ဆောင်းပါး

ရှုံးနိမ့်မှုရဲ့ အခြားတဖက် …

မဲခေါင် 18 Jul - 2026
~ CWM ~ ပြင်သစ်နာက်ခံလူ လူးကပ်စ် ဒစ်နီ ရဲ့ အသားလွတ်ကန်ချက်ဟာ လမိုင်းယာမယ်ကို ဂိုးဧရိယာအတွင်း လဲကျသွားစေတယ်။ ယာမယ်လ်ရဲ့ လူးလိမ့်နေတဲ့ အနေအထားမှာ ဒိုင်လူကြီးက ပင်နယ်တီ spot ကို လက်ညှိုးထိုးလိုက်ပါပြီ။ ပင်နယ်တီ။ ရုပ်သံက ဖြစ်စဉ်ကို အကြိမ်ကြိမ်ပြန်ပြတယ်။ ဂိုးရှေ့ မြောက်တက်လာတဲ့ဘောလုံး၊ ဂိုးဧရိယာထဲ ဂမူးရှုးထိုး ဝင်လာတဲ့ ယာမယ်လ်။ နောက်ခံလူ ဒစ်နီ။ ဘောလုံးဟာ ယာမယ်လ်ရဲ့ ခေါင်းနဲ့ထိပြီး လျှံထွက်သွားတယ်။ လျှံထွက်သွားတဲ့ ဘောလုံးကို နောက်ခံလူ ဒစ်နီက ရှင်းထုတ်ဖို့ကြိုးစားလိုက်တဲ့ ကန်ချက်ဟာ ယာမယ်လ်ကို လဲကျသွားစေတယ်။ ဘောလုံးကိုမထိဘဲ အသားလွတ် လူကို ကန်လိုက်သလို ဖြစ်သွားတယ်။ ရည်ရွယ်ချက်မပါပေမယ့် ဂိုးဧရိယာထဲမှာဖြစ်လို့

~ CWM ~

ပြင်သစ်နာက်ခံလူ လူးကပ်စ် ဒစ်နီ ရဲ့ အသားလွတ်ကန်ချက်ဟာ လမိုင်းယာမယ်ကို ဂိုးဧရိယာအတွင်း လဲကျသွားစေတယ်။ ယာမယ်လ်ရဲ့ လူးလိမ့်နေတဲ့ အနေအထားမှာ ဒိုင်လူကြီးက ပင်နယ်တီ spot ကို လက်ညှိုးထိုးလိုက်ပါပြီ။ ပင်နယ်တီ။ ရုပ်သံက ဖြစ်စဉ်ကို အကြိမ်ကြိမ်ပြန်ပြတယ်။ ဂိုးရှေ့ မြောက်တက်လာတဲ့ဘောလုံး၊ ဂိုးဧရိယာထဲ ဂမူးရှုးထိုး ဝင်လာတဲ့ ယာမယ်လ်။ နောက်ခံလူ ဒစ်နီ။ ဘောလုံးဟာ ယာမယ်လ်ရဲ့ ခေါင်းနဲ့ထိပြီး လျှံထွက်သွားတယ်။ လျှံထွက်သွားတဲ့ ဘောလုံးကို နောက်ခံလူ ဒစ်နီက ရှင်းထုတ်ဖို့ကြိုးစားလိုက်တဲ့ ကန်ချက်ဟာ ယာမယ်လ်ကို လဲကျသွားစေတယ်။ ဘောလုံးကိုမထိဘဲ အသားလွတ် လူကို ကန်လိုက်သလို ဖြစ်သွားတယ်။ ရည်ရွယ်ချက်မပါပေမယ့် ဂိုးဧရိယာထဲမှာဖြစ်လို့ ပြင်သစ် ပင်နယ်တီ ပေးခံလိုက်ရတယ်။ ဒါကို အိုယာဇာဘဲလ်က ကန်သွင်းလို့ စပိန်က ဦးဆောင်ဂိုးရသွားတယ်။ ပြင်သစ်က တင်ကစားဖို့ လုပ်နေတုန်းမှာပဲ ရေသောက်ချိန် Hydration Break ဒိုင်အချက်ပေးတယ်။

