ဆောင်းပါး

စောင့်ကြည့်ခံ ဝမ်းကြာတိုက်များ – တစ်အိမ်ထောင် ရင်သွေးတစ်ဦးမူတိုက်ဖျက်ခြင်းနှင့် ၂ ဦးယူရန် ဖိအားပေးခြင်းများဖြင့် အမျိုးသမီးများ မွေးဖွားခွင့်ကို ထိန်းချုပ်နေဆဲ တရုတ်

မဲခေါင် 31 Jan - 2026
~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ကလေးမွေးဖွားခြင်းဆိုင်ရာ မူဝါဒများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၄ ခုအတွင်း အမျိုး မျိုးထပ်တလဲလဲ ပြောင်းလဲနေခဲ့သည်။ သို့သော် ဗဟိုချုပ်ကိုင်မှုဝါဒီကမူ ခေါင်းမာစွာဖြင့် မူတစ်မျိုး တည်းအပေါ် တည်မှီနေသည်။ မိသားစုဘဝ၏ လက်ခံနိုင်သောပုံစံကို အမျိုးသမီးများက ရွေးချယ် ဖန်တီးနိုင်ခွင့်မပြုဘဲ နိုင်ငံတော်ကသာ ဆုံးဖြတ်ခြင်းဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူရမည်ဆိုသည့် တင်းကျပ်သော ဥပဒေ ပြုမှု စတင်သည်။ လူဦးရေ အလွန်အမင်း တိုးပွားလာခြင်းကို ချက်ချင်း တားဆီးနိုင်ရေးအတွက် ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်အထိ အမျိုးသမီးများအပေါ် ကလေးမွေးဖွားမှုနှင့်ပတ် သက်ပြီး ရှုပ်ထွေးသော ပြောင်းပြန်လှန်မူဝါဒများ စီးရီးအလိုက်

~ လင်းမောင် ~

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားခြင်းဆိုင်ရာ မူဝါဒများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၄ ခုအတွင်း အမျိုး မျိုးထပ်တလဲလဲ ပြောင်းလဲနေခဲ့သည်။ သို့သော် ဗဟိုချုပ်ကိုင်မှုဝါဒီကမူ ခေါင်းမာစွာဖြင့် မူတစ်မျိုး တည်းအပေါ် တည်မှီနေသည်။ မိသားစုဘဝ၏ လက်ခံနိုင်သောပုံစံကို အမျိုးသမီးများက ရွေးချယ် ဖန်တီးနိုင်ခွင့်မပြုဘဲ နိုင်ငံတော်ကသာ ဆုံးဖြတ်ခြင်းဖြစ်သည်။

၁၉၇၉ ခုနှစ်တွင် တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူရမည်ဆိုသည့် တင်းကျပ်သော ဥပဒေ ပြုမှု စတင်သည်။ လူဦးရေ အလွန်အမင်း တိုးပွားလာခြင်းကို ချက်ချင်း တားဆီးနိုင်ရေးအတွက် ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်အထိ အမျိုးသမီးများအပေါ် ကလေးမွေးဖွားမှုနှင့်ပတ် သက်ပြီး ရှုပ်ထွေးသော ပြောင်းပြန်လှန်မူဝါဒများ စီးရီးအလိုက် ထုတ်ပြန်ခြင်းဖြင့် ကလေးများများ မွေးဖွားရန် ဖိအားပေးလာပြီဖြစ်သည်။

သို့သော် တရုတ်အစိုးရ၏ အုပ်ချုပ်မှုယန္တရားဆိုင်ရာ ယုတ္တိဗေဒမှာမူ အခြေခံအားဖြင့် ပြောင်းလဲခြင်း မရှိသေးပေ။ မျိုးပွားခြင်းကို လူသားတို့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်အဖြစ် မသတ်မှတ်ဘဲ စီးပွား ရေး စီမံကိန်းတွက်ချက်မှုလိုအပ်ချက် တွန်းအားတစ်ခုအဖြစ်သာ သဘောထားဆဲဖြစ်သည်။

