ဆောင်းပါး

အိန္ဒိယက ပိုးဟပ်တွေ …

မဲခေါင် 26 Jul - 2026
~ CWM ~ ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြတာ မဆန်းပါဘူး။ အထူးသဖြင့် အိန္ဒိယလို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးမှာ ဆန္ဒပြတာ သိပ်တော့မဆန်းပါ။ ဆန္ဒပြတယ်ဆိုတာက လူထုမကျေနပ်မှုကို ဖော်ထုတ်တာ။ တရားမျှတမှု မရှိတာကို သက်ဆိုင်ရာအုပ်ချုပ်သူကို အသိပေးတာ။ တောင်းဆိုတာ။ အိန္ဒိယမှာ ဆန္ဒပြပွဲတွေ ခဏခဏဖြစ်တယ်။ ရုတ်ရုတ်သည်းသည်းနဲ့ နောက်ဆုံး ပြီးသွားတာပါပဲ။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယက ရဲတွေက ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့အခါ တုတ်နဲ့ ရိုက်လေ့ရှိကြတယ်။ ကိုလိုနီခေတ်က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို တုတ်နဲ့ ရိုက်သလိုမျိုးပေါ့။ အိန္ဒိယဆန္ဒပြပွဲတွေမှာ ရဲက တုတ်နဲ့ရိုက်။ လူအုပ်ကြီးက ထွက်ပြေးနဲ့ ကြည့်လို့တော့ ကောင်းတယ်။ ဒဏ်ရာရသူလည်းရ။ ကွဲပြဲသူလည်း ကွဲပြဲပေါ့။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

~ CWM ~

ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြတာ မဆန်းပါဘူး။ အထူးသဖြင့် အိန္ဒိယလို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးမှာ ဆန္ဒပြတာ သိပ်တော့မဆန်းပါ။ ဆန္ဒပြတယ်ဆိုတာက လူထုမကျေနပ်မှုကို ဖော်ထုတ်တာ။ တရားမျှတမှု မရှိတာကို သက်ဆိုင်ရာအုပ်ချုပ်သူကို အသိပေးတာ။ တောင်းဆိုတာ။ အိန္ဒိယမှာ ဆန္ဒပြပွဲတွေ ခဏခဏဖြစ်တယ်။ ရုတ်ရုတ်သည်းသည်းနဲ့ နောက်ဆုံး ပြီးသွားတာပါပဲ။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယက ရဲတွေက ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့အခါ တုတ်နဲ့ ရိုက်လေ့ရှိကြတယ်။ ကိုလိုနီခေတ်က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို တုတ်နဲ့ ရိုက်သလိုမျိုးပေါ့။ အိန္ဒိယဆန္ဒပြပွဲတွေမှာ ရဲက တုတ်နဲ့ရိုက်။ လူအုပ်ကြီးက ထွက်ပြေးနဲ့ ကြည့်လို့တော့ ကောင်းတယ်။ ဒဏ်ရာရသူလည်းရ။ ကွဲပြဲသူလည်း ကွဲပြဲပေါ့။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

ခုလည်း အိန္ဒိယမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်။ ကျောင်းသားတွေနဲ့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် တွန်းလားထိုးလားနဲ့။ အဆိုးဆုံးက ပြီးခဲ့တဲ့ တနင်္လာနေ့။ နယူးဒေလီမြို့တော်မှာ ဖြစ်ကြတာ။ ထောင်နဲ့သောင်းနဲ့ချီတဲ့ ကျောင်းသားလူငယ်တွေဟာ ပါလီမန်ထဲအထိ ဝင်ဖို့ ကြိုးစားခဲ့ရာမှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး လူစုခွဲခံရ။ မျက်ရည်ယိုဗုံးနဲ့ ပစ်ခံရ။ တုတ်နဲ့ ရိုက်ခံရ။ ထောင်သောင်းချီတဲ့ ကျောင်းသားလူငယ်တွေက ပါလီမန်ကို ဝင်စီးဖို့တောင် လုပ်နေကြပြီဆိုတော့ နိုင်ငံတကာမီဒီယာတွေကလည်း ဝန်ကြီးချုပ် မိုဒီတောင် ထွက်ပြေးတော့မလို ရေးနေကြတာလည်း ဖတ်ရတယ်။

