ဆောင်းပါး

ဟိမဝန္တာရဲ့ ဒေါမာန်ဟုန်..

မဲခေါင် 28 Aug - 2026
~ CWM ~ သိပ်မကြာသေးခင်ကပဲ ရေကြည်ဘက်မှာလား၊ ငါးသိုင်းချောင်းမှာလားမသိ ရေတွေကြီးလို့ ချောင်းကူးတံတားတစီး ရေတိုက်စားပြီး ကျိုးပြတ်သွားတဲ့ ယူကျု ဗီဒီယိုဖိုင်လေးတခု ကြည့်လိုက်ရတယ်။ တကယ်တိုက်စားသွားတာက ရေစီးဆိုတာထက် ရေစီးနဲ့အတူ မျောပါလာတဲ့ ဗေဒါအုပ်ကြီးပါ။ ဗီဒီယို ရိုက်တဲ့သူက ဗေဒါတွေ ရောက်မလာခင်၊ တံတားကြီးကို တိုက်စားချိုးဖြတ်လိုက်ခြင်းမပြုမီ အကောင်းအတိုင်းရှိနေတဲ့ ချောင်းကူးသံတံတားကို ရိုက်ပြထားတယ်။ လူတွေက ချောင်းဟိုဘက်ကမ်း၊ ဒီဘက်ကမ်း တရုန်းရုန်းနဲ့ စောင့်ကြည့်နေကြတယ်။ ကြည့်နေကြရင်းနဲ့ပဲ ချောင်းရေအတိုင်း စီးမျောလာတဲ့ ဗေဒါအုပ်ဟာ တံတားကို ရောက်လာတယ်။ ရှေ့ဆုံးဗေဒါအုပ်တွေက တံတားအောက်က ဖြတ်ဝင်သွားပေမယ့် နောက်ကလိုက်လာတဲ့ ဗေဒါအုပ်ကတဖြည်းဖြည်းနဲ့ ကြီးလာ။ ရေစီးနဲ့အတူ တိုးရင်းတိုးရင်း ဗေဒါအုပ်ကြီးရဲ့ အားကို မခံနိုင်တဲ့အဆုံး ချောင်းကူးသံတံတားဟာ

~ CWM ~

သိပ်မကြာသေးခင်ကပဲ ရေကြည်ဘက်မှာလား၊ ငါးသိုင်းချောင်းမှာလားမသိ ရေတွေကြီးလို့ ချောင်းကူးတံတားတစီး ရေတိုက်စားပြီး ကျိုးပြတ်သွားတဲ့ ယူကျု ဗီဒီယိုဖိုင်လေးတခု ကြည့်လိုက်ရတယ်။ တကယ်တိုက်စားသွားတာက ရေစီးဆိုတာထက် ရေစီးနဲ့အတူ မျောပါလာတဲ့ ဗေဒါအုပ်ကြီးပါ။ ဗီဒီယို ရိုက်တဲ့သူက ဗေဒါတွေ ရောက်မလာခင်၊ တံတားကြီးကို တိုက်စားချိုးဖြတ်လိုက်ခြင်းမပြုမီ အကောင်းအတိုင်းရှိနေတဲ့ ချောင်းကူးသံတံတားကို ရိုက်ပြထားတယ်။ လူတွေက ချောင်းဟိုဘက်ကမ်း၊ ဒီဘက်ကမ်း တရုန်းရုန်းနဲ့ စောင့်ကြည့်နေကြတယ်။ ကြည့်နေကြရင်းနဲ့ပဲ ချောင်းရေအတိုင်း စီးမျောလာတဲ့ ဗေဒါအုပ်ဟာ တံတားကို ရောက်လာတယ်။ ရှေ့ဆုံးဗေဒါအုပ်တွေက တံတားအောက်က ဖြတ်ဝင်သွားပေမယ့် နောက်ကလိုက်လာတဲ့ ဗေဒါအုပ်ကတဖြည်းဖြည်းနဲ့ ကြီးလာ။ ရေစီးနဲ့အတူ တိုးရင်းတိုးရင်း ဗေဒါအုပ်ကြီးရဲ့ အားကို မခံနိုင်တဲ့အဆုံး ချောင်းကူးသံတံတားဟာ တဖက်ခြမ်းမှာ ကျိုးပြီး ရေစီးနဲ့ ပါသွားတယ်။ ဗေဒါအုပ်တွေလည်း ရေစီးနဲ့အတူ ရွေ့သွားကြတယ်။ တဖြည်းဖြည်းနဲ့ သံတံတားတခုလုံး ကျိုးပြီး ရေစီးနဲ့ မျောမယ့် အနေအထားကို ကြည့်လိုက်ရတယ်။