ဒါ ဒီနှစ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပြင်သစ်နဲ့ စပိန် ပွဲစဉ်ရဲ့ မြင်ကွင်းတစိတ်တဒေသပါ။ ဒီဆီမီးဖိုင်နယ်မှာ ပြင်သစ် ရှုံးသွားပါတယ်။(၂-၀)နဲ့။ ပြိုင်ပွဲတလျှောက်လုံး ပြင်သစ်ကို တားဆီးလို့မရတဲ့အသင်းအဖြစ် အားလုံးကမျှော်လင့်နေချ်ိန်မှာ ပြင်သစ်ဟာ မြင်းကောင်းခွါလိပ် ဖြစ်ခဲ့ရတယ်။ ဒီပွဲစဉ်မှာ နှစ်သင်းစလုံး ခြေမကွာဘူး။ တိုက်စစ်နဲ့ တဦးချင်းမှာ ပြင်သစ်က ပိုကောင်းတယ်။ ဒါပေမယ့် ပြင်သစ် ရှုံးခဲ့ရတယ်။ မမျှော်လင့်ဘဲ ပင်နယ်တီ အပေးခံလိုက်ရတာဟာ ပြင်သစ်အတွက် ခက်ခဲသွားခဲ့တယ်။ စပိန်ဟာ အသင်းလိုက် စုဖွဲ့ပြီး ဘောလုံးကိုင်ကစားတတ်တဲ့အသင်းမို့ ပြင်သစ်တဦးချင်းဆီ ဘောလုံးမရောက်အောင် ထိန်းချုပ်သွားတယ်။

ပြင်သစ် ပေးလိုက်ရတဲ့ ပင်နယ်တီဟာ ဒီပွဲရဲ့ အရှိန်ကို ရိုက်ချိုးလိုက်တယ်။ ဒိုင်လူကြီးကတော့ သူ့အလုပ် သူလုပ်သွားတာပါ။

မျှော်လင့်ချက်တွေ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ဒါဟာ “အရှုံး” ပါ။ ပြင်သစ်ကို မျှော်လင့်ထားကြတယ်။ ပရိသတ်တွေ မျှော်လင့်တာထက် ကွင်းထဲက ကစားသမားတွေက ပိုမျှော်လင့်မှာပေါ့။ နောက်ဆုံးတော့ အရှုံးကို လက်ခံပြီး ကျောခိုင်းခဲ့ရတာပဲမဟုတ်လား။

သိကြပြီး ဖြစ်တဲ့အတိုင်း အင်္ဂလန်လည်း အာဂျင်တီးနားကို ရှုံးပြီး ထွက်သွားခဲ့ရပြီ။ အင်္ဂလန်-အာဂျင်တီးနားပွဲဟာ ဘီလျံနဲ့ချီတဲ့ ကမ္ဘာတဝန်းလုံးက ပရိသတ်တွေ မျှော်လင့်တကြီး စောင့်မျှော်အားပေးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ပါ။ အင်္ဂလန်ဟာ ဒီပွဲနိုင်ရင် နှစ်ပေါင်း(၆၀)အတွင်း ဗိုလ်လုပွဲကို ပြန်တက်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်မယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲအဆင့်ကနေ မကျော်လွားနိုင်သေးဘူး။ ဒီတကြိမ်တော့ ကျော်လွှားနိုင်မလား မျှော်လင့်ခဲ့ကြတယ်။ တဖက်က အသင်းက လက်ရှိချန်ပီယံ အာဂျင်တီးနား။ ကမ္ဘာကျော် မက်ဆီတို့အသင်း။ ဒီနှစ်သင်းရဲ့ ပွဲကို ဘောလုံးပရိသတ်တွေ မျှော်လင့် စောင့်စားခဲ့ကြတယ်။ အင်္ဂလန်ပရိသတ်။ အာဂျင်တီးနားပရိသတ်။

