ဆောင်းပါး

ကိုဆိုဗိုမှာ စစ်မဖြစ်တော့ပါ..

မဲခေါင် 25 Jun - 2026
~ CWM ~ ကမ္ဘာ့ဖလားပြိုင်ပွဲတခုရဲ့ လာရာလမ်းကြောင်းဟာ အင်မတန်ရှည်လျားလှတယ်။ လေးနှစ်တာအတွင်း ကမ္ဘာအနှံ့အပြားက နိုင်ငံပေါင်း ကြီးငယ်များစွာ ခြေစစ်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ကစားပြီးမှ နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ကြတာပါ။ ဒီခရီးလမ်းဟာ အင်မတန်ခက်အခဲပြီး နောက်ဆုံးအဆင့် စာမေးပွဲအောင်ဖို့ နိုင်ငံတိုင်းက ကြိုးစားခဲ့ကြတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေဟာ နိုင်ငံအချင်းချင်း ပြိုင်ကြရတဲ့ဘောလုံးပွဲတွေ ဖြစ်တာမို့ ဒီအောင်မြင်မှုဟာ နိုင်ငံတနိုင်ငံရဲ့အောင်ပွဲ၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ နိုင်ငံက ဘယ်လောက်ပဲ လူဦးရေများများ၊ ဘယ်လောက်ပဲ စီးပွားရေးအင်အား ကောင်းကောင်း၊ ဘယ်လောက်ပဲ စစ်ရေးအင်အားတောင့်တောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာပေမယ့် ဘောလုံးမှာတော့ အောင်မြင်မှု

~ CWM ~

ကမ္ဘာ့ဖလားပြိုင်ပွဲတခုရဲ့ လာရာလမ်းကြောင်းဟာ အင်မတန်ရှည်လျားလှတယ်။ လေးနှစ်တာအတွင်း ကမ္ဘာအနှံ့အပြားက နိုင်ငံပေါင်း ကြီးငယ်များစွာ ခြေစစ်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ကစားပြီးမှ နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ကြတာပါ။ ဒီခရီးလမ်းဟာ အင်မတန်ခက်အခဲပြီး နောက်ဆုံးအဆင့် စာမေးပွဲအောင်ဖို့ နိုင်ငံတိုင်းက ကြိုးစားခဲ့ကြတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေဟာ နိုင်ငံအချင်းချင်း ပြိုင်ကြရတဲ့ဘောလုံးပွဲတွေ ဖြစ်တာမို့ ဒီအောင်မြင်မှုဟာ နိုင်ငံတနိုင်ငံရဲ့အောင်ပွဲ၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။

နိုင်ငံက ဘယ်လောက်ပဲ လူဦးရေများများ၊ ဘယ်လောက်ပဲ စီးပွားရေးအင်အား ကောင်းကောင်း၊ ဘယ်လောက်ပဲ စစ်ရေးအင်အားတောင့်တောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာပေမယ့် ဘောလုံးမှာတော့ အောင်မြင်မှု မရရှိသေးဘူး။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာမှာ လူဦးရေအများဆုံးနဲ့ စီးပွားရေးအင်အားကြီးထွားလာတဲ့ တရုတ်ပြည်က ဝင်ပြိုင်ခွင့် မရခဲ့ပါဘူး။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိရေးဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ အိပ်မက်တခုဖြစ်ပေမယ့် ဒီအိပ်မက်က ခုထိ အကောင်အထည် မပေါ်သေးပါဘူး။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲမှာ တရုတ်ဟာ အရေးနိမ့်ခဲ့တယ်။ ခြေစစ်ပွဲစဉ်တပွဲကို ဂျပန်နိုင်ငံမှာ ကစားခဲ့ရာမှာ တရုတ်က ဂျပန်ကို (၇-၀)နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်။ ဒါဟာ သမိုင်းကြောင်းအရ ရာဇဝင်ကြွေးတွေ ရှိခဲ့လို့ အနိုင်ယူဖို့ ကြိုးစားပေမယ့် ဂျပန်ဆာမူရိုင်းတွေကို တရုတ်က အနိုင်မရဘဲ ရှက်ဖွယ်လိလိ ရှုံးနိမ့်ခဲ့တယ်။

ပြောချင်တာက ကမ္ဘာ့ဖလားပြိုင်ပွဲခုရဲ့ ခရီးလမ်းက ရှည်ကြာပြီး အောင်မြင်ဖို့ ခက်ခဲတယ် ဆိုတာပါ။ လေးနှစ်တာအတွင်း နိုင်ငံကြီးငယ်ပေါင်းစုံ ခြေစစ်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ကစားကြပြီးမှ နောက်ဆုံးအဆင့်ကို ရောက်လာကြတာပါ။