နိုင်ငံ၏ လူဦးရေ ကျဆင်းမှုက ထိုအခြေအနေကို ပိုမို ထင်ရှားစေခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် မွေးဖွားမှုအရေအတွက်သည် ယခင်နှစ်ထက် ၁၇% ကျဆင်းပြီး ၇.၉၂ သန်းသာ ရှိခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် လူဦးရေမှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံးစံချိန်တင်ခဲ့သည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် လေးနှစ်ဆက်တိုက် လျော့ကျသွားခဲ့ပြီး ဆယ်စုနှစ်များစွာကြာ အလိုရှိသလို ရယူနိုင်ရေး စီမံသည့်လူမှုရေးအင်ဂျင်နီယာပညာသည် မူဝါဒပြောင်းလဲမှုများကြားမှပင် ပြန်ပြင်မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ကြောင်း ပေါ်လွင်စေသည်။

ကလေးတစ်ယောက်ခေတ်- လှုံ့ဆော်မှုများ၊ စောင့်ကြည့်ခြင်းနှင့် အတင်းအကျပ်ပြုခြင်း

၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒကို မိတ်ဆက်ခဲ့သောအခါ အာဏာပိုင်များက အမျိုးသားရေးလိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ မွေးဖွားမှုနည်းပါးခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ပြီး ဝင်ငွေကို မြှင့်တင်ပေးမည်ဖြစ်ကာ အရင်းအမြစ်များအပေါ် ဖိအားများကို လျှော့ချပေးမည်ဟုဆိုခဲ့သည်။

ယင်းမူဝါဒသည် ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများ၊ ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုများနှင့် အလုပ်ခွင်နှင့်ဆက်စပ်သော ဆုလာဘ်များ ပေါင်းစပ်မှုအပေါ် အားကိုးခဲ့ရသည်။ သို့သော် ၎င်းသည် နိုင်ငံတော်၏ အတင်းအကျပ်ခိုင်းစေမှုအပေါ်တွင်လည်း များစွာမူတည်ခဲ့သည်။ အထူးသဖြင့် ဒေသန္တရအဆင့်များတွင် အရာရှိများကို လူဦးရေပစ်မှတ်များအပေါ် အကဲဖြတ်စေခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာစောင့်ကြည့်သူများသည် ဆယ်စုနှစ်များစွာကြာအောင် တရုတ်နိုင်ငံအတွင်း အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခြင်း၊ မိမိဆန္ဒမပါဘဲ သားကြောဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်း၊ ဒဏ်ငွေချမှတ်ခြင်းနှင့် နှောင့်ယှက်ခြင်းအပါအဝင် ပြင်းထန်သောဖိအားပေးနည်းဗျူဟာ များချမှတ်နှမ့်ကွပ်မှုများကို မှတ်တမ်းတင်ခဲ့ကြသည်။

ကလေးတစ်ယောက်မူဝါဒကြောင့် အမျိုးသမီးသန်းပေါင်းများစွာသည် အတင်းအကျပ် ကိုယ်ဝန် တားဆေးသုံးစွဲခဲ့ရခြင်း၊ သားကြောဖြတ်ရခြင်းနှင့် ကိုယ်ဝန်ဖျက်ချရခြင်းတို့ကို မည်သို့ခံစားခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့သည်။
အတင်းအကျပ်ခိုင်းစေခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သက်သက်မဟုတ်ဘဲ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းထားသော အတင်းအကျပ်ဆောင်ရွက်ရေးယန္တရားတစ်ခု ဖြစ်လာခဲ့ပြီး လိုက်နာမှုများသည် အုပ်ချုပ်ရေးဆိုင်ရာစွမ်းဆောင်ရည်ကောင်းများအဖြစ် သဘောထားခဲ့ကြသည်။

တရုတ်နိုင်ငံကိုယ်တိုင်၏ အုပ်ချုပ်မှုဖွဲ့စည်းပုံက ယင်းအချက်ကို ပိုမိုဆိုးရွားစေခဲ့သည်။ ခွဲတမ်းဖိအားနှင့် နိုင်ငံရေးလှုံ့မက်လုံးများဖြင့် လည်ပတ်နေသော ဒေသခံအရာရှိများသည် မိသားစုတိုင်း ရည်မှန်းသော“မိသားစုစီမံကိန်း” ကို လက်မခံဘဲ မည်သည့်နည်းနှင့်မဆို နိုင်ငံတော်မှ လိုအပ်သည့် အရေအတွက်နှုန်းမျှသာ မွေးဖွားခွင့်ပေးခြင်းက အမိန့်တစ်ရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ ရလဒ်အနေဖြင့် လူဦးရေဆိုင်ရာ ထိန်းချုပ်မှုသာမက မျိုးပွားမှု စောင့်ကြည့်ခြင်းကို စနစ်တကျဖွဲ့စည်း ခြင်းလည်း ဖြစ်သည်။