ပွဲရဲ့ အလှည့်အပြောင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂေါ်ဒွန် ဂိုး စ ရသွားတာက စခဲ့တယ်။ တကမ္ဘာလုံးက အင်္ဂလန်ပရိသတ်တွေ ခုန်ပေါက်မြူးထူးကြတယ်။ အင်္ဂလန်နိုင်ပြီ ဆိုတဲ့ မျှော်လင့်ချက်တွေ ပြည့်လာတယ်။ နည်းပြတူချယ်ဟာ ဒုတိယပိုင်း ၅၅ မိနစ်မှာ အနိုင်ရနေတဲ့အသင်းကို နည်းစနစ်အမှားနဲ့ အရှုံးဘက်ကို ဦးတည်တဲ့ လူစားလဲမှုတွေ ပြုလုပ်ခဲ့တယ်။ ခံစစ်ဇုန်ထဲ စုပြုံနေတဲ့ အင်္ဂလန်ကစားသမားတွေကို အာဂျင်တီးနားကစားသမားတွေ ဘယ်ညာက ဝိုင်းပတ်ထိုးဖောက်ဖို့ကြိုးစားခဲ့တယ်။ ပါရမီရှင် မက်ဆီ ကို ဦးတည်ပြီး အင်္ဂလန်အသင်းသားတွေ ဂိုးဧရိယာကို မပြတ်စောင့်ကြည့်နေတုန်းမှာပဲ မက်ဆီရဲ့ မထင်မှတ်တဲ့ ပေးပို့မှုကတဆင့် အင်ဇိုဖာနန်ဒက် ချေပဂိုးသွင်းသွားတယ်။ ၁၉၈၆ ခုနှစ်က အင်္ဂလန်နောက်တန်းကစားသမားတွေကို တယောက်ပြီးတယောက် လိမ်ခေါက် ဂိုးသွင်းသွားတဲ့ မာရာဒိုနာလိုပဲ မက်ဆီရဲ့ အလှုပ်အယိမ်းအောက်မှာ အင်္ဂလန်အသင်းသားတွေ ပျာယာခတ်ခဲ့ကြတယ်။ ညာတောင်ပံကနေ ဂိုးရှေ့ဖြတ်တင်မလို ဟန်ပြပြီး ဂိုးဧရိယာအပြင်ဘက်မှာ ထီးတည်းကြီး လွတ်နေတဲ့ အင်ဇို ဖာနန်ဒက်ဇ်ကို မက်ဆီက ဘောလုံး ခင်းပေးလိုက်တာပါ။ အင်္ဂလန်ကို အသည်းခွဲတဲ့ ၉၂ မိနစ် အနိုင်ဂိုးကျတော့ ဂိုးရှေ့ကို အတိအကျဖြတ်တင်ပေးတာကို လော်တာရို မာတီနက်ဇ် ခေါင်းတိုက်သွင်းလိုက်တာ ဂိုးသမား ပစ်ဖို့ဒ် ဘာမှ မတတ်နိုင်တော့ဘူး။ ဒါဟာ နည်းပြတူချယ်ရဲ့ အမှားတွေဖြစ်ပြီး တူချယ်ရဲ့အမှားကြောင့် အင်္ဂလန်အကြီးအကျယ်ပေးဆပ်လိုက်ရတယ်လို့ ပွဲအပြီး ဝိုင်းပြစ်တင်ဝေဖန်ကြတဲ့အထဲ နာမည်ကြီး မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီတောင် ပါသေးတယ်။

