ဆောင်းပါး

ထင်ယောင်ထင်မှား ပေါက်ဖော်စကား – မြန်မာကို တရုတ်၏ မဟာဗျူဟာမြောက် ချုပ်ကိုင်ခြင်း

မဲခေါင် 12 Aug - 2025
~ လင်းမောင် ~ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သည်။ ကြွေမွနေ သော မဟာမိတ်ဖြစ်မှုနှင့်ပထဝီနိုင်ငံရေးဒိုင်းနမစ်များ ပြောင်းလဲနေသော ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP)နှင့် မြန်မာစစ်ခေါင်းဆောင်များကြား ဆက်ဆံရေးသည် အထိမ်းအမှတ် ကာလတစ်ခုရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ဘာသာပြန်အဓိပ္ပါယ်သက်ရောက်စေသော နှစ်နိုင်ငံ ဆက်ဆံရေးကို မွေးချင်းညီအစ်ကိုများဆက်ဆံရေးဟုဆိုလိုသော ပေါက်ဖော် ဆက်ဆံရေးဟုလည်း ခေါ်ဆိုနေကြသည်။ မွေးချင်းများအချင်းချင်း ပြောစရာမလိုသော ယုံကြည်မှုနှင့် ထောက်ပံ့မှုကို ဖြစ်စေသည်ဟု ဆိုလိုသည့်စကားလုံးဖြစ်သည်။ သို့ရာတွင် စနစ်တကျ ဂရုစိုက်စွာဖြင့် တရုတ်ကွန်မြူ နစ်ပါတီဘက်မှ တည်ဆောက်ထားသည့် အဆိုပါစကားလုံးအဓိပ္ပါယ်ဘာသာပြန်သည် သကာဖုံးထား သော မုသားသာဖြစ်သည်။ လက်တွေ့တွင်မူ မညီမျှသော ပူးပေါင်းဆောင်ရွက်မှုသာဖြစ်သည်။ စစ်မှန် သော စည်းလုံးညီညွတ်မှုဆိုသည်ထက် မဟာဗျူဟာကျစွာဖြင့်

~ လင်းမောင် ~

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သည်။ ကြွေမွနေ သော မဟာမိတ်ဖြစ်မှုနှင့်ပထဝီနိုင်ငံရေးဒိုင်းနမစ်များ ပြောင်းလဲနေသော ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP)နှင့် မြန်မာစစ်ခေါင်းဆောင်များကြား ဆက်ဆံရေးသည် အထိမ်းအမှတ် ကာလတစ်ခုရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ဘာသာပြန်အဓိပ္ပါယ်သက်ရောက်စေသော နှစ်နိုင်ငံ ဆက်ဆံရေးကို မွေးချင်းညီအစ်ကိုများဆက်ဆံရေးဟုဆိုလိုသော ပေါက်ဖော် ဆက်ဆံရေးဟုလည်း ခေါ်ဆိုနေကြသည်။ မွေးချင်းများအချင်းချင်း ပြောစရာမလိုသော ယုံကြည်မှုနှင့် ထောက်ပံ့မှုကို ဖြစ်စေသည်ဟု ဆိုလိုသည့်စကားလုံးဖြစ်သည်။ သို့ရာတွင် စနစ်တကျ ဂရုစိုက်စွာဖြင့် တရုတ်ကွန်မြူ နစ်ပါတီဘက်မှ တည်ဆောက်ထားသည့် အဆိုပါစကားလုံးအဓိပ္ပါယ်ဘာသာပြန်သည် သကာဖုံးထား သော မုသားသာဖြစ်သည်။ လက်တွေ့တွင်မူ မညီမျှသော ပူးပေါင်းဆောင်ရွက်မှုသာဖြစ်သည်။ စစ်မှန် သော စည်းလုံးညီညွတ်မှုဆိုသည်ထက် မဟာဗျူဟာကျစွာဖြင့် ကျောထောက်နောက်ခံပြုပေးထား ခြင်းသာဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် နိုင်ငံတကာမှ ပြင်းထန်သော ရှုတ်ချမှုများ၊ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြသည်။ မြန်မာပြည်တွင်း၌လည်း လက်နက်ကိုင်တော်လှန်မှုများကျယ်ပြန့်လာခဲ့သည်။ တရားဝင်မှုနယ်ပယ် အရ တရုတ်အစိုးရသည် သူများနိုင်ငံပြည်တွင်းရေး ဒီမိုကရက်တစ် စည်းမျဉ်းများအရ ကြားဝင်လိုခြင်း မရှိဟု ဆိုခဲ့သော်လည်း ၎င်းတို့၏ကာလရှည်အကျိုးစီးပွားများကိုမူ လုံခြုံစေရန် ကြိုးစားသည်။ ကုလ လုံခြုံရေးကောင်စီက သံတမန်အကာအကွယ်ပေးမှုမူအရ မြန်မာစစ်ကောင်စီထံ လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့သည်။ ပေကျင်းအစိုးရမှာမူ စစ်ကောင်စီ၏ အခိုင်မာဆုံးသော နိုင်ငံတကာမဟာမိတ်အဖြစ် သာ ဆက်ရှိနေခဲ့သည်။

