ဆောင်းပါး

CCP ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးခြင်း မဟာဗျူဟာ

မဲခေါင် 26 Jan - 2025
လင်းမောင် တရုတ်ကွန်မြူနစ်ပါတီရဲ့ မကြာသေးခင်က ရေကြောင်းပိုင်နက်ထဲက ပင်လယ်ရေအောက် ကေဘယ်ကြိုးကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုနဲ့ အခြေခံအဆောက်အအုံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်၊ စိတ်အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါပြီ။ ထိုင်ဝမ်နဲ့ ဘောလ်တစ်ပယ်လယ်ပြင်အောက်က ရေအောက် ကေဘယ်ကြိုးတွေကို ဖျက်ဆီးလိုက်ခြင်းဟာ နည်းပညာ ဆိုင်ရာ အနှောင့်အယှက်ပေးရုံသာမက နိုင်ငံတကာတည်ငြိမ်မှုကို ပျက်ပြားစေရေး ပိုမိုကျယ်ပြန့်တဲ့ ဗျူဟာ မြောက် ရန်စမှုလို့ဆိုရင်လည်း သူတို့ ငြင်းနိုင်စရာမရှိပါဘူး။ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးနည်းပရိယာယ်ဟာ မီးခိုးရောင်ဇုန် (gray zone) စနစ်ကို အသုံးပြုတာဖြစ်ပြီး စစ်ပွဲကြီးတွေကို ရှောင်ရှားနိုင်ပေမယ့် ပစ်မှတ်ထားတဲ့ နိုင်ငံတွေကို သိသိသာသာ ထိခိုက်နစ်နာစေပါတယ်။ ထိုင်ဝမ်အနီး ရှန်ဇင်း ၃၉

လင်းမောင်

တရုတ်ကွန်မြူနစ်ပါတီရဲ့ မကြာသေးခင်က ရေကြောင်းပိုင်နက်ထဲက ပင်လယ်ရေအောက် ကေဘယ်ကြိုးကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုနဲ့ အခြေခံအဆောက်အအုံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်၊ စိတ်အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါပြီ။ ထိုင်ဝမ်နဲ့ ဘောလ်တစ်ပယ်လယ်ပြင်အောက်က ရေအောက် ကေဘယ်ကြိုးတွေကို ဖျက်ဆီးလိုက်ခြင်းဟာ နည်းပညာ ဆိုင်ရာ အနှောင့်အယှက်ပေးရုံသာမက နိုင်ငံတကာတည်ငြိမ်မှုကို ပျက်ပြားစေရေး ပိုမိုကျယ်ပြန့်တဲ့ ဗျူဟာ မြောက် ရန်စမှုလို့ဆိုရင်လည်း သူတို့ ငြင်းနိုင်စရာမရှိပါဘူး။

လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးနည်းပရိယာယ်ဟာ မီးခိုးရောင်ဇုန် (gray zone) စနစ်ကို အသုံးပြုတာဖြစ်ပြီး စစ်ပွဲကြီးတွေကို ရှောင်ရှားနိုင်ပေမယ့် ပစ်မှတ်ထားတဲ့ နိုင်ငံတွေကို သိသိသာသာ ထိခိုက်နစ်နာစေပါတယ်။ ထိုင်ဝမ်အနီး ရှန်ဇင်း ၃၉ (Shunxing 39) အမည်ရ တရုတ် ကုန်တင်သင်္ဘောဟာ တရုတ်ရဲ့ ဒီလိုညစ်ပတ်တဲ့ ဗျူဟာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ထိုင်ဝမ်ပင်လယ် အောက်က ရေအောက်ကေဘယ်ကြိုး ပျက်စီးသွားတာဟာ မတော်တဆမှုကြောင့်လုံး၀မဟုတ်ဘဲ ဒီပျက်စီးရာ အရပ်မှာ ရှန်ဇင်း ၃၉ ဟာ တစ်လလုံး သံသယဖြစ်ဖွယ် zig-zag ပုံစံ သွားလာရင်း တမင်တကာ ကေဘယ်ကို ဖျက်ဆီးလိုက်တဲ့ လက္ခဏာရပ်တွေအားလုံးကို မြင်တွေ့ရပါတယ်။

ဒီတရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ ဗျူဟာဟာ သူတို့ရဲ့ အားသာချက်ဆိုတာထက် အားနည်းချက်ကို မီးမောင်းထိုး ပြနေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှာ တရားဝင် ပွင့်လင်းမြင်သာ မယှဉ်ပြိုင်နိုင်တော့လို့ သီးခြားနိုင်ငံ တွေအတွက်သာမက တစ်ကမ္ဘာလုံးရဲ့ ကွန်ရက်ဖြစ်တဲ့ ရေအောက် ကေဘယ်ကို သုတ်သင်ရှင်းလင်း၊ ဖျက်လို ဖျက်စီးခြင်းနည်းလမ်းသာ အောက်တန်းကျစွာ ရွေးချယ်လုပ်ဆောင်ခဲ့တာကို ပြသပါတယ်။ တာဝန်သိကမ္ဘာ့ အဖွဲ့အစည်းဝင်အဖြစ် ဟန်ဆောင်ထားမှုမျက်မှာဖုံးကို စွန့်လွှတ်လိုက်တဲ့ တရုတ်အစိုးရရဲ့ သရုပ်ကို ချပြလိုက် တာလည်းဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ အာဏာ ချုပ်ကိုင်နိုင်ရေးအပေါ် စွဲလမ်းလွန်းနေပြီး သူတို့ရဲ့ ကနဦး နိုင်ငံတကာ ဆက်ဆံရေးမူဝါဒက ယှဉ်ပြိုင်လာသူအားလုံး ရှုံးစေရမယ်ဆိုတဲ့ zero-sum game ပေါ်လစီရှိပေမယ့် ခုလို မနိုင်ကျည်မီးနဲ့ရှို့လုပ်ရပ်ကြောင့် သူတို့ရဲ့ အုပ်ချုပ်မှုပုံစံခွက်ထဲ ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ်ပိုင်း ပြဿနာ တစ်ရပ်ရှိနေပြီဆိုတာကိုလည်း မြင်တွေရနိုင်ပါတယ်။ တစ်ကမ္ဘာလုံး ဘုံအကျိုးစီးပွားသုံး ရေအောက် အင်တာ နက်ကေဘယ်ကွန်ရက်ကြီးကို ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီးလုပ်ခြင်းဟာ တရုတ်ရဲ့ စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။

တရုတ်အစိုးရနဲ့ CCP ခေါင်းဆောင်တွေဟာ ဒီလို သိက္ခာမရှိတဲ့ အဖျက်လုပ်ငန်းတွေ လုပ်တဲ့အခါ တကယ်တမ်း မရှိဘူးလို့ ပုံမှားရိုက်ထားတဲ့ သရဲသင်္ဘော (ghost ship) တွေကို သုံးကြတယ်။ တလွဲ အလံလွှင့်ပြီး တည်နေရာ မပြဘဲ တရားမဝင်တဲ့ မတော်မလျှော်အလုပ်တွေလုပ်တဲ့အခါ တာဝန်ယူရမှု၊ တာဝန်ခံရမှုကနေ ရှောင်လွှဲနိုင်စေ မယ့် အလွှာအလွှာသော ဖုံးကွယ်ခြင်းတွေထားရှိပြီး သတ္တိကင်းမဲ့တဲ့ နိုင်ငံတကာအပေါ် အနှောက်အယှက်ပေးမှု၊ ဖျက်လိုဖျက်စီးလုပ်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ ရန်စဖျက်ဆီးမှုအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်ဝေဖန်ပေမယ့် CCP ပါတီ အတွက်ကတော့ စိုးရိမ်စရာမဖြစ်ခဲ့ပါဘူး။ ထိုင်ဝမ်ဘက်က ရှန်ဇင်း ၃၉ သင်္ဘောကို တွေ့ရှိပေမယ့် ရာသီဥတု ဆိုးရွားနေလို့ ထွက်ဖမ်းဆီးတာမျိုးမလုပ်နိုင်ကြောင်း ထုတ်ပြန်တော့ ဘယ်သူ့ရဲ့ တားမြစ်နိုင်မှုမှ မရှိတဲ့ ကမ္ဘာ့ အရေး ဖျက်လိုဖျက်ဆီးဆက်လုပ်ဖို့ တရုတ်အစိုးရက မီးစိမ်းပြပေးနေတဲ့သဘောပါ။

CCP ပါတီရဲ့ ဒီလုပ်ရပ်ဟာ သူတို့ကိုယ်သူတို့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ချန်ပီယံအဖြစ် ဂုဏ်သိက္ခာရှိစွာ ဦးဆောင်မယ်ဆိုတဲ့ မူဝါဒဟာ အခေါင်းပေါက်သက်သက်သာဖြစ်ကြောင်း မဖုံးနိုင်မဝှက်နိုင် ဖြစ်တည်လာစေတာ ပါပဲ။ ပေကျင်းအစိုးရဟာ ခါးပတ်လမ်း (Belt and Road) ကမ္ဘာပတ်လမ်းမကြီးစီမံကိန်းကို အသက်သွင်းရာမှာ တစ်ပါးသော နိုင်ငံတကာရဲ့ အရေးပါတဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေကို ဖျက်လိုဖျက်ဆီးခြင်းနဲ့ သူတို့ ရည်မှန်းချက်သာ ပြည့်မြောက်နိုင်ဖို့ အာသီသ ပြင်းပြနေခဲ့တာကိုလည်း သက်သေပြပါတယ်။ ဒီလုပ်ရပ် တွေကြောင့် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာမိတ်ဖက်နိုင်ငံများရဲ့ ယုံကြည်မှု ပျက်ယွင်းပြီး ဂုဏ်သိက္ခာကျဆင်း ခြင်းကနေ နောက်ဆုံး ကိုယ့်အကျိုးစီးပွားကိုယ်တိုင် ဖျက်ဆီးရာရောက်စေမှာပါ။ တည်ငြိမ်တဲ့ နိုင်ငံတကာ အခြေခံအဆောက်အအုံတွေဆီကနေ စုပေါင်းအကျိုးအမြတ်ရရှိနေမှုအပေါ် ထိခိုက်နစ်နာစေတဲ့ တရုတ်ကွန်မြူ နစ်ပါတီရဲ့ အပြုအမူတွေဟာ သူတို့ရဲ့ နည်းဗျူဟာဆိုင်ရာ အားနည်းချက်တွေကို ပေါ်လွင်စေပြီး ကိုယ်တိုင် အကျိုးစီးပွားဆုံးရှုံးမှုဆီ ဦးတည်စေတော့မှာပါ။