တကယ်တော့ အင်္ဂလန်ဟာ အာဂျင်တီးနားကို မနိုင်ခဲ့တာပါ။ တူချယ်က ရထားတဲ့ တစ်ဂိုးနဲ့ ပိတ်ကစားဖို့ ကြိုးစားခဲ့တာလည်း အမှန်ပဲဖြစ်တယ်။ ဒုတိယပိုင်း ၃၅ မိနစ်လောက်မှာ အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှု မရှိတော့သလောက် တဖက်သတ် ဖိကစားခံခဲ့ရတယ်။

အင်္ဂလန်ကို မျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ အင်္ဂလန်လည်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတယ်။ အင်္ဂလန်အနိုင်ဂိုးသွင်းချိန်မှာ အားတက်သရော အောင်ပွဲခံခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းလည်း မျက်ရည်ကျရတာပဲ။ ပရိသတ်တချို့က နည်းပြ တူချယ်ရဲ့အမှားကို မခံချိမခံသာ ပြစ်တင်နေကြသလို တချို့ကတော့ ပြိုကွဲသွားတဲ့အိပ်မက်အတွက် ခံစားနေကြတယ်။ ဒီအချိန်မှာ အိမ်ရှေ့မင်းသား ဝီလျံက အရှုံးကို မေ့လိုက်ပြီး ရှေ့ခရီးဆက်ရအောင်ပါလို့ အားပေးတိုက်တွန်းသလို အင်္ဂလန်ဘုရင်ကြီး ချားလ်စ်ကလည်း အင်္ဂလန်အတွက် စိတ်ပျက်ဝမ်းနည်းစရာ နေ့တနေ့လို့ပဲ သဘောထားလိုက်ပါဆိုပြီး ဖျောင်းဖျခဲ့တယ်။

မျှော်လင့်ချက်တွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ ” အရှုံး” ကို ရင်ဆိုင်ကြရပေမယ့် ရင့်ကျက်ကြသူတွေကတော့ နောက်ဆုံးမှာ “ခါးသီးတဲ့ ဒီအရှုံး”ကို မြိုသိပ်ဖြတ်ကျော်နိုင်စွမ်း ရှိကြတယ်။

ဒီကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်က ထွက်သွားရတဲ့ အီဂျစ်ရဲ့ အဖြစ်က ရင်နာစရာကောင်းလှတယ်။ အီဂျစ်နဲ့ အာဂျင်တီးနားတို့ ဆုံတွေ့ခဲ့ကြရာမှာ အီဂျစ်က အာဂျင်တီးနားကို ဦးဆောင်ဂိုး ၂ ဂိုးသွင်းထားပြီး အနိုင်ရနေရာက ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ်အဆုံးအဖြတ်တွေကြောင့် နောက်ဆုံးမှာ အာဂျင်တီးနားက (၃-၂)နဲ့ အနိုင်ရသွားတယ်။ တကယ်ဆို ဒီပွဲက အီဂျစ်နိုင်ရမယ့်ပွဲပါ။ အီဂျစ်ဟာ ပွဲအစမှာပဲ တန်ပြန်တိုက်စစ်ကတဆင့် ဦးဆောင်ဂိုး ရရှိသွားတယ်။ ဒီလို တစ်ဂိုးအသာနဲ့ ဦးဆောင်နေချိန်မှာပဲ နောက်ထပ်တဂိုးကို တန်ပြန်တိုက်စစ်ကတဆင့် တိုက်စစ်မှူး ဇီကို သွင်းသွားပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး အဲဒီဂိုးကို ပယ်ဖျက်လိုက်တယ်။ ဒီလို ပယ်ဖျက်လိုက်တဲ့အတွက် အီဂျစ်နည်းပြ ဟက်ဆန် ဒေါသပေါက်ကွဲခဲ့တယ်။ ဒါဟာ အီဂျစ်အသင်းအပေါ် တမင်သက်သက် မတရားမှုလုပ်တာပဲလို့ ဆိုတယ်။ ကံအားလျော်စွာ အီဂျစ်က နောက်ထပ် ဦးဆောင်ဂိုး ထပ်ရပြန်တယ်။ တကယ်တော့ ဒီပွဲဟာ အီဂျစ်အနိုင်ရမယ့် ပွဲလို့တောင် ဆိုနိုင်တယ်။ ဒါပေမယ့် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားက ချေပဂိုး နဲ့ အနိုင်ဂိုးသွင်းပြီး ကွာတားဖိုင်နယ် တက်သွားတယ်။ ဒီပွဲမှာပဲ အီဂျစ်ဘက်က ရသင့်တဲ့ ပင်နယ်တီကို ဒိုင်လူကြီးက မပေးတဲ့အတွက် အီဂျစ်နည်းပြနဲ့အဖွဲ့ အကြီးအကျယ် ဒေါသပေါက်ကွဲပြီး တာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ကြတယ်။ နောက်ပိုင်း အီဂျစ်နည်းပြ ဟက်ဆန်က ဖီဖာဟာ ရည်ရွယ်ချက်ရှိရှိ အာဂျင်တီးနားကို အနိုင်ရအောင် လုပ်ပေးသွားတယ်။ အီဂျစ်ကို လိမ်ညာလှည့်ဖျားပြီး အာဂျင်တီးနားကို ဈေးကွက်သဘောအရ ကွာတားဖိုင်နယ်ကို ခေါ်သွားတယ်လို့ စွပ်စွဲခဲ့တယ်။ ဖီဖာရဲ့ မတရားတဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ အီဂျစ်နည်းပြဟာ နောက်ပိုင်းပွဲတွေကို မကြည့်တော့ဘူးလို့ ဆိုတယ်။

