ဆောင်းပါး

မတည့် အတူနေ ကမ္ဘာကြီး

မဲခေါင် 27 Sep - 2026
~ CWM ~ စက်တင်ဘာ ဒုတိယပတ်က နယူးဒေလီ BRICS အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ “လက်တွဲဖော်” တွေ ဖြစ်တယ်လို့ ပြောခဲ့တယ်။ နှစ်နိုင်ငံကြားမှာ နယ်စပ်ပြဿနာအပြင် မတူညီတဲ့ အမြင်သဘောထားတွေ ရှိပေမယ့် ပြိုင်ဘက်တွေမဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်တယ်ဆိုပြီး ညီလာခံမှာ သံတမန်စကား ဆိုခဲ့တယ်။ ခုလည်းပဲ အမေရိကန်ကို ရောက်နေတဲ့ ရှီကျင့်ဖျင်က အမေရိကန် နဲ့ တရုတ်ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ “လက်တွဲဖော်” တွေသာ ဖြစ်တယ်လို့ ဆိုလိုက်ပြန်တယ်။ ရှီကျင့်ဖျင်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီတပတ်ရဲ့ ကမ္ဘာ့သတင်းခေါင်းစည်းဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး

~ CWM ~

စက်တင်ဘာ ဒုတိယပတ်က နယူးဒေလီ BRICS အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ “လက်တွဲဖော်” တွေ ဖြစ်တယ်လို့ ပြောခဲ့တယ်။

နှစ်နိုင်ငံကြားမှာ နယ်စပ်ပြဿနာအပြင် မတူညီတဲ့ အမြင်သဘောထားတွေ ရှိပေမယ့် ပြိုင်ဘက်တွေမဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်တယ်ဆိုပြီး ညီလာခံမှာ သံတမန်စကား ဆိုခဲ့တယ်။

ခုလည်းပဲ အမေရိကန်ကို ရောက်နေတဲ့ ရှီကျင့်ဖျင်က အမေရိကန် နဲ့ တရုတ်ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ “လက်တွဲဖော်” တွေသာ ဖြစ်တယ်လို့ ဆိုလိုက်ပြန်တယ်။

ရှီကျင့်ဖျင်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီတပတ်ရဲ့ ကမ္ဘာ့သတင်းခေါင်းစည်းဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စူပါ ပါဝါနိုင်ငံအဖြစ် ရပ်တည်နေတဲ့ အမေရိကန်နဲ့ အမေရိကန်ကို ပခုံးချင်းယှဉ်လာတဲ့ တရုတ်နိုင်ငံကြား နယ်ပယ်အသီးသီးမှာ ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းထန်နေတယ်ဆိုတာ အားလုံးအသိပါ။ ထိပ်သီး နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ခုလို တွေ့ဆုံမှုဟာ ထူးခြားဖြစ်စဉ်ဖြစ်သလို တင်းမာနေတဲ့ နှစ်နိုင်ငံကြား ပဋိပက္ခတွေကို ထိုက်သင့်သလောက် ဖြေလျှော့ပေးနိုင်ခဲ့တယ်။

ရှီ ရဲ့ ဝါရှင်တန်ခရီးစဉ်ဟာ ခေါင်းဆောင်နှစ်ဦးကြား မိတ်ဝတ်မပျက် အပြန်အလှန်ခရီးစဉ်ပါ။ ပြီးခဲ့တဲ့ မေလက ဒေါ်နယ်ထရမ့် ဘေဂျင်းကို သွားရောက်လည်ပတ်ခဲ့တာကို အတုံ့အပြန်သဘောနဲ့ ဝါရှင်တန်ကို ရှီ ရောက်ရှိလာခဲ့တာပါ။