ဒီမြင်ကွင်းကို ကြည့်ရတော့မှ ” ရေ” ဘေးဆိုတာ အင်မတန်ကြောက်စရာကောင်းပါလားဆိုတာ သတိထားမိတော့တယ်။

ဗုဒ္ဓဘာသာမှာတော့ ” ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ” ဆိုပြီး လူတွေအတွက် အန္တရာယ်ကြီးမားလှတဲ့ ရန်သူ(၅)မျိုးကို သတ်မှတ်ထားကြတယ်။ ရန်သူတမျိုးဟာ ဘယ်လောက်အထိ ကိုယ့်အတွက် အန္တရာယ်ကြီးတယ်ဆိုတာ လက်တွေ့မကြုံရင်တော့ ယုံဖို့ခက်မှာပဲ။ အမေရိကမှာ၊ ဩစတြေးလျမှာ၊ စပိန်မှာ၊ အီတလီမှာ တောမီးတွေ အကြီးအကျယ်လောင်ကြတယ်။ အွန်လိုင်းပေါ်က ရုပ်သံဗီဒီယိုတွေထဲမှာ အင်မတန် ထိတ်လန့်စရာကောင်းလှတဲ့ဘမြင်ကွင်းတွေကို မြင်ကြရတယ်။ တခါတရံမှာ မီးက အဆောက်အဦးတွေကို ဝါးမြိုသွား၊ မြို့ဧရိယာအစပ်ထိရောက်၊ လူနေရပ်ကွက်ကို ဝါးမြိုသွား၊ လူတွေ၊ တရိစ္ဆာန်တွေပါ သေဆုံးသွားကြတဲ့ဖြစ်စဉ်တွေ မကြာခဏဆို မြင်ကြရတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို ကြောက်မက်ဖွယ် တောမီးမျိုး မမြင်တွေ့ဖူးပေမယ့် ဟိုတချိန်က မန္တလေးမီး၊ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက် မီးတွေဆိုတာလည်း လောင်ပြီဟေ့ဆို အကုန်ပါပဲ။ ဒါက ” မီး” ရဲ့ ဘေးအန္တရာယ် ကြီးမားပုံကို ပြောတာပါ။

ခုလောလောဆယ်မှာတော့ ကမ္ဘာကြီးက “ရေ” ဘေးအန္တရာယ် သင့်နေတယ်။

ကမ္ဘာကြီးပူနွေးလာတယ်။ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီးလာတယ်။ ရာသီဥတုဖောက်ပြန်မှုကတဆင့် ” သဘာဝကပ်ဘေးဆိုးကြီးတွေ” တခုပြီးတခု ဆက်တိုက်ဖြစ်လာတယ်။ ရန်သူမျိုးငါးပါးမှာ ရှေ့ဆုံးမှာပါတဲ့ ” ရေ” ဘေးရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ဒီရက်ထဲမှာပဲ မြင်တွေ့လိုက်ရတယ်။

“နီပေါ နဲ့ တရုတ်” နယ်စပ်မှာရှိတဲ့ “ဘုတ်ကိုရှီမြစ်”ထဲကို တောင်ပေါ်က ရေခဲမြစ်တွေ အရည်ပျော်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာခဲ့တယ်။ စီးဆင်းလာတဲ့ ရွှံ့ရေတွေ၊ကျောက်တုံးတွေဟာ အောက်ဘက်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ နယ်စပ်ဂိတ်တွေ၊ အထပ်မြင့်အဆောက်အဦးတွေ၊ မော်တော်ကားတွေကိုပါမကျန် ပါးပြင်းထောင်နေတဲ့ မြွေတကောင်လို ဒေါသမာန်ကြီးကြီးနဲ့ ဝါးမြိုသွားခဲ့တယ်။ ပုရွတ်ဆိတ်ကလေးတွေလို လူတွေက အပြေးအလွှား ထွက်ပြေးကြပေမယ့် အင်အားကြီးမား ဒေါမာန်ဟုန်ပြင်းလှတဲ့ ” တောင်ကျရေလှိုင်းလုံး” အောက်မှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားရတဲ့အဖြစ်က ရင်နင့်စရာ ကောင်းလှတယ်။

