ဆောင်းပါး

မာယာများတဲ့ ထရမ့် နဲ့ မပြီးဆုံးသေးတဲ့ အီရန်စစ်ပွဲ

မဲခေါင် 27 Mar - 2026
~ CWM ~ အီရန်စစ်ပွဲက (၂၄)ရက် ကျော်လာပါပြီ။ သိပ်မကြာခင်အတွင်း တစ်လ ပြည့်လာပါတော့မယ်။ ဒါပေမယ့် စစ်ပြီးဆုံးမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။ စစ်ကို စတင်ခဲ့တဲ့ ဒေါ်နယ့်ထရမ့်ရဲ့ ခြောက်တခါ ချော့တလှည့် TACO (Trump Always Chickens Out) မာယာတွေကလည်း ဒီစစ်ပွဲမှာတော့ အလုပ်ဖြစ်မယ့်ပုံ မရဘူး။ ကုန်သွယ်ခွန်ကိစ္စတုန်းကတော့ သူနဲ့အဆင်မပြေတဲ့ နိုင်ငံတွေကို ခုတမျိုး တော်ကြာတမျိုး၊ အခွန်နှုန်းထားအမျိုးမျိုးပြောင်းပြီး ခြိမ်းခြောက် ဟောက်စား လုပ်ခဲ့တယ်။ တော်နေကြာ ကုန်သွယ်ခွန်ကို ၁၀၀% တိုးကောက်မယ်ပြောလိုက်၊ တော်နေကြာ မကောက်သေးဘူး။ အချိန် နှစ်လပေးမယ်၊ သုံးလပေးမယ်ပြောပြီး သွေးတိုးစမ်းလိုက်။ မူမမှန်တဲ့ ထရမ့်ရဲ့ TACO အပြုအမူတွေဟာ

~ CWM ~

အီရန်စစ်ပွဲက (၂၄)ရက် ကျော်လာပါပြီ။ သိပ်မကြာခင်အတွင်း တစ်လ ပြည့်လာပါတော့မယ်။ ဒါပေမယ့် စစ်ပြီးဆုံးမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။ စစ်ကို စတင်ခဲ့တဲ့ ဒေါ်နယ့်ထရမ့်ရဲ့ ခြောက်တခါ ချော့တလှည့် TACO (Trump Always Chickens Out) မာယာတွေကလည်း ဒီစစ်ပွဲမှာတော့ အလုပ်ဖြစ်မယ့်ပုံ မရဘူး။ ကုန်သွယ်ခွန်ကိစ္စတုန်းကတော့ သူနဲ့အဆင်မပြေတဲ့ နိုင်ငံတွေကို ခုတမျိုး တော်ကြာတမျိုး၊ အခွန်နှုန်းထားအမျိုးမျိုးပြောင်းပြီး ခြိမ်းခြောက် ဟောက်စား လုပ်ခဲ့တယ်။ တော်နေကြာ ကုန်သွယ်ခွန်ကို ၁၀၀% တိုးကောက်မယ်ပြောလိုက်၊ တော်နေကြာ မကောက်သေးဘူး။ အချိန် နှစ်လပေးမယ်၊ သုံးလပေးမယ်ပြောပြီး သွေးတိုးစမ်းလိုက်။ မူမမှန်တဲ့ ထရမ့်ရဲ့ TACO အပြုအမူတွေဟာ ဒီစစ်ပွဲမှာတော့ အလုပ်ဖြစ်မယ့် လက္ခဏာ မတွေ့ရသေးဘူး။

