ဆောင်းပါး

ကမ္ဘာ့မြေရှားသတ္တုစျေးကွက် တရုတ် စိုးမိုးနိုင်ခဲ့သော နေ့ရက်များ ကုန်ဆုံးပြီ

မဲခေါင် 29 Jul - 2025
~ လင်းမောင် ~ မြေရှားသတ္တုများ ပေါများကြွယ်ဝမှုကို အခွင့်ကောင်းယူပြီး တရုတ်ဘုံပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် အမြတ်ထုတ်အသုံးချကာ တရုတ် အစိုးရသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ နှစ် နေရာစလုံး ကျယ်ပြန့်စွာ အသုံးပြုခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးထားခဲ့သည်။ သို့သော် ယခုအခါတွင် အမေရိကန်သည် မြေရှားသတ္တုများအား အမေရိကန် ထုတ်လုပ်ရေးလုပ်ငန်း ရှင်များ တရုတ်ထံမှသာ မဖြစ်မနေ ဝယ်ယူတင်သွင်းနေရခြင်းအား ဖြတ်ချကာ ပြည်တွင်းမှာပင် မြေရှားသတ္တုတူးဖော် ထုတ်လုပ်ခြင်းနှင့် မဟာဗျူဟာမြောက် စျေးနှုန်းဗျူဟာသစ်ကို ချမှတ်လိုက်ပြီ ဖြစ်သည်။ မြေရှားသတ္တုဆိုသည်မှာ periodic table ၌ ဒြပ်စင် ၁၇ မျိုးထဲတွင် ပါဝင်သော မိသားစုဝင် တစ်ခုဖြစ်ပြီး ကမ္ဘာမြေအပေါ်ယံလွှာတွင် တွေ့ရတတ်သော

~ လင်းမောင် ~

မြေရှားသတ္တုများ ပေါများကြွယ်ဝမှုကို အခွင့်ကောင်းယူပြီး တရုတ်ဘုံပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် အမြတ်ထုတ်အသုံးချကာ တရုတ် အစိုးရသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ နှစ် နေရာစလုံး ကျယ်ပြန့်စွာ အသုံးပြုခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးထားခဲ့သည်။

သို့သော် ယခုအခါတွင် အမေရိကန်သည် မြေရှားသတ္တုများအား အမေရိကန် ထုတ်လုပ်ရေးလုပ်ငန်း ရှင်များ တရုတ်ထံမှသာ မဖြစ်မနေ ဝယ်ယူတင်သွင်းနေရခြင်းအား ဖြတ်ချကာ ပြည်တွင်းမှာပင် မြေရှားသတ္တုတူးဖော် ထုတ်လုပ်ခြင်းနှင့် မဟာဗျူဟာမြောက် စျေးနှုန်းဗျူဟာသစ်ကို ချမှတ်လိုက်ပြီ ဖြစ်သည်။

မြေရှားသတ္တုဆိုသည်မှာ periodic table ၌ ဒြပ်စင် ၁၇ မျိုးထဲတွင် ပါဝင်သော မိသားစုဝင် တစ်ခုဖြစ်ပြီး ကမ္ဘာမြေအပေါ်ယံလွှာတွင် တွေ့ရတတ်သော ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဂုဏ်သတ္တိပိုင်းဆိုင်ရာ တူညီသော သတ္တုတစ်မျိုးဖြစ်သည်။ သို့သော် အခြားသတ္တုများထက်ပိုသာသည့် ဂုဏ်သတ္တိမှာ အီလက်ထရောနစ် နှင့် သံလိုက်ဂုဏ်သတ္တိတို့ ထူးခြားစွာ ပေါင်းစည်ထားနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အီလက်ထရော နစ်နှင့်အခြားသော niches technology ဆိုသည့် အနုစိတ်နည်းပညာတီထွင်မှုများတွင် အလွန်အသုံး တည့်သည့် သတ္တုဖြစ်လာသည်။ သို့သော် အခြားသတ္တုများမှ ထုတ်ယူခြင်းနှင့် ခွဲထုတ်ခြင်းများသည် စျေးကြီးပြီး ခက်ခဲပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။