ဒေါ်နယ်ထရမ့်ရဲ့ ရှီကျင့်ဖျင့်အပေါ် ဧည့်ဝတ်ကျေပုံကတော့ ရှီကိုယ်တိုင် အောချရတယ်။ ဗုဒ္ဓဟူးနေ့က အင်ဒရူးလေတပ်စခန်းကို ရောက်ရှိလာတဲ့ ရှီကျင့်ဖျင့်ဖျင်ကို ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဇနီးသည် မယ်လာနီနဲ့အတူ သွားရောက်ကြိုဆိုခဲ့တယ်။ ထရမ့် ဘေဂျင်းလာတုန်းက ရှီကျင့်ဖျင် ဒီလို မကြိုခဲ့ဘူး။ အင်ဒရူးလေတပ်စခန်း လေယာဉ်ကွင်းကို ဆိုက်ရောက်လာတဲ့ ရှီရဲ့ လေယာဉ်လှေကားရင်းထိ ထရမ့်က သွားစောင့်ရပြီး ကြိုခဲ့တယ်။ ခုလိုမျိုး ဘယ်ခေါင်းဆောင်ကိုမှ ထရမ့် မကြိုခဲ့ဖူးဘူး။

ဒေါ်နယ်ထရမ့်ရဲ့ ညစာစားပွဲမှာ ထရမ့်နဲ့ ဇနီးမယ်လာနီ၊ ရှီနဲ့ ဇနီး ဖန်လီယွမ်တို့ စုံတွဲကို အတူတွေ့မြင်ကြရတယ်။ ထူးခြားတယ်ဆိုရမလား။ ထရမ့်ဇနီး မယ်လာနီက မော်ဒယ် တဦးဖြစ်ခဲ့သလို ရှီရဲ့ ဇနီး ဖန်လီယွမ်ကလည်း အဆိုတော်တဦး ဖြစ်နေတာပါ။ ကတော်နှစ်ဦး စမစ်ဆိုးနီးယမ်း အာရှပြတိုက်ကို သွားကြည့်တော့ ကျောင်းသူလေးတွေက တရုတ်သီချင်း Jasmine ကို သီဆိုပြကြတယ်။

“ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ တာဝန်ရှိ တရုတ်နဲ့ အမေရိကန် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအနေနဲ့ ချည်းကပ်မှုအသစ်နဲ့ လုပ်ဆောင်သွားဖို့လိုအပ်တယ်” ဆိုပြီး ရှီက ညစာစားပွဲမှာ တိုက်တွန်းသွားတယ်။ ထရမ့်ကလည်း ရှီနဲ့တွေ့ဆုံမှုမှာ နှစ်နိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အံ့မခန်းတိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ဆိုတယ်။

ထရမ့်က ရှီကို ညစာစားပွဲမှာ အမေရိကန် သိမ်းစွန်ငှက်ရုပ်ထုတခု လက်ဆောင်ပေးခဲ့တယ်။

ရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံက ပန်ဒါတကောင် သယ်ဆောင်လာပြီး အမေရိကန်တွေအတွက် လက်ဆောင်ပေးခဲ့တယ်။

ထရမ့်ရဲ့ ညစာစားပွဲမှာ ထိပ်ထိပ်ကြဲ အမေရိကန်နည်းပညာ စီးပွါးရေးလုပ်ငန်းရှင်တွေကိုလည်း တွေ့လိုက်ကြရတယ်။ တက်စလာက အီလွန်မတ်စ်၊ အက်ပယ်လ်က တင်မ်ကွတ်၊ အိုးပင်း အေအိုင်က ဆမ်အယ်မန်၊ အန်ဗီးဒီးယားက ဂျန်ဆင်ဟောင်းတို့ကို အထူးဖိတ်ကြားထားသူတွေ အဖြစ်နဲ့ ညစာစားပွဲမှာ တွေ့မြင်ကြရတယ်။

ထရမ့်ရဲ့ ညစာစားပွဲကို CNN, MS NOW နဲ့ Politico မီဒီယာသုံးခုကို သတင်းယူခွင့်မပေးဘဲ ပိတ်ထားတယ်။ ဗဟိုတရားရုံး တရားသူကြီးတဦးက ဒီလို ပိတ်ပင်မှုဟာ တရားမဝင်ဘူးလို့ အမိန့်ထုတ်ခဲ့ပေမယ့် အရာမထင်ပါဘူး။ ထရမ့်က သူလုပ်ချင်တာကို လုပ်တာပါ။