ကျား၊ မ မညီမျှမှု- မူဝါဒနှင့် အမျိုးသားအုပ်ထိန်းမှုတို့ ထိပ်တိုက်တွေ့သောအခါ

အတင်းအကျပ်ပြုခြင်းနှင့်အတူ နောက်ထပ်ပျက်စီးစေသောရလဒ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တရုတ်လူမျိုးများသည် သားယောက်ျားများအပေါ် ရိုးရာအစဉ်အလာအရ ဦးစားပေးနှစ်သက်မှုကြောင့် ဖြစ်ပေါ်လာသော လူဦးရေအတွင်း ကျား၊ မ အရေအတွက် မညီမျှမှု အချိုး ဖြစ်တည်လာသည်။

တရုတ်နိုင်ငံ ဒေသအများအပြားတွင် တစ်အိမ်ထောင် ကလေးတစ်ယောက်သာ မွေးရမည့် ကန့်သတ် ချက်ကြောင့် ကိုယ်ဝန်ရှိလာသည့်အခါ မျိုးရိုးဆက်ခံခွင့်ရှိသော ယောက်ျားလေးမဟုတ်မှန် သိရ သည်နှင့် ကိုယ်ဝန်ဖျက်ချခြင်း၊ စွန့်ပစ်ခြင်းများ ပြုလုပ်လာကြသည်။ မိန်းကလေးများ မွေးလျှင်လည်း အစိုးရစနစ်ယန္တရားအတွင်း သားသမီးအဖြစ် အသိမခံလိုသဖြင့် မွေးစာရင်းမှတ်ပုံတင်မလုပ်ဘဲ ကွယ် ဝှက်မှုများစွာ ရှိခဲ့သည်။ ဤမညီမျှမှုသည် လေဟာနယ်တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ပါ။ မွေးဖွားမှုဆိုင်ရာ ကန့်သတ်ချက်များသည် အမြစ်တွယ်နေသော လူမှုရေးစံနှုန်းများ၊ စီးပွားရေးမျှော်လင့်ချက်များ တိုက်ဆိုင်ခြင်း၏ ရလဒ်ဖြစ်သည်။

သားယောက်ျားကို ဦးစားပေးခြင်းသည် အဖအမွေဆက်ခံမှုစနစ်များနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုတာဝန်များဆက်ခံရသဖြင့် သမိုင်းကြောင်းအရ နက်ရှိုင်းစွာအမြစ်တွယ်ခဲ့သည်။ ကလေးတစ်ဦးသာ ကန့်သတ်ချက်အောက်တွင် အန္တရာယ်များသည် သိသိသာသာ မြင့်တက်လာခဲ့ သည်။ “အလိုရှိသည့် သားယောက်ျားမရသော ” မိသားစုအချို့အတွက် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင် ရာ ကပ်ဘေးတစ်ခု ဖြစ်လာရသည်။ တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်တွင် မိန်းကလေးများ မွေးဖွားလာခြင်းသည် လူသားကုန်ကျမှုစားရိတ်အရ စနစ်အမှားအတွင်း ကျရောက်စေသည့် ကံဆိုးမှု အဖြစ် သတ်မှတ်ခံရတော့သည်။ ကျားမခွဲခြားဆက်ဆံမှု သက်သက်သဘောမဟုတ်သော်လည်း အိမ်ထောင်စုများအတွင်း အနာဂတ်ရည်တည်ရေးတွက်ချက်ရမှုများ၌ ကြီးစွာသော ဖိအားများလည်း ဖြစ်ပေါ်စေသည်။

၁ မှ ၂ သို့- အခွင့်အရေးပြောင်းလဲရခြင်းခြင်းမဟုတ်သည့် ကိန်းဂဏန်းများသာ ပြောင်းလဲခြင်း

