ဆောင်းပါး

လက်တင်အမေရိက ဒေသဆိုင်ရာ ဖိုရမ်များကို တရုတ်၏ တလွဲအသုံးပြုနေမှု

မဲခေါင် 17 Jul - 2025
~ လင်းမောင် ~ တရုတ်သည် South-South cooperation ဆိုသော စာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှင့်အတူ လက်တင်အမေရိကနိုင်ငံများနှင့် စေ့စပ်မှုများကို မကြာခဏဆိုသလို လုပ်ဆောင်လာပြီး အဆိုပါဒေသတွင် အနောက်တိုင်းသားတို့ စိုးမိုးထားမှုအား မိမိတို့ဘက်သို့ ကူးပြောင်းလာစေရန် ကြံစည်နေပြီဖြစ်သည်။ ဘာသာပြန်ကြည့်မှု အရ ပေကျင်းသည် အဆိုပါဒေသရှိ ဖိုရမ်များအတွင်း ပါဝင်မှုအခန်းကဏ္ဍ ပိုမို ကြီးထွားလာသည်ဟု ဆိုရပေမည်။ သီးသန့်အားဖြင့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံပြည်နယ်များရှိ အသိုက်အဝန်း (CELAC) တွင် ပိုမိုပါဝင်လာခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်များတွင် စကားလုံးလှလှ တပ်ထားသည့် နာမည်က ဘက်စုံပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဟု အကြောင်းပြထားသော်လည်း အတွင်းလှိုက် လေ့လာထားသူများကမူ တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအစီအစဉ်များကို တိုးတက်စေရန် ၎င်းဖိုရမ်များအား

~ လင်းမောင် ~

တရုတ်သည် South-South cooperation ဆိုသော စာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှင့်အတူ လက်တင်အမေရိကနိုင်ငံများနှင့် စေ့စပ်မှုများကို မကြာခဏဆိုသလို လုပ်ဆောင်လာပြီး အဆိုပါဒေသတွင် အနောက်တိုင်းသားတို့ စိုးမိုးထားမှုအား မိမိတို့ဘက်သို့ ကူးပြောင်းလာစေရန် ကြံစည်နေပြီဖြစ်သည်။ ဘာသာပြန်ကြည့်မှု အရ ပေကျင်းသည် အဆိုပါဒေသရှိ ဖိုရမ်များအတွင်း ပါဝင်မှုအခန်းကဏ္ဍ ပိုမို ကြီးထွားလာသည်ဟု ဆိုရပေမည်။ သီးသန့်အားဖြင့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံပြည်နယ်များရှိ အသိုက်အဝန်း (CELAC) တွင် ပိုမိုပါဝင်လာခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်များတွင် စကားလုံးလှလှ တပ်ထားသည့် နာမည်က ဘက်စုံပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဟု အကြောင်းပြထားသော်လည်း အတွင်းလှိုက် လေ့လာထားသူများကမူ တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအစီအစဉ်များကို တိုးတက်စေရန် ၎င်းဖိုရမ်များအား အသုံးချခြင်းသာဖြစ်သည်ဟု ဆိုသည်။ အပေါ်ယံတွင် အပြန်အလှန်အကျိုးရှိစေသော ဆက်ဆံရေးကို ပြသထားသော်လည်း အမှန်တရားမှာ အဆိုပါဒေသ များအတွင်း စည်းလုံးညီညွတ်မှု အစိတ်စိတ်ကွဲပြားစေရန်၊ ဒီမိုကရေစီစံနှုန်းများ ပျက်ပြားစေရန်၊ အချိုးမညီသော မိတ်ဖက်ဆက်ဆံရေးများမှတစ်ဆင့် အချိန်အခါမဟုတ် ၎င်းတို့အပေါ် ရေရှည်အား ထားမှီခိုမှုများချက်ချင်းဖြစ်တည်လာရန် မဟာဗျူဟာတစ်ရပ် ချမှတ်လုပ်ဆောင်နေခြင်းသာဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် China-CELAC Forum (CCF) ကို စတင်ခဲ့သည်။ အဓိကအားဖြင့် ပေကျင်းသည် အဆိုပါဒေသဆိုင်ရာ အဖွဲ့အစည်းများအပေါ် မည်ကဲ့သို့ အထောက်အပံ့ပြုပုံများကို ပမာပြုကာ ကျေးဇူးရှင်ဖြစ်သည့်သဘောမျိုး ဖိုရမ်များတွင် လှိုင်လှိုင် ပြောဆိုပြီး ယခင်အဆိုပါဒေသ၌ ကာလရှည် စိုးမိုးသက်ရောက်မှုရှိခဲ့သည့် အမေရိကန်ပြည်ထောင်စုများအဖွဲ့ (OAS) ကဲ့သို့သော အဖွဲ့အစည်းများကို ကျော်လွန်လျှက် CCF သည်သာ မိတ်ဖက်ဆက်ဆံရေးအရ အကျိုးအပြုဆုံးဖိုရမ်ဖြစ်စေရန် ဟန်ဆောင် မျက်နှာဖုံးဖြင့် တည်ဆောက်သည်။