တစ်ကမ္ဘာလုံး၏ ပစ်ပယ်ခြင်းကြောင့် အထီးကျန်ဖြစ်သော စစ်ကောင်စီကို တရုတ်ကွန်မြူနစ်ပါတီက အခိုင်အမာပင် ဆက်လက်ထောက်ခံ ခွင့်ပြုပေးခဲ့သည်။ သို့ရာတွင် ထိုပံ့ပိုးပေးမှုများသည် သိသာထင် ရှားသော ဂယက်ရိုက်ခတ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် တရုတ်နိုင်ငံ အပေါ်တွင် နိုင်ငံရေးအသိအမှတ်ပြုမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးအထောက်အပံ့ရယူမှု၊ ဆက်ဆံရေး ခိုင်မာစေမှုအတွက် ပိုပြီးမှီခိုသထက်မှီခိုလာရသည်။ ထိုသည်ကြောင့်ပင် စစ်ကောင်စီသည် တရုတ်နှင့် ဆက်ဆံရေး၌ အဆင့်ထပ်နိမ့်ကျသွားပြီး စီးပွားရေးနှင့် နိုင်ငံရေးအရ မဟာမိတ်ဆိုသည်ထက် လက်အောက်ငယ်သား မှီခိုသူဘ၀သို့ ရောက်ရှိသွားရတော့သည်။

မြန်မာနိုင်ငံ စီးပွားရေးထိုးကျသွားခြင်းသည် တရုတ်အား မဟာဗျူဟာအသာစီးရမှုအဖြစ် အသွင် ပြောင်းသွားပြီး အနောက်တိုင်း၏ တင်းကျပ်သော ပိတ်ဆို့အရေးယူထားမှုများ၊ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခြင်းများကို တရုတ်အစိုးရက ကွက်လပ်များအား လိုက်ဖြည့်ပေးခြင်းဖြင့် ဂုတ်သွေးစုပ်မှုများ ကို အလုံးအရင်းလုပ်လာတော့သည်။ အရေးပါသော မိုင်းလုပ်ငန်း၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ပိုင်းများတွင် စစ်ကောင်စီက ဦးစားပေးလုပ်ပိုင်ခွင့်၊ ခြယ်လှယ်ခွင့်များပြန်ပေးခဲ့ရသည်။ ၎င်းတို့အကြား သဘောတူညီချက်များသည် ပွင့်လင်းမြင်သာမှု၊ ကြီးကြပ်ပိုင်ခွင်မရှိမှုများဖြင့် တရုတ်သည် စစ်အစိုးရ အလိုရှိသော ရင်းနှီးမြှုပ်နှံမှုဝင်ငွေရင်းမြစ်အတွက် မြန်မာ၌ သယံဇာတများ စည်းမဲ့ကမ်းမဲ့ ထုတ်ယူတော့သည်။