သို့သော် ပါဝင်သည့် ဂုဏ်သတ္တိအစွမ်းများ ထူးခြားကောင်းမွန်ခြင်းကြောင့် အဆိုပါ မြေရှားသတ္တုများ ကို စမတ်ဖုန်းမှသည် လျှပ်စစ်ကား၊ ဖိုက်တာဂျက်လေယာဉ်များထုတ်လုပ်ရာတွင်ပါ မရှိမဖြစ် အသုံး ဝင်သော သတ္တုဖြစ်လာသည်။ နောက်ဆုံးပေါ် စစ်လက်နက်များတွင်ပင် မြေရှားသတ္တုများကို အသုံးပြု လာပြီဖြစ်သည်။ သံလိုက်ဂုဏ်သတ္တိများ၊ မြင့်မားသောစွမ်းအင်သိပ်သည်းဆနှင့် အပူဒဏ်ခံနိုင်ရည် တို့ကဲ့သို့သော အင်္ဂါရပ်များ၊ စွမ်းဆောင်ရည်မြင့်မားသော အီလက်ထရွန်းနစ်ပစ္စည်းများ၊ အာရုံခံကိရိယာများနှင့် စစ်လက်နက်ကိရိယာများတွင် ထိန်းချုပ်မှုယန္တရားများထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ရေဒါ၊ ဆိုနာ၊ ဒုံးပျံလမ်းညွှန်စနစ်များနှင့် ဆက်သွယ်ရေးစနစ်များကဲ့သို့သော နယ်ပယ်များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ၎င်းတို့ထဲမှ အချို့ကို တိုက်လေယာဉ်များတွင် ပေါ့ပါးသောပစ္စည်းများကို ထုတ်လုပ်ရန် အသုံးပြုကြသည်။ အချို့သော ခေတ်မီဘက်ထရီထုတ်လုပ်ရာတွင် အသုံးပြုသလို ဆီမီးကွန်ဒက်တာအပါအဝင် အချို့သော အီလက်ထရွန်နစ်ပစ္စည်းများအတွက် လည်း မြေရှားသတ္တုသည် မရှိမဖြစ်လိုအပ်သည်။ မြေရှားတွင် ပါဝင်သည့် နီအိုဒီယမ်နှင့် ဆာမာရီယမ် ဒြပ်စင်တို့သည် မြင့်မားသောအပူချိန်ကို ခံနိုင်ရည်ရှိသော သံလိုက်များထုတ်လုပ်ရန် အသုံးပြုနိုင်ပြီး အရေးအကြီးဆုံး မစ်ရှင်များတွင် အီလက်ထရွန်းနစ်နှင့် ကာကွယ်ရေးစနစ် အပလီကေးရှင်းများ၌ စံပြအဖြစ် အသုံးပြုနိုင်စွမ်းသော သတ္တုလည်းဖြစ်သောကြောင့် လွန်စွာ တန်ဖိုးကြီးပြီး အရေးပါသည့် သတ္တု ဖြစ်နေသည်။

သတင်းအချက်အလက်အမျိုးမျိုးတွင် တရုတ်သည် ကမ္ဘာ့မြေရှားသတ္တုအားလုံးထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို တရုတ်ပြည်တွင်းမှာပင် ထုတ်လုပ်သည်ဟု ဆိုသည်။ တစ်နှစ် တန် ၄၄ သန်းနှုန်း ထုတ် လုပ်နိုင်သည်။ ကမ္ဘာ့မြေရှားသတ္တုစျေးကွက် ၈၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင်မြေရှားထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၁.၅ သန်းမှ ၁.၉ သန်းကြားရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်မှု၏ ၁.၃ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သည်။ ကမ္ဘာ ဒုတိယ မြေရှားအထုတ်နိုင်ဆုံး နိုင်ငံဖြစ်သော်လည်း အမေရိကန်၏ မြေရှားသတ္တု ထုတ်နိုင်စွမ်းသည် တရုတ်နှင့် ယှဉ်လျှင် အလွန်သေးငယ်နည်းပါးနေသည်။ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ မြေရှားထောက်ပံ့ရေး ကွင်းဆက်ကြီးတစ်ခုလုံးအား လက်ဝါးကြီးအုပ်နိုင်ရေး အရှိန်အဟုတ်မြှင့်တင်ကာ မြေရှားမိုင်းလုပ်ငန်း များ လုပ်ဆောင်နေသောကြောင့် သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုတွင်လည်း တရုတ်ပြည်သူများသာ အများဆုံး ဆိုးကျိုး ခံစားကြရသည်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ယန်ဇီပြည်နယ်တောင်ပိုင်းသည် တရုတ်ပြည်တွင်း မြေရှားမိုင်းတွင်းများ ၏ ဗဟိုချက်အဖြစ် များစွာ တူးဖော်နေသည်။ တောင်တန်းထူထပ်သော ဒေသဖြစ်သော်လည်း တောင် ခြေများရောက်သည်အထိ အတွင်းလှိုက်ကာ တူးဖော်နေသည်။ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးကာ မိုင်းတွင်းဟောင်းများစွာဖြင့်ပြည့်နှက်နေသော အဆိုပါ တောင်တန်းဒေသ၌ အပူပိုင်း ထင်းရှူးပင်များ၊ နေဗယ်လိမ္မော်ပင်များ ပြန်စိုက်ကာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကြိုးပမ်းနေသော်လည်း အထမမြောက်ပေ။