အဖြစ်အပျက်က ထိတ်လန့်မယ်ဆိုလည်း ထိတ်လန့်ချင်စရာပါ။ တကယ်လို့သာ ကျောင်းသားလူငယ်တွေက အိန္ဒိယပါလီမန်ကို ဝင်စီးမိသွားပြီး မိုဒီကလည်း ထွက်ပြေးသွားခဲ့ရင် ပြီးခဲ့တဲ့တနှစ်က ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာဆီနာ ထွက်ပြေးရသလိုမျိုး အပြောင်းအလဲကြီးများ ဖြစ်လာတော့မလားပေါ့။ ဘင်္ဂလားဒေ့ရှ်မှာတော့ တက္ကသိုလ်ကျောင်းသားတွေက စခဲ့တဲ့ ဆန္ဒပြပွဲဟာ ရှိတ်ဟာဆီနာအစိုးရပြုတ်ကျသွားစေတဲ့အထိ ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို နောက်ပိုင်းမှာ Gen-Z လူငယ်တွေရဲ့ တော်လှန်ရေးအဖြစ် ဖော်ပြကြတယ်။ Gen-Z လူငယ်တွေရဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုဟာ ဘင်္ဂလားဒေ့ရှ်မှာသာမက နီပေါမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာလက ပေါ်ပေါက်ခဲ့တယ်။ နီပေါ Gen-Z တွေရဲ့ လှုပ်ရှားမှုကြောင့် ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ နှုတ်ထွက်ခဲ့ရတယ်။ ခုတော့ နီပေါမှာလည်း အစိုးရသစ်နဲ့။ ဘင်္ဂလားဒေ့ရှ်မှာဆို ရွေးကောက်ပွဲတောင် လုပ်ပြီးလို့ အစိုးရသစ်လည်း တက်နေပြီ။

ခု အိန္ဒိယလူငယ်တွေရဲ့ ဆန္ဒပြပွဲကိုလည်း တချို့က Gen-Z ဆန္ဒပြပွဲလို့ ခေါင်းစဉ်တပ်နေကြတယ်။ အိန္ဒိယလူငယ်တွေရဲ့ ဆန္ဒပြပွဲ နဲ့ ဘင်္ဂလားဒေ့ရှ်၊ နီပေါလူငယ်တွေရဲ့ ဆန္ဒပြပွဲ ပုံသဏ္ဍာန်တွေ မတူဘူးလို့လည်း ဆိုတယ်။

အိန္ဒိယလူငယ်တွေ ဆန္ဒပြနေကြတာ ခုမှမဟုတ်ဘူး။ တစ်လကျော်လောက်တော့ ရှိပြီ။ ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့ကတည်းက ပြနေကြတာ။ ဒါပေမယ့် ခုလောက် လူမများသေးဘူး။ အိန္ဒိယဆန္ဒပြပွဲက ခုမှ အကြီးကြီးဖြစ်သွားတာ။ အဖြစ်အပျက်ကလည်း အပျက်အပျက်ကနေနှာခေါင်းသွေးထွက်တာမျိုးတော့မဟုတ်ဘူး။