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကြီးအတွက် အရေးပါသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာ ပဏာမခြေလှမ်းများသည် တရုတ်၏ စီးပွားရေးဩဇာ လွှမ်းမိုးချဲ့တွင်မှုအတွက် အထူးဖြန့်ကျက်နေသော စီမံကိန်းများဖြစ်သည်။ အဆိုပါစီမံကိန်းများသည် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက်ဟု ပုံဖော်ထားသော်လည်း အချိုးအစားမမျှသော တရုတ်နိုင်ငံအတွက် သာ မျက်နှာသာပေး၊ ဦးစားပေးရသော စီမံကိန်းများသာဖြစ်သည်။ ဥပမာအားဖြင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ကြည့်မြင်နိုင်သည်။ အိန္ဒိယသမုဒ္ဒရာသို့ တရုတ်မှ မဟာဗျူဟာကျ တိုက်ရိုက် ကုန်သွယ်နိုင်‌ရေးတွင် အထူးအကျိုးစီးပွားဖြစ်စေမည့် ဆိပ်ကမ်းဖြစ်သော်လည်း ဖွံ့ဖြိုးတိုး တက်မှုအားနည်းခြင်း၊ တည်ငြိမ်မှုမရှိခြင်းများဖြင့် ပြည်တွင်းစီးပွားရေးထိုကျနေသော မြန်မာနိုင်ငံ အတွက်မူ အနည်းငယ်သော အကျိုးတရားကိုသာ တရုတ်ဘက်မှ ပေးစွမ်းထားသည်။

အချက်ပေးခေါင်းလောင်သံဖြစ်နေစေသော သတင်းများအရ တရုတ်သည် ဒေသခံ အလုပ်သမားများ ကို လစာနည်းပါးစွာပေးပြီး ခိုင်းစေအသုံးချခြင်း၊ ဒေသခံများကို လုပ်ကွက်များမှ နေရာပြန်လည်ချထား ရာတွင် စံနှုန်းမညီသည့် အဓမ္မမှုများလုပ်ဆောင်ခြင်း၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုကိုမျက်ကွယ်ပြု ခြင်းများအား မြန်မာစစ်အစိုးရကြောင့် လက်လွတ်စပယ် ပြုလုပ်နိုင်သည်ဟု သိရသည်။ စစ်ကောင်စီ သည် အာဏာဆက်လက်တည်မြဲရေးအတွက်သာ ခေါင်းထဲထည့်နိုင်ချိန် တရုတ်အပေါ် ဆန့်ကျင်ခွင့် လည်း မရှိတော့ပေ။ ထို့ပျက်ကွက်မှုများကြောင့် တရုတ်အစိုးရသည် စည်းမျဉ်းဥပဒေမဲ့စွာဖြင့် မြန်မာမှ သဘာ၀ရင်းမြစ်များကို အလွန်အကျွံထုတ်ယူခြင်း၊ ဆောက်လုပ်ရေးစီမံကိန်းများနှင့် လွှမ်မိုးမှုများ ထပ်မံ ထိုးသွင်ခြင်းများကို လုပ်ဆောင်ရန် မီးစိမ်းပြထားသလို ဖြစ်စေတော့သည်။

အစီရင်ခံမှုအားနည်းသော မျက်နှာစာများကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီးပွားရေးချဲ့တွင်မှု၌ လျှပ်စစ်ကား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ခေတ်မီနည်းပညာကဏ္ဍ၌ မရှိမဖြစ် လိုအပ်သော မြေရှားသတ္တုများ အကန့်အသတ်မဲ့ ရှာဖွေတူးဖော်မှုများ လုပ်လာတော့သည်။ ၎င်းတို့ အလိုရှိ သလောက်သော မြေရှားသတ္တုများကို အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ်များတွင် တူးဖော်ထုတ် လုပ်ကြသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်း နေထိုင်ခဲ့သည်မှာ သက်တမ်း ၃၈၁ နှစ်ရှိပြီ ဖြစ်သော လူမျိုးစုဦးရေ ၃၀၀၀ သာရှိသည့် ကယန်းလူမျိုးစု မျိုးနွယ်ဝင် ပဒေါင်းလူမျိုးများဖြစ်အင်ကို ကြည့်နိုင်သည်။ တရုတ်နှင့်ဖက်ဆပ်လုပ်ထားသော မြန်မာအခြေစိုက် ကြယ်လေးလုံး ကုမ္ပဏီသည် ပဒေါင်းလူမျိုးများနေထိုင်သည့် ဖယ်ခုံမြို့နယ် သီကျိုက်ရွာအနီး မြစ်ညှာတွင် အကြီးစား မြေရှားမိုင်း လုပ်ကွက် လုပ်ဆောင်ရန် အဆိုတင်သွင်းထားသည်။ ယခုနှစ်ဖေဖော်ဝါရီလကတည်းက အဆိုပါဒေသ သို့ အကြီးစား ယန္တရားစက်များစွာ ရောက်ရှိလာသည်။ အဆိုပါဒေသခံ မျိုးနွယ်စုများက ၎င်းတို့အား ကြိုတင်တိုင်ပင်ခြင်းလည်းမရှိဘဲ လုပ်ဆောင်လာကြမည့် စီမံကိန်းဖြစ်သောကြောင့် ၎င်းတို့၏ မြေယာ၊ ချောင်းမြောင်းများ ဓာတုစွန့်ပစ်ပစ္စည်းများစွာဖြင့် အဆိပ်သင့်မည်ကို စိုးရိမ်းနေကြကြောင်း ပြောဆိုနေ ကြသည်။