နီပေါ-တရုတ်နယ်စပ်မှာ ဩဂုတ်လ(၂၆)ရက်၊ မနက်(၉)နာရီက ဖြစ်သွားတဲ့ ဒီ ရုတ်တရက် တောင်ကျရေလွှမ်းမိုးပြီး မြစ်တလျှောက် မြို့တွေ၊ ရွာတွေ၊ တံတားတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုက်စားဖျက်ဆီးသွားတဲ့ သဘာဝဘေးဆိုးနဲ့ ပတ်သက်လို့ ပဟေဠိ ဖြစ်စရာတွေ ရှိနေတယ်။ ဒီဖြစ်စဉ်ကို Mudslides, Landslides, Flash floods လို့ အမျိုးမျိုး ရေးကြတယ်။ ရုတ်တရက် တောင်ထိပ်ပေါ်က အရှိန်အဟုန်နဲ့ ပြိုဆင်းလာတဲ့ ရေထုဟာ ရေခဲမြစ်တွေ အရည်ပျော်ကျလာတဲ့ရေ၊ မြေပြိုလို့ ကျဆင်းလာတဲ့ ရွှံ့ရည် နဲ့ ကျောက်တုံးကျောက်ခဲတွေ ရောနှောပြီး ကွန်ကရစ်ဖျော်ရည်တွေ ပြိုဆင်းလာသလို အရှိန်အဟုန်နဲ့ ပြိုကျစီးဆင်းလာခဲ့တာပါ။

ပဟေဠိ လို့ ဆိုရတာက ခုလို ရုတ်တရက် တောင်ပေါ်က ရွှံ့ရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းမလာမီ အဲဒီအနီးအနားတဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှု မရှိခဲ့တာပဲ ဖြစ်တယ်။ သာမန်အားဖြင့် ခုလို တောင်ပေါ်ရေ လှိမ့်ကျလာတာမျိုးက အမြင့်ပိုင်းဒေသမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှ ဖြစ်တတ်တာမျိုးပါ။ ခုက အဲသလိုမဟုတ်တော့ ဒါဟာ တောင်ပေါ်ရေခဲကန် ပေါက်ကွဲမှု( Glacier Lake Outburst Flood) က စတင်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဒီအဖြစ်အပျက် မပေါ်ပေါက်မီ အဲဒီအနီးတဝိုက်မှာ ပြင်းအား(၄.၄) မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်ငယ် လှုပ်သွားတယ်လို့လည်း ဆိုတယ်။ ဒါကလည်း လတ်တလောမှာ အတည်မပြုနိုင်သေးဘူး။ ငလျင်က မြေပြိုပြီး တောင်ပေါ်ရေတွေ လှိမ့်ဆင်းလာချိန်ကျမှ တိုင်းတာရရှိလို့ ငလျင်လှုပ်တာကြောင့်မဟုတ် ဘဲ ပြင်းအားမြင့် ရေလှိုင်းစီးဆင်းမှုကြောင့်သာ ဖြစ်တယ်လို့လည်း ဆိုတယ်။

ဒီဖြစ်စဉ်ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဟိမဝန္တာတောင်တန်းပေါ်က ရေခဲတောင်တွေ အရည်ပျော်ရာကနေ စတင်ခဲ့တယ်လို့ ပညာရှင်တွေက ဆိုတယ်။ ဟိမဝန္တာတောင်တန်းပေါ်က ပျော်ကျလာတဲ့ ရေခဲတွေဟာ တောင်တန်းအောက်ခြေတနေရာမှာ စုမိပြီး ရေခဲကန်တွေ ဖြစ်နေခဲ့တယ်။ တောင်ပေါ်က ပြိုကျလာတဲ့ ရေခဲတောင်နဲ့ ကျောက်တုံးကျောက်ခဲတွေဟာ Lende Khola ဆိုတဲ့ ရေကန်မှာ လာရောက်စုဝေးမိပြီး ရေထုအင်အား အဆမတန်ကြီးမားလာခဲ့တယ်။အဲဒီကနေ ကျိုးပေါက်ပြီး အောက်ဘက်ကို အင်မတန် ပြင်းထန်တဲ့ အရှိန်နဲ့ စီးဆင်းသွားတာဖြစ်တယ်။