အီဂျစ်တနိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေဟာ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ အတူ ရေစုန်မျောသွားခဲ့သည်။ ခါးသီးလှတဲ့ အရှုံးကို လက်မခံချင်ပေမယ့်လည်း လက်ခံလိုက်ရတယ်။

ဘောလုံးပွဲတွေမှာ ဒိုင်အဆုံးအဖြတ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ရပ်တွေ အများကြီး ရှိခဲ့၊ ရှိနေဆဲ ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ကံဆိုးတဲ့အသင်းတသင်းဟာ အရှုံးကို လက်မခံချင်လည်း ကြိတ်မှိတ်ပြီး လက်ခံလိုက်ကြရတယ်။

ဘောလုံးပွဲတွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ ဆိုပေမယ့် နိုင်ငံချင်းကစားကြတာဖြစ်လို့ မျိုးချစ်စိတ်အခြေခံပြီး တဖက်နဲ့တဖက် အငြှိုးအတေးနဲ့ ယှဉ်ပြိုင်ကြတာလည်း ရှိတယ်။ အခု အာဂျင်တီးနားနဲ့ အင်္ဂလန်ပွဲမှာဆို အာဂျင်တီးနားက အနိုင်ရသွားတော့ အသင်းသားတချို့က “ဖောက်ကလန်ကျွန်းဟာ အာဂျင်တီးနား” ဆိုပြီး ၁၉၈၂ ခုနှစ်က နှစ်နိုင်ငံ စစ်ဖြစ်ခဲ့တဲ့ သမိုင်းအနာကို ပြန်ဆွပြီး အောင်ပွဲခံကြတယ်။

ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးတွေရဲ့ အငြင်းပွားဖွယ်အဆုံးအဖြတ်ကြောင့် ရုတ်ရုတ်သည်းသည်းဖြစ်ပြီး ကစားသမားတွေ အနီကတ်ပြခံရသလို ကွင်းဘေးက နည်းပြလည်း အနီကတ်ပြထုတ်ပယ်ခံရတဲ့ဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်။