၂၀၂၃ ခုနှစ် Global Witness အဖွဲ့ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရားမဝင် မြေရှားသတ္တုမိုင်းလုပ်ကွက်ပေါင်း ၃၀၀ ကျော်ရှိသည်ဟု သိရှိခဲ့ရသည်။ အားလုံးနီးပါးသည် တရုတ် ထိန်းချုပ်ထားသော လုပ်ငန်းစုများ၊ တရုတ် proxies များသာဖြစ်သည်။ ၎င်းတို့ကြောင့် ဂေဟစနစ် ဆိုင်ရာပျက်စီးသော အကျိုးဆက်များစွာ ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါမိုင်းလုပ်ကွက်များသည် စည်းကမ်းလုံး၀မရှိသလောက်ဖြင့် တူးဖော်နေသည်။ တချို့မှာ မြန်မာစစ်ကောင်စီနှင့်မဟာမိတ်များ လုပ်ထားသော ဒေသခံလက်နက်ကိုင်များနှင့် ပူးပေါင်းလုပ်ဆောင်သည့်အတွက် သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှု၊ ဒေသတွင်း ပဋိပက္ခနှင့် နယ်စပ်ဖြတ်ကျော်အကျင့်ပျက် ခြစားခြင်းဆိုသည့် ၃ မျိုး ၃ ဖလှယ် ခြိမ်းခြောက်မှုကို ဖြစ်တည်စေသည်။

တရုတ်အစိုးရ၏ တရားဝင်မူဝါဒသည် စိမ်းလန်းသောဖွံ့ဖြိုးမှုဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်များမှာမူ အခြားသော ပုံပြင်တစ်ပုဒ်အသွင်ဖြစ်နေသည်။ မိုင်းလုပ်ကွက်များ ရှိ အက်ဆစ်ယိုစိမ့်ခြင်းမှသည် အဆိပ်များပျော်ဝင်စီးဆင်းခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်များ ပျက်စီးကုန်ပြီဖြစ်သည်။ မြန်မာရှိ မြေရှားသတ္တုတင်ပို့မှုအားလုံးအတွက် ဝယ်လက်သည်လည်း တရုတ် သာဖြစ်ကာ ထုတ်လုပ်မှုမှသည် သယ်ယူပို့ဆောင်မှုအထိ တရုတ်များလက်တွင်း၌သာ ရှိသည်။ မြန်မာ့ မြေရှားများဖြင့် ကမ္ဘာလုံးဆိုင်ရာ မြေရှားထောက်ပံ့ရေးကွင်းဆက်ကြီးတစ်ခုလုံးအား လက်ဝါကြီး အုပ်ထားသည်။ မြန်မာနိုင်ငံဘက်မှ အလွန်နည်းပါးသည့် လူတစ်စုအတွက်သာ အကျိုးရှိစေပြီး တရုတ် အနာဂတ်စိမ်းလန်းစိုပြေရေးအတွက် မြန်မာရှိ ဒေသခံအသိုင်းအဝိုင်းများဘ၀မှာမူ ကာလရှည်ကြာ မြေ မျက်နှာသွင်ပြင် အဆိပ်သင့်ပျက်ယွင်းသည့် ဒုက္ခကို ခါးစည်းခံကြရတော့မည်သာဖြစ်သည်။