ဘယ်လို စ သလဲဆိုရင် အိန္ဒိယ ဗဟိုတရားရုံးချုပ် တရားသူကြီး ဆူယာ ကန့် ရဲ့ စကားတခွန်းကနေ စ တယ်လို့ပဲ ဆိုရမယ်။ သူက အိန္ဒိယက အလုပ်လက်မဲ့ နဲ့ လှုပ်ရှားတက်ကြွလူငယ်တွေဟာ ဘာမှ အသုံးမကျတဲ့ ” ပိုးဟပ်” နဲ့ လူ့အဖွဲ့အစည်းရဲ့ ” ကပ်ပါးကောင်” တွေပဲလို့ ပြောလိုက်တယ်။ ဒီစကားဟာ အိန္ဒိယလူငယ်တွေကို မခံမရပ်နိုင်ဖြစ်စေတယ်။ အသက်၂၅ နှစ်အရွယ် အိန္ဒိယနိုင်ငံလူငယ် ၄၀% ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ ဒီလိုအခြေအနေမှာ တရားသူကြီးချုပ်က ” ပိုးဟပ်တွေ” လို့ ပြောလိုက်တဲ့အတွက် လူငယ်တွေကြားမှာ မခံမရပ်နိုင်ဖြစ်သွားပြီး အွန်လိုင်းပေါ်မှာ စပြီး တုန့်ပြန်ကြတယ်။ တုန့်ပြန်သူတွေထဲမှာ အမေရိကန်၊ ဘော်စတွန်တက္ကသိုလ်ကို ရောက်နေတဲ့ အိန္ဒိယနိုင်ငံသား နိုင်ငံရေးဆက်သွယ်ရေးပညာရှင် အဘီဂျိ ဒစ်ကီ လည်းပါတယ်။

သူက ဗဟိုတရားရုံးချုပ် တရားသူကြီး ဆူယာ ကန့် ရဲ့ အလုပ်လက်မဲ့လူငယ်တွေကို ” ပိုးဟပ်နဲ့ ကပ်ပါးကောင်” တွေလို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး ၂၀၂၆၊မေလ(၁၆)ရက်မှာ ဆိုရှယ်မီဒီယာ X မှာ ” ပိုးဟပ်တွေအားလုံး ပေါင်းမိသွားရင် ဘာဖြစ်သွားမလဲ”ဆိုပြီး ရေးလိုက်တယ်။ သူ့ရဲ့ပို့စ်ဟာ တမုဟုတ်ချင်းပျံ့နှံ့သွားတယ်။ သူနဲ့အတူ ဒေလီအခြေစိုက် ယူကျုဖန်တီးသူ မက်ဂနဒ် တို့က သရော်လှောင်ပြောင်တဲ့ ဝက်ဘ်ဆိုက်တခုကို ဖန်တီးလိုက်ပြီး မကြာမီ ဒီဝက်ဆိုက်ဟာ လူငယ်တွေရဲ့ ပလက်ဖောင်းတခုအဖြစ် ပြောင်းလဲသွားတယ်။ Cockroach Janta Party ( CJP) လို့အမည်ပေါ်ထားတဲ့ ဒီဝက်ဘ်ဆိုက်ရဲ့ တရားဝင် အင်စတာဂရမ်မှာ followers ၂၂ သန်းအထိ ချက်ချင်း ရောက်ရှိသွားတယ်။