သူက ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်က အီရန်ကို ရာဇသံပေးတယ်။ အီရန်က ပိတ်ထားတဲ့ ဟော်မုဇ် ရေလက်ကြားကို (၄၈)နာရီအတွင်း ပြန်ဖွင့်ပေးဖို့နဲ့ ပြန်ဖွင့်မပေးရင် အီရန်ရဲ့ဓါတ်အားပေးစက်ရုံနဲ့ စွမ်းအင်စက်ရုံအားလုံးကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အီရန်က သူ့ရဲ့ ရာဇသံကို မကြောက်ပါဘူး။ တကယ်လို့ အမေရိကန်က သူတို့ရဲ့ ဓါတ်အားပေးစက်ရုံတွေကိုတိုက်ခိုက်ဖျက်ဆီးလာရင် အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဓါတ်အားပေးစက်ရုံတွေ၊ ရေချိုသန့်စင်စက်ရုံတွေကို လက်တုန့်ပြန်ပြီး တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အီရန်ဘက်က လက်တုန့်ပြန် တိုက်ခိုက်မယ့်အစီအစဉ်တွေဟာ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီး၊ ကာတာ၊ ဆော်ဒီ၊ အိုမန် အစရှိတဲ့ နိုင်ငံတွေကို အကြီးအကျယ် ထိခိုက်စေမှာဖြစ်တယ်။

သဲကန္တာရထဲမှာ တည်ရှိနေကြတဲ့ ပင်လယ်ကွေ့နိုင်ငံအားလုံးက ရေချိုအတွက် ပင်လယ်ရေကို သန့်စင်ချက်လုပ်ပြီး သုံးစွဲကြရတယ်။ ကူဝိတ်နိုင်ငံဟာ ရေချိုသန့်စင်စက်ရုံတွေက ရရှိတဲ့ ရေကို လုံးဝ မီခိုနေရသလို ကာတာ၊ ယူအေးအီး၊ ဘာရိန်း အစရှိတဲ့ နိုင်ငံတွေကလည်း ရေချိုသန့်စင်စက်ရုံတွေက ရရှိတဲ့ ရေကို အဓိက သုံးစွဲကြရတယ်။

အီရန်က သူ့ရဲ့ ဓါတ်အားပေးစက်ရုံတွေကို အမေရိကန်က ဖျက်ဆီးချေမှုန်းရင် ပင်လယ်ကွေ့နိုင်ငံတွေက ဓါတ်အားပေးစက်ရုံတွေကိုသာမက ရေချိုသန့်စင် စက်ရုံတွေကိုပါ တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ဆိုလိုက်တဲ့အတွက် အီရန်ရဲ့ လက်တုန့်ပြန်မှုဟာ ပင်လယ်ကွေ့နိုင်ငံတွေအတွက် တုန်လှုပ်စရာ ဖြစ်တယ်။ ဒီအကျိုးဆက်က အမေရိကန်ကိုပါ ထိခိုက်မှာဖြစ်တယ်။

အမေရိကန်ရဲ့ ရာဇသံနဲ့ အီရန်ဘက်က ပြန်ခြိမ်းခြောက်လိုက်တဲ့ ဂယက်ဟာ အတော်ကြီးတယ်။ ခြိမ်းခြောက်ပြီး သိပ်မကြာမီ အချိန်အတွင်းမှာပဲ ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစည်ကို ၁၁၄ ဒေါ်လာအထိ ထိုးတက်သွားပြီး အာရှတလွှား စတော့ရှယ်ယာဈေးတွေလည်း ထိုးကျသွားတယ်။

ရာဇသံ (၄၈)နာရီ ပြည့်တော့ ထရမ့် ရုတ်တရက် လေသံပြောင်းသွားတယ်။

ထရမ့်က သူပိုင်တဲ့ Truth ဆိုရှယ်မီဒီယာကတဆင့် အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေကြားတွေ့ဆုံဆွေးနွေးမှုတွေက ရလဒ်ကောင်းတွေ ရရှိနေတဲ့အတွက် အီရန် ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ့် အစီအစဉ်ကို (၅)ရက် ရွှေ့ဆိုင်းလိုက်ကြောင်း ရုတ်တရက် ကြေညာတယ်။