တရုတ်တို့လိုချင်သည့် အဓိကအရာများသည် ထာ၀ရ စွဲကိုင်ထား သည့် တရုတ်တစ်နိုင်ငံတည်းမှ စိုးမိုးရေးဆိုသော One China principle၊ အနောက်နိုင်ငံများနှင့် နိုင်ငံ ရေးအရ လိုက်လျောညီထွေမဖြစ်စေရေး၊ ခါးပတ်လမ်းမကြီး Belt and Road Initiative (BRI) ကို ထောက်ခံအားပေးသည့် မဟာဗျူဟာပလက်ဖောင်းတစ်ခုဖြစ်လာစေရေးအတွက်သာ ဖြစ်သည်။ ဖိုရမ်၏ ပူးတွဲကြေညာချက်များတွင် တရုတ်၏ အချုပ်အခြာအာဏာပိုင်မှုကို ထောက်ခံကြောင်း၊ ၎င်းတို့၏ ပြည်တွင်း လူ့အခွင့်အရေးစံနှုန်းမှတ်တမ်းဆိုးများအပေါ် တစ်သမတ်တည်း ဝေဖန်မှု မရှိခဲ့ သည့် ထုတ်ပြန်ချက်များသာဖြစ်နေသည်က ဆင်သွားသည့်လမ်းပမာ ရှင်းလင်းထင်ရှားနေသည်။