လူမှုရေးဗေဒပညာရှင်များနှင့် စီးပွားရေး ပညာရှင်များ နှစ်ပေါင်းများစွာ သတိပေးခဲ့ကြပြီးနောက် ၂၀၁၆ ခုနှစ်၌ တရုတ်သည် တစ်အိမ်ထောင် ရင်သွေးတစ်ယောက်သာ ယူရမည့် ဥပဒေအစား ရင်သွေး ၂ ယောက်ယူခွင့်ပြုသည့် ဥပဒေသို့ ပြောင်းလဲ ပြဌာန်းလိုက်ပြန်သည်။ မကြာခင်မှာပင် မွေးဖွားနှုန်း ကျဆင်းမြဲကျဆင်းနေသဖြင့် ရင်သွေး ၃ ယောက်ယူခွင့်ပြုသည်ဟု အတည်ပြုသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆုံးဖြတ်ချက်နှင့် ပြဌာန်းချက်များကို ထိန်းချုပ်ထားဆဲဖြစ်ပါက ခွင့်ပြုထားသော ကလေးအရေအတွက်ကို ပြောင်းလဲခြင်းသည် မျိုးပွားမှုလွတ်လပ်ခွင့်ကို အလိုအလျောက် ပြန်လည်ရရှိစေမည်မဟုတ်ဟု ထောက်ပြဝေဖန်ခဲ့သည်။
တရုတ်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများ ရှုပ်ထွေးခြင်းက ပိုမိုနက်ရှိုင်းသော ပြဿနာတစ်ခုကို ဖော်ထုတ်ပြသနေသည်။ အစိုးရသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အသိအမှတ်ပြုမည့် အစား စီးပွားရေးလိုအပ်ချက်များအပေါ် အခြေခံ၍ မျိုးပွားမှုကန့်သတ်ချက်များကို ပြန်လည်ချိန်ညှိ ခဲ့သည်။

ပထမဦးစွာ မွေးဖွားနှုန်းလျှော့နည်းစေပြီး ကလေးကြီးထွားရှင်သန်နှုန်း ပိုကောင်းရန် ဦးတည်ရမည်။ လက်ရှိ လူဦးရေကျဆင်းမှုကိုကာကွယ်ရန် မွေးဖွားနှုန်းပိုမိုမြင့်တက်ရေး ကြိုးပမ်းနေသည်။ အဆင့် ၂ ဆင့်စလုံးတွင် အမျိုးသမီးများကဏ္ဍကသာ အရေးအပါဆုံးနေရာတွင် ရှိနေသည်။

မူဝါဒများသည်လည်း ဆန့်ကျင်ဘက်များကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတော်က ကလေးမွေးဖွားခြင်းကို အားပေးအားမြှောက်ပြုလာသော်လည်း လူနေမှုစရိတ်များ မြင့်တက်လာခြင်း၊ အလုပ်အကိုင်မလုံခြုံမှု၊ အိမ်ရာဝန်ထုပ်ဝန်ပိုးများနှင့် ကျား၊ မ ခွဲခြားသည့် အလုပ်ခွင်ပြစ်ဒဏ်များကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ ဖိအားများကြောင့် စုံတွဲများစွာအတွက် ကလေးယူရန် အလားအလာနည်းပါးစေခဲ့သည်။ တစ်ချိန်က ပိုလျှံကလေးမွေးဖွားမိလျှင် ပြစ်ဒဏ်ခံကြရပြီး ယခုမှ ကလေးများပိုမိုမွေးကြရန် နှိုးဆော်လာသည်။ အိမ်ထောင်စုများတွင် စီးပွားရေးကန့်သတ်ချက်များကို မဖယ်ရှားပေးနိုင်ဘဲ ရင်သွေးများ ပိုမို ရယူခိုင်း နေခြင်းဖြစ်သည်။

