ဆောင်းပါး

စစ်ရေးတင်းမာလာနေတဲ့ အီရန်နဲ့ အမေရိကန်

မဲခေါင် 26 Feb - 2026
~ CWM ~ အီရန်မှာ စနေနေ့( ဖေ-၂၁) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တနိုင်ငံလုံး အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅၀၀၀)ကျော် သေဆုံးခဲ့တယ်လို့ သိရတယ်။ အီရန်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း သုံးထောင်ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ဆိုတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီအစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကိုဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်တယ်။ ဘာ့ကြောင့်လဲဆိုရင် အစွန်းရောက် အာဏာရှင်အစိုးရလက်အောက်မှာ ပြုလုပ်တဲ့

~ CWM ~

အီရန်မှာ စနေနေ့( ဖေ-၂၁) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တနိုင်ငံလုံး အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅၀၀၀)ကျော် သေဆုံးခဲ့တယ်လို့ သိရတယ်။ အီရန်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း သုံးထောင်ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ဆိုတယ်။

စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီအစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကိုဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်တယ်။ ဘာ့ကြောင့်လဲဆိုရင် အစွန်းရောက် အာဏာရှင်အစိုးရလက်အောက်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေဟာ ဖမ်းဆီးခံရနိုင်ရုံမက အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်လို့ပါ။

စနေနေ့က တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ အီရန်တက္ကသိုလ်ကျောင်းသားများရဲ့ဆန္ဒပြပွဲတွေဟာ တီဟီရန်မြို့က တက္ကသိုလ်(၈)ခုမှာ ပြုလုပ်ခဲ့ကြတာပါ။ ရုပ်သံဗီဒီယိုများအရ တီဟီရန် ရှာရစ် စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို ဆန္ဒပြကျောင်းသားများနဲ့ လုံခြုံရေးရဲများ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့ မြင်ကွင်းတွေကိုလည်း တွေ့မြင်ကြရတယ်။

အီရန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက်မှာ ခါမေနီအစိုးရက ဇန်နဝါရီ(၄)ရက်နေ့မှာ တက္ကသိုလ်ကျောင်းတွေအားလုံးကို ပိတ်ထားလိုက်တယ်။ အအေးလွန် ရာသီဥတုကြောင့် ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့ ကြေညာခဲ့ပေမယ့် အဓိက အကြောင်းရင်းက နောက်ထပ်ဆူပူမှု မဖြစ်ပေါ်အောင် တားဆီးလိုက်တာပါ။

ဖေဖော်ဝါရီ(၂၁)ရက်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ဆန္ဒပြပွဲ ရက်(၄၀)ပြည့် အထိမ်းအမှတ်နဲ့ သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရင်း ဆန္ဒပြပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

အီရန်အစိုးရကတော့ ကျောင်းသားဆန္ဒပြပွဲတွေဟာ လက်တဆုပ်စာ ကျောင်းသားအနည်းစုက ပြုလုပ်တာဖြစ်ပြီး ကျောင်းသားအများစု ပါဝင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ကြေညာတယ်။ ကျောင်းသားဆန္ဒပြပွဲတွေကို တန်ပြန်တဲ့အနေနဲ့ အစိုးရလိုလားတဲ့ ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို လည်း အချိန်ကိုက်ပြုလုပ်ခဲ့တယ်။

တီဟီရန်မြောက်ပိုင်းက အယ်ဇာရာ အမျိုးသမီး သီးသန့် တက္ကသိုလ်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသူတစုဟာ ခါမေနီအစိုးရဖြုတ်ချရေး ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြပြီး ၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေး ကတည်းက အသုံးပြုခဲ့တဲ့ အီရန်အလံတွေကို မီးရှို့ခဲ့ကြတယ်။

အခြားဆန္ဒပြပွဲတခုမှာတော့ ” အမျိုးသမီး၊ဘဝ၊ လွတ်လပ်မှု” ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်။ ဒီကြွေးကြော်သံဟာ ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး သေဆုံးသွားခဲ့ရတဲ့ အီရန်အမျိုးသမီး မာဆာ အာမီနီ ကို အကြောင်းပြုပြီး ၂၀၂၂ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတုန်းက ကြွေးကြော်သံဖြစ်တယ်။

အီရန်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေဟာ အစ္စလာမ်အစွန်းရောက် ခါမေနီအစိုးရ ဖြုတ်ချရေး တောင်းဆိုကြသလို အချို့ဆန္ဒပြပွဲတွေမှာ ကွယ်လွန်သူ ရှားဘုရင်ရဲ့ အဝေးရောက်သား ရေဇာ ပါလာဗီကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်။