အဆိုပါပလက်ဖောင်းများမှ တရုတ်တို့ ပြန်လည်ရရှိသည့် နိုင်ငံရေးအကျိုးအမြတ်များကိုကြည့်လျှင် ယခင် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးကို ပနားမားက ၂၀၁၇၊ အယ်လ်ဆာဗေးဒိုးက ၂၀၁၈၊ ဒိုမီနီကန် ရီပက်ဘလစ်က ၂၀၁၈၊ နီကာရာဂွါက ၂၀၂၁ ခုနှစ်များ၌ ရပ်ဆိုင်းပြီး တရုတ်ဘက်ပါသွားသည်ကို ကြည့်ပါက အတိုင်းသား မြင်ရပေမည်။ အဆိုပါ ဖြစ်စဉ်အများစုတွင် သက်ဆိုင်ရာ နိုင်ငံများအတွင်း တရုတ်ဘက်မှ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရေး သဘောတူ စာချုပ်များချုပ်ဆိုပြီးသည်နှင့် မကြာခင် ထိုင်ဝမ်အပေါ် သံတမန်ထောက်ခံဆက်ဆံမှု ဖြတ်တောက် ခြင်းများဖြစ်ခဲ့သည်ကိုလည်း သက်သေများအဖြစ် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ပေကျင်းအစိုးရ၏ ဖိုရမ် ဒီပလိုမေစီအကျိုးဆက် သဘောသဘာ၀များအဖြစ် ရောင်ပြန်ဟပ်မှုပင်ဖြစ်သည်။ တရုတ်၏ အဆိုပါ ချဲ့တွင်နိုင်မှုများ များပြားအောင်မြင်လာသည်နှင့်အမျှ အဆိုပါဒေသများအတွင်း ယခင်လက်ကိုင်ထား သော ဒေသတွင်းအကျိုးစီးပွားအစား တရုတ်၏ နိုင်ငံတကာ မူဝါဒရည်မှန်းချက်များ လောင်းရိပ် အောက်သို့သာ ငုပ်လျှိုးဝင်သွားကြရတော့သည်။ စီးပွားရေးအရ တရုတ်-CELAC မူဘောင်ကို BRI မှတစ်ဆင့် ပေကျင်း၏သြဇာလွှမ်းမိုးမှု ပုံမှန်ဖြစ်စေရန်နှင့် ချဲ့ထွင်ရန် အသုံးပြုခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် ပြဿနာရှိသော စီးပွားရေးမှီခိုမှုနှင့် အုပ်ချုပ်မှုဆိုင်ရာစိန်ခေါ်မှုများကို သာ အမွေဆိုးအဖြစ် ထားရှိပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် အာဂျင်တီးနားသည် CCF မူဘောင်အောက်တွင် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံကတည်းက ယွမ်ငွေကြေးလဲလှယ်မှုနှင့် တရုတ်ဦးဆောင်သော အခြေခံအဆောက်အအုံဆိုင်ရာ ပရော့ဂျက်များသာ နိုင်ငံအတွင်း သိသိသာသာ မြင့်တက်များပြားလာသည်ကို တွေ့မြင်ခဲ့ရသည်။

အာဂျင်တီးနားသည် ၂၀၂၂ ခုနှစ်တွင် BRI နှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် တစ်မုဟုတ်ချင်းဆိုသလို တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကသာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ မီးရထားလမ်းအဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းသစ်များနှင့်အတူ အရှိန်အဟုန် ဖြင့် ဝင်ရောက်လာသည်။ အဆိုပါရင်းနှီးမြှုပ်နှံလာမှုများသည် မကြာခဏ ပွင့်လင်းမြင်သာမရှိခြင်း၊ တရုတ်ကန်ထရိုက်တာများနှင့်ချည်နှောင်ခြင်း၊ လျှို့ဝှက်ပေးရမည့် သဘောတူညီချက်များဖြင့် ဖုံးအုပ် ကာကွယ်ပေးခြင်းများကြောင့် တရုတ်ဘက်မှ ပတ်သက်သူများသည် အာဂျင်တီးနား ပြည်သူ့တာဝန်ခံမှုကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။

အီကွေဒေါတွင်လည်း တရုတ်ပါဝင်ပတ်သက်သည့် ရေးအားလျှပ်စစ်ထုတ်ဆည်တည်ဆောက်ခြင်းက ကာလရှည် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်ပေါ်စေရုံသာမက စီမံကိန်းကို ထိပါးစေသည့် နည်းပညာအားနည်းမှုဆိုင်ရာ ချို့ယွင်းချက်များကိုလည်း ဖြစ်တည်စေခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ ကြိုးပမ်းမှုများတွင် ငွေကြေးထောက်ပံ့ရန် အသုံးပြုသည့် ချေးငွေသဘောတူညီချက်များသည် အီကွေဒေါအား ခက်ခဲသောအခြေအနေများအောက်တွင် တရုတ်ကြွေးမြီများအား မဖြစ်မနေပြန်ဆပ် ရမည့် အကျပ်အတည်းအတွင်း ရောက်ရှိစေကာ နိုင်ငံ၏စီးပွားရေး လူးသာလွန့်သာရှိမှုကို ချုပ်ထိန်းကာ ပိုမိုကျည်တည်းသွားစေခဲ့သည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ထီးတစ်ချောင်းအောက်တွင်ရှိသော စီးပွားရေးစီမံခန့်ခွဲမှုဟု တရုတ်ဘက်က ခေါ်တွင်စေသော်လည်း ထိုလုပ်ငန်းများ၏ တရားဝင်မှုများ အောက် လက်တင်အမေရိကနိုင်ငံများသည် ၎င်းတို့အပေါ် စီးပွားရေးမှီခိုရသူများဖြစ်လာစေရာမှ အမြတ်ထုတ်ယူမှုသဘောသဘာ၀ကိုသာ ထင်ဟပ်စေတော့သည်။