မွေးဖွားနှုန်း စံချိန်တင်ကျဆင်းခြင်း – ပြန်လည်ပြုပြင်မရသော ပေကျင်း၏ ပြိုလဲမှု

၂၀၂၅ ခုနှစ်တွင် မွေးဖွားမှုနှုန်း သိသိသာသာ ကျဆင်းသွားခြင်းသည် တရုတ်နိုင်ငံ၏ လူဦးရေအကျပ်အတည်း အတိမ်အနက်ကို မီးမောင်းထိုးပြနေသည်။ တရားဝင်ကိန်းဂဏန်းများအရ ပြီးခဲ့သည့်နှစ်က မွေးဖွားမှု ၇.၉၂ သန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၉.၅၄ သန်းရှိခဲ့သဖြင့် ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ ထိုကျဆင်းမှုသည် ၁၉၄၉ ခုနှစ်တွင် မှတ်တမ်းများစတင်ပြုစုချိန် နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ တွန်းပို့ခဲ့သည်။

ကလေးတစ်ယောက်မူဝါဒသည် လူဦးရေတိုးပွားမှုကို လျှော့ချရုံသာမက ယခုအခါ မူဝါဒပြောင်းပြန်လှန် ခြင်းကိုလည်း ခံနိုင်ရည်ရှိသော နည်းလမ်းများဖြင့်တုံ့ပြန်စေသည့် လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ခဲ့ ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တစ်ခါက ကလေးတစ်ယောက်သာ ယူရမည်ဆိုသည့် ဥပဒေကြောင့် ယခုတရုတ်နိုင်ငံတွင် ကလေးမွေးဖွားနိုင်သည့်အရွယ် အမျိုးသမီးနှုန်းမှာလည်း လျော့နည်းလာနေပြီဖြစ်ရာ ဆယ်စုနှစ်များစွာ မွေးဖွားမှုကန့်သတ်ချက်မှ တိုက်ရိုက်အကျိုးဆက်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့် မွေးဖွားမှုကို ပြန်လည်ပြီး ပြင်းပြင်းထန်ထန်အားပေးနေသော်လည်း သင်္ချာနည်းအရ အကန့်အသတ်နှင့်သာ ရင်ဆိုင်ရနိုင်သည်။ ကလေးများစွာ မွေးပေးရန် အလားအလာရှိသော မိခင်များ နည်းပါးလာခြင်းကို ဆိုလိုသည်။

မကြာသေးမီက အစီရင်ခံစားများအရ ဤပြောင်းလဲမှုသည် မည်မျှနက်ရှိုင်းစွာ လည်ပတ်နေသည်ကို အလေးပေးဖော်ပြထားသည်။ The Financial Times သတင်းစာက မွေးဖွားနှုန်းသည် ၂၀၁၅ ခုနှစ်တွင် ၁၆.၅ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၈ သန်းအောက်သို့ ကျဆင်းသွားခဲ့ပြီး မွေးဖွားမှုနှုန်း အစားထိုးနိုင်ရေးသည် လိုအပ်မှုထက် များစွာနိမ့်ကျနေကြောင်း ဖော်ပြခဲ့သည်။

အမြဲတမ်းပျက်စီးမှုဖြင့် ‘အောင်မြင်သော’ လူမှုရေးအင်ဂျင်နီယာ

တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုသည် ယခုအခါ ခက်ခဲသောသင်ခန်းစာတစ်ခုကို ရင်ဆိုင်နေရပြီဖြစ်သည်။ လူမှုရေးအင်ဂျင်နီယာသည် ရေတိုတွင် အလုပ်ဖြစ်နိုင်သော်လည်း ရေရှည်ထိခိုက်မှုများကို ဖန်တီးနေဆဲဖြစ်သည်။ ကလေးတစ်ဦးမူဝါဒသည် ၎င်း၏ကိန်းဂဏန်းရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီး မွေးဖွားမှုကို လျှော့ချခြင်းနှင့် လူဦးရေတိုးပွားမှုကို နှေးကွေးစေခဲ့သည်။

သို့သော် ၎င်းသည် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေခဲ့သည်- အလျင်အမြန်အိုမင်းလာသောလူ့အဖွဲ့အစည်း၊ အလုပ်သမားအင်အားကျုံ့ခြင်း၊ ကျားမ မညီမျှမှုနှင့် “၄-၂-၁” စောင့်ရှောက်မှုဝန်ထုပ်ဝန်ပိုးများအောက်တွင် ကလေးတစ်ဦးသည် မိဘနှစ်ဦးနှင့် အဘိုးအဘွားလေးဦးကို ထောက်ပံ့ရသည့် မိသားစုဖွဲ့စည်းပုံအတွင်း ဖိအားပြင်းစွာကျရောက်စေ တော့သည်။

