ဆောင်းပါး

ပါကစ္စတန်အတွက် တရုတ်စစ်တပ်နည်းပညာများ ဘာကြောင့် ဗျူဟာမြောက် တာဝန်ယူမှု ဖြစ်နေသနည်း

မဲခေါင် 14 May - 2025
~ Ratish Mehta ~ ပါကစ္စတန်အတွက် တရုတ်သည် တတ်နိုင်စွမ်းသော၊ လျှင်မြန်စွာပို့ဆောင်ပေးနိုင်စွမ်းသော၊ အခြေအနေအားလုံး ယုံကြည်စိတ်ချရသော၊ နိုင်ငံရေးမေးခွန်းထုတ်ခံရခြင်းမရှိသော စစ်လက်နက်များ ကာလရှည်ကြာ ထောက်ပံ့ရောင်းချရာ နိုင်ငံဖြစ်သည်။ သို့သော် မကြာသေးခင်က တွေ့ရှိမှုများအရ အဆိုပါ ယုံကြည်ချက်များသည် နေရာမှားယွင်းသော ယုံကြည်မှုများဖြစ်နေသည်ကို သက်သေများစွာ ဖြင့် တွေ့ရှိလာရပြီဖြစ်သည်။ တရုတ်စစ်လက်နက်ပစ္စည်းများ၏ ယုံကြည်စိတ်ချရမှုမရှိခြင်းသည် ပါကစ္စတန်၏တိုက်ခိုက်ရေးအသင့်အနေအထားကို ထိခိုက်စေရုံသာမက ဗျူဟာမြောက်မှီခိုမှုတွင် ပိုမိုနက်ရှိုင်းသော ချို့ယွင်းချက်များကို ပေါ်လွင်လာစေခဲ့သည်။ တရုတ်လက်နက်များ ဝယ်ယူမှုသည် အစ္စလာမာဘက်သည် တရုတ်မှ ဒရုန်းမှသည် တင့်ကားများနှင့် စစ်သင်္ဘောများအထိ တင်သွင်းဝယ်ယူ နေမှုမှာ စစ်ရေးအသာရမှုကို မဖြစ်စေရုံသာမက အားနည်းချက်များစွာရှိနေသော လက်နက်များကို တင်သွင်းမိနေခြင်းဖြင့် နှစ်ဖက်နှစ်တန် နစ်နာမှုများ ခံစားနေရပြီဖြစ်သည်။

~ Ratish Mehta ~

ပါကစ္စတန်အတွက် တရုတ်သည် တတ်နိုင်စွမ်းသော၊ လျှင်မြန်စွာပို့ဆောင်ပေးနိုင်စွမ်းသော၊ အခြေအနေအားလုံး ယုံကြည်စိတ်ချရသော၊ နိုင်ငံရေးမေးခွန်းထုတ်ခံရခြင်းမရှိသော စစ်လက်နက်များ ကာလရှည်ကြာ ထောက်ပံ့ရောင်းချရာ နိုင်ငံဖြစ်သည်။ သို့သော် မကြာသေးခင်က တွေ့ရှိမှုများအရ အဆိုပါ ယုံကြည်ချက်များသည် နေရာမှားယွင်းသော ယုံကြည်မှုများဖြစ်နေသည်ကို သက်သေများစွာ ဖြင့် တွေ့ရှိလာရပြီဖြစ်သည်။ တရုတ်စစ်လက်နက်ပစ္စည်းများ၏ ယုံကြည်စိတ်ချရမှုမရှိခြင်းသည် ပါကစ္စတန်၏တိုက်ခိုက်ရေးအသင့်အနေအထားကို ထိခိုက်စေရုံသာမက ဗျူဟာမြောက်မှီခိုမှုတွင် ပိုမိုနက်ရှိုင်းသော ချို့ယွင်းချက်များကို ပေါ်လွင်လာစေခဲ့သည်။ တရုတ်လက်နက်များ ဝယ်ယူမှုသည် အစ္စလာမာဘက်သည် တရုတ်မှ ဒရုန်းမှသည် တင့်ကားများနှင့် စစ်သင်္ဘောများအထိ တင်သွင်းဝယ်ယူ နေမှုမှာ စစ်ရေးအသာရမှုကို မဖြစ်စေရုံသာမက အားနည်းချက်များစွာရှိနေသော လက်နက်များကို တင်သွင်းမိနေခြင်းဖြင့် နှစ်ဖက်နှစ်တန် နစ်နာမှုများ ခံစားနေရပြီဖြစ်သည်။