BRI နှင့် နိုင်ငံဝါဒစုံ ထင်ယောင်ထင်မှားဖြစ်စေခြင်း

ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံမှ ရွေးချယ်သော ထိတွေ့ဆက်ဆံမှုသည် နိုင်ငံစုံစနစ်၏ သဘောတရားကို မည်ကဲ့သို့ ကြိုးကိုင်နေသည်ကိုလည်း သရုပ်ဖော်သည်။ နိုင်ငံတစ်ခုချင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း လက်တင်အမေရိက စည်းလုံးညီညွတ်မှုကို အပိုင်းပိုင်းခွဲကာ စုပေါင်းကြီးကြပ်မှုကို ရှောင်တိမ်းရန် CCF ကဲ့သို့သော ဖိုရမ်များကို အသုံးချခဲ့သည်။ ဥပမာအားဖြင့် MERCOSUR သို့မဟုတ် Pacific Alliance ကဲ့သို့သော ရှိရင်းစွဲ ပေါင်းစည်းရေးယန္တရားအဖွဲ့အစည်းများကို အသုံးပြုခြင်းထက် တရုတ်သည် သီးခြားအဖွဲ့များ သို့မဟုတ် ကျင့်သုံးနိုင်သော အုပ်ချုပ်မှုစံနှုန်းကင်းမဲ့သည့် နှစ်ဖက်သဘောတူညီချက်များ (အစိုးရချင်းပုံစံမဟုတ်သည့် စာချုပ်များ) မှတစ်ဆင့် လုပ်ဆောင်ရန်လိုလားသည်။ ယင်းသည် ဒေသဆိုင်ရာ စည်းလုံးညီညွတ်မှုကို အားနည်းစေခြင်းနှင့် စိစစ်မှုကို ရှောင်လွှဲရန်၊ အာဏာရှင်ဆန်သော အစိုးရများကို အားကောင်းစေခြင်း၏ သက်ရောက်မှု နှစ်ရပ်ဖြစ်တည်စေခဲ့သည်။

လက်တင်အမေရိက ဖိုရမ်တွင် တရုတ်၏ ထိတွေ့ဆက်ဆံမှုသရုပ်မှန်ကို မမြင်သာသော်လည်း ထင်ရှားစွာမြင်နိုင်သည်က ၎င်း၏ Soft Power အားကောင်းစေရေးအတွက် အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေသည် ကို ရှုမြင်နိုင်သည်။ BRI အစပျိုးမှုများပင် မလုပ်ရသေးမီ ထိုဒေသများတွင် ကွန်ဖြူးရှပ်အင်စတီကျု၊ မီဒီယာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို CCF မူဘောင်အောက်တွင် လက်မှတ်ရေး ထိုး ထူထောင်လာသည်။ တရုတ်သည် အခြားသောနိုင်ငံများ၏ ယဉ်ကျေးမှုနှင့်သတင်းအချက်အလက် နယ်ပယ်များတွင် အစောဆုံး လက်ဦးသိရှိစေရန် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလေ့ရှိသည်။ ၂၀၁၉ ခုနှစ် တွင် တရုတ်အစိုးရမီဒီယာသည် လက်တင်အမေရိကရှိ မီဒီယာတိုက်များစွာနှင့် CCF မူဘောင်အောက်၌ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်များ ထိုးခဲ့သည်။ ထိုသို့ စာချုပ်ခဲ့ခြင်းဖြင့် အဆိုပါ လက်တင် အမေရိကဒေသများသည် တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုယန္တရားလက်အောက်သို့ အလိုအလျှောက် ရောက်ရှိသွားသည့်ပုံစံ ဖြစ်လာသလို တရုတ်အတွက် အကာအကွယ်များလည်း အပြည့်ရစေသည်။ အနောက် ဒီမိုကရေ စီအင်အားစု၏ ဝေဖန်မှုများကိုလည်း ဂရုစိုက်စရာမလိုတော့ဘဲ ဒေသဆိုင်ရာ အာဘော်များကိုပါ ဆွဲဆောင်စည်းရုံးပြီးသားဖြစ်စေသည်။

