင်ချီပြီး ရှိနေတာကြောင့် ဘယ်ဖမ်းစက်တွေက ခွင့်ပြုချက်ပေးထားတာဖြစ်ပြီး ဘယ်ဟာတွေက ခွင့်ပြုချက် မရှိဘူးဆိုတာကို သိရှိအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

• Starlink က ဒရုန်းမြန်နှုန်းတွေကို ဘာကြောင့်ကန့်သတ်တာလဲ

အဖြေကတော့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။

ဒါဟာ အမှားတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အစောပိုင်းမှာ ပြောကြားပေမယ့်လည်း ဒါဟာ နည်းပညာပြဿနာမဟုတ်ဘဲ စိတ်ရှိလို့ လုပ်တာလို့ နောက်ပိုင်းမှာ ပြောပါတယ်။

Starshield ကို အမေရိကန်အစိုးရက စီမံခန့်ခွဲတာဖြစ်ပြီး ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်မှာ တာဝန်ရှိနိုင်တယ်လို့ အီလွန်မက်စ်က ပြောပါတယ်။

“Starshield စနစ်တွေကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားပါတယ်။ မြန်နှုန်းကို ကန့်သတ်တာနဲ့ အသုံးပြုမှု ကန့်သတ်တာတွေကို အမေရိကန်စစ်ဘက် အဆုံးစွန်ဆုံးဆိုရင် သမ္မတက ဆုံးဖြတ်ပါတယ်” လို့ မက်စ်က X လူမှုကွန်ရက် ပေါ်မှာ ရေးသားပါတယ်။

ဆက်ပြီးတော့လည်း Starlink လုပ်ငန်းဟာ SpaceX က ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်၊ Starlink အသုံးပြုတာကို အရပ်ဘက်နဲ့ နိုင်ငံကာကွယ်ရေး လုပ်ငန်းတွေအတွက်သာ ကန့်သတ်ထားပြီး စစ်ရေးထိုးစစ်တွေအတွက် အသုံးပြုလို့ မရဘူး။ အဲဒီလို အသုံးပြုတာက စီးပွားရေးလုပ်ငန်းတစ်ခုအတွက် သင့်တင့်လျောက်ပတ်မှုမရှိဘူး လို့ မာ့စ် က ရေးပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ Starlink ချိတ်ဆက်မှု ပြဿနာတွေအတွက် သူ နဲ့ အီလွန်မက်စ် မှာ တာဝန်မရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

လူပေါင်း ၆ သိန်းလောက် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ယူကရိန်းစစ်ဘက်သုံး ဆက်သွယ်ရေးနဲ့ စွမ်းအင်လုပ်ငန်းတွေကို ရုရှားက အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲ ကန့်သတ်ချက်တွေရှိခဲ့တာဖြစ်ပါတယ်။ ဒရုန်းတွေ မပေါက်ကွဲခင်မှာ သတိပေးချက်တွေ မရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ လက်ရှိနိုင်ငံ‌ရေး အခြေအနေနဲ့ ဆက်စပ်နေပါတယ်” လို ဇီလန်စကီး ရဲ့ အကြံပေးတစ်ဦးဖြစ်သူ ဆာဟီဘက်စခရက်‌နော့ဗ်က တယ်လီဂရမ်ပေါ်မှာ ရေးသားပါတယ်။

အမေရိကန်နဲ့ယူကရိန်းကြား ဆက်ဆံရေးက မကြာသေးခင်မှာ ဆိုးရွားလာခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ဈေးကွက်ထဲကို ရုရှားရဲ့ ဒီဇယ်တွေ တင်သွင်းဖို့ ရုရှားနဲ့သဘောတူညီချက်ကို အမေရိကန်က ကြေညာပြီးနောက်မှာ ပိုဆိုးလာခဲ့ပါတယ်။

အဲဒါဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ဆောင်ပေးလိုက်တာပဲလို့ ဇီလန်စကီးက ပြောကြားခဲ့ချိန်မှာပဲ ယူကရိန်းနိုင်ငံက သမ္မတအသစ်တစ်ယောက် တင်မြှောက်ဖို့ အချိန်တန်ပြီလို့ ‌ဒေါ်နယ်ထရမ့်က တုံ့ပြန်ပါတယ်။

စွမ်းအင်လုပ်ငန်း အပစ်အခတ်ရပ်စဲကြောင်း ‌ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီး နောက် ၃ ရက် အကြာမှာပဲ ရုရှားရေနံချက်စက်ရုံတွေအပေါ် တိုက်ခိုက်မှု ပြန်လုပ်မယ်လို့ ယူကရိန်းက ပြောပြီး ရုရှားက ထရမ့်ကြေညာတဲ့ အပစ်ရပ်မှုကို မလိုက်နာဘူး၊ အရေးပါတဲ့ အကူအညီတွေကို အမေရိကန်က ရုပ်သိမ်းလိုက်တယ်လို့ စွပ်စွဲပါတယ်။ ( ကရင်မလင်ကတော့ အပစ်အခတ်ရပ်စဲတာကို ဘယ်တုန်းကမှ သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်)

ရုရှားရေနံလုပ်ငန်းနေရာတွေကို ယူကရိန်းက ဆက်တိုက်နေရင် ထောက်လှမ်းရေးသတင်းတွေ ထိန်ချန်ထားမယ်လို့ အမေရိကန်က ခြိမ်းခြောက်တယ်ဆိုပြီး ဇီလန်စကီးက စွပ်စွဲပါတယ်။ ထရမ့်က ဒါကို ငြင်းဆိုပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအနေနဲ့ အဲဒီတိုက်ခိုက်မှုတွေကို ရပ်ရင် ကောင်းမယ်လို့ ထရမ့်က ဒေါသတကြီး ပြောပါတယ်။

အမေရိကန်က သစ္စာဖောက်သလို ခံစားရတယ်လို့ ဇီလန်စကီးက လန်ဒန်မှာ ရောက်နေတုန်း ပြောပါတယ်။

ထရမ့်ရဲ့ ရုရှားနဲ့ သဘောတူညီချက်ဟာ အီရန်စစ်ပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နိုင်ငံ‌ရေး အကျိုးဆက်တွေနဲ့ လပေါင်းများစွာ နပမ်းလုံးခဲ့ရပြီးတဲ့နောက် နိုဝင်ဘာလ လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်ခင် အမေရိကန်မှာ ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းတွေမြင့်တက်နေတာကို ကိုင်တွယ်ဖို့ ထရမ့်အစိုးရဆီက ထွက်ပေါ်လာတဲ့ နောက်ဆုံးကြိုးပမ်းမှုဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတိုက်လို့ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းတွေ ထိုးတက်သွားခဲ့တာက အမေရိကန်ပြည်သူလူထုကြား ထရမ့်ရဲ့ရပ်တည်မှုကို ချဉ်ဖတ်ဖြစ်သွားစေခဲ့ပါတယ်။

Ref:BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now