ပါကစ္စတန်၏ တိုးတက်ပြောင်းလဲနေသော ဒရုန်းစစ်ဆင်ရေးစွမ်းရည်၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသည့် Wing Loong II မောင်းသူမဲ့လေယာဉ်များကို သုံးသပ်ကြည့်ပါ။ လပိုင်းအကြာ ကပင် တင်သွင်းလာသည့် အဆိုပါ ဒရုန်းများအနက် အနည်းဆုံး ၃ စီးသည် ချို့ယွင်းမှုများစွာကြောင့် ပြန်လည်ပြင်ဆင်ပေးရန် တရုတ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီဖြစ်သည်။ ထိုမျှလောက်ပင်လားဟု မေးလျှင် များစွာသော ချို့ယွင်းချက်များထဲမှ တစ်ခုမျှသာဟု ဖြေဆိုရပါမည်။ ပါကစ္စတန်၏ FM-90 (N) ဒုံးစနစ်များတွင်လည်း အနီအောက်ရောင်ခြည်ဆင်ဆာများနှင့် ရေဒါစနစ်များသည် ပစ်မှတ်ကို Lock ချ ပစ်ခတ်နိုင်စွမ်း မရှိသည့် ပြဿနာများ ရှိနေသည်။ ဒုံးခွင်းစနစ်သည်လည်း ဝင်ရောက်လာသော ခြိမ်း ခြောက်တိုက်ခိုက်ခံရမှုများကို မတွေ့ရှိနိုင်၊ မထိရောက်နိုင်မှုများကြောင့် အန္တရာယ်ကို လက်ယက် ခေါ် သလိုဖြစ်နေသည်။

ကျရှုံးမှုများသည် ထိုမျှမကသေးဘဲ ပါကစ္စတန်ရေတပ်၊ သံချပ်ကာတပ်ဖွဲ့များတွင်လည်း ရှိနေပြန်သည်။ F-22P တိုက်သင်္ဘောများသည် တရုတ်-ပါကစ္စတန် ပူးပေါင်းထုတ်လုပ်ထားသော စစ်သင်္ဘောများဖြစ် သည်။ အင်ဂျင်များသက်တမ်းမကုန်ခင် တိုတောင်းသောအချိန်မှာပင် ပျက်စီးချွတ်ယွင်းခြင်းနှင့် နည်းပညာဆိုင်ရာ ချို့ယွင်းချက်များစွာရှိနေသဖြင့် စစ်ဆင်ရေးစေလွှတ်မှုများကို အကန့်အသတ်ဖြစ်စေ ပြန်သည်။ တစ်ဆက်တည်း VT-4 တိုက်ခိုက်ရေး တင့်ကားများသည်လည်း ခေတ်မီ ပါကစ္စတန် သံချပ်ကာ တပ်မတော်အတွက် အဓိက အင်အားစုဖြစ်သည်။ သို့သော် စမ်းသပ်အဆင့်မှာပင် မျှော်မှန်း ထားသော စွမ်းဆောင်ရည်အဆင့် မရှိသည်ကို ကြုံတွေ့ရသည်။ စစ်မြေပြင်အခြေအနေများတွင် ယုံကြည်စိတ်ချရနိုင်မှုအတွက် သံသယများစွာကို ဖြစ်တည်လာစေသည်။ အဆိုပါ စက်ပိုင်းဆိုင်ရာ အမှားအယွင်းများသည် သီးခြားမဟုတ်ဘဲ လျစ်လျူရှုမရသော ယိုယွင်းမှုများကို ဆက်တိုက် ဖြစ်ပေါ် စေသည်။