ကျူးဘား၊ ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများတွင် တရုတ်မီဒီယာ အာဘော်များသည် ပြည်တွင်း မီဒီယာအခင်းအကျင်းများထဲသို့ ရောနှောဩဇာသက်ရောက်စေပြီး တရုတ်အစိုးရ ဝါဒဖြန်နိုင်စွမ်းရှိသည့် ပလက်ဖောင်းများဖြစ်စေခဲ့သည်။ အဆိုပါ လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာနိုင်ငံ ဒေသများတွင် သတင်းအချက်အလက်ဆိုင်ရာ ပတ်ဝန်းကျင်ကို ပုံဖော်ရန်ထက် တရုတ်၏ ယဉ်ကျေးမှုဖလှယ်ခြင်းဟန်ပြ ထိန်းချုပ်ခံ ထောင်ချောက်များအတွင်း ဝင်သွားရခြင်းပင်ဖြစ်သည်။ အာဏာရှင်ဆန်သော စံနှုန်းများကို တစ်ဖက်တွင် ပျော့ပျောင်းစွာ မကောင်းမြင်သလိုလိုနှင့် ပိုမို အာဏာ ရှင်ဆန်စေရန် မီးထိုးပေးနေခြင်းဖြစ်သော်လည်း စည်းရုံးထားပြီးသားဖြစ်သောကြောင့် ၎င်းတို့အပေါ် ဝေဖန်မှုများမှလည်း လွတ်မြောက်စေရန် အကွက်ချပြီးသားဖြစ်နေသည်။

ဒေသခံအေဂျင်စီများအတွက် အဖျက်အမှောင့်တစ်ခု

ပေကျင်း၏ ချဉ်းကပ်မှုများတွင် စိတ်အနှောက်အယှက်အပေးနိုင်ဆုံးမှာ စံနှုန်းများရှိသည့် ဒေသဆိုင်ရာ အေဂျင်စီများဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်မှာ ဒေသတွင်း အေဂျင်စီများကို ချေမှုန်းတော့သည်။ CELAC ကဲ့သို့သော ဖိုရမ်များသည် လက်တင်အမေရိက၏ စုပေါင်းညှိနှိုင်းနိုင်စွမ်းအားနှင့် လွတ်လပ်ရေးကို တိုးမြှင့်ရန် စိတ်ကူးထားသော်လည်း တရုတ်၏ လက်ရှိဖွဲ့စည်းပုံတွင် ၎င်းတို့သည် ပြင်ပမှ အမှီအခိုပြုနိုင်ရာ အဖွဲ့အစည်းအသွင်သာ ဆောင်သွားတော့သည်။ တရုတ်သည် အဆိုပါ ဒေသ များတွင် ငွေကြေး၊ အခြေခံအဆောက်အအုံနှင့် နိုင်ငံရေးထောက်ပံ့မှုများကို အားချင်းကောက်ရိုးမီးပုံစံ ဖြင့် ကူညီပြသည်။ သို့သော် ရုန်းမရနိုင်လောက်သည့် ချည်နှောင်မှုများကလည်း တစ်ဆက်တည်း ပါရှိသည်။ ဒေသများအတွင်း ခရိုနီနှင့်အာဏာရှင်ကဲ့သို့သောလူတချို့ ရေတိုအကျိုးစီးပွားကိုသာ ဦးစားပေးပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီစုစည်းမှုများအတွက်မူ ဦးစားပေးခြင်းမျိုးဖြင့် လုပ် ဆောင်လေ့မရှိပေ။ လွှတ်တော် ကြီးကြပ်ကွပ်ကဲမှု သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု မရှိသော တံခါးပိတ်သဘောတူညီချက်များနှင့်ပင် အမြတ်ထုတ်နေသည့်အတွက် လက်တင်အမေရိကနိုင်ငံများစွာ ထူထောင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့သည့် ပါလီမန်အုပ်ချုပ်ရေး၏ အခြေခံမူများကို ယခုအချိန် ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ဒေသတွင်း အသံများကို အားကောင်းစေမည့်အစား တရုတ်နိုင်ငံ၏ နိုင်ငံစုံမူဝါဒပလက်ဖောင်းများကို အလွဲသုံးစားလုပ်ခြင်းသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက် တခဲနက်အကျိုးပေးစေမည့် ရလဒ်ထွက်ရန်သာ လိုအပ်ကြောင်း ယတိပြတ် ပြဆိုထားပြီးဖြစ်သည်။