အနောက်နိုင်ငံများက မြန်မာပြည်တွင်းစစ်ကို အမေ့လျှော့ခံပဋိပက္ခဟု မကြာခဏ သုံးနှုန်းကြသည်။ သို့သော်တရုတ်အတွက်မူ ၎င်းတို့၏ ဒေသတွင်းရည်မှန်းချက်များ၊ စီးပွားရေးအကျိုးစီးပွားများ၊ လုံခြုံရေး စိုးရိမ်ရမှုများအတွက် ဗဟိုချက် စစ်မျက်နှာပြင်သာ ဖြစ်စေသည်။ မြန်မာ အားနည်းလေ တရုတ်၏ ဒေသတွင်းပြိုင်ဘက်ကင်းလိုသော ရည်မှန်းချက်များဖော်ဆောင်ရေး ပိုအားကောင်းလေ ဖြစ်သည်။ မြန်မာသည် တရုတ်အတွက် အချက်အခြာကျသော နိုင်ငံဖြစ်နေသည်။ ပေကျင်းအစိုးရက မြန်‌မာနိုင်ငံအပေါ် လွှမ်းမိုးနိုင်လေ ပြိုင်ဘက် အိန္ဒိယကို မဟာဗျူဟာကျစွာ တားဆီးပိတ်ပင်နိုင်လေ ဖြစ်သည်။အိန္ဒိယ၏ မဟာဗျူဟာ Act East Policy သည် အရှေ့တောင်အာရှ၌ အိန္ဒိယသည်သာ အမြန်ဆုံးတိုးတက်နေရာယူသူဖြစ်ရမည်ဆိုသော ရည်မှန်းချက်ကြီး ရှိနေသည်။ တရုတ်၏ မြန်မာနိုင်ငံ အပေါ် ခြေကုတ်ယူနိုင်ခြင်းက အရှေ့တောင်အာရှကုန်းမကြီးတွင် အိန္ဒိယကို နောက်ကျောက်ချနိုင်ခြင်း ဖြစ်မည်မှာ မလွဲပေ။ အိန္ဒိယ သမုဒ္ဒရာအထိလည်း တရုတ်တို့ တိုက်ရိုက် ကုန်သွယ်နိုင်မည့် ထွက်လမ်း သည် မြန်မာသာဖြစ်သည်။

တခြားနည်းလမ်းများအရကြည့်လျှင်လည်း မြန်မာသည် တရုတ်အတွက် ရတာသိုက်ကြီးဖြစ်နေသည်။ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ပေါက်သည့်လမ်း မြန်မာမှ ဖြတ်ထွက်မည်ဖြစ်သည်။ သို့မှသာ အိန္ဒိယနှင့် အမေရိကန်တို့ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမြင့်မားသော မလက္ကာရေလက်ကြားကို အားကိုးလွန်းနေရမှု ကို လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဖြတ်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရေနံနှင့်သဘာ၀ဓာတ်ငွေပိုက်လိုင်းများသွယ်တန်းကာ ရယူသည်။ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဒေသများမှ စွမ်းအင်များကိုလည်း တောင်တရုတ်ပင်လယ်တစ်ခုလုံးအား ဖြတ်ကျော်ပြီး တင်သွင်းနိုင်ခွင့်ရှိမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ပြီးနောက် တရုတ်-မြန်မာရေနံနှင့်ဓာတ်ငွေပိုက်လိုင်းများမှ ရေနံစိမ်း စည်ပေါင်းသန်း ၂၀၀ ကျော်နှင့် သဘာ၀ဓာတ်ငွေ အများအပြား တင်ပို့နိုင်ခဲ့သည်။ မြန်မာ ပြည်သူများအတွက်မူ အကျိုးခံစားခွင့်ဆိုသည်က အနိမ့်ဆုံးအဆင့်ပင် မရနိုင်ခဲ့ပေ။ ဒေသခံများ၏ မြေယာများကို သိမ်းယူခြင်း၊ အတင်းအဓမ္မ ပြန်လည်နေရာချထားခြင်း၊ မဆိုစလောက်သော နစ်နာ ကြေးများပေးခြင်းဖြင့် မြန်မာပြည်သူများ နစ်နာရချိန်တွင် စစ်ကောင်စီဗိုလ်ချုပ်များကမူ ရှင်းလင်းမှု မရှိသည့် ရှယ်ယာအကျိုးအမြတ်များကို ရယူနေခဲ့ကြသည်။