တရုတ်ထုတ်လက်နက်များကြောင့် အကျပ်ရိုက်ရမှုသည် ပါကစ္စတန် တစ်နိုင်ငံတည်းသာ ခံရသည် မဟုတ်ပေ။ ကမ္ဘာ့တောင်ဘက်ခြမ်းတွင် အာမခံကတိပြုထားသော တရုတ် စစ်ရေးတင်ပို့မှုများမှာ မကြာခဏဆိုသလိုပင် သုံးစားမရဆိုသည့် ပုံပြင်များ မရိုးနိုင်အောင် ထွက်ပေါ်နေခဲ့သည်။ ဘင်္ဂလားဒေ့ရှ် သည် ချို့ယွင်းချက်များရှိနေသည့် တရုတ်ထုတ် K-8W လေယာဉ်နှင့် MBT-2000 တင့်ကားများကို ပြန် လည်ပေးပို့ခဲ့ရသည်။ အော်ပရေးရှင်းမအောင်မြင်မှု ဖြစ်စဉ်များ၊ အပိုပစ္စည်းများရှားပါးခြင်းများကြောင့် တရုတ်သို့ ပြန်ပို့ခဲ့ရခြင်းဖြစ်သည်။ အနောက်နိုင်ငံထုတ် ဖိုက်တာဂျက်လေယာဉ်များထက် စျေးသက်သာစွာ နိုင်ဂျီးရီးယားသို့ ရောင်းချသည့် F-7 ဖိုက်တာဂျက်လေယာဉ်များလည်း စက်ချို့ယွင်း ပျက်ကျမှုများစွာဖြစ်ပေါ် ခဲ့သည်။ မြန်မာ စစ်အုပ်စုထံ ရောင်းချထားသည့် ပူးပေါင်းအဆင့်မြှင့်တင် ထုတ်လုပ်သော JF-17 ဖိုက်တာဂျက်လေယာဉ်များသည်လည်း ရေဒါတိကျမှုနှင့် ဒုံးကျည် ပေါင်းစပ်မှုဆိုင်ရာ ပြဿနာများ ဆက်တိုက်ကြုံတွေ့နေရသည်။ စစ်ပွဲအဖြေပေးနိုင်မည်ဟု ကြုံးဝါး ခဲ့သော ရေငုပ်သင်္ဘောများသည်လည်း ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် အသုံးပြုမရ၊ အသုံးမဝင်သော ဆိုးမွေးများကိုသာ ပေးစွမ်းနိုင်သည်။

ထိုအခြေအနေများကြောင့် တရုတ်ထုတ် လက်နက်များတွင် အရင်းခံပြဿနာများစွာ ရှိနေသည်မှာ ထင်ရှားလွန်းနေသည်။ တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများသည် အရေအသွေးထက် ဗျူဟာမြောက် ဩဇာလွှမ်းမိုးနိုင်ရေးကိုသာ အဓိက ဦးစားပေးထားသည်။ အဆိုပါ လက်နက်များသည် စစ်ပွဲများကို အောင်နိုင်စေရေးအတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းမဟုတ်၊ ဝယ်လက်များ သဘောတွေ့ရန်သာ ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်တော့သည်။ ပေကျင်းအတွက် စစ်ဘက်ဆိုင်ရာ Hardware သည် ရက်ရောစွာ ကမ်းလှမ်းထားသည့် နိုင်ငံခြားရေးမူဝါဒ၏ လက်နက်သဖွယ်သာ ရှိနေပြီး အရည်အသွေးများမှာမှု ညံ့ဖျင်းဆိုးရွားနေသည်မှာ ငြင်းမရနိုင်ပေ။ မကြာသေးမီရက်ပိုင်းက အိန္ဒိယနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပါကစ္စတန် သုံးခဲ့သည့် တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများ သက်ရောက် အကျိုးရှိနိုင်မှု ဆိုးရွားခဲ့သည်ကို မျက်မြင်တွေ့ကြရသည်။ ငြိမ်းချမ်းနေသော အချိန်များတွင် ထိုအား နည်းချက်များကပေးသည့် အနှောင့်အယှက်မှာ ထိန်းထားနိုင်စွမ်းရှိသည်။ သို့သော် စစ်ပွဲကာလ အတွင်း ဆိုလျှင် နည်းစနစ်ပိုင်းသာမက စစ်ရေးဗျူဟာပိုင်းများကိုပါ မျှော်မှန်းသလို မတည်ဆောက်နိုင်ဘဲ လဲပြို ဆုံးရှုံးမှု ကြီးစွာဖြစ်ပေါ်စေသည်။ ထိုအချက်အလက်များကပင် တရုတ်ထုတ်လက်နက်ပစ္စည်းများသည် နည်းပညာအရရော ဘေးကင်းလုံခြုံမှုအရပါ အကာအကွယ်မပေးနိုင်သည့် အကျပ်အတည်းကို ဖြစ်စေသည်မှာ ထင်ရှားလွန်းနေသည်။ တရုတ်ထုတ်ကာကွယ်ရေးသွင်းကုန်များ သုံးစားမရသည့်အကြောင်း ပြောဆိုဝေဖန်သံများကလည်း ကျယ်လောင်သထက် ကျယ်လောင်လာနေသည်။