ထူးထူးခြားခြားပဲ ပြီးခဲ့တဲ့ မတ်လက ကမ္ဘာ့ဖလားဥရောပဇုန် ခြေစစ်ပွဲ နောက်ဆုံးအဆင့် အဆုံးအဖြတ်ပွဲစဉ်တပွဲကို မမျှော်လင့်ပဲ ကြည့်ဖြစ်ခဲ့တယ်။ ဒီပွဲဟာ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းက ခွဲထွက်လာတဲ့ “ကိုဆိုဗို” မှာ ကစားတဲ့ ပွဲစဉ်တခုပါ။ တူရကီနဲ့ ကစားတဲ့ ဒီပွဲစဉ်ကို ကိုဆိုဗို Vokrri Stadium မှာ ကျင်းပတာပါ။ မမျှော်လင့်ဘဲ ကြည့်ဖြစ်လိုက်တဲ့ ဒီပွဲဟာ ကိုဆိုဗိုမှာ ကစားနေတာ၊ ကိုဆိုဗိုပရိသတ်တွေ ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း အားပေးနေတာ မြင်ရတော့ “ကိုဆိုဗို” ဆိုတာ တချိန်တုန်းက စစ်မီးတောက်တွေ တောက်လောင်နေတဲ့ အရပ်တခုပါလားလို့ တွေးမိလိုက်တယ်။ ကိုဆိုဗို အယ်လ်ဘေးနီးယားလူမျိုးတွေနဲ့ ဆားဗီးယား ဆာ့ဗ်လူမျိုးတွေကြား လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ တဖက်နဲ့တဖက် အမုန်းတရားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ နေတိုးအဖွဲ့ရဲ့အကူအညီနဲ့ လေကြောင်းက ဗုံးကြဲတိုက်မှုကြောင့် နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့တယ်။

ခုတော့လည်း ကိုဆိုဗိုဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံငယ်တခုအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် ဝင်ပြိုင်နေပြီဖြစ်တယ်။ ကံအားလျော်စွာ ဥရောပဇုန် Play-off ကစားရာမှာ ကိုဆိုဗိုဟာ တူရကီ ကို ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့လို့ ခု အမေရိကကမ္ဘာ့ဖလား နောက်ဆုံးဆင့်ကို မရောက်ခဲ့ရဘူး။

ကိုဆိုဗိုမှာ တူရကီနဲ့ နောက်ဆုံးခြေစစ်ပွဲကစားစဉ်က မြင်တွေ့ခဲ့ရတဲ့ ဗော့ကရီ ဘောလုံးကွင်း(Vokrri Stadium) ထဲက ပျော်ရွှင်နေတဲ့ ပွဲကြည့်ပရိသတ်တွေကို မြင်ရတဲ့အခါ ကိုဆိုဗိုမှာ စစ်ပွဲတွေ မရှိတော့ပါလား ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာတယ်။ စစ်ပွဲတွေမရှိတော့တဲ့အခါ လူတွေ ပျော်ကြတယ်။ လွတ်လပ်မှုကို တွေ့ရတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကဆို ဒီလို ဘောလုံးပွဲကြည့်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဝံ့တဲ့ အခြေအနေမျိုးပါ။ အဲဒီနေ့က ကိုဆိုဗိုညဟာ အေးချမ်းပျော်ရွှင်စရာ ဖြစ်နေခဲ့တယ်။