တကယ်တော့ “ပိုးဟပ် ဂျန်တာပါတီ” လို့အမည်ရတဲ့ CJP က မှတ်ပုံတင်ထားတဲ့ တရားဝင်ပါတီလည်း မဟုတ်ဘူး။ လူငယ်တွေရဲ့ လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ အမည်တခုပဲ ဖြစ်တယ်။ လူငယ်တွေရဲ့ ပိုးဟပ်လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်မှာ စတင်ခဲ့တယ်။ အဲဒီနေ့မှာ ပိုးဟပ်လူငယ်တွေဟာ နယူးဒေလီ က Jantar Mantar မှာ စုရုံးပြီး ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြရတဲ့ အကြောင်းရင်းက အိန္ဒိယနိုင်ငံ၊ ပညာရေးစနစ်ရဲ့ အားနည်းချက်နဲ့ တရားမမျှတမှု၊ မသမာမှုတွေကို ဆန့်ကျင်ထုတ်ဖော်တာဖြစ်တယ်။ လတ်တလောအကြောင်းရင်းက သိပ်မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းပေါက်ကြားမှုပဲဖြစ်တယ်။ ဒီ ဝင်ခွင့်စာမေးပွဲကို ကျောင်းသား ၂.၂၈ သန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး သိပ်မကြာခင်မှာ မေးခွန်းပေါက်ကြားလို့ဆိုပြီး စာမေးပွဲအဖြေတွေကို ဖျက်သိမ်းလိုက်တယ်။ ဒီစာမေးပွဲဖြေဆိုဖို့ ကျောင်းသားမိဘတွေဟာ ငွေကုန်ကြေးကျအမြောက်အများခံခဲ့ကြရတယ်။ ခုလို စာမေးပွဲဖျက်သိမ်းလိုက်တဲ့အတွက် ကျောင်းသားတချို့ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတောင် ဖြစ်ခဲ့တယ်။ ကျောင်းသား ၂၀ ကျော်ဟာ စာမေးပွဲ ဖျက်သိမ်းမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ဆိုတယ်။ ခုလို စာမေးပွဲ မေးခွန်းပေါက်ကြားလို့ဆိုပြီး စာမေးပွဲဖျက်သိမ်းမှုတွေလည်း မကြာခဏ ဖြစ်တယ်။

လူငယ်တွေဟာ နယူးဒေလီ ဂျန်တာမန်တာ မှာ စုဝေးပြီး ပညာရေးဝန်ကြီး ဒါမင်ဒရာ ပရာဒန် နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြကြတယ်။ လူငယ်တွေရဲ့ ဆန္ဒပြပွဲကို ပညာရေးတက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချုပ် လည်း ပူးပေါင်းပါဝင်လာပြီး ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့ အစာငတ်ခံ ဆန္ဒပြခဲ့တယ်။

ပညာရေး လှုပ်ရှားတက်ကြွသူ ဆိုနမ် ရဲ့ အစာငတ်ခံဆန္ဒပြမှု ရက်ကြာလာတာနဲ့အမျှ ဆိုနမ်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာခဲ့ပြီး ဆေးရုံကို အတင်းအကြပ်ပို့ဆောင်ခဲ့ရတယ်။ ဆိုနမ်ကို ဆေးရုံတင်ပို့ပြီး နှစ်ရက်အကြာ ဇူလိုင်(၂၀)ရက်မှာ ထောင်သောင်းချီတဲ့ ပိုးဟပ်ဆန္ဒပြလူငယ်တွေဟာ အိန္ဒိယပါလီမန်ရှိရာကို စုဝေးချီတက်ရာက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး လူစုခွဲခံခဲ့ရတယ်။ ဆန္ဒပြလူငယ်တွေဟာ နောက်ဆုတ်မသွားဘဲ နောက်ရက်တွေမှာလည်း နယူးဒေလီ ဂျန်တာမန်တာ အရပ်မှာ စုဝေးဆန္ဒပြနေကြတယ်။ ခုချိန်ထိလည်း ဆန္ဒပြပွဲက ပြီးမသွားသေးဘဲ တပြည်လုံးက လူငယ်တွေပါ ပါဝင်လာကြတယ်။

ဒီဆန္ဒပြပွဲဟာ အိန္ဒိယမှာဖြစ်ဖူးတဲ့ လယ်သမားဆန္ဒပြပွဲတွေနဲ့ မတူဘူးလို့ ဆိုတယ်။ မူဝါဒရေးရာအကြောင်းပြုပြီး ပါတီတခု၊ တစုတဖွဲ့က ဆန္ဒပြတာမျိုးမဟုတ်ဘဲ အစိုးရရဲ့ ပညာရေးစနစ်ကိုင်တွယ်ပုံ၊ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်တယ်။ အိန္ဒိယပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြကြတာဖြစ်တယ်။ ဒါဟာအားလုံးနဲ့ သက်ဆိုင်ပြီး ဆန္ဒပြသူတွေထဲမှာ ကျောင်းသားမိဘတွေလည်း ပါဝင်တယ်။

