ဆောင်းပါး

ထရမ့်-ရှီ ထိပ်သီးဆွေးနွေးပွဲ ဘယ်သူ ရှုံးသလဲ.. ဘယ်သူ မြတ်သလဲ

မဲခေါင် 18 May - 2026
~ CWM ~ တရုတ်က ဘိုးအင်းလေယာဉ် အစီး ၂၀၀ အမေရိကန်ဆီက ဝယ်မယ်။ ရေနံ နဲ့ ပဲပိစပ်လည်း ဝယ်မယ်။ “ရလဒ်က တော်တော်ကောင်းပါတယ်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိတဲ့ အင်မတန်လှပတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရခဲ့တယ်” မေလ(၁၅)ရက်မှာ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ခရီးစဉ် အပြီးသတ်ပါတယ်။ မပြန်ခင် မနက်ပိုင်းက ဘေဂျင်းမြို့လယ် Forbidden City အနီးက တရုတ်ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျုံနန်ဟိုင် ဥယျဉ်မှာ ထရမ့် နဲ့ ရှီ နောက်ဆုံးတွေ့ကြပြီးတဲ့နောက် ထရမ့်က ပြောလိုက်တာပါ။ “တခြားသူတွေ ဖြေရှင်းဖို့ မလွယ်တဲ့ ပြဿနာအများအပြားကို ကျနော်တို့ချင်း သဘောတူမှု ရယူနိုင်ခဲ့တယ်” ကုန်သွယ်ရေးသဘောတူညီချက် ရခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထရမ့်က

~ CWM ~

တရုတ်က ဘိုးအင်းလေယာဉ် အစီး ၂၀၀ အမေရိကန်ဆီက ဝယ်မယ်။ ရေနံ နဲ့ ပဲပိစပ်လည်း ဝယ်မယ်။

“ရလဒ်က တော်တော်ကောင်းပါတယ်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိတဲ့ အင်မတန်လှပတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရခဲ့တယ်”

မေလ(၁၅)ရက်မှာ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ခရီးစဉ် အပြီးသတ်ပါတယ်။ မပြန်ခင် မနက်ပိုင်းက ဘေဂျင်းမြို့လယ် Forbidden City အနီးက တရုတ်ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျုံနန်ဟိုင် ဥယျဉ်မှာ ထရမ့် နဲ့ ရှီ နောက်ဆုံးတွေ့ကြပြီးတဲ့နောက် ထရမ့်က ပြောလိုက်တာပါ။

“တခြားသူတွေ ဖြေရှင်းဖို့ မလွယ်တဲ့ ပြဿနာအများအပြားကို ကျနော်တို့ချင်း သဘောတူမှု ရယူနိုင်ခဲ့တယ်”

ကုန်သွယ်ရေးသဘောတူညီချက် ရခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထရမ့်က ပြောမသွားပါဘူး။ နှစ်နိုင်ငံကြားမှာ အီရန်ကိစ္စ၊ ထိုင်ဝမ်ကိစ္စတို့မှာ သဘောထားကွဲပြားမှုတွေ ရှိနေပေမယ့် အီရန်ကို တရုတ်က စစ်လက်နက် မထောက်ပံ့ပါဘူးဆိုတဲ့ အာမခံချက်ကိုတော့ ရရှိခဲ့တယ်လို့ ထရမ့်က ဆိုတယ်။

“သူက ဟော်မုဇ်ရေလက်ကြား ဖွင့်တာကို မြင်ချင်ပုံရတယ်။ ကူညီလို့ ရနိုင်မယ်ဆိုရင်လည်း ကူညီချင်ချင်တယ်” လို့ ပြောတယ်။

ရှီက ထရမ့်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ “သမိုင်းဝင်ခရီးစဉ်” လို့ တင်စားပြီး အပြန်အလှန်ဆက်ဆံရေးသစ်ဟာ “အပြုသဘောဆောင် မဟာဗျူဟာ တည်ငြိမ်မှု” ( constructive strategic stability) လို့ ဆိုတယ်။ အိမ်ဖြူတော်နှင်းဆီဥယျာဉ်အတွက် မျိုးစေ့တွေ ပို့ပေးလိုက်မယ်လို့လည်း ပြောခဲ့တယ်။