အားလုံးက ရာဇသံ(၄၈)နာရီကျော်ရင် စစ်ပွဲအရှိန်အဟုန်မြင့်လာတော့မလားလို့ တွေးထင်နေကြချိန်မှာ ရုတ်တရက် နောက်ဆုတ်လိုက်တဲ့ ထရမ့်ရဲ့သတင်းစကားကြောင့် တစည် (၁၁၄) ဒေါ်လာအထိ ရုတ်တရက်မြင့်တက်သွားတဲ့ ရေနံစိမ်းဟာ ချက်ချင်း (၉၆)ဒေါ်လာအထိ ပြန်ပြီး ပြုတ်ကျသွားတယ်။ အာရှ စတော့ဈေးကွက်တွေမှာလည်း ချက်ချင်း ရှယ်ယာဈေးတွေ ပြန်တက်သွားတယ်။

ဒေါ်နယ်ထရမ့်ကသာ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာပေါ်က အီရန်နဲ့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေတယ်လို့ ဆိုနေပေမယ့် အီရန်မီဒီယာတွေကတော့ အီရန်ကိုယ်စားလှယ်တွေနဲ့ ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားတယ်။ အမှန်တကယ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမရှိခဲ့ဘဲ ထရမ့်က ဈေးကွက်ကို ကစားချင်လို့ တမင်လုပ်ကြံပြောတာလို့လည်း ဆိုတယ်။

(၄၈)နာရီ ရာဇသံ နောက်ဆုံးအချိန်မှာ ထရမ့်ဆီက ထွက်ပေါ်လာတဲ့ သတင်စကားဟာ အမှန်ပဲလား။ တမင် လီဆယ်လုပ်ကြံတာလား ဆိုတာတော့ မသိနိုင်ဘူး။ အီရန်တော်လှန်ရေးအစောင့်တပ်ဘက်ကတော့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အစီအစဉ် လုံးဝမရှိဘဲ စစ်ပွဲကို အဆုံးထိ တိုက်သွားမယ်လို့ ဆိုနေတယ်။

အမေရိကန်၊ အစ္စရေး နဲ့ အီရန်တို့ကြား အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့နောက်ဆုံးအခြေအနေက ဒီလောက်ပါပဲ။ အပြန်အလှန် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်နေကြတာတွေကတော့ မပြီးသေးဘူး။ အစ္စရေးလေယာဉ်တွေ အီရန်နိုင်ငံ တီဟီရန်မြို့က ပစ်မှတ်တွေကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေတုန်းဖြစ်သလို အီရန်ကလည်း အစ္စရေးမြို့တော် တဲလ်အဗစ်ထိရောက်အောင် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေဆဲပဲဖြစ်တယ်။ တကယ်တန်းမှာတော့ အီရန်ဒုံးကျည်တွေကို အစ္စရေးဘက်က အားလုံး ဟန့်တာနိုင်စွမ်း မရှိသေးပါဘူး။ တဆက်တည်းမှာ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို ဟစ်ဇ်ဘိုလာစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်မှုတွေ ပြုလုပ်နေတယ်။

ထရမ့်က အီရန်နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ပြောနေချိန်မှာပဲ အမေရိကန် အမှတ်(၈၂)လေကြောင်းချီတပ်က မရင်းတပ်သား (၁၀၀၀)ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာတာ တွေ့ရတယ်။ ထရမ့်က မြေပြင်စစ်ပွဲဆင်နွှဲဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပေမယ့် လုံးဝဥဿုံ ငြင်းပယ်ထားတာမျိုးတော့ မရှိသေးဘူး။ အမေရိကန် မရင်းတပ်သား (၃၀၀၀) ရောက်ရှိလာဖို့ ရှိနေပြီး အီရန်ရဲ့ အဓိက ရေနံထုတ်လုပ်ရေးစခန်း တည်ရှိရာ ပါရှန်းပင်လယ်ကွေ့ထဲက ခါ့ဂ်ကျွန်းကို သိမ်းပိုက်ဖို့လည်း ရှိနေတယ်လို့ သိရတယ်။ ထရမ့်က မူယာမာယာ များသလို ခြောက်တခါ ချော့တလှည့် စကားကို အမျိုးမျိုး လှည့်ပတ်ပြောတတ်တော့ ဘာမဆို ဖြစ်လာနိုင်တယ်။