လူဦးရေဆိုင်ရာစိန်ခေါ်မှုသည် ယခုအခါ ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုဖြစ်သည်။ မွေးဖွားနှုန်းများကို ကန့်သတ်ချက်များအား ဖယ်ရှားခြင်းဖြင့် ပြန်လည်ထူထောင်၍မရတော့ပေ။

နှစ်ပေါင်းများစွာ မိသားစုအရွယ်အစားကို ကန့်သတ်ခြင်းသည် ယဉ်ကျေးမှုဆိုင်ရာမျှော်လင့်ချက်များကို ပြောင်းလဲစေပြီး မိသားစုကြီးများ၏စံနှုန်းကို အားနည်းစေကာ အိမ်ထောင်စုငယ်များနှင့် ကျင့်သားရနေသော မျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသဘောအရ မူဝါဒသည် မွေးဖွားမှုကို လျှော့ချရုံသာမက လူ့အဖွဲ့အစည်းက ပုံမှန်ဟုယူဆသည့်အရာကို ပြောင်းလဲစေခဲ့သည်။

တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုသည် နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေပြီး ၂၀၂၅ ခုနှစ် အချက်အလက်များအရ ၄ နှဟ်ဆက် လူဦးရ‌ေဆက်တိုက်ကျဆင်းမှုကို အတည်ပြုသည်။ ကျဆင်းမှုသည် စာရင်းအင်းဆိုင်ရာ ကျဆင်းမှုသက်သက် မဟုတ်ဘဲ စားသုံးမှု၊ အလုပ်သမားထောက်ပံ့မှုနှင့် ရေရှည်စီးပွားရေး ခံနိုင်ရည်ရှိမှုတို့ကို ထိခိုက်စေပါသည်။

ကန့်သတ်ချက်မှ ဖိအားသို့- အမျိုးသမီးများသည် ပေးဆပ်ခံများအဖြစ် ရောက်ရှိနေဆဲဖြစ်သည်

နိုင်ငံတော်က ကလေးမွေးဖွားမှု ပိုမိုများပြားလာစေရန် တောင်းဆိုနေသော်လည်း အမျိုးသမီးများသည် မူဝါဒဆိုင်ရာ တောင်းဆိုမှုများနှင့် လူမှုရေးဆိုင်ရာ လက်တွေ့အခြေအနေများကြားတွင် ပိတ်မိနေဆဲဖြစ်သည်။

အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကွဲပြားပုံရသော်လည်း ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများ၊ အလုပ်ခွင်ခွဲခြားဆက်ဆံမှုနှင့် မိခင်ဘဝကို အမျိုးသားရေးတာဝန်အဖြစ် ပုံဖော်သည့် လူမှုရေးဆိုင်ရာ ဖိအားများ ဆက်လက်တည်ရှိနေပါသည်။

ကိုယ်ကျင့်တရားဆိုင်ရာ ဘောင်ခတ်မှုတွင် “မွေးဖွားမှု များပြားလွန်းခြင်းသည် အန္တရာယ်ရှိသည်” ဆိုခြင်းမှသည် “မွေးဖွားမှု နည်းပါးလွန်းခြင်းသည် အန္တရာယ်ရှိသည်” သို့ ပြောင်းလဲသွားသော်လည်း အခြေခံမူမှာ ဆက်လက်တည်ရှိနေသည်။ မျိုးပွားခြင်းကို အမျိုးသားစီမံကိန်းတစ်ခုအဖြစ် သဘောထားဆဲဖြစ်သည်။ အမျိုးသမီးများသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အနာဂတ်ကို စီးပွားရေးစီမံကိန်းရေးဆွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နေထိုင်ပေးနေရသည်။