တရုတ် ကာကွယ်ရေးနည်းပညာများ အဆင့်အတန်းများမှာ ပြောစရာများသည်ထက် များလာနေချိန် ဟူဘေးပြည်နယ် ဂျင်ဇူးအိုလံပစ်အားကစားစင်တာတွင် စမ်းသပ်ပျံသန်းခဲ့သော Wing Loong-2 ဒရုန်း သည်လည်း ထိန်းချုပ်မှုမလုပ်နိုင်တော့ဘဲ အဆောက်အအုံတစ်ခုနှင့် ဝင်တိုက်ပျက်ကျသွားခြင်းမှာ တရုတ် စစ်ရေးနည်းပညာအတွက် နောက်ထပ် အရှက်ရစရာ ဖြစ်ပြန်သည်။ ဒဏ်ရာရမှုများပင် ဖြစ်ပွား ခဲ့ခြင်းကြောင့် အဆိုပါ ဒရုန်းစနစ်အပေါ် မေးခွန်းထုတ်သံများလည်း ကျယ်လောင်လာသည်။

သတင်းရင်းမြစ်များတွင် နောက်ထပ် တရုတ် ကာကွယ်ရေး ပို့ကုန်များ ချို့ယွင်းမှုအကြောင်းများသည် လည်း မရိုးနိုင်အောင် တည်ရှိနေပြန်သည်။ ပါကစ္စတန်စစ်တပ်ကို ရောင်းထားသည့် တရုတ်၏ CH-4B ဒရုန်းများသည်လည်း GPS ချို့ယွင်းခြင်း၊ နိုက်ထရိုဂျင်ယိုစိမ့်မှုကြောင့် အီလက်ထရွန်းနစ် အနီအောက် ရောင်ခြည်သုံး ကင်မရာများ အလုပ်မလုပ်ခြင်း၊ ရေဒါများ၏ အလင်းဝင်ပေါက် စနစ် ချို့ယွင်းခြင်းများ စွာ ရှိနေကြောင်း သိရပြန်သည်။ လက်တွေ့ စစ်ဆင်ရေးလုပ်ငန်းဆောင်တာများတွင် ထိရောက်မှုမရှိ ခြင်းကို သက်သေများစွာ ပြသပြီးဖြစ်နေသည်။ Wing Loong-2 ဒရုန်းများကို ပါကစ္စတန် လေတပ်မှ တင်သွင်းအသုံးပြုပြီး ၆ လအတွင်းမှာပင် ပြဿနာပေါင်းများစွာ ကြုံခဲ့ရသည်။ စစ်ဆင်ရေးအတွင်း ဒရုန်း ၃ စင်း ချို့ယွင်းပြီး အသုံးမပြုနိုင်သဖြင့် တရုတ်သို့ ပြန်ပို့ဆောင်ခဲ့ရသည်။ ကြိုတင် ကတိပြု ထားသည့် အရည်အသွေးများကို မျက်ကွယ်ပြုကာ အရည်အသွေးညံ့သည့် ရောရာပစ္စည်းများဖြင့် တည်ဆောက်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

အထက်ဖော်ပြပါ ဖြစ်စဉ်များက တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများအပေါ် မှီခိုအားထားသော နိုင်ငံ များသည် အဆိုပါ ယုံကြည်စိတ်ချရခြင်းမရှိသည့် ပစ္စည်းများကြောင့် စစ်ရေးမဟာဗျူဟာ ချမှတ်နိုင် စွမ်းများ ပျက်ယွင်းရသည့် ဘေးဆိုးကို ကြုံနေကြရကြောင်း မီးမောင်းထိုးပြနေသည်။ ယုံကြည်ရခြင်း မရှိသော တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများအပေါ် မေးခွန်းထုတ် ဆန့်ကျင်မှုများလည်း များပြား လာခဲ့ပြီဖြစ်သည်။ မည်သည့် နိုင်ငံများက စျေးပေါပြီး အရည်အသွေးနိမ့်ပါးသော တရုတ်ထုတ် ကာကွယ်ရေးနည်းပညာများကို ဆက်လက်မှီခိုအားထားနေကြမည်နည်း၊ ထိုသို့ အားထားနေလျှင်လည်း နောက်ဆက်တွဲ ခက်ခဲသော သင်ခန်းစာများ မည်မျှ ခါးသီးစွာ ခံစားရမည်နည်းဆိုခြင်းကို ပါကစ္စတန်က ရှေ့တွင် သင်ခန်းစာအဖြစ် ပြသနေခဲ့ပြီးဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now