အီရန်စစ်တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ “အမေရိကန်ဟာ သူ့ဟာသူ တယောက်တည်း ညှိနှိုင်းဆွေးနွေးနေတယ်” “ခင်ဗျားတို့လိုလူတွေနဲ့ ကျုပ်တို့တွေ ဘယ်တော့မှ ညှိလို့ရမှာ မဟုတ်ဘူး” လို့ ပြောသွားခဲ့တယ်။

နောက်ဆုံးသတင်းတွေအရ ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက်(၁၅)ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အီရန်လက်ထဲ ပေးလိုက်ပြီလို့ ဆိုတယ်။ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးတဲ့ ဒီအချက်တွေထဲမှာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အီရန်က နျူးကလီးယားထုတ်လုပ်မှုအားလုံး စွန့်ပစ်ရမယ်ဆိုတဲ့အချက်လည်း ပါတယ်။ ဒီအချက်က အစောပိုင်းကတည်းက အီရန်က သဘောတူမထားတဲ့အတွက် ဒီငြိမ်းချမ်းရေးအဆိုပြုချက်ကလည်း အောင်မြင်ဖို့ရာ မရှိနိုင်ပါဘူး။

ထရမ့်က ခုလို ကမ်းလှမ်းမှုတွေနဲ့ စစ်ပွဲကို အချိန်ဆွဲထားတာလည်း ဖြစ်နိုင်တယ်။ စစ်ပွဲဆက်ဖြစ်နေရင် အကျိုးဆက်အနေနဲ့ တကမ္ဘာလုံး စီးပွားရေးထိခိုက်လာနိုင်တယ်။ လတ်တလောမှာ ကမ္ဘာ့ရေနံစိမ်း ၂၀% ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ အရေးတကြီး လိုအပ်နေတယ်။ ပြီးခဲ့တဲ့ တပတ်ကတော့ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဗြိတိန်အပါအဝင် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေနဲ့ ဂျပန်တို့ကို ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဘယ်သူမှ ပူးပေါင်းလာကြခြင်း မရှိဘူး။

အီရန်ကတော့ လတ်တလောမှာ ဟော်မုဇ်ရေလက်ကြားကို ရန်သူမဟုတ်တဲ့ နိုင်ငံများက ရေနံတင်သင်္ဘောတွေကို ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဆိုတယ်။ အီရန်ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ထိုင်း ရေနံတင်သင်္ဘောတချို့ ဖြတ်သန်းခွင့်ရနေတယ်လို့ သိရတယ်။

ခန့်မှန်းချက်တွေအရ စစ်ပွဲ (၂၄)ရက်တာ ကာလအတွင်း နှစ်ဖက်သေဆုံးသူ စုစုပေါင်းဟာ ၄၅၀၀ ကျော်သွားပြီလို့ သိရတယ်။ အီရန်ဘက်က သေဆုံးသူစုစုပေါင်း ၃၂၉၁ ဦးရှိပြီး ဒီအထဲမှာ အရပ်သား ၁၄၅၅ ဦး ပါဝင်တယ်လို့ အမေရိကန်အခြေစိုက် HRANA က ထုတ်ပြန်တယ်။ အစ္စရေးရဲ့ ဟစ်ဇ်ဘိုလာတိုက်ခိုက်မှုနဲ့ လက်ဘနွန်မှာ သေဆုံးသူ ၁၀၇၂ ဦးရှိတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ အီရန်ဘက်က ဒုံးကျည်ပစ်ခတ်မှုနဲ့ အစ္စရေးမှာ လူ ၁၈ ယောက်သေဆုံးပြီး အမေရိကန်စစ်သား ၁၃ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရတယ်။