တရုတ်မှ စတင်ဖော်ဆောင်သော စွမ်းအင်အခြေခံအဆောက်အအုံစီမံကိန်းကြီးများတွင် မဟာဗျူဟာ ကိုအထူးအကြောင်းပြကာ တရုတ်နှင့် မြန်မာစစ်တပ်များက အင်အားအလုံးအရင်းဖြင့် စောင့်ပေးကြ သည်။ တရုတ်စစ်သားများသည်လျှင်ပင် စစ်ရေးအရ ခြေကုပ်ယူလာမှုကိုကြည့်လျှင် မြန်မာ စစ်တပ် အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးနိုင်မှုက လွန်စွာသိသာထင်ရှားစေသည်။ ၎င်းတို့၏ အကျိုးစီးပွားများ နှင့် ယန္တရားများ ဘေးအန္တရာယ်မရှိချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီသည် အရေးအကြီးဆုံးသော မဟာမိတ်ဖြစ်စေရသည်။

တရုတ်သည် မြန်မာနိုင်ငံမှ အရင်းအမြစ် သယံဇာတများရရှိရေးအတွက်သာ အဓိကထားသည်မဟုတ် ဘဲ အသေအချာတွက်ချက်ထားသော ပထဝီနိုင်ငံရေး မဟာဗျူဟာရည်မှန်းချက်များလည်း ထားရှိသည်။ ၎င်း၏ အနောက်တောင်ပိုင်းနယ်စပ်ဒေသများ စိတ်ချရစေရေး၊ ဘင်္ဂလားပင်လယ်အော် တွင် အနောက်နိုင်ငံများ စိုးမိုးမှုကို တန်ပြန်နိုင်ရေးအတွက်ပါ ရည်မှန်းထားသည်။ မြန်မာအရေးကို ပေကျင်းအစိုးရက အရေးပါသော မဏ္ဍိုင်ကြီးအဖြစ် သတ်မှတ်ထားသည်။ အင်ဒို-ပစိဖိတ်ဒေသ ပိုမို ကြီးမားသော မဟာဗျူဟာအတွက်ပါ မြန်မာသည် အရေးအကြီးဆုံးနိုင်ငံဟု မှတ်ယူထားသည်။ မြန်မာ သည် အိန္ဒိယကို ယှဉ်ပြိုင်မှုအတွက်အရေးအပါဆုံးဖြစ်နေသည်သာမက အရှေ့တောင်အာရှဒေသတွင်း ၎င်းတို့၏ အခွင့်အာဏာ ထူထောင်စိုးမိုးရေးအတွက်ပါ တံခါးပေါက်ကြီးအဖြစ် အသုံးတော်ခံနေရခြင်း ဖြစ်သည်။

ပထမအဆင့်အဖြစ် တရုတ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနယ်မြေများတွင် ခြေကုပ်ယူနိုင်မှု အားနည်းသွားစေရေး မြန်မာစစ်ကောင်စီကို ယိုင်နဲ့လာခြင်းကို အကျိုးရှိစွာ အသုံးချသည်။ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသရှိ လက်နက်ကိုင်ဆန့်ကျင်သူများကို ထောက်ပံ့မှုများလုပ်နေသည်ဟု ထောက် လှမ်းရေးသတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်များသည် မြန်မာ နိုင်ငံဘက်ခြမ်း ဥပဒေမဲ့သော ဒေသများမှ လက်နက်များတင်သွင်းနိုင်ကြသည်။ ထိုလမ်းကြောင်းကို လည်း တရုတ်ကသာ ဖွင့်ပေးထားခြင်းဖြစ်သည်။ ထိုဗျူဟာအရ အိန္ဒိယနှင့် တိုက်ရိုက်ပဋိပက္ခ ဖြစ်စရာ ပင်မလိုဘဲ ကြီးမားသော ဖိအားများကို ပေးစွမ်းနိုင်ခဲ့သည်။