အနှစ်ချုပ်ရလျှင် တရုတ်-CELAC ဖိုရမ်ကဲ့သို့သော ဒေသတွင်းဖိုရမ်များမှတစ်ဆင့် လက်တင်အမေရိကနှင့် တရုတ်နိုင်ငံ၏ ထိတွေ့ဆက်ဆံမှုသည် စစ်မှန်သော ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်မဟုတ်ဘဲ ဒေသဆိုင်ရာ အစီအစဉ်များကို ၎င်းတို့စိတ်ကြိုက် ကိုယ်ပိုင်ပုံသဏ္ဍာန်ဖြင့် ပြန်လည်ပုံဖော်ရန် တွက်ချက်ထားသော အားထုတ်မှုဖြစ်ကြောင်း ညွှန်ပြနေသည်။ ပေကျင်း၏ ထိတွေ့ဆက်ဆံမှုပုံစံသည် ရွေးချယ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် အလွန်အမင်း အရောင်းအ၀ယ်ဆန်လွန်းသည့်ပုံစံဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ကမောက်ကမဖြစ်စေသည်။ ဟန်ယောင်ပြ အကျိုးစီးပွားကြောင့် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပေးအယူလုပ်ရနိုင် သည်အထိ ခြိမ်းခြောက်နေသည်။ လက်တင်အမေရိကအတွက် စိန်ခေါ်မှုမှာ တရုတ်နှင့် ၎င်း၏ဆက်ဆံရေးကို စီမံခန့်ခွဲရန် တစ်ခုတည်းမဟုတ်ဘဲ တရုတ်ခြယ်လှယ်မောင်းနှင်ခံရသည့် ယာဉ်များမဖြစ်မီ ဘက်စုံဖွဲ့စည်းပုံများ၏ ခိုင်မာမှုနှင့် လွတ်လပ်မှုကို ပြန်လည်ရယူရန်ဖြစ်သည်။ ဤဖိုရမ်များသည် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးမည်ဆိုပါက ၎င်းတို့သည် ပွင့်လင်းမြင်သာမှု၊ စုပေါင်းအုပ်ချုပ်မှုနှင့် အာဏာတစ်ခုတည်းက သိမ်းပိုက်ခြင်းကို ဆန့်ကျင်သော ဗဟုသံတမန်ရေးဆီသို့ ပြန်လည်ဦးတည်ရမည်ဖြစ်သည်။ စေတနာအမှန် တကယ်ကောင်းခဲ့လျှင် ကောင်းသည့် တန်ပြန်မှုသာ ပြန်လာပေမည်မဟုတ်ပါလော။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now