အမျိုးအကျိုးပြု ရေအောက် ကေဘယ်လိုင်းကို ဖြတ်တောက်ခြင်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ အသေးအဖွဲတွေ ဖုံးလွှမ်းပြီး ပိုမိုကြီးမားတဲ့ အရာ၀တ္တုတွေရဲ့ ထူးခြားအရည်အသွေးတွေ၊ အင်္ဂါရပ်တွေကို ဖုံးအုပ်ထားတဲ့ အသိုက်အဝန်း၊ နေရာ၊ အခြေအနေတစ်ရပ် (microcosm) ကို လက်ကိုင်ထား ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ CCP ဟာ နိုင်ငံတကာဥပဒေတွေကို စဉ်ဆက်မပြတ် ချိုး ဖောက်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ရောင်းဝယ်ရေးကို နှောင့်ယှက်နေခြင်းဟာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်စီးပွားရေး မြင့်တာလာစေဖို့ကိုပါ အားနည်းစေတဲ့စနစ်တွေဖြစ်စေတာ၊ ကာလတိုအကျိုးရှိစေသလို ထင်ရပေမယ့် မဟာဗျူဟာကျကျ ကာလရှည်အကျိုးစီးပွားဖြစ်ထွန်းမှုကို ထိခိုက်ပျက်ပြားစေတာ ကိုယ်တိုင် မသိလို့ ကိုယ်တိုင် ပျက်သုဉ်းရေးလမ်းကို လျှောက်နေတာသာ ဖြစ်ပါတော့တယ်။

ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ရှေ့ဆက်ရမယ့် လမ်းစဉ်တွေမှာ လက်ရှိ CCP ရဲ့ အနေအထားကြောင့် ဘယ်လို ထိတွေ့ဆက်ဆံကြရမလဲဆိုတဲ့ အခြေခံကျကျ ပြန်လည်အကဲဖြတ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေခြင်းတွေအပေါ် နိုင်ငံ တကာ ဥပဒေတွေက နောက်ကွယ်ကနေ အကာအကွယ်ပြန်ပေးထားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီဥပဒေ လက်တစ်လုံးခြားလုပ်ခြင်းနဲ့ တရုတ်ရဲ့ ဖျက်လိုဖျက်ဆီးမှုတွေကို ပုန်းကွယ်စရာလည်း မဖြစ်စေသင့်ပါဘူး။ သံသယရှိတဲ့ တရုတ်သင်္ဘောတွေကို ချက်ချင်း စုံစမ်းစစ်ဆေးခြင်းပြုလုပ်ပြီး ဥပဒေကြောင်းရာ စနစ်ဘောင်ထဲ ကနေ အငြင်းအခုန်လုပ်ခွင့်တွေ ပြုနေခြင်းမျိုးထက် တစ်သမတ်တည်း ဆက်တိုက်ချိုးဖောက်နေတဲ့ တရုတ်လုပ် ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက စံနှုန်းတွေ တစ်သမတ်တည်းရှိတဲ့ မူဘောင်အသစ်တွေထုတ်ပြန်ပြီး တားဆီးဖို့ လုပ်ဆောင်သင့်ပါပြီ။

CCP ရဲ့ အပြုအမူတွေဟာ ခွန်အားမဖြစ်စေဘဲ အခြေခံကျတဲ့ အားနည်းချက်တွေကိုသာ ဖြစ်တည်စေပါတယ်။ လက်ရှိ တရုတ်အာဏာဆုပ်ကိုင်ထားသူတွေစိတ်ထဲ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီး ခြင်းက သူတို့အကျိုးစီးပွားကို ဖြစ်တည်စေတယ်လို့ ယုံကြည်နေခြင်းဟာလည်း မှားယွင်းတဲ့ မူဝါဒဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်ပျက်စီးခြင်းဗျူဟာကြောင့် တရုတ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခြင်းနဲ့အတူ ပိုပြီး အထီးကျန်သီးခြားနေထိုင် ရှင်သန်မှုကို ဖြစ်တည်လာစေပါမယ်။ ဒီမိုကရက်တစ်နိုင်ငံ တွေက အင်အားတိုးမြှင့်ပြီး သူတို့ရဲ့ အခြေခံအဆောက်အအုံတွေ၊ အကျိုးစီးပွားတွေကို ပိုမို အကာအကွယ်ပေးဖို့ စုပေါင်းလုပ်ဆောင်လာကြပါလိမ့်မယ်။ ဒီကနေ့ စိန်ခေါ်မှုဟာ ပေကျင်းအစိုးရရဲ့ နိုင်ငံတကာ အမိန့