ရှီကို အိမ်ဖြူတော်ထဲ ခေါ်ပြတယ်။ ဆောက်လုပ်ဆဲ ခန်းမဆောင်ကြီးကို ခေါ်ပြတယ်။ အိမ်ဖြူတော် ရဟတ်ယာဉ်ကွင်းကို ပြတယ်။ ထရမ့်ရဲ့ ဧည့်ဝတ်ကျေပုံက လိုတာထက် ပိုနေတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ စကားပြောကြတော့ ရှီကျင့်ဖျင်က “သူစီဒိုက် ထောင်ချောက်” “Thucydides Trap” ဆိုတဲ့ အသုံးအနှုန်းစကားကို ထပ်ပြောတယ်။ တရုတ်ပြည်မှာတုန်းကလည်း ရှီ တခါပြောခဲ့ဖူးပြီ။ “Thucydides ထောင်ချောက်ကို ရှောင်ရှားနိုင်ဖို့ တရုတ်နဲ့ အမေရိကန်ဟာ အတူတကွ နီးနီးကပ်ကပ် လက်တွဲသွားဖို့လိုတယ်” လို့ ဆိုတယ်။

Thucydides ဆိုတာ ဘီစီ (၅)ရာစုက ထင်ရှားတဲ့ ဂရိသမိုင်းပညာရှင်ပါ။ သူက အင်အားကြီးထွားလာတဲ့ အင်ပါယာတခုက လက်ရှိအင်အားကြီးဖြစ်နေတဲ့ အင်ပါယာတခုကို ဖယ်ရှားပစ်လိုက်နိုင်တယ်လို့ သတိပေးခဲ့တယ်။ တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို မစိုးရိမ်ပါနဲ့လို့ ရှီက ပြောလိုတာဖြစ်တယ်။

ထရမ့်နဲ့ ရှီရဲ့ ထိပ်သီးတွေ့ဆုံမှုက ကြီးကျယ်ခမ်းနားမှုတွေကလွဲလို့ ဘာမှ မယ်မယ်ရရ အဖြေမထွက်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြတယ်။ နှစ်နိုင်ငံကြား သွင်းကုန်ခွန်တိုးမြှင့်ထားတဲ့ကိစ္စ ဖြေလျှော့ပေးထားတာ တနှစ်ပြည့်ခါနီးမှာ နောက်ထပ် ဖြေလျှော့ပေးဦးမလား။ နှစ်နိုင်ငံ ကုန်သွယ်ရေးစစ် ထပ်ဖြစ်မှာလား မပြောနိုင်သေးဘူး။

ဒီနေ့ အမေရိကန်ကို ရင်ဘောင်တန်းဖို့ ကြိုးစားလာနေတဲ့ တရုတ်ကို ထရမ့်က လိုတာထက်ပိုတဲ့ ဧည့်ဝတ်ကျေပွန်မှုဟာ ထရမ့်ရဲ့ဖောက်သည်(ပြိုင်ဘက်)ကို အနိုင်ယူရေး နည်းဗျူဟာတခုလား မသိနိုင်ပါ။

“အမေရိကန်သည် ပထမ“ ကိုယ်ကျိုးစီးပွါးသာ အဓိက ထရမ့်ကတော့ မျက်နှာချိုသွေးစရာရှိ သွေး၊ ဟောက်စား စရာရှိ ဟောက်စား၊ မီးစ တဖက် ရေမှုတ်တဖက် နားလည်ရခက်နေဦးမှာပါ။

ပြီးခဲ့တဲ့ရက်ကပဲ ကုလညီလာခံမှာ အီရန်ကို အမှုန့်ချေပစ်မယ်ပြောပြီး အီရန်နဲ့ ဆက်ဆွေးနွေးနေပါတယ်။ အီရန်ကို အရှေ့အလယ်ပိုင်းမှာ သူမတူတဲ့နိုင်ငံဖြစ်လာအောင် လုပ်ပေးမယ်လို့ ပြောတာလည်း တွေ့လိုက်ရတယ်။