ဇူလိုင်(၂၃)ရက်မှာတော့ ၂၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပညာရေးလှုပ်ရှားတက်ကြွသူ ဆိုနမ်က ဆန္ဒပြလူငယ်တွေကို အရေးယူမှာမဟုတ်ဘူးဆိုတဲ့ ကတိရရှိလို့ သူ့ရဲ့ အစာငတ်ခံဆန္ဒပြမှုကို ရုပ်သိမ်းလိုက်ပြီလို့ ကြေညာတယ်။

ပိုးဟပ်လူငယ်တွေရဲ့ ဆန္ဒပြပွဲဟာ ဒီဘက်နောက်ပိုင်း အိန္ဒိယဆန္ဒပြပွဲတွေထဲမှာ အကြီးမားဆုံးဖြစ်လို့ အစောပိုင်းတုန်းက ငြိမ်နေတဲ့ မိုဒီကိုယ်တိုင် အွန်လိုင်းကတဆင့် မိန့်ခွန်းပြောပြီး လူငယ်တွေကို နှစ်သိမ့်ရတော့တယ်။ မိုဒီကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုမက်ဆေ့မှာ ” စာမေးပွဲ မေးခွန်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေတရပ်ပြဌာန်းဖို့” လုပ်ဆောင်နေပြီလို့ ဆိုတယ်။ ဇူလိုင်(၂၄)ရက်မှာ ပိုးဟပ်ဆန္ဒပြခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရတယ်။

ခုချိန်အထိတော့ နယူးဒေလီမြို့လယ်မှာ ပိုးဟပ်လူငယ်တွေရဲ့ ဆန္ဒပြပွဲ မပြီးသေးပါဘူး။ သူတို့က ပညာရေးဝန်ကြီး ပရာဒန် မနှုတ်ထွက်မချင်း ဆက်ပြီး ဆန္ဒပြနေကြဦးမယ်လို့ ဆိုတယ်။ နယူးဒေလီမြို့က Jantar Mantar မှာ ဆန္ဒပြလူငယ်တွေရဲ့ တောင်းဆိုသံတွေနဲ့ ဆူညံနေတုန်းပါ။ တချို့က အိမ်မပြန်ဘဲ အဲဒီမှာ ညအိပ်ကြပြီး ပညာရေးဝန်ကြီးနှုတ်ထွက်ရေး၊ မိုဒီ က သူ့ကိုအရေးယူရေး ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်။

ပညာရေးဝန်ကြီး ပရာဒန် က ခုချိန်ထိ နှုတ်ထွက်ခြင်းမရှိသေးဘဲ အစောပိုင်းတုန်းကတော့ အတိုက်အခံ ကွန်ဂရက်ပါတီကို ” အရှက်မရှိ ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒပြပွဲ အမြတ်ထုတ်ဖို့ ကြိုးစားတယ်” ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့တယ်။

နယူးဒေလီမြို့လယ်မှာ ရဲတွေအမြောက်အများနဲ့ လုံခြုံရေးတင်းကြပ်ထားဆဲဖြစ်ပြီး နေရာအတော်များများမှာ မိုဘိုင်းအင်တာနက်ကွန်ယက်တွေကို ဖြတ်တောက်ထားတယ်တဲ့အပြင် မြေအောက်ဘူတာရုံ(၁၇)ရုံကိုလည်း ပိတ်ထားတယ်လို့ သိရတယ်။

အိန္ဒိယပိုးဟပ်လူငယ်တွေရဲ့ ဆန္ဒပြပွဲမှာ ၂၀၁၄ ခုနှစ်မှာ မိုဒီ အာဏာရလာပြီးနောက်ပိုင်း အကြီးမားဆုံးပဲလို့ ဆိုတယ်။

#CWM ref: BBCWorld/Google
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now