ကိုဆိုဗိုက ခြေစစ်ပွဲ မအောင်ခဲ့ပေမယ့် ယူဂိုဆလားဗီးယားက ခွဲထွက်ခဲ့ပြီး ကိုဆိုဗို လိုပဲ စစ်တလင်းဖြစ်ခဲ့ရတဲ့ “ဘော့စနီးယား ဟာဇီဂိုဗီးနား” ကတော့ ဒီနှစ် အမေရိကန်ကမ္ဘာ့ဖလားကို ခြေစစ်ပွဲအောင်လာခဲ့တယ်။ ဘော့စနီးယား ဟာဇီဂိုဗီနားလို့ ပြောလိုက်ရင် လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဘော့စနီးယားစစ်ပွဲကို အားလုံးအမှတ်ရကြမှာပါ။ ကွန်မြူနစ်စနစ်ကျဆုံးခြင်းနဲ့ အရှေ့ဥရောပမှာ ယူဂိုဆလားဗီးယားပြိုကွဲတဲ့အခါ ပထမဆုံး ခွဲထွက်သွားတာက ခရိုအေးရှား နဲ့ ဆလိုဗေးနီးယား ပါ။ ဘော့စနီးယား ဟာဇီဂိုဗီးနားက ၁၉၉၂ မတ်လမှာ လွတ်လပ်ရေး ကြေညာတယ်။ ဒါပေမယ့် မွတ်ဆလင်တွေ ခရစ်ယာန်တွေ ရောပြွမ်းနေတဲ့ လူမျိုးအုပ်စုတွေကြား မတူညီတဲ့အုပ်စုတွေအချင်းချင်း အပြန်အလှန်တိုက်ခိုက်ခဲ့ကြလို့ ဘော့စနီးယားမှာ အကြီးအကျယ် သွေးချောင်းစီးစစ်ပွဲ ဖြစ်ပွားခဲ့တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့လို့ စစ်ပွဲအတွင်း လူပေါင်း ၁၀၀၀၀၀ ကျော် သေဆုံးပြီး ၂.၂သန်းကျော် နေရပ်စွန့်ခါထွက်ပြေးခဲ့ရတယ်။ ဘော့စနီးယားစစ်ပွဲမှာ အထင်ရှားဆုံးဖြစ်ရပ်တခုက ဆရီဘရီနီကာ လူမျိုးတုန်းသတ်ဖြတ်မှု (The Srebrenica Genocide) ပဲဖြစ်တယ်။ အဲဒီမှာ ဘော့နီးယားမွတ်ဆလင် အမျိုးသားနဲ့ ကလေးသူငယ်ပေါင်း (၈၀၀၀) သုတ်သင် သတ်ဖြတ်ခံခဲ့ရတယ်။ ဘော့စနီးယားစစ်ပွဲဟာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှာ ဒေတွန်သဘောတူစာချုပ်နဲ့ ပြီးဆုံးသွားခဲ့တယ်။

ခုတော့ ဘော့စနီးယားက ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု(ခ)မှာ ကနေဒါ၊ ကာတာ၊ ဆွစ်ဇာလန်တိုနဲ့ တအုပ်စုတည်းကျပြီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်နေပြီဖြစ်တယ်။ ဘော့စနီးယားဟာ အဖွင့်ပွဲမှာ အိမ်ရှင်ကနေဒါနဲ့(၁-၁)သရေကစားထားပြီး ဆွစ်ဇာလန်ကိုတော့(၄-၁)နဲ့ ရှုံးထားတယ်။ တချိန်က စစ်မီးတောက်ကြားက နိုင်ငံငယ်တခုဟာ ခုတော့ ကမ္ဘာ့ဖလားဇာတ်ခုံပေါ်မှာ ယှဉ်ပြိုင်ကစားနေပြီဖြစ်တယ်။ တချိန်က စစ်မီးတောက်လောင်ပြီး ဆားဗီးယားတွေရဲ့ အဝိုင်းခံခဲ့ရတဲ့ ဆာယာယေဗိုမြို့မှာလည်း ဥရောပဇုန်ဘောလုံးပွဲတွေ ယှဉ်ပြိုင်ကစားနေခဲ့ပြီ။

အံ့အားသင့်စွာပဲ ယူဂိုဆလားဗီးယား ပြိုကွဲသွားတဲ့အခါ သီးခြားလွတ်လပ်တဲ့နိုင်ငံ (၇)ခု ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေက ဘော့စနီးယား ဟာဇီဂိုဗီးနား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ မြောက် မက်ဆီဒိုနီးယား၊ ဆားဘိီးယား၊ ဆလိုဗေးနီးယား၊ ကိုဆိုဗို တို့ပဲ ဖြစ်တယ်။ ဒီနိုင်ငံတွေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့တယ်။ ဒီအထဲမှာ အအောင်မြင်ဆုံးအသင်းတသင်းက ခရိုအေးရှားဖြစ်ပြီး ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ တတိယ ရရှိခဲ့တယ်။ ခရိုအေးရှားအသင်းက ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဥရောပဇုန်ခြေစစ်ပွဲက တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်တယ်။

ထူးခြားတာက ဘော့စနီးယား ဟာဇီဂိုဗီးနား ပါ။ ဘော့စနီးယားအသင်းဟာ ဥရောပဇုန်ခြေစစ်ပွဲကို အဆုံးအဖြတ်ပွဲစဉ် (play off)မှာ ဥရောပထိပ်သီးနာမည်ကြီး အီတလီအသင်းကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ကို တက်ရောက်လာခဲ့တာပါ။ ယူဂိုဆလားဗီးယားက ခွဲထွက်လာတဲ့ နိုင်ငံငယ်တွေအားလုံး ဘောလုံးမှာ ခြေစွာကြတဲ့အသင်းတွေ ဖြစ်တယ်။