ဒီအထဲမှာ ထူးထူးခြားခြား မှတ်မှတ်ရရ ကတော့ မြန်မာကစားသမား လေးဦးအထိ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၀၅ စင်ကာပူ တိုက်ဂါးဖလား ဆီမီးဖိုင်နယ်ပွဲပဲ ဖြစ်တယ်။ စင်ကာပူမှာကစားတဲ့ ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းဟာ စင်ကာပူကို (၀-၂)နဲ့ ဦးဆောင်နေခဲ့ရာက ကွင်းတွင်း ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်အပေါ် စိတ်မထိန်းနိုင်ဘဲ ဒေါသပေါက်ကွဲခဲ့ကြရာက ရန်ပိုင်၊ ဇော်လင်းထွန်း၊ မိုးကျော်သူ နဲ့ အရန်ဂိုးသမား ထွန်းထွန်းလင်းတို့ ထုတ်ပယ်ခံရပြီး (၄-၂) နဲ့ ရှုံးနိမ့်သွားခဲ့တယ်။ အမှန်တော့ ဒီပွဲမှာ ဂျပန်ဒိုင်လူကြီး တိုရူကာမီကာဝါ က (၇၁)မိနစ်မှာ ရန်ပိုင်ကို ဒုတိယအဝါနဲ့ အနီကတ်ပြထုတ်ပယ်ခဲ့တယ်။ မြန်မာက (၂-၁)နဲ့ ဦးဆောင်နေချိန် ၈၉ မိနစ်မှာ မြန်မာဂိုးဧရိယာအတွင်း စင်ကာပူကစားသမားတဦး လဲကျသွားတာကို အကြောင်းပြုပြီး ဒိုင်က ပင်နယ်တီပေးခဲ့တယ်။ ဒါကို မြန်မာကစားသမားတွေက မကျေမနပ်ဖြစ်ပြီး ဒိုင်လူကြီးအနီးကို ရန်ပြုမယ့်ပုံစံနဲ့ ဝိုင်းအုံစောဒကတက်ကြပြီး စင်ကာပူကစားသမားတွေနဲ့ပါ တွန်းထိုးရန်ဖြစ်ကြလို့ ဇော်လင်းထွန်း အနီကတ်နဲ့ ထုတ်ပယ်ခံရတယ်။မြန်မာနဲ့ စင်ကာပူ တဖက်နှစ်ဂိုးစီ(၂-၂) ဖြစ်သွားလို့ အချိန်ပို ဆက်ကကစားကြရာမှာ စင်ကာပူက ၉၅မိနစ်မှာ တတိယဂိုးထပ်သွင်းခဲ့တယ်။ မူလ နိုင်နေရာကနေ သရေကျသွားပြီး အခု အရှုံးဖြစ်သွားတဲ့အခါ အရှုံးကို ရုတ်တရက် လက်ခံဖို့ မလွယ်ကူခဲ့ဘူး။ ဒီဂိုးဟာ လူကျွံ(Offside) နေတယ်ဆိုပြီး မြန်မာကစားသမားတွေ စေဒကတက်တဲ့အခါ ဒိုင်နဲ့ အချင်းများကြပြန်တယ်။ ဒီအချိန်မှာ နောက်ခံလူ မိုးကျော်သူက ကွင်းထဲက ရွှံ့တွေကို ခြေထောက်နဲ့ကန်ပြီး ဒိုင်လူကြီးကို တုန့်ပြန်ရာက တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရပြန်တယ်။ ဒီအချိန်မှာပဲ အရန်ဂိုးသမား ထွန်းထွန်းလင်းက ကွင်းထဲက စင်ကာပူကစားသမားကို ရေသန့်ဗူးနဲ့ ပစ်ပေါက်လို့ ထပ်ပြီး အနီကတ်ပြထုတ်ပယ်ခံရပြန်တယ်။

စင်ကာပူက (၄-၂) နဲ့ မြန်မာကို အနိုင်ရသွားပြီး မိနစ် ၁၂၀ ပွဲပြီးချိန်မှာ မြန်မာကစားသမားတွေရော၊ အသင်းတာဝန်ရှိသူတချို့ပါ ဂျပန်ဒိုင်လူကြီး ကာမီကာဝါကို ရန်မူဖို့ ကွင်းထဲ ပြေးဝင်လာကြတဲ့အတွက် ဒိုင်လူကြီးကို စင်ကာပူရဲ(Riot police)က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားခဲ့ရတယ်။