ဒုတိယအနေဖြင့် မြန်မာကိုအသုံးချပြီး အာဆီယံ စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် အနောက် နိုင်ငံများ ဝင်ရောက်စွက်ဖက်မှု ကင်းစေရန် တရုတ်အစိုးရက ဗျူဟာချမှတ်လုပ်ဆောင်သည်။ ထို့ ကြောင့်ပင် မြန်မာစစ်ကောင်စီကို ထောက်ပံ့အားပေးနေသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးတောင်းဆိုချက်များကို ထိရောက်စွာချေမှုန်းစေသည်။ မြန်မာ့အရေး အနောက်နိုင်ငံများ ဝင်မစွက်ဖက်နိုင်စေရန် ကုလသမဂ္ဂ၏ စွက်ဖက်မှုကိုလည်း ရှုပ်ထွေးစေရန် လုပ်ဆောင်ကာ ၎င်းတို့ ကြိုးဆွဲရုပ် အထီးကျန်နိုင်ငံတော်ဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။ ကုလလုံခြုံရေးကောင်စီတွင် မြန်မာ စစ်ကောင်စီအား နိုင်ငံတကာမှ ရှုတ်ချခြင်းများအား ဗီတိုအာဏာသုံးပယ်ချပြီး သံတမန်ရေးရာ အကာ အကွယ်ကိုအသုံးချကာ စစ်ကောင်စီကို ဒိုင်းသဖွယ် အကာအကွယ်ပေးခဲ့သည်။

တတိယအနေဖြင့် ဘင်္ဂလားပင်လယ်အော်သည် ရေတပ်အင်အားစုများ အသံတိတ် စစ်ခင်းနေရာ ဖြစ်သောကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအား တရုတ်ပိုင်စိုးထားနိုင်လျှင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကမ်းခြေဒေသများနှင့်အနီးဆုံးတွင် ခြေကုတ်ယူနိုင်ခြင်းလည်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း သည် တရုတ်အတွက် ရည်ရွယ်ချက်နှစ်ခုကို ထမ်းဆောင်နိုင်ချေရှိမည်ဖြစ်သည်။မကြသေးမီက ဂြိုဟ်တုဓာတ်ပုံများအရ ဆိပ်ကမ်းတည်ဆောက်မှုအတွက် လိုအပ်ချက်များဖြည့်ဆည်းနေမှုတွင် တရုတ်တို့တည်ရှိမှုများ များသထက်များလာပြီး အသုံးအဆောင်တည်ဆောက်မှုများသည် ရေတပ် လိုအပ်ချက်များနှင့်ကိုက်ညီမှုများပင် ရှိနေသည်ဟု ဆိုသည်။

ဝင်ရောက်စွက်ဖက်ခြင်းမပြုဟူသောမူကို လက်ကိုင်ထားသည်ဆိုသော်လည်း တရုတ်သည် မြန်မာ့လုံခြုံရေးမူဘောင်များတွင် အနုစိတ်ဝင်ရောက် ခြယ်မှုန်းထားပြီးဖြစ်သည်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအသွင်သဏ္ဍန်သည် အကူးအပြောင်းဒိုင်းနမစ်များစွာကြား ဝေဝါးနေကာ ပေကျင်းအစိုးရ ၏ မဟာဗျူဟာရည်မှန်းချက်မှာမူ မြန်မာတွင်အခြေစိုက်သော အခြေခံအဆောက်အအုံစီမံကိန်းတိုင်းမှ သည် ထောက်လှမ်းရေးမျှဝေနိုင်မှုအဆင့်အထိ တာသွားနေသည်။