ဒီရက်ထဲ ကုလသမဂ္ဂအထွေထွေညီလာခံကြီး ကျင်းပနေတော့ ခေါင်းဆောင်တွေလည်း တယောက်ပြီး တယောက် မိန့်ခွန်းတွေ တက်ပြောနေကြတယ်။ ကုလသမဂ္ဂဆိုတာလည်း စက္ကူကျားဖြစ်နေတာ ကြာလှပြီ။ ဩဇာအာဏာ ဘာမှမရှိတော့သလိုဖြစ်နေတယ်။ တနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းတက်ပြောတော့ ခန်းမထဲက တယောက်ပြီးတယောက် အလျှိုလျှို ထွက်ကုန်ကြတယ်။ ထွက်လည်း ထွက်ပဲ။ မိန့်ခွန်းပြောသူကတော့ ဂရုမစိုက်ပါဘူး။ တနေ့ကလည်း ထရမ့်က ကျူးဘားက ကျရှုံးနိုင်ငံဖြစ်နေပြီလို့ ပြောတော့ ကျူးဘားကိုယ်စားလှယ်တွေ ခန်းမထဲက ထွက်သွားကြတယ်။

အစ္စရေးက ဂါဇာ၊ အီရန်နဲ့ အနောက်ဘက်ကမ်းဒေသတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်နေတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တူရကီဝန်ကြီးချုပ် အာဒိုဂန်က ပြစ်တင်ရှုတ်ချသလို၊ ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘတ်စ် ကလည်း ရှုတ်ချတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေနေထိုင်တဲ့ အနောက်ဘက်ကမ်းအထိ နယ်ချဲ့လာနေတယ်။ ဒါပေမယ့် ဒီ ညီလာခံကို ပါလက်စတိုင်းသမ္မတ ကိုယ်တိုင် တက်ရောက်ခွင့်မရဘဲ ဗီဒီယို မိန့်ခွန်းပဲ ပြောခွင့်ရတယ်။ သူ့ကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ဘူး။

စက္ကူကျားလို ဖြစ်လာတဲ့ ကုလသမဂ္ဂ ညီလာခံကြီးကတော့ ရန်သူ၊ မိတ်ဆွေနိုင်ငံခေါင်းဆောင်တွေနဲ့ တရုန်းရုန်းဖြစ်နေတယ်။ သူပြောတာ ကိုယ်နားမထောင်။ ကိုယ်ပြောတာ သူနားမထောင်။

ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ တိုက်ဆိုင်စွာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဝါရှင်တန်ကို ရောက်လာတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း လိုတာထက် ပိုတဲ့ ဧည့်ဝတ်ကျေပုံမျိုးနဲ့ ဧည့်ခံတယ်။ ခေါင်းဆောင်တွေရဲ့ မျက်နှာမှာ အပြုံးလှလှ၊ စကားလုံးလှလှတွေနဲ့ ခမ်းနားနေတယ်။

နောက်ကွယ်မှာတော့ ကြောင်လက်သည်းဝှက်၊ ကိုယ်စီအကွက်တွေကို ဖွက်ထားကြတယ်။ ကိုယ်စီ အကျိုးစီးပွါးအတွက် ရန်သူကိုလည်း ပြုံးပြဆက်ဆံနေကြတယ်။ ကမ္ဘာကြီးဟာ မတည့်သူတွေနဲ့လည်း အတူနေပြီး အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနေကြရတာပဲ မဟုတ်လား..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

မက်ဆီနဲ့ စီရော်နယ် ဘယ်သူပိုကောင်းလဲ

~ မာန်လုငယ် ~ မက်ဆီနဲ့ စီရော်နယ်တို့ ကစားပုံမတူပါဘူး။ ဘယ်သူကပိုကောင်းတယ် မကောင်းဘူးဆိုတာလည်း မြန်မာမှာသာမက ကမ္ဘာလည်းဆွေးနွေးကြပါတယ်။ မိုက်ထိုးမီဒီယာတွေ တွေ့ရတဲ့
ဆောင်းပါး