ဗီဒီယို ရုပ်သံမှာ မြင်တွေ့ရတဲ့မြင်ကွင်းတခုအရ တိဗက်-နီပေါ နယ်စပ်ဂိတ် (Gyirong post) နဲ့ အနီးမှာမှာရှိတဲ့ အဆောက်အဦးတခုပေါ်ကို ပြိုကျလာတဲ့ ရွှံ့ရေလှိုင်းက ခဏချင်းမှာပဲ အဆောက်အဦးကို ဝါးမြိုတိုက်စားသွားပြီး အနီးဝန်းကျင်မှာ ခြေဦးတည့်ရာ ထွက်ပြေးနေကြတဲ့ လူတွေတောင် ထွက်ပြေးချိန်မရတော့ဘဲ ရွှံ့ရေထုရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားခဲ့တာကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့လိုက်ရတယ်။

တိဗက်-နီပေါ နယ်စပ်မှာရှိတဲ့ (Gyirong Post) ဂိတ်ဟာ တရုတ်-နီပေါ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ နယ်စပ်ဂိတ်ပါ။ တရုတ်လက်အောက်ရောက်နေတဲ့ တိဗက်ကို တရုတ်က Xizang လို့ ခေါ်ပြီး ဒီ (Gyiring) နယ်စပ်ဂိတ်က တရုတ်-နီပေါ နယ်စပ်ကုန်သွယ်ရေးပမာဏ ၃၀% ဖြတ်သန်းတယ်။ ၂၀၂၄ ခုနှစ်စာရင်းအရ နယ်စပ်ကုန်သွယ်ရေးပမာဏ တရုတ်ယွမ် (၄.၂၅)ဘီလျံ ရှိတယ်။ နီပေါနိုင်ငံ ကတ္တမန္ဒူ လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ BYD ကားတွေဟာ ဒီနယ်စပ်ကတဆင့် တင်သွင်းလာတဲ့ EV ကားတွေဖြစ်တယ်။ တရုတ်က လျှပ်စစ်ပစ္စည်းတွေ၊ စက်ယန္တယားတွေ၊ ချည်ထည်နဲ့ စားသောက်ကုန်တွေအပြင် နီပေါကို အများဆုံးတင်ပို့နေတာ လျှပ်စစ်ကားတွေ ဖြစ်တယ်။

ဒီနယ်စပ်ဂိတ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ခုလိုပဲ ရေခဲတောင်ပြိုပြီး ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ခဲ့လို့ တိဗက် ဘက်အခြမ်း နဲ့ နီပေါဘက်ခြမ်းကို ဆက်သွယ်ထားတဲ့ တံတားကြီး ကျိုးကျသွားခဲ့တယ်။ နီပေါဘက်ခြမ်း ရာစူဂါဝါဒီ အကောက်ခွန်ရုံးလည်း ပျက်စီးခဲ့တယ်။ တံတားကို ယာယီပြန်ပြင်ပြီး ဇန်နဝါရီလ(၁)ရက်နေ့က နယ်စပ်ဂိတ်ပြန်ဖွင့်ပြီး ခြောက်လအကြာမှာ ခုလို သဘာဝဘေးဆိုးကြီးနဲ့ ထပ်မံကြုံတွေ့ရတာပါ။

