ဆောင်းပါး

စုံ/မ နဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲ

မဲခေါင် 10 Mar - 2026
~ CWM ~ ကိုယ်က စုံသမားဆိုတော့ ဒီနေ့ဆို ကားမသုံးရတာ နှစ်ရက်ရှိပြီ။ လမ်းပေါ်မှလည်း ကားတွေ အတော်ရှင်းနေတယ်။ ကိုယ်ပိုင်ကားအားလုံးရဲ့ တဝက် မထွက်ရဘူးဆိုတော့လည်း လမ်းပေါ်မှာ ရှင်းသွားတာပေါ့။ ကိုဗစ်တုန်းက မြင်ကွင်းတွေကိုတောင် ပြန်အမှတ်ရတယ်။ စုံ မ ကိစ္စက စ ကြေညာကတည်းက စိတ်ထဲ အတော် ကသိကအောင့် ဖြစ်မိတယ်။ ဟင် ဘယ်လို စနစ်ကြီးလဲ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေတာလည်း မှန်ပါတယ်။ စစ်ဖြစ်တော့ အရှေ့အလယ်ပိုင်းဒေသက တင်သွင်းတဲ့ လောင်စာဆီတွေလည်း ရေရှည်မှာ သယ်ဖို့ ခက်မှာပေါ့။ ရေရှည်မှာ အကြပ်အတည်းဖြစ်မှာစိုးလို့ ဒီအမိန့်ထုတ်ပြန်တာလို့ နားလည်ရပေမယ့် ကိုယ့်ဖာသာကိုယ် ကိစ္စအမျိုးမျိုးအတွက် အသုံးပြုဖို့ ဝယ်ယူထားတဲ့ ကိုယ်ပိုင်ကားကို

~ CWM ~

ကိုယ်က စုံသမားဆိုတော့ ဒီနေ့ဆို ကားမသုံးရတာ နှစ်ရက်ရှိပြီ။ လမ်းပေါ်မှလည်း ကားတွေ အတော်ရှင်းနေတယ်။ ကိုယ်ပိုင်ကားအားလုံးရဲ့ တဝက် မထွက်ရဘူးဆိုတော့လည်း လမ်းပေါ်မှာ ရှင်းသွားတာပေါ့။ ကိုဗစ်တုန်းက မြင်ကွင်းတွေကိုတောင် ပြန်အမှတ်ရတယ်။ စုံ မ ကိစ္စက စ ကြေညာကတည်းက စိတ်ထဲ အတော် ကသိကအောင့် ဖြစ်မိတယ်။ ဟင် ဘယ်လို စနစ်ကြီးလဲ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေတာလည်း မှန်ပါတယ်။ စစ်ဖြစ်တော့ အရှေ့အလယ်ပိုင်းဒေသက တင်သွင်းတဲ့ လောင်စာဆီတွေလည်း ရေရှည်မှာ သယ်ဖို့ ခက်မှာပေါ့။ ရေရှည်မှာ အကြပ်အတည်းဖြစ်မှာစိုးလို့ ဒီအမိန့်ထုတ်ပြန်တာလို့ နားလည်ရပေမယ့် ကိုယ့်ဖာသာကိုယ် ကိစ္စအမျိုးမျိုးအတွက် အသုံးပြုဖို့ ဝယ်ယူထားတဲ့ ကိုယ်ပိုင်ကားကို နေ့စဉ် မထွက်ရဘူးလို့ ကန့်သတ်လိုက်တာကတော့ အတော်ကို ထူးဆန်းအံ့ဩစရာ ကောင်းနေတယ်။ ဒီအမိန့်ရဲ့ နောက်ကွယ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။ ဘယ်လောက် အခက်အခဲတွေ ထပ်ကြုံနိုင်တယ်ဆိုတာ အမိန့်ထုတ်သူတွေ စဉ်းမှ စဉ်းစားကြရဲ့လားတော့မသိဘူး။