စစ်ပွဲပြီးဆုံးရေး တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး အခြေအနေ တိုးတက်နေပြီလို့ ထရမ့်က ဆိုလိုက်တော့ အခု သူဆင်နွှဲနေတဲ့ ( Operation Epic Fury) “ဒေါမာန်ဟုန်” စစ်ဆင်ရေးက ပြီးဆုံးသွားပြီလား။ စစ်ပွဲအစမှာ ” အီရန်ဘက်က အကြွင်းမဲ့ လက်နက်ချရေး” လို့ ဆိုခဲ့ပြီး ခုကျတော့မှ တွေ့ဆုံညှိနှိုင်းနေပြီ ဆိုတဲ့အခါ ထရမ့်ရဲ့အီရန်စစ်ပွဲ ရည်မှန်းချက်က ဘာလဲ။ ထရမ့်မှာ စစ်ပွဲနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် ရှိပုံမရဘူးလို့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်လာတယ်။

တဆက်တည်းမှာ အီရန်စစ်ပွဲက ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကြောင့် ဖြစ်ရတာလို့ ဆိုလိုဆို။ အီရန်ဘက်က အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ မရှိဘူးလို့ ငြင်းနေတဲ့ကြားက နှစ်

ဖက်တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်နေကြောင်း ပြောလိုပြော။ အီရန်ဘက်က တန်ဖိုးကြီးပြီး ထူးခြားတဲ့ လက်ဆောင် ရောက်လာပြီလို့ ပြောနေတာလည်း တွေ့ရတယ်။

အီရန် အစွန်းရောက် ဘာသာရေးအစိုးရဖယ်ရှားရေး (regime change)၊ အီရန်ရဲ့ တာဝေးပစ်ဒုံးပျံလက်နက်အားလုံး ဖျက်ဆီးပစ်ရေး၊ အီရန်ကို နျူးကလီးယားလက်နက် ပိုင်ဆိုင်ခွင့် လုံးဝမပေးရေး စတဲ့ ရည်မှန်းချက်တွေနဲ့ ဆင်နွှဲခဲ့တဲ့ ထရမ့်ရဲ့ အီရန်စစ်ပွဲဟာ လမ်းခုလပ်မှာ မပြတ်မသားဖြစ်နေတယ်။ စစ်ကို ဆက်တိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်၊ ဆက်မတိုက်ဘဲနေရင် ရလာမယ့်အကျိုးဆက်တွေကို ထရမ့် စဉ်းစားနေပုံရတယ်။ ဒါလည်း ဟုတ်ချင်မှ ဟုတ်မယ်။

ဘာကိုမှ ပုံသေတွက်မရတဲ့ ထရမ့်က နောက်ဆုံးမှာ မြေပြင်ထိုးစစ်ဆင်နွှဲပြီး အီရန်ကို သိမ်းပိုက်၊ ဘာသာရေးအစွန်းရောက်အစိုးရ ဖယ်ရှားပစ်တာမျိုးလည်း ဖြစ်လာနိုင်တယ်။ ခုချိန်မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်နေကြတယ်ဆိုပေမယ့် ဒါဟာ အချိန်ဆွဲနေတာလည်း ဖြစ်နိုင်တယ်။ ဒီစစ်ပွဲကို အီရန်က ဆုံးခန်းတိုင်အောင် တိုက်မယ်လို့ ကြုံးဝါးနေသလို အစ္စရေးကလည်း အီရန်အစ္စလာမ်အစိုးရ ကွယ်ပျောက်သွားတဲ့အထိ တိုက်မယ်လို့ ကြုံဝါးနေတယ်။ စစ်ကို ဆက်တိုက်ချင်သလို မတိုက်ချင်သလို မူယာမာယာများနေတာက ထရမ့်ဖြစ်ပြီး ဒီစစ်ပွဲကို မရပ်ဘဲ အဆုံးထိ တိုက်ချင်နေတာက အစ္စရေးဖြစ်တယ်။

အီရန်စစ်ပွဲဟာ တစ်လနီးပါး ကြာလာတဲ့အထိ တိကျတဲ့အဖြေ ထွက်မလာသေးသလို တကမ္ဘာလုံးလည်း စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို သွယ်ဝိုက်ပြီး လူးလိမ့် ခံစားနေကြရတယ်..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now