ဒီတကြိမ် ပျက်စီးမှုကတော့ အင်မတန်ဆိုးရွားတယ်။ တရုတ်ဘက်ခြမ်း Gyiring post ဘက်မှာ နီပေါဘက် တင်သွင်းမယ့် အီးဗီကား ၆၀၀ ကျော် ရေစီးအောက်မှာ မျောပါပျက်စီးသွားတယ်လို့ ဆိုတယ်။ တရုတ်- နီပေါ နယ်စပ်ကို စွန့်စားလိုတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေလည်း လာရောက်လည်ပတ်ကြတယ်။ အခု ရုတ်တရက် တောင်ပေါ်ရွှံ့ရေလွှမ်းမိုးတိုက်စားမှုကြောင့် သေဆုံးသူပေါင်း (၂၀၀)ကျော် ရှိပြီး(ဩဂုတ်-၂၇စာရင်း) ၁၅၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရတယ်။ တရုတ်နယ်စပ်ဂိတ်ဘက်ခြမ်းမှာ တရုတ်နိုင်ငံသား ၁၀၀ ကျော် ပျောက်ဆုံးနေပြီး နီပေါဘက်ခြမ်းမှာ ပျောက်ဆုံးနေတဲ့ ကမ္ဘာလှည့်ခရီးသည် ၅၀၀ ကျော် ရှိတယ်လို့ ဆိုတယ်။

ကယ်ဆယ်ရေးတွေကတော့ ဩဂုတ်လ(၂၇)မှာ အိန္ဒိယဘက်ကရော၊ တရုတ်ဘက်ကပါ ဝင်ပြီး ထောက်ပံ့ကူညီမှုတွေ၊ ကူညီရှာဖွေမှုတွေ ပြုလုပ်နေတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒီ ရေလွှမ်းမိုးမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အိန္ဒိယအနေနဲ့ နီပေါကို အပြည့်အဝကူညီသွားမယ်လို့ ဆိုတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကူညီကယ်ဆယ်ရေးတွေ အလျင်အမြန်ပေးပို့နေတယ်။

တိဗက်-နီပေါ နယ်စပ် တောင်ပေါ် ရေခဲကန် ပေါက်ကွဲမှုက ဖြစ်ပေါ်လာတဲ့ အရှိန်အဟုန်

ပြင်းထန်လှတဲ့ ရေလွှမ်းမိုးမှုဟာ ဘုတ်ကိုရှီမြစ် ကတဆင့် အောက်ဘက် ထရီရှူလီမြစ်အတိုင်း အရှိန်အဟုန်နဲ့ စီးဆင်းပြီး မြို့တွေ၊ ရွာတွေ မြစ်ကူးတံတားတွေ၊ ရေအားလျှပ်စစ်ဓါတ်အားပေး ဆည်တွေကို တိုက်စားဖျက်ဆီးသွားခဲ့တယ်။ သတင်းဓါတ်ပုံ နဲ့ သတင်းဗီဒီယိုတွေမှာ တွေ့ရတဲ့ မြင်ကွင်းတွေအရ တောင်ကမ်းပါးယံအနီး မြစ်ကမ်းဘေးက မြို့များရဲ့ လူနေအဆောက်အဦးတွေဟာ ဆိုးဆိုးရွားရွား ရေတိုက်စားပျက်စီးနေတာ စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရတယ်။

ဒေါသတကြီးနဲ့ တဟုန်ထိုးစီးဆင်းလာတဲ့ တောင်ပေါ် ရွှံရေတွေဟာ ထရီရှူလီမြို့က တံတားတစင်းကို ချဉ်းကပ်လာတယ်။ ကြည့်နေရင်းမှာပဲ တံတားကြီးဟာ အရုပ်ကလေးတရုပ်လို ရေတိုက်စားခံရပြီး မြစ်ထဲ မျောပါသွားတယ်။ ဒီမြင်ကွင်းဟာ သိပ်မကြာခင်က ယူကျုပေါ်မှာမြင်လိုက်ရတဲ့ ရေကြည်၊ ငါးသိုင်းချောင်းဘက်က လူကူးချောင်းတံတားတခု ရေတိုက်စားသွားတာထက် အဆတရာမက ပြင်းထန်လွန်းလှတယ်။