မြန်မာစစ်အစိုးရသည် အာဏာကို အသဲအသန်ဆက်လက်ဆုပ်ကိုင်ထားပြီး ဒီမိုကရေစီနိုင်ငံများက လည်း မြန်မာ့အရေး ညီညွတ်ပေါင်းစည်းသော တုံ့ပြန်မှုမလုပ်နိုင်ချိန် တရုတ်ကမူ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍ တစ်ရပ်လုံးအပေါ်တွင် နည်းလမ်းတကျ မြှုပ်နှံအကွက်ချစီစဉ်ထားနိုင်ပြီးဖြစ်သည်။ ကချင်တောင်တန်းဒေသများမှ မိုင်းတွင်းများမှသည် မဟာဗျူဟာကျ ရခိုင်ဆိပ်ကမ်းအထိကို အသုံးချ ပြီး ပေကျင်းသည် ပထဝီနိုင်ငံ‌ရေးနယ်ရုပ်လေးအဖြစ် မြန်မာနိုင်ငံကို ထိုးကျွေးကာ ၎င်းတို့အလိုရှိသော ရင်းမြစ်များ၊ စွမ်းအင်ထုတ်ယူသယ်ဆောင်ရာ လမ်းကြောင်းများ၊ ဒေသတွင်း ဩဇာလွှမ်းမိုးမှုများကို ထုဆစ်ပုံဖော် စားသုံးနေပြီဖြစ်သည်။

တရုတ်တို့ အလီလီခေါ်ဝေါ်နေသော ပေါက်ဖော်ဆက်ဆံရေးဆိုသည်မှာ တကယ်တမ်းတွင် မျှတခြင်းလုံး၀မရှိသည့် ဗိုလ်ကျအနိုင်ကျင့်ခြင်းဖြင့်သာ အတိပြီးနေသည်။ ထိုအရည်အချင်းမျိုးအမြဲ ပိုင်ဆိုင်ထားနိုင်သည်ဆိုပါက ပေါက်ဖော်ဆိုသည်မှာ အထူးဂရုစိုက်ပြီး ဖန်တီးထားသော လိမ်ညာဖုံး ကွယ်ထားသည့် ထင်ယောင်ထင်မှားဖြစ်စေမှုသက်သက်သာဖြစ်သည်။ ခင်မင်ရင်းနှီးမှုဟူသော စကားလုံးများဖြင့် ဖုံးကွယ်ထားပြီး တရုတ်သည် စီးပွားရေးမဟာဗျူဟာမြောက် အမြတ်ထုတ်မှု၊ အခွင့်ကောင်းယူမှု၊ ကိုယ်ကျိုးရှားဝါဒစွဲများဖြင့်သာ မြန်မာနိုင်ငံအပေါ် ဂုတ်သွေးစုပ်နေခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရအတွက်လည်း တရုတ်သည် ၎င်းတို့အာဏာသက်တစ်ဘ၀စာ လုံခြုံမှုကို အာမခံချက် ပေးနိုင်ခြင်းဖြင့် ထိန်းညှိပေးနိုင်သော အသက်သခင်ကျေးဇူးရှင်အလား ဖြစ်နေတော့သည်။

မြန်မာနိုင်ငံ၏ အနာဂတ်သည် ပြည်တွင်း၌ စစ်အာဏာရှင်ကို တော်လှန်နေခြင်းသာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအရေးအတွက် အဓိကကြိုးကိုင်လှုပ်ရှားနေသူဖြစ်သည့် တရုတ်၏ အခွင့်ကောင်းယူမှု များကို တွန်းလှန်နေခြင်းလည်းဖြစ်သည်။ နိုင်ငံတကာမှ မြန်မာ့အရေး အကူအညီပေးရေး ဆက်လက် ပျက်ကွက်နေပါက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးများကို အလုံးစုံထိခိုက်စေရုံသာမက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပါ စွန့်လွှတ်ပြီး တရုတ်သိမ်းပိုက်ခံ ဩဇာလွှမ်းမိုး ခံနိုင်ငံအဖြစ်ပင် ရောက်ရှိသွားမည့် အန္တရာယ်ရှိနေသည်။

အဆုံးစွန်အားဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်သည် အပြန်အလှန်လေးစားမှုရှိသည့် ဆက်ဆံရေး အထိမ်းအမှတ်အခမ်းအနားမဟုတ်ဘဲ စစ်ကောင်စီလိုချင် ခဲ့သည့် အာဏာသည် ကံကြမ္မာကြီးကို မည်သို့ ပြောင်းလဲစေနိုင်ခဲ့သည်ဆိုခြင်းအား ပြတ်သားရှင်းလင်းစွာ သတိပြသပေးလိုက်ခြင်းပင်ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now