ထိပ်တန်းတပ်မှူးများ ဖယ်ရှားခြင်းနှင့် ရှီအတွက် စိန်ခေါ်မှု

~ လင်းမောင် ~ ထိပ်တန်းတပ်မှူးများကို ရာထူးမှ ဖယ်ရှားခြင်းသည် နိုင်ငံရေးသစ္စာစောင့်သိမှုနှင့်အတူ စစ်ဆင်ရေးဆိုင်ရာ အတွေ့အကြုံနှင့် ကွပ်ကဲမှု အာဏာစက်တို့ကို ပေါင်းစပ်ထားနိုင်သည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အရှေ့‌တောင်အာရှသို့ ဩဇာဖြန့်ကြက်လာသော တရုတ်စစ်တပ်

ဒင်းဒင်း တရုတ်စစ်တပ်ဟာ ဒီသီတင်းပတ်ထဲမှာပဲ လာအိုနိုင်ငံရှိ လေဆိပ်တစ်ခုမှာ သယ်ယူပို့ဆောင်ရေးစင်တာ နဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီး သူတို့ရဲ့ ဒေသတွင်းလုံခြုံရေးခြေရာကို တိုးချဲ့လိုက်ရင်း တရုတ်လေတပ်ရဲ့ ပထမဆုံး ပြည်ပစခန်းတစ်ခုကို ထူ‌ထောင်လိုက်ပါတယ်။ တရုတ်-လာအိုစစ်ဘက်ပူးတွဲထောက်ပံ့ရေးနဲ့လေ့ကျင့်ရေး စင်တာကို စက်တင်ဘာ ၂၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi’s Military Purge Creates Challenge for Rebuilding China’s Command Structure

~ Linn Maung ~ Removing senior commanders may be easier than finding replacements who combine political loyalty with operational experience

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မယ်ဆိုင်မြစ် အဆိပ်သင့်ညစ်ညမ်းမှု ပိုဆိုးလာသည့်နောက်ကွယ်မှ “၀” နှင့် မြန်မာစစ်တပ်တို့၏ တက်သုတ်ရိုက် မိုင်းလုပ်ကွက်များ

~ ထက်ခိုင် ~ မြန်မာနိုင်ငံရှိ မယ်ဆိုင်မြစ်ဖျားပိုင်းအနီးတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန် တိုးချဲ့လာနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များနှင့် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်လေ့လာခဲ့သည့် သတင်းထောက်များ၏ တွေ့ရှိချက်များအရ သိရသည်။ ထိုသို့ သတ္တုတူးဖော်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း မြစ်အောက်ပိုင်း၌ တွေ့ရှိထားသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ပြည်ပထွက်ခွာခွင့် တင်းကြပ်မှုအောက်က စိုးရိမ်မှုမြင့်တက်လာရသည့် တရုတ် နည်းပညာလုပ်ငန်းကဏ္ဍ

~ လင်းမောင် ~ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအတွင်း စည်းမျဉ်းသစ်သည် တရုတ်အင်ဂျင်နီယာများ၊ သုတေသီများနှင့် အမှုဆောင်များ၏ ပြည်ပခရီးသွားလာမှုကို ကန့်သတ်နိုင်ပြီး နိုင်ငံစုံကုမ္ပဏီများအတွက် လိုက်နာဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ဖန်တီးပေးနေသည်။ တရုတ်နိုင်ငံ၏ ပြန်လည်ပြင်ဆင်ထားသော လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများသည် နည်းပညာအလေးပေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China Links Export Control Violations to Exit Bans, Raising Concerns for Tech Industry

~ Linn Maung ~ New regulation could restrict the overseas travel of Chinese engineers, researchers and executives amid technology transfer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဟူသီတွေ ဘာလိုချင်နေသလဲ

~ ဒင်းဒင်း ~ အီရန် ထောက်ခံမှုရထားပြီး ယီမင်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က လျင်မြန်တဲ့ ထိုးစစ်တစ်ရပ်နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်းကို ထိန်းချုပ်လိုက်တာကြောင့် မကြာသေးခင် သီတင်းပတ်တွေမှာ ယီမင်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now