ရန်သူမျိုး ငါးပါးထဲမှာ ” ရေ” ကို ရှေ့ဆုံးက ထည့်ထားတယ်။ ရေဟာ သာမန်အားဖြင့် အန္တရယ်မရှိသလို လူသားတွေရဲ့မိတ်ဆွေလည်းဖြစ်၊ အသက်လည်းဖြစ်တယ်။ ဒါပေမယ့် ခုလိုရေခဲမြစ်တွေအရည်ပျော်ပြီး ရုတ်တရက်ရေလွှမ်းမိုးတဲ့အဖြစ်မျိုး၊ ပြင်းထန်တဲ့မုန်တိုင်းကြီးတွေကျရောက်တာမျိုး၊ ရေကြီးနစ်မြုပ် ရေလွှမ်းမိုးမှုဖြစ်တာမျိုးတွေကို မြင်တွေ့ရတဲ့အခါမှာတော့ရန်သူမျိုးငါးပါးစာရင်းထဲမှာ “ရေ” ကို ထည့်သွင်းထားတာဟာ ပိုပြီးလေးနက်သလို ခံစားလိုက်ရတယ်..။

# CWM ref: CNA, Reuters, and updates online news.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

China’s Weaponization of Tibet’s Green Revolution

by Marco Respinti The Chinese Communist Party is using dams, solar farms
ဆောင်းပါး

ခုံးတံတားအောက်က တရုတ်လူမွဲများနှင့် ပြည်ပသို့ ထွက်ပြေးနေကြသော သူဌေးများ

~ လင်းမောင် ~ ကွမ်တုံပြည်နယ်၊ ရှန်းကျန်းမြို့ရှိ ခုံးကျော်တံတားများအောက်တွင် အိုးမဲ့အိမ်မဲ့များ အိပ်စက်လေ့ရှိသည့် နေရာလွတ်များကို အာဏာပိုင်များက အကာအရံများဖြင့် ပိတ်ဆို့လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Tyranny in Tibet: A Frontier of Darkness

Khedroob Thondup Since 1950, Tibet has endured Beijing’s heavy hand, but under Xi Jinping the repression has metastasized into something

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Homeless Under the Overpass, Rich Fleeing the Country: The Two Faces of China’s Jobs Crisis

~ Linn Maung ~ Beneath overpasses in Shenzhen, in Guangdong province, authorities have reportedly sealed off spaces where homeless people

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လှိုင်းသစ်တစ်ခု အရှိန်အဟုန်ပြင်းလာမှုနှင့်အတူ ခြောက်ဆ မြင့်တက်လာသော တရုတ်၏ ကိုဗစ်-၁၉ ကူးစက်မှု

~ လင်းမောင် ~ တရုတ် အာဏာပိုင်များက ကိုဗစ်ရောဂါဖြစ်ပွားမှုကို အလယ်အလတ်အဆင့် ကူးစက်ပြန့်ပွားမှုအဖြစ် ဆက်လက်ဖော်ပြနေကြသော်လည်း၊ တရုတ်နိုင်ငံတွင် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်ပေါင်း ၅၂၂,၀၀၀ ကျော်ရှိကြောင်း အစီရင်ခံခဲ့ရာ ဇွန်လထက် ခြောက်ဆ မြင့်တက်လာခဲ့ပြီး ဗိုင်းရပ်စ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s COVID-19 Cases Surge Sixfold as New Wave Gathers Pace

~ Linn Maung ~ China reported more than 522,000 COVID-19 cases in July, a sixfold increase from June, pointing to

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

၂၀၂၇ တရုတ်စစ်တပ်ရာပြည့်နှင့် ရှီ ရင်ဆိုင်နေရသည့် PLA ကွပ်ကဲမှုဆိုင်ရာ အကျပ်အတည်း

~ လင်းမောင် ~ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ၂၀၂၇ ခုနှစ် ရာပြည့်အခမ်းအနားသို့ ဦးတည်နေချိန်တွင် ၎င်း၏ အဆင့်မြင့်ကွပ်ကဲမှု တည်ဆောက်ပုံမှာ မကြုံစဖူးသော ရှင်းလင်းဖယ်ရှားမှုများ ကြောင့် တဖြည်းဖြည်း အနှစ်သာရကင်းမဲ့လာနေသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Faces PLA Command Crunch Ahead of 2027 Military Centenary

~ Linn Maung ~ Chinese President Xi Jinping is heading towards the People’s Liberation Army’s 2027 centenary with its senior

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now