ဤပြောင်းလဲမှုသည် ခါးသီးသော သရော်စာတစ်ခုကိုလည်း ဖန်တီးပေးပါသည်။ တစ်ချိန်က ကိုယ်ဝန်ဆောင်ခြင်းအတွက် အမျိုးသမီးများကို အပြစ်ပေးခဲ့သည့် စနစ်သည် ယခုအခါ ၎င်းတို့အား ကလေးပိုမိုမွေးဖွားရန် မျှော်လင့်ထားပြီး ဖြစ်လာနိုင်စေမည့် နိမ့်ကျစရာအခြေအနေများအတွက်မူ အာမမခံပေ။ “ရွေးချယ်မှု” ကို နိုင်ငံတော်၏ ဦးစားပေးမှုများဖြင့် ပုံဖော်နေဆဲဖြစ်သည်။

လူ့အခွင့်အရေးထက် စီးပွားရေးအမြတ်အစွန်းရရှိမှု – တည်တံ့သောပုံစံ

တရုတ်နိုင်ငံ၏ မွေးဖွားမှုမူဝါဒဇာတ်လမ်းသည် လူ့အခွင့်အရေးထက် စီးပွားရေးတွက်ချက်မှုများကို ဦးစားပေးခြင်း၏ မန္တိမပန်းတိုင်ဖြစ်နေသည်။ ကလေးတစ်ဦးမူဝါဒကို ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာတစ်ခု အဖြစ် အကောင်အထည်ဖော်ခဲ့ပြီး အမျိုးသမီးများ၏ခန္ဓာကိုယ်ကို အတင်းအကျပ်ထိန်းချုပ်ခြင်းဖြင့် ပြဋ္ဌာန်းခဲ့သည်။

ယခုအခါ မွေးဖွားခြင်းကိုထောက်ခံသောလှုပ်ရှားမှုများသည် လူဦးရေနှင့် စီးပွားရေးဆိုင်ရာစိုးရိမ်မှု များအရ တုံ့ပြန်လာသော်လည်း နိုင်ငံတော်၏ကြီးကြပ်မှု မူကို မစွန့်လွှတ်သေးပေ။

မိသားစုအရွယ်အစားကို အုပ်ချုပ်ရေးဆိုင်ရာကိန်းရှင်တစ်ခုအဖြစ် ဆက်လက်ဆက်ဆံခြင်းသည် ပိုမိုနက်ရှိုင်းသောမေးခွန်းတစ်ခုကို ပေါ်ပေါက်စေသည်။ နိုင်ငံတော်သည် နိုင်ငံသားများကို အဓိကအားဖြင့် စီးပွားရေးယူနစ်များအဖြစ် ရှုမြင်သည့်စနစ်တွင် ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့် မည်သို့ဖြစ်သွားမည်နည်း။

တရုတ်နိုင်ငံ၏ လူဦးရေအကျပ်အတည်းက ဗဟိုစီမံကိန်းရေးဆွဲသူများ “အောင်မြင်” သည့်တိုင် ပေးဆပ်ရမှုသည် မျိုးဆက်တစ်ခု၊ မပြောင်းလဲနိုင်သောနှင့် လူသားဆန်မှုများကို ထိခိုက်စေသည်။

၂၀၂၅ ခုနှစ်မှ ကိန်းဂဏန်းများသည် မှတ်တမ်းတင်နိမ့်ကျမှုတစ်ခုတည်းမဟုတ်ဘဲ ဆယ်စုနှစ်များစွာ လူဦးရေထိန်းချုပ်မှုအပေါ် စီရင်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတော်က မိသားစုအရွယ်အစားကို ဆုံးဖြတ်သောအခါ အမျိုးသမီးအခွင့်အရေးများသည် ညှိနှိုင်းမရနိုင်သော အနေအထားတွင်သာ ပိတ်မိနေကြောင်း သတိပေးချက်တစ်ခုအဖြစ် ရှိနေဆဲပင်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဂျန်ဆန်ဟောင်း၊ တရုတ်သူလျှို နဲ့ အချစ်ဇာတ်လမ်း

~ CWM ~ ပြီးခဲ့တဲ့ မေလက သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ပြည်ကို အလည်သွားတော့ သူနဲ့အတူ ထင်ရှားတဲ့ ထိပ်တန်းအမေရိကန်စီးပွားရေးသမားတချို့ကိုပါ
ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port operator, withdrew from a proposed US$392 million joint

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now