အံ့အားသင့်စရာတော့ ကောင်းနေတယ်။ အီရန်စစ်ပွဲက မတ်လဆန်းမှာ စ တယ်။ စစ်ပွဲစ ဖြစ်တော့ နိုင်ငံအားလုံး ဂယက်ရိုက်တာပေါ့။ အီရန်က ရေနံတင်သွင်းနေတဲ့ အရှေ့တောင်အာရှ၊ အာရှနိုင်ငံတွေ အထိတ်လန့် ဖြစ်ကြတာပေါ့။ တခြားနိုင်ငံတွေမှာလည်း လောင်စာဆီနဲ့ ပတ်သက်ပြီး (panic) အလန့်တကြား ဖြစ်ကြတာပဲ။ ထိုင်းမှာဆို ခါတိုင်း ဆီဆိုင်တွေရှေ့မှာ တန်းအရှည်ကြီး စီတာ မတွေ့ရပေမယ့် စစ်ဖြစ်ပြီးနောက်မှာ ဆီဆိုင်တွေမှာ တန်းစီတာတွေ ရှိလာတယ်။ ထိုင်းအစိုးရကတော့ ဒီကလို ကိုယ်ပိုင်ကားတွေကို စုံ မ ခွဲတာမျိုး မလုပ်ပါဘူး။ သူတို့က မတ်လ(၄)ရက်က စပြီး ချက်ချင်းပဲ (၁၅)ရက်အတွင်း ဆီဈေးမတက်ရလို့ သတ်မှတ်လိုက်တယ်။ ဈေးကွက်ပေါက်ဈေးနဲ့ ဆိုင်ဈေး ကွာဟမှုမဖြစ်ဖို့ အစိုးရက လောင်စာဆီရန်ပုံငွေ ထပ်ဆောင်းပေးတယ်။ နိုင်ငံခြားလောင်စာဆီ ကုမ္ပဏီတွေကိုလည်း ဈေးမြှင့်ရောင်းချခွင့်မပြုဘူး။ ထိုင်းအစိုးရရဲ့ PTT ဈေးနှုန်းအတိုင်း ရောင်းရမယ်။ လောင်စာဆီ ပြည်ပရောင်းချခွင့် ပိတ်လိုက်တယ်။ လောင်စာဆီကြောင့် ထိုင်းပြည်သူတွေ စိတ်သောက မရောက်စေဖို့ အစိုးရက (ရက်-၆၀ ကနေ ၉၅ရက်အထိ) ဆီအလုံအလောက်ရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာတယ်။

စစ်ပွဲက ဘယ်လောက်အထိ တာရှည်နေဦးမယ်ဆိုတာ မမှန်းဆနိုင်ပေမယ့် ရေရှည်မှာ အရှေ့အလယ်ပိုင်းက လောင်စာဆီကို အဓိက အားကိုးအားထားပြုနေရတဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုးရီးယား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ထိခိုက်မှု ရှိလာမှာတော့ အသေအချာပဲ။ အီရန်က အဓိက ရေနံတင်ပို့တဲ့ ” ဟော်မုဇ်” ရေလက်ကြား ရေလမ်းကြောင်းကို ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေကလည်း လောင်စာဆီ စိုးရိမ်ထိတ်လန့်မှုကို မီးလောင်ရာ လေပင့် ဖြစ်သွားစေတယ်။ ဟော်မုဇ် ရေလက်ကြားက ကမ္ဘာ့ရေနံစိမ်း (၂၀%) ဖြတ်သန်းနေတဲ့ နေရာပါ။ အရှေ့အလယ်ပိုင်းရေနံရဲ့ အဓိက လည်မျို(Choke point)လည်း ဖြစ်တယ်။ အိုမန်၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ အစရှိတဲ့ ပင်လယ်ကွေ့နိုင်ငံများက ထွက်တဲ့ ရေနံတွေက ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းပြီးမှာ အာရေဗျပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ရောက်တာပါ။

အီရန်က စစ်ပွဲအစမှာ ဒီရေလက်ကြားကို ပိတ်လိုက်တယ်လို့ ကြေညာလိုက်တဲ့အတွက် ရေနံတင်သင်္ဘောတွေ မဖြတ်သန်းရဲကြတော့ဘူး။ အရဲစွန့်ဖြတ်သန်းလို့ ရပေမယ့် ဒရုန်းနဲ့ တိုက်ခိုက်ခံရရင် ဘယ်သူမှ အာမခံချက်မပေးဘူး။ ဒေါ်နယ်ထရမ့်ကတော့ အဲဒီဖြတ်တဲ့ သင်္ဘောတွေအတွက် အာမခံချက်ပေးမယ်လို့ ဆိုပေမယ့် ခုချိန်ထိ ရေနံတင်သင်္ဘောတွေ ဟော်မုဇ်တဖက်ခြမ်းမှာ သောင်တင်နေကြတုန်းပဲ။

ဒီနေ့(မတ်လ-၉ရက်) သတင်းတွေအရ ရေနံစိမ်းတစည် ဒေါ်လာ (၁၁၀-၁၁၅) အထိ ဈေးကွက်ထဲ ခုန်တက်သွားတယ်လို့ ဆိုတယ်။ မနေ့က စစ်ပွဲမှာ အမေရိကန် နဲ့ အစ္စရေးက အီရန်မှာရှိတဲ့ ရေနံသိုလှောင်ကန်တွေကို ပထမဆုံးအကြိမ် ဒုံးကျည်နဲ့ တိုက်ခိုက်လို့ တီဟီရန်မှာ မီးလောင်နေတဲ့ ရုပ်သံဖိုင်တွေ ထွက်လာတယ်။ မိုးက ရွာလိုက်တော့ ရေနံမီးခိုးတွေနဲ့ မိုးအမည်းတွေ ရွာတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ အမေရိကန် နဲ့ အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုဟာ ပထမဆုံး စစ်ဘက်ဆိုင်ရာနေရာမဟုတ်တဲ့ ရေနံသိုလှောင်ကန်ကို ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်။ အခြေခံအဆောက်အဦးကို ဖျက်ဆီးပစ်တာပေါ့။ စစ်ကတော့ မပြီးသေးပါဘူး။ အပြန်အလှန် တိုက်နေကြတုန်းပါ။

စစ်ပွဲအစမှာပဲ ဗုံးကြဲတိုက်ခိုက် သုတ်သင်ခံလိုက်ရတဲ့ အီရန် အထွတ်အထိပ် ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ရဲ့နေရာမှာ သူ့ရဲ့သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီကို ကြားဖြတ်ကောင်စီက အီရန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာတယ်။ အစ္စရေးနဲ့ အမေရိကန်က ဒီလောက် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားမှာ အီရန်က ပြိုကျမသွားသေးဘူးဆိုတာ ပြနေတယ်။ စစ်က တကယ်ပဲ အရှေ့အလယ်ပိုင်းဒေသတခုလုံးမှာ ဖြစ်နေတာပါ။ မြန်မာလူမျိုးများအပါအဝင် နိုင်ငံတကာက လူတွေ သွားရောက် အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ ဒူဘိုင်း၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန် အစရှိတဲ့နိုင်ငံတွေဟာ စစ်ပွဲစက်ကွင်းက မလွတ်ကင်းတဲ့ နိုင်ငံတွေအဖြစ် ရင်တထိတ်ထိတ်နဲ့ နေကြရတယ်။

ပြီးခဲ့တဲ့ စနေနေ့(မတ်လ-၇) ကပဲ ယူအေအေီးက ဒူဘိုင်းနိုင်ငံတကာလေဆိပ်ကို အီရန်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစင်း ကျရောက်ပေါက်ကွဲခဲ့လို့ လေဆိပ်ကို ပိတ်ထားလိုက်ရတယ်။ ခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ လေကြောင်းခရီးစဉ်တွေအားလုံး ဖျက်သိမ်းထားရပြီး ခရီးသည်တချို့ အိမ်ပြန်လို့မရတော့ဘဲ သောင်တင်နေကြတယ်။ စစ်ပွဲက ဒီဒေသရဲ့ လေကြောင်းခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်။ ဒူဘိုင်း၊ အဘူဒါဘီ၊ ကာတာ၊ ဒိုဟာ၊ ကူဝိတ် အစရှိတဲ့ ပင်လယ်ကွေ့ဒေသဟာ ၂၁ ရာစုမှာ ခရီးသွားအများဆုံး လာရောက်လည်ပတ်ကြတဲ့ အိုအေစစ်တွေအဖြစ် ထင်ရှားခဲ့ရာက ခုတော့ တိတ်ဆိတ်ခြောက်သွေ့သွားပြီ ဖြစ်တယ်။

အမေရိကန်၊ အစ္စရေး- အီရန်စစ်ပွဲက အနည်းဆုံး လေးပတ်ကြာမယ်လို့ အစောပိုင်းက ဒေါ်နယ်ထရမ့် ပြောကြားခဲ့ပေမယ့် ခုပုံအတိုင်းဆို အနည်းဆုံး နှစ်လထက်မက ရှည်ကြာနိုင်တယ်။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပေမယ့် အီရန်ဘက်ကလည်း အလျှော့မပေးဘဲ ဒေသတခုလုံးကို လက်တုန့်ပြန်တိုက်ခိုက်နေတယ်။ ခုချိန်ထိ အီရန်က လက်နက်ချ အရှုံးပေး အညံ့ခံဖို့ အစီအစဉ်မရှိသေးဘဲ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေဆဲဖြစ်သလို ကူဝိတ် နဲ့ ကာတာက အမေရိကန်စစ်စခန်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်။

ဒါက လတ်တလောမှာ မပြီးသေးတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲအခြေအနေပါ။ မြန်မာစကားပုံမှာတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုက နွားမ ပေါင်ကျိုးတာ ဘာဆိုင်လို့လဲ လို့ ပြောကြတယ်။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်တော့ ဒီမှာ ကိုယ်ပိုင်ကားတွေ ကိုယ်မပိုင်တော့ဘဲ တရက်ခြား အိမ်မှာ ရပ်ထားလိုက်ရတယ်။ သွားရ လာရတာ ကသိကအောင့် ဖြစ်တာပေါ့။ အရေးတကြီး သွားစရာရှိတဲ့နေရာ မလိုအပ်ဘဲ တက္ကစီ စီးနေရပြီ။ လူမှုရေး၊ စီးပွားရေး ကိစ္စအားလုံး ကမောက်ကမ ဖြစ်ကုန်တယ်။

သိရသလောက် ခု အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လောင်စာဆီအကျပ်အတည်းကိစ္စကို နိုင်ငံအားလုံးက သတိပြုမိကြပါတယ်။ ဘယ်နိုင်ငံကမှ ခုလို စုံ/မ ခွဲပြီး တုန့်ပြန်တာမျိုးတော့ မတွေ့ရဘူး။ လမ်းပေါ်မှာ အမြောက်အများသွားလာနေတဲ့ မော်တော်ကားတွေ လျော့ကျသွားဖို့ နိုင်ငံတချို့က လုပ်ဆောင်ခဲ့တာ ရှိတယ်။ ၂၀၀၈ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ယာဉ်ကျောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှု ကာကွယ်ဖို့ လမ်းပေါ်သွားနေတဲ့ မော်တော်ယာဉ်အားလုံးကို (ယာဉ်နံပါတ်) စုံ တရက်၊ မ တရက် ခွဲခြားမောင်းနှင်စေခဲ့တာ ရှိတယ်။ သူတို့က ယာဉ်ကျော မတန်တဆ ပိတ်ဆို့လို့ စည်းကမ်းသတ်မှတ်ကြတာ။ လောင်စာဆီကြောင့် မဟုတ်ဘူး။ အလားတူ အိန္ဒိယမှာလည်း လေထုညစ်ညမ်းမှု ကာကွယ်ဖို့ မော်တော်ကားတွေကို စုံ/မ အလှည့်ကျ မောင်းနှင်စေတဲ့စနစ် ချမှတ်ခဲ့တာ ရှိတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကလည်း ရာသီဥတုအပေါ် အခြေခံပြီး ယာယီချမှတ်ခဲ့တာပါ။ အမြဲတမ်းတော့မဟုတ်ဘူး။

ခု အရှေ့အလယ်ပိုင်းအရေး ဖြစ်လာတော့ ဒီကလိုပဲ ဖြစ်လာနိုင်တဲ့ လောင်စာဆီ အခက်အခဲကို ဖြေရှင်းဖို့ ဖိလစ်ပိုင်အစိုးရကလည်း အစီအစဉ်သစ်တခု ချမှတ်ပေးတယ်။

ဖိလစ်ပိုင်အစိုးရက ချမှတ်လိုက်တဲ့ အစီအစဉ်သစ်က ပိုလို့တောင် စိတ်ချမ်းသာစရာ ကောင်းလှတယ်။ မတ်လ(၉)ရက်နေ့ကစပြီး ဝန်ထမ်းအားလုံး တပတ် (လေးရက်) သာ အလုပ်ဆင်းရမယ့် အမိန့်ပါ။ ပညာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနအားလုံး ပါဝင်ပြီး ခြွင်းချက်အဖြစ် ရဲ၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းနဲ့ အရေးပေါ်ကိစ္စတာဝန်ရှိသူတွေတော့ မပါဝင်ဘူးလို့ ဆိုတယ်။

ဒီနေ့ အပြင်ထွက်ကြည့်တာ လမ်းမပေါ်မှာ ကားအသွားအလာ အနည်းအပါးနဲ့ တိတ်ဆိတ်ခြောက်သွေ့နေတာ တွေ့ရတော့ ဟိုအရင် ကိုဗစ်ကာလတုန်းက ရန်ကုန်မြင်ကွင်းတွေကို ပြန်မြင်ယောင်လာမိတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now