ကျုံနန်ဟိုင် ဧည့်ဂေဟာမှာ ထရမ့် နဲ့ ရှီ တွေ့ကြပြီးတဲ့နောက် ထရမ့်ဟာ အဲယားဖို့စ် ဝမ်း လေယာဉ်နဲ့ ဘေဂျင်းလေဆိပ်က ပြန်ထွက်ပါတယ်။ လေယာဉ်ကွင်းမှာ ထရမ့်ကို ကျောင်းသူလေးတွေက တန်းစီနှုတ်ဆက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက လိုက်ပို့တယ်။

သံခင်းတမန်ခင်းအရ အသေအချာပြင်ဆင်ထားတဲ့ ထရမ့် နဲ့ ရှီတို့ရဲ့ နှစ်ရက်ကြာ ထိပ်သီးတွေ့ဆုံမှုဟာ လှလှပပနဲ့ ပြီးဆုံးသွားတယ်လို့ ဆိုနိုင်တယ်။

ထရမ့်က ရှီကို ခေါင်းဆောင်ကြီး (great leader)လို့ ခေါ်တယ်။ ပုဂ္ဂိုလ်ရေးနွေးထွေးမှုနဲ့ တလေးတစားဆက်ဆံသလို ရှီကလည်း စကားလုံးသုံးစွဲပုံကအစ အစစအရာရာ သတိထားပြီး ဆက်ဆံတယ်။

ထရမ့်နဲ့အတူ ကမ္ဘာကျော် အမေရိကန်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တဒါဇင်ကျော် လိုက်ပါလာတာကလည်း ထရမ့်ရဲ့ ဒီခရီးစဉ်ဟာ စီးပွားရေးနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့အဓိက ဆိုတာ အချက်ပြနေတယ်။ လေဆိပ်မှာ ကောဇောနီခင်း ကြိုဆိုတာကအစ ကောင်းကင်ဘုံဘုရားကျောင်းကို အလည်သွားတာအလယ် ကျုံနန်ဟိုင်ဥယျာဉ်မှာ နှစ်ယောက်သား တွေ့ဆုံတာအဆုံး တရုတ်ဘက်က အကောင်းဆုံး နွေးထွေးမှုတွေနဲ့ ပြသပြီး ခရမ့်ကို ဧည့်ခံခဲ့တယ်။

ဖတ်ကြားတဲ့ မိန့်ခွန်းမှာ သဘောထားမတူကွဲပြားမှုတွေ ရှိနေပေမယ့် နှစ်နိုင်ငံစလုံးက ပူးပေါင်းဆောင်ရွက်ရေးနဲ့ တည်ငြိမ်ရေးကိစ္စကို နွေးထွေးတဲ့ ပတ်ဝန်းကျင်အောက်မှာ အဓိကထားခဲ့ကြတယ်။

တရုတ်ဘက်က အပြုသဘောဆောင် မဟာဗျူဟာ တည်ငြိမ်မှုရှိရေး ( constructive strategic stability) ကို အဓိကထား ပြောနေချိန်မှာ အိမ်ဖြူတော်ဘက်က အဓိကအာရုံစိုက်နေတာက ကုန်သွယ်ရေး၊ ဈေးကွက်ရရှိရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ နှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲကတဆင့် ထွက်ပေါ်လာတဲ့ ခိုင်မာတဲ့ ရလဒ် သို့မဟုတ် သဘောတူညီချက်အပြည့်အစုံကိုတော့ မသိရှိရသေးပါဘူး။

နွေးထွေးတဲ့ မြင်ကွင်းတွေက တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ ခိုင်မာတဲ့ အကာအရံတွေလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မလား။ ဒါမှမဟုတ် ထိပ်သီးအစည်းအဝေးပြီးတာနဲ့ ထိုးထားတဲ့ ဆလိုက်မီးတွေလို မှိန်ဖျော့သွားသလို ပြန်ပြီး အေးစက်သွားမလား မသိနိုင်သေးပါဘူး။

တရုတ်သမ္မတ ရှီကျင့်ဖျင် တည်ခင်းတဲ့ ညစာစားပွဲမှာ ထရမ့်က ရှီကို စက်တက်ဘာ-၂၄ရက်မှာ ဝါရှင်တန်ကို လာလည်ဖို့ ဖိတ်ကြားခဲ့တယ်။ ရှီက ၂၀၂၃ ခုနှစ်၊ သမ္မတ ဂျိုးဘိုင်ဒင်

လက်ထက်မှာ အမေရိကန်ကို နောက်ဆုံး ရောက်ရှိခဲ့ပြီး ထရမ့်ရဲ့ ပထမသက်တမ်း၂၀၁၇ မှာ တကြိမ် ရောက်ခဲ့တယ်။

ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ပိုမိုကျယ်ပြန်တဲ့ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေမှာ သဘောထားမတူညီမှုတွေ ရှိနေကြပေမယ့် နှစ်နိုင်ငံအစိုးရတွေက ” တည်ငြိမ်မှူရှိရေး” ဟာ အရေးကြီးတယ်ဆိုတာ သဘောပေါက်ကြတယ်။ ကြီးမားတဲ့ ရလဒ်တွေ၊ ထူးခြားတဲ့အဖြေတွေ ထွက်ပေါ်မလာပေမယ့်လည်း ခေါင်းဆောင်နှစ်ဦးစလုံးရဲ့ အမြဲမပြတ် တွေ့ဆုံစကားပြောမှုတွေက ဝါရှင်တန် နဲ့ ဘေဂျင်းအကြား တိုက်ရိုက်ဆက်သွယ်မှုမှာ အရေးကြီးတယ်လို့ နားလည်ကြတယ်။

ထရမ့်က ရှီကို စက်တင်ဘာ(၂၄)မှာ ဝါရှင်တန်ကို လာဖို့ ဖိတ်ကြားခဲ့တယ်။ ဒီခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံကို ရှီတက်ရောက်ဖွယ်ရှိတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာ ထရမ့်နဲ့ ရှီ တွေ့ဆုံမှု လေးကြိမ်ထိ ရှိမယ်လို့ သိရတယ်။ ဒီအထဲမှာ နိုဝင်ဘာလ ရှန်ကျန်းမှာ ပြုလုပ်မယ့် အေပက်အစည်းအဝေး နဲ့ မီယာမီမှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးတို့ ပါဝင်တယ်။

အရှုံး-အမြတ်

ထရမ့်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဘယ်သူက ရှုံးပြီး ဘယ်သူက မြတ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတာ ရှိတယ်။ ထရမ့်ရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ အစ္စရေးက စတင်ထားပြီး မပြီးပြတ်သေးတဲ့ အီရန်စစ်ပွဲကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ မပြီးသေးတဲ့ စစ်ပွဲတခုကို ဆင်နွှဲရင်း ထရမ့်က တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ဒီခရီးစဉ်က စစ်ပွဲမတိုင်ခင်ကတည်းက စီစဉ်ထားပြီးဖြစ်ပြီး အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်နေချိန်မှာ စီစဉ်ခဲ့ကြတာ။

တရုတ်က အီရန်စစ်ပွဲနဲ့ပတ်သက်လို့ တိုက်ရိုက်ဝင်ရောက်ပတ်သက်ခြင်းမရှိဘဲ ဘေးကနေပဲ စောင့်ကြည့်နေခဲ့တယ်။ တခါတရံ လေသံတခွန်းတလေ ဝင်ဟရုံလောက်ပဲ နေခဲ့တယ်။ အီရန် စစ်ပွဲကာလအတွင်း ရောက်ရှိလာတဲ့ ထရမ့်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စက အဓိကဆိုပေမယ့် အီရန်အရေးကလည်း အဓိကအကြောင်းအရာတခုအနေနဲ့ ပါဝင်တယ်။

ညစာစားပွဲမှာ မိန့်ခွန်းတွေ ပြောကြတော့ ရှီကျင့်ဖျင်ပြောတဲ့ မိန့်ခွန်းထဲမှာ Thucydides trap ဆိုတဲ့ အသုံးအနှုန်းတခု ပါဝင်သွားတယ်။ ဒီအသုံးအနှုန်းက တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဟားဗတ်နိုင်ငံရေးသိပ္ပံပညာရှင် ဂရေဟမ် အလီဆန်က ပုံဖော်သွားခဲ့တဲ့ အသုံးအနှုန်းပါ။ အင်အားကြီးထွားလာတဲ့ နိုင်ငံတနိုင်ငံနဲ့ လက်ရှိအင်အားကြီး နိုင်ငံတခုအကြား အင်အားကြီးထွားလာတဲ့နိုင်ငံကြောင့် စစ်ပွဲတွေဖြစ်လာနိုင်တဲ့သဘော ဂရိခေတ်သမိုင်းပညာရှင် Thucycides ရဲ့ အေသင်နိုင်ငံတော်ကြီး ကြီးထွားလာမှုနဲ့ ဒီအပေါ် ကြောက်ရွံ့စိုးရိမ်မှုကတဆင့် စပါတာနိုင်ငံကြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာရာက စစ်ပွဲကြီးဖြစ်လာခဲ့ပုံကို တင်စားထားတာဖြစ်တယ်။