တောင်တန်းအမြင့်ပိုင်းများတွင် မြေဆီလွှာပျက်ဆီးခြင်း၊ တိုက်စားခံရခြင်းများ ကြောင့် သစ်ပင်များပြန်စိုက်ရာတွင် မအောင်မြင်ပေ။ တောင်ထိပ်တိုင်းတွင် မိုင်းတွင်းအမာရွတ်များ စွာရှိနေသောကြောင့် သစ်ပင်များပြန်လည်စိုက်ပျိုးရာ၌ အလွန်ခက်ခဲသော မြေမျက်နှာသွင်ပြင်ကို ဖြစ်တည်စေသည်ဟု စစ်တမ်းပညာရှင်များက ဆိုသည်။ အနီရောင် ရွှံ့စေးမြေများထဲမှ မြေရှားသတ္တုကို ခွဲထုတ်နိုင်ရန် အမိုနီယံဆာလဖိတ်၊ အမိုနီယံကလိုရိုက်နှင့် အခြားဓာတုပစ္စည်းများကို ရော်ဘာပိုက်များ၊ PVC ပိုက်များဖြင့် ထိုးသွင်းနေခြင်းကြောင့် မြေဆီလွှာများသည် ဖုန်းဆိုးမြေများအဖြစ်သို့ ရောက်ရှိကုန် သည်။ သဘာ၀ပတ်ဝန်းကျင် လေ့လာရေး Yale School ကျောင်းမှ လေ့လာသူတစ်ဦးက ကမ္ဘာမြေလွှာ ထဲမှ မြေရှားသတ္တုများကို တူးဖော်ရယူနိုင်ရေး ရေနှင့် ဓာတုပစ္စည်းများစွာ ထိုးသွင်းခြင်းမှသည် ရေထု နှင့်မြေလွှားများကို ညစ်ညမ်းအဆိပ်သင့်မှုများစွာဖြစ်စေသည်ဟု တင်ပြခဲ့သည်။ ယနေ့ အဆိုပါဒေသ တောင်ကုန်းများအားလုံးထိပ်၌ ရေကန်ထဲမှ စွန့်ပစ်ရေဆိုးများထားရှိသည့် ကွန်ကရစ်ကန်၊ ပလက်စတစ် ရေပိုက်လိုင်းများ ပေါက်ပြဲပြီး မြေဆီလွှာအတွင်း စိမ့်ဝင်ပျက်ဆီးနေစေသည်ကို တွေ့ရ ကြောင်း၊ မြေအောက်ရေများပါ အဆိပ်ဓာတ်များပျော်ဝင်ပျက်စီးစေသဖြင့် မြေပြိုမှုများလည်း မထိန်း နိုင်မသိမ်းနိုင်ဖြစ်နေရသည်ဟု အဆိုပါ လေ့လာသူက တင်ပြခဲ့သည်။