ဒီအဖြစ်အပျက်ဟာ မြန်မာဘောလုံးသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ဆုံးဖြစ်ရပ်တခုအနေနဲ့ မှတ်တမ်းကျန်ရစ်ခဲ့တယ်။

မြန်မာတွေရဲ့ “အရှုံး”ကို လက်ခံနိုင်စွမ်း မရှိမှုဟာ ပြင်းထန်လွန်းလှတယ်။ မြန်မာကစားသမားတွေရဲ့ ကွင်းတွင်း စိတ်ထိန်းချုပ်နိုင်စွမ်း အားနည်းမှုကြောင့် ပြိုင်ပွဲမှာ မကြာခဏ အနီကတ်ပြထုတ်ပယ်ခံရမှုတွေ၊ အချင်းများ ရန်ဖြစ် ထိုးကြိတ်မှုတွေကို မြင်ကြရတယ်။ ၂၀၁၃ ဆီးဂိမ်းစ်ကို မြန်မာက အိမ်ရှင်အဖြစ် ကျင်းပတော့လည်း ဘောလုံးပြိုင်ပွဲမှာ အုပ်စုအဆင့်မှာတင် အင်ဒိုနီးရှားကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတော့ စိတ်ခံစားမှု ပြင်းထန်ပြီး ဒေါသမထိန်းနိုင်တဲ့ ပရိသတ်တချို့ဟာ ဆိုင်းဘုတ်ပိုစတာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။

“အနိုင်” ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲတွေမှာ “အရှုံး” တွေနဲ့ ရင်ဆိုင်ရတာဟာ မဆန်းပါဘူး။ “အရှုံး” တခုကို လက်ခံဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ခံနိုင်ရည်ရှိမှု၊ ရင့်ကျက်မှု၊ သည်းခံနိုင်စွမ်းတွေ လိုအပ်ပါတယ်။ ခု ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အငြင်းပွားစရာဖြစ်ရပ်တွေ တခုမဟုတ် တခု ရှိနေတာပါပဲ။ တကယ် ရသင့်၊ ရထိုက်တဲ့ အနိုင်ဂိုးတဂိုးဟာ VAR အဆုံးအဖြတ်ကြောင့် ခြေဖနောက်အစွန်းလေး ကျွံထွက်နေတာကြောင့် ဂိုးမရခဲ့တာရှိသလို အီဂျစ်ဒိုင်လူကြီးပြောသလို တဖက်အသင်းကို မျက်နှာသာပေးပြီး တမင်ညစ်တဲ့ စိတ်အခံနဲ့ ဒိုင်လူကြီးတွေလည်း ရှိတာပဲ။ ဒါပေမယ့်လည်း နောက်ဆုံးမှာ “အရှုံး” ကို ခါးသည်းစွာနဲ့ လက်ခံလိုက်ကြတာပဲ မဟုတ်လား။ ကြာလာတော့လည်း ဒီ ဒဏ်ရာက ကျက်သွားခဲ့တာပဲလေ။

“အရှုံး” ဆိုတဲ့ ဒဏ်ရာကို ရင်မှာ ပိုက်ထားသရွေ့တော့ ဒီ ဒဏ်ရာက သက်သာဖို့ရာလမ်း မရှိနိုင်ပါဘူး..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Xi’s Purge Enters New Phase as CCP Braces for Mass Central Committee Expulsions

~ Linn Maung ~ China’s ruling Communist Party is preparing for one
ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင် ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးသတင်းစကားများကို ပညာရေး၏ နေ့စဉ်လုပ်ငန်းစဉ်များအတွင်း မည်သို့ထည့်သွင်းလာသည်ဆိုသည့်အပေါ် စိုးရိမ်မှုများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now