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူတွေ သိပ်မသိကြတဲ့ နိုင်ငံငယ်နှစ်ခု ပါဝင်လာတယ်။ တော်တော်လေး အံ့ဩစရာလည်း ကောင်းတယ်။ တခုက “ကိုဗာ ဗာဒီ” လို့လည်း ခေါ်တဲ့ ကိတ်ဗာဒီ ဖြစ်ပြီး နောက်တခုက ကာရစ်ဘီယန်ပင်လယ်ထဲက လူဦးရေ တစ်သိန်းခွဲသာရှိတဲ့ “ကူရာဆော” အသင်းပဲဖြစ်တယ်။ နှစ်သင်းစလုံး ရလဒ်တွေ ကောင်းနေတယ်လို့ ဆိုရမယ်။ ကူရာဆောအသင်းက အီကွေဒေါကို သရေကစားထားသလို ကိတ်ဗာဒီအသင်းက ကမ္ဘာ့ချန်ပီယံ စပိန်နဲ့ ဥရုဂွေးကို နှစ်ပွဲစလုံး သရေကစားပြီး နှစ်မှတ်ရထားတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကမ္ဘာ့နိုင်ငံတွေအားလုံး ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကြီးတခုဖြစ်တယ်။ ဖီဖာ(FIFA)လို့ ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လက်အောက်မှာ အသင်းဝင်နိုင်ငံပေါင်း (၂၁၁)နိုင်ငံ ရှိပြီး ကုလသမဂ္ဂ လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံတကာအဖွဲ့အစည်းလက်အောက်မှာ အသိအမှတ်ပြုအဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၃) နိုင်ငံသာရှိလို့ (ဖီဖာ)ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံအရေအတွက်က ကုလသမဂ္ဂထက် အဖွဲ့ဝင်အရေအတွက် (၁၈)နိုင်ငံ ပိုများတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကမ္ဘာ့ဒေသအသီးသီးက နိုင်ငံပေါင်းစုံအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကြီးတခုပါ။ လူဦးရေ တစ်ဘီလျံကျော်ပြီး ကြီးမားကျယ်ဝန်းတဲ့ တရုတ်၊ အိန္ဒိယလို နိုင်ငံတွေ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ကမ္ဘာက သိပ်မသိတဲ့ ကာရစ်ဘီယန်ပင်လယ်ထဲက “ကူရာဆော” ကျွန်းနိုင်ငံနဲ့ အနောက်အာဖရိက အတ္တလန်တိတ်သမုဒ္ဒရာထဲက ” ကိတ်ဗာဒီ” တို့က ဒီပြိုင်ပွဲမှာ ဝင်ပြိုင်နေကြတယ်။ ခက်ခဲတဲ့ခရီးလမ်းတခုကို ခရီးဆုံးထိရောက်အောင် သူတို့ ချီတက်နိုင်ခဲ့ကြတယ်။

အမေရိကန်နိုင်ငံ၊ အတ္တလန္တာစီးတီးက မာစီဒီး-ဘင့်ဇ် ကွင်းကြီးထဲမှာ လက်ရှိချန်ပီယံ စပိန် နဲ့ ကူရာဆော အသင်းတို့ ကစားကြတော့ ပွဲကြည့်စင် သုံးထပ်စလုံးမှာ ပရိသတ်အပြည့် အားပေးနေကြတာ တွေ့ရတယ်။ ကမ္ဘာ့ဖလားက နိုင်ငံ၊ လူမျိုး၊ အသားအရောင်မခွဲ လူတိုင်းကို လွတ်လပ်စွာ ပျော်ရွှင်စေတယ်။ ဘော်စတွန်၊ ဒါးလက်စ်၊ ဟူစတန်၊ ကင်းဆက်စ် နဲ့ လော့အိန်ဂျယ်လိစ်ကွင်းတွေအားလုံးက နိုင်ငံစုံပရိသတ်တွေရဲ့အသံကို တီဗီထဲက ကြားနေရတယ်။ ပျော်ရွှင်မှုဟာ ကူးစက်လာတယ်။ ကမ္ဘာကြီးရဲ့နေရာတချို့မှာ စစ်မီးတွေ တောက်လောင်နေကြဆဲပါ။ နေအိမ်အဆောက်အဦးတွေ မီးလောင်ပျက်စီး၊ အပြစ်မဲ့ အရပ်သားတွေ သေဆုံးနေကြတုန်းပါ။ ယူကရိန်းမှာ၊ ရုရှားမှာ၊ အီရန်မှာ၊ လက်ဘနွန်မှာ၊ တခြားသော လူမသိသူမသိအရပ်တွေမှာ စစ်ဘေးဒဏ်ကြောင့် မပျော်ရွှင်နိုင်သူတွေ များစွာ ရှိနေကြဆဲပါ။

သေချာတာတခုကတော့ “ကိုဆိုဗို” မှာ အခု စစ်မဖြစ်တော့တာပါ..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now