သဘာ၀ပတ်ဝန်းကျင်လေ့လာရေး သိပ္ပံပညာရှင်များက မြေရှားမိုင်းတွင်းများရှိရာဒေသရှိ အပေါ်ယံ မြေဆီလွှာနှင့်မြေအောက်ရေများထဲ၌ အလွန်ပမာဏများပြားသော အမိုးနီးယား၊ နိုက်ထရိုဂျင် ဒြပ်ပေါင်းများနှင့် ကက်ဒမီယံ၊ ခဲစသည့်တို့ ပျော်ဝင် အဆိပ်သင့်စေသည်ဟု သတိပေးချက် ထုတ်ပြန် ကြသည်။ ယူရေနီယံသိုက်များ အနီးအနားတွင် တူးဖော်သည့်မြေရှားမိုင်းတွင်းများကြောင့် ရေဒီယို သတ္တိကြွမှုများလည်း ဖြစ်ပေါ်သည်။ ဝါတာလူး တက္ကသိုလ်မှ သုတေသနပညာရှင် Xiang Huang ကလည်း မြေရှားမိုင်းကြောင့် ပျက်သုဉ်းကုန်သည့် မြေဆီနှင့်မြေအောက်ရေများကြောင့် အဆုံးသော သက်ရောက်မှုမှာ လူတို့၏ အာရုံကြောစနစ်ကို ပျက်ဆီးစေကြောင်း၊ အရိုးကင်ဆာ၊ အရေပြားကင်ဆာ၊ နှလုံးသွေးပြန်ကြောနှင့် အသက်ရှူအင်္ဂါအဖွဲ့အစည်းများကို ပျက်ဆီးဖြစ်ပေါ်စေသည်ဟု သတိပေး ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ပေကျင်းတက္ကသိုလ်တွင် Ph. D ဘွဲ့ကို မြေရှားတူးဖော်ခြင်းနှင့် သဘာ၀ပတ်ဝန်းကျင်၊ ကျန်းမာရေး ထိခိုက်မှု ဆိုသော စာတမ်းဖြင့် ယူခဲ့သူ လည်းဖြစ်သည်။

မြေရှားမိုင်းတွင်းများနှင့် တစ်ဆက်တည်းဖြစ်တည်မှုများမှာ စိုက်ပျိုးသီးနှံများ မစိုက်နိုင်တော့သည့် မြေဆီလွှာပျက်သုဉ်းခြင်း၊ လူသားများအတွက် ရေထောက်ပံ့ရေးကွင်းဆက် ညစ်ညမ်းအဆိပ်သင့်ခြင်း များဖြစ်သည်။ တရုတ်သည် ထိုသို့ ၎င်းတို့နိုင်ငံအတွင်း မြေရှားထုတ်လုပ်ခြင်းမှ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးခြင်းများကြောင့် နောက်ပိုင်းတွင် မြေရှားသတ္တုများကို အခြားသော နိုင်ငံများတွင် ပိုမို ထုတ်လုပ်လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံသည် ကာကွယ်ရေး၊ စွမ်းအင်နှင့် မော်တော်ယာဥ်ကဏ္ဍများတွင် အသုံးပြုသည့် မြေရှားဒြပ်စင်များနှင့် သံလိုက်ခုနစ်မျိုးကို တင်ပို့မှု ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ယခင်း ဒြပ်စင်များမှာ ဆာမာရီယမ်၊ ဂါဒိုလီနီယမ်၊ တာဘီယမ်၊ ဒစ်ပရိုဆီယမ်၊ လူတက်တီယမ်၊ စကန်ဒီယမ်နှင့် ယက်ထရီယမ်တို့ဖြစ်ကာ အမေရိကန်မှ သွင်းကုန် အခွန်စည်းကြပ်မှု မြှင့်တင်ခြင်းကို လက်တုံ့ပြန်ကာ တင်ပို့မှုများ ပိတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသို့လည်း မြေရှားတင်ပို့မှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့သည်။