ရှီက ဒီလိုတင်စားမှုမျိုးနဲ့ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာပုံကို ခိုင်းနှိုင်းပြောခဲ့တယ်။ ထရမ့်ဘက်က တရုတ်သမ္မတကို ခေါင်းဆောင်ကြီးလို့ သုံးနှုန်း ခေါ်ဝေါ်ခဲ့ပေမယ့် ရှီက လက်ရှိ ကမ္ဘာ့အခင်းအကျင်းနဲ့ တရုတ်ရဲ့ သဘောထားကို တဖက်သတ်ပြောသွားတယ်။ တရုတ်က အပြုသဘောဆောင် မဟာဗျူဟာမြောက် တည်ငြိမ်မှု constructive strategic stability ဆိုတဲ့ ရပ်တည်ချက်ကို တင်ပြတယ်။ ဒါက တရုတ်နဲ့ အမေရိကန်ကြား ပွတ်တိုက်မှုတွေ မရှိရေးနဲ့ တရုတ်ရဲ့ အင်အားကို ပုံမှန်အတိုင်း တည်ဆောက်နေနိုင်ဖို့အတွက် ဖြစ်တယ်။

ဟော်မုဇ်ရေလက်ကြား ပိတ်ထားတာကို အမေရိကန်က မလိုချင်သလို တရုတ်ကလည်း မလိုလားဘူး။ ဒီ ရေလက်ကြားကို နိုင်ငံတိုင်းက လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ရမယ်ဆိုတဲ့ သဘောထားကတော့ အတူတူပဲလို့ ထရမ့်က ဆိုတယ်။ တရုတ်ကလည်း အီရန် နျူးကလီးယားလက်နက်ထုတ်တာ မလိုလားဘူးလို့ ဆိုတယ်။ အီရန်ကို တရုတ်က စစ်လက်နက်ပစ္စည်း ထောက်ပံ့မှု မလုပ်ပါဘူးလို့လည်း ဆိုတယ်။ အီရန်နဲ့ တရုတ်က နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ အီရန်အရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်ဆွေးနွေးမှု အသေးစိတ်ကို မသိရှိရပေမယ့် ထရမ့်ကတော့ ဒီဆွေးနွေးပွဲက အောင်မြင်မှုရှိတဲ့ ဆွေးနွေးပွဲလို့ သံတမန်ဆန်ဆန်ပြောတယ်။

ထိပ်သီးခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံပွဲဟာ ယေဘူယျအားဖြင့် အောင်မြင်တယ်လို့ ဆိုပေမယ့် နောက်ကွယ်မှာ မမြင်နိုင်တဲ့၊ အသေးစိတ်ထုတ်ဖော်မပြောဆိုသေးတဲ့ အကြောင်းအရာတွေ ရှိနိုင်သေးတယ်။ ဒီပွဲမှာ နိုင်ငံရေးအရ ရှီက အသာစီးရခဲ့တယ်လို့ ဆိုနိုင်တယ်။

ထရမ့်ဟာ ဒီခရီးစဉ်မှာ ထိပ်တန်း ဘီလျံနာစီးပွားရေးလုပ်ငန်းရှင် တဒါဇင်ကျော် ခေါ်သွားခဲ့တယ်။ နှစ်ဖက် စီးပွားရေးသဘောတူညီမှုတွေ ရယူဖို့အတွက်ပါ။ ဒီအထဲမှာ အီလွန်မတ်စ်၊ တင်မ်ကွတ်၊ ဂျေဆင်ဟောင်းတို့လို ခေတ်သစ်နည်းပညာသူဌေးတွေ ပါဝင်တယ်။ တရုတ်ကလိုချင်နေတဲ့ နောက်ဆုံးပေါ် ကွန်ပျူတာ ချစ်ပ်ပြား တွေကို အမေရိကန်ကုမ္ပဏီတွေက ရောင်းချပေးဖို့ သဘောတူညီချက်တွေ ပါဝင်တယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဒီခရီးစဉ်ဟာ အမေရိကန်တွေ ဈေးရောင်းထွက်တဲ့ခရီးစဉ်လို့လည်း ဆိုကြတယ်။ ဘယ်သူ ရှုံးသလဲ ဘယ်သူမြတ်သလဲ ဆိုရင် နှစ်ဖက်စလုံး အကျိုးစီးပွားကိုယ်စီ၊ သတိကြီးကြီးထားပြီး အပေးအယူလုပ်ကြတဲ့ ပွဲလို့ပဲ ဆိုပါရစေ..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now