လက်ရှိ အီရန်အခြေအနေဟာ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပေါ်နေစဉ်ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြ ပြည်သူတွေဘက်က ကူညီပေးမယ်လို့ ကတိပေးထားခဲ့တယ်။ တဖက်ကလည်း ခါမေနီအစိုးရကို ဆန္ဒပြ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း မပြုဖို့ ဟန့်တားခဲ့တယ်။ မလိုက်နာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမယ်လို့ သတိပေးပြီး နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားခဲ့ပြီး ဒေါ်နယ်ထရမ့်ကလည်း အီရန်ရဲ့ နျူးကလီးယားအစီအစဉ် ရပ်ဆိုင်းဖို့ ခေါင်းစဉ်ပြောင်းသွားတယ်။ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ တို့ အိုမန်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ထိပ်တိုက်တွေ့ဆုံတော့မယ့် အနေအထားက ခဏတဖြုတ် ရှောင်ရှားနိုင်ခဲ့တယ်။

သံတမန်ရေး တွေ့ဆုံစကားပြောနေချိန်မှာပဲ အမေရိကန်က အီရန်အနီးတဝိုက်မှာ စစ်အင်အား ဖြည့်တင်းမှု အကြီးအကျယ် ပြုလုပ်နေခဲ့တယ်။ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး အီဗရာဟင် လင်ကွန်းနဲ့ ဖျက်သင်္ဘောတွေ၊ တိုက်ခိုက်ရေးသင်္ဘောတွေ၊ ဖိုက်တာဂျက်တွေဟာ အာရေဗျပင်လယ်ထဲ ရောက်ရှိလာပြီး အသင့်အနေအထားနဲ့ ကျောက်ချရပ်နားနေတယ်။ အလားတူ နောက်ထပ် အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ဂျာရယ် ဖို့ဒ် ကလည်း ပူးပေါင်းဖို့ ထွက်ခွါလာနေပြီး မကြာခင်ရက်ပိုင်းအတွင်း အာရေဗျပင်လယ်ကို ရောက်ရှိလာတော့မယ်။

အမေရိကန်ရဲ့ အီရန်အနီးတဝိုက် စစ်ရေးပြင်ဆင်မှုနဲ့ စစ်အင်အားတိုးချဲ့နေမှုက မကြာခင် အချိန်အတွင်း အီရန်မှာ စစ်ပွဲကြီးတခု မြင်တွေ့ရတော့မယ့် အနေအထားကို ရောက်ရှိနေတယ်။

ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကလည်း အီရန်က သူရဲ့ နျူးကလီးယားအစီအစဉ်ကို မစွန့်လွှတ်ရင်၊ စွန့်လွှတ်ဖို့ လက်မခံဘူးဆိုရင် လာမယ့် (၁၀)ရက်အတွင်း အီရန်ကို အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်တိုက်မယ်လို့ ဆိုတယ်။ အီရန်ဘက်က ကျေနပ်လောက်စရာ တုန့်ပြန်မှု မရရှိခဲ့ရင် အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ထရမ့်က ပြောဆိုလိုက်တယ်။

ဒီရက်အတွင်း လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က အမေရိကန်သံရုံးဝန်ထမ်းအချို့ကို ပြန်ရုတ်သိမ်းလိုက်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံဖို့ အစ္စရေးကို သွားရောက်မယ်လို့ဆိုတယ်။

အမေရိကန်-အီရန် စစ်ရေးတင်းမာနေမှုဟာ အီရန်ဘက်က သံတမန်ရေး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေပြီး ဘယ်အချိန် ထ ပေါက်ကွဲမယ်ဆိုတာ မှန်းဆမရနိုင်သေးဘူး။ ထရမ့်ဘက်ကတော့ ရာဇသံလိုလို ခြိမ်းခြောက်တာလိုလို လာမယ့် ရက်ပိုင်းအတွင်း အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မယ်လို့ ဆိုနေတယ်။ ပြီးခဲ့တဲ့ ဇွန်လ အစ္စရေး-အီရန် (၁၂)ရက်ကြာ စစ်ပွဲတုန်းကတော့ နှစ်ပတ်အတွင်း အီရန်ကို ဝင်တိုက်မယ်လို့ ပြောပြီး တရက်အကြာမှာ အီရန်ရဲ့ နျူးကလီးယားစက်ရုံတွေကို ဝင်တိုက်ခဲ့တယ်။ အခုတခါမှာတော့ ထရမ့်ပေးထားတဲ့ (၁၀)ရက်အချိန်က မကြာခင် ကျော်လွန်တော့မှာဖြစ်လို့ အရှေ့အလယ်ပိုင်းက မကြာခင် ပေါက်ကွဲလာတော့မယ့် စစ်ပွဲတခုကို ကမ္ဘာက အထိတ်တလန့်နဲ့ စောင့်ကြည့်နေကြတယ်။

အရှေ့အလယ်ပိုင်းမှာ ဒီလောက် စစ်အင်အားတွေ တိုးမြှင့်ချထားနေတာတောင် အီရန်က အလျှော့မပေး(လက်နက်မချသေး)တာကို ထရမ့်က အံ့ဩနေတယ်လို့ အမေရိကန်ရဲ့ အီရန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် က ဖောက်စ်သတင်းဌာနကို မကြာခင်က ပြောကြားခဲ့တယ်။

ဖေဖော်ဝါရီ(၁၇)ရက်က အမေရိကန် နဲ့ အီရန်ကိုယ်စားလှယ်တွေ အီရန်ရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ ကတော့ အငြင်းပွားမှုတွေကို နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့်နည်းအရ သံတမန်ရေးနဲ့ ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိနေတယ်လို့ ပြောဆိုလိုက်တယ်။ “လာမယ့်ရက်ပိုင်းအတွင်း သဘောတူညီချက် မူကြမ်းကို စတိဗ်ဝစ်ကော့ လက်ထဲ ထည့်ပေးလိုက်မှာပါ” လို့ ဆိုတယ်။

ဒီဖြစ်စဉ်တွေကတော့ ဖေဖော်ဝါရီ(၂၂)ရက်နေ့အထိ အရှေ့အလယ်ပိုင်းမှာ စစ်ပြင်နေတဲ့ အမေရိကန် နဲ့ အီရန်ရဲ့ နောက်ဆုံးအနေအထားပါ။

တဖက်က သံတမန်ရေးစကားပြောနေစဉ် တဖက်က စစ်ရေးပြင်ဆင်မှုတွေရဲ့ နောက်ဆုံးမှာ ကန့်သတ်စစ်ပွဲတခု အရှေ့အလယ်ပိုင်း အီရန်မှာ မြင်တွေ့ရတော့မလား။ အမေရိကန်ရဲ့ စစ်ရေးပြင်ဆင်မှုဟာ ပေါက်ကွဲလာတော့မယ့် စစ်ပွဲအကြိုလှုပ်ရှားမှုတွေ ဖြစ်သလို အီရန်ဘက်ကလည်း တိုက်ခိုက်လာမယ့် အမေရိကန် နဲ့ အစ္စရေးတို့ကို ဘယ်လို လက်တုန့်ပြန်မလဲ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်။ အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက အမေရိကန်က အီရန်ကို ဝင်တိုက်လာခဲ့ရင် အရှေ့အလယ်ပိုင်းက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ပြီး ခုခံဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်နေတာ တွေ့ကြရတယ်။ စစ်ပွဲတခု ဖြစ်မလာသေးပေမယ့် နှစ်ဖက်စလုံးကတော့ အသေအချာ စစ်ပြင်ဆင်နေကြတဲ့ အနေအထားမှာ ရှိနေတယ်။

ထရမ့်က အီရန်ရဲ့ နျူးကလီးယားအစီအစဉ် မစွန့်လွှတ်ရင် ဆိုးရွားတဲ့ အကျိုးဆက် ခံစားရမယ်လို့ ဆိုတယ်။ အီရန်ဘက်ကတော့ နျူးကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်။ ယူရေနီယံသန့်စင်ရေးအပါအဝင် နျူးကလီးယား အကောင်အထည်ဖော်ပိုင်ခွင့် ရှိတယ်။ အီရန်ရဲ့ နျူးကလီးယားအစီအစဉ်ကို ဘယ်သူမှ တားဆီးခွင့်မရှိဘူးလို့ ဆိုတယ်။ အမေရိကန်က အီရန် နျူးကလီးယားလက်နက် ပိုင်ဆိုင်သွားမှာကို မလိုလားဘူး။ အထူးသဖြင့် အစ္စရေးက မလိုလားဘူး။ အီရန်က တင်းမာနေတဲ့ အခြေအနေကို သံတမန်ရေးစကားပြောပြီး အချိန်ဆွဲထားတယ်။ တဖက်ကလည်း နိုင်ငံတွင်းမှာ ခါမေနီအစိုးရကို ဆန့်ကျင်သူတွေ တိုးပွားလာနေတယ်။ အီရန်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့ လိုအပ်ပေမယ့် ကျယ်ပြန့်သွားနိုင်တဲ့ စစ်ပွဲအနေအထားကို တွက်ဆပြီး ထရမ့်က ချိန်ဆနေပုံရတယ်။ လတ်တလောအခြေအနေမှာတော့ အီရန်နဲ့ အနီးပတ်ဝန်းကျင်မှာ အကြီးအကျယ် စစ်အင်အား တိုးချဲ့နေပုံအရ အမေရိကန်က အီရန်ကို အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်တိုက်ဖို့က နီးနေပြီလို့ ဆိုရမယ်။

#CWM ref: Anti-government student protests spread to more Iranian universities. Trump curious why Iran has not ‘capitulated’, US envoy Witkoff says. BBCWorld.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now