သို့သော်လည်း အမေရိကန်ရှိ မဟာဗျူဟာမြောက် တွေးခေါ်ရှင်များသည် မြေရှားဈေးကွက်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ချိုးဖျက်ရန်နှင့် မြေရှားထုတ်လုပ်မှု၌ ပိုမိုရင်းနှီးမြှုပ်နှံရေး ပြည်တွင်း ထုတ်လုပ်သူများကို အားပေးသည့် အစီအစဉ်ကို ရေးဆွဲခဲ့သည်။ ဇူလိုင်လအစောပိုင်းတွင်၊ အမေရိကန်ကာကွယ်ရေးဌာနသည် ၎င်း၏တစ်ခုတည်းသောမြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီ M. P. Materials အတွက် မြေရှားများကို တရုတ်နိုင်ငံမှ သတ်မှတ်ပေးနေသည့် လက်ရှိပေါက်ဈေးထက် နှစ်ဆနီးပါးမြင့်သော စျေးနှုန်းကို ထုတ်ဖော်ကျင့်သုံးစေခဲ့သည်။ အသုံးအများဆုံးမြေရှား သတ္တု ၂ မျိုးအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးကို တစ်ကီလိုလျှင် ဒေါ်လာ ၁၁၀ သတ်မှတ်ထားပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ M. P. ပစ္စည်းများကို လက်ရှိပေါက်ဈေးနှင့် လက်ရှိပေါက်ဈေးအကြား ကွာခြားချက်ဒေါ်လာ ၁၁၀ ပေးဆောင်ရယူသည်။ သို့သော်မြေရှားစျေး ဒေါ်လာ ၁၁၀ ထက် ဈေးတက်လာလျှင် အထောက်အပံ့ပေးထားသည့် ကာကွယ်ရေးဌာနမှ အပိုအမြတ်၏ ၃၀ ရာခိုင်နှုန်းကို ခံစားရမည်ဟု စာချုပ်ခဲ့သည်။ ဘယ်လ်ဂျီယံ ဓာတုဗေဒအဖွဲ့ Solvay ကဲ့သို့ မြေရှားသတ္တု ထုတ်လုပ်သူများသည်လည်း မြင့်မားသော ဈေးနှုန်းတည်ဆောက်မှုမှ အကျိုးအမြတ် ရရှိဖွယ်ရှိသည်။

၂၀၂၄ ခုနှစ်တွင် MP Materials သည် တရုတ်ထုတ် စျေးပေါသော မြေရှားသတ္တုများကြောင့် မြေရှားသတ္တု ၄၅၅၀၀ တန် ထုတ်လုပ်မှုမှ အသားတင်အရှုံး ဒေါ်လာ ၆၅ သန်း အရှုံးပေါ်ခဲ့သည်။ သို့ သော် တက္ကဆက်တွင် ကနဦး တစ်နှစ် တန် ၁၀၀၀ ထုတ်လုပ်နိုင်မည့် သံလိုက်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်နိုင်ခဲ့သည်။ နောက်နှစ်များတွင် တစ်နှစ်တန် ၃၀၀၀ အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ် ထားသည်။ MP Materials သည် မကြာမီမှာပင် Apple ကုမ္ပဏီနှင့် ဒေါ်လာသန်း ၅၀၀ တန် စာချုပ်သစ် တစ်ခု ချုပ်ဆိုလိုက်ကြောင်း ကြေညာခဲ့သည်။

iPhones နှင့် အဆင့်မြင့်နည်းပညာသုံး လျှပ်စစ်ကားများတွင် ပိုမိုအားကောင်းသော သံလိုက်များ ထုတ်လုပ်သုံးစွဲနိုင်ရေး Apple အတွက် MP Materials က ထုတ်လုပ်ပေးရန် သဘောတူညီမှုရကာ အကျိုးအမြတ်များ ရှိလာခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း MP Materials တွင် ရှယ်ယာထည့်ဝင်ရင်းနှီးမှုအဖြစ် ဒေါ်လာ သန်း ၄၀၀ ထပ်မံ မြှုပ်နှံလိုက်သည်။ မြေရှားမှသည် သံလိုက်များစွာ ထုတ်လုပ်နိုင်စေရေး၊ တရုတ်မြေရှားသတ္တုကို အားမကိုးရရေးအတွက် ကူညီပေးခြင်းဖြစ်သည်။
ထိုသို့ဖြင့် တရုတ်၏ ကမ္ဘာမြေရှားသတ္တုစျေးကွက်အား လက်ဝါးကြီးအုပ်ထားနိုင်သည့် နေ့စွဲများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ တရုတ်ပြည်သူများ မြေရှားထုတ်လုပ်မှုကြောင့် ထိခိုက်ခဲ့ရမှုများသည်လည်း ယနေ့တွင် ရပ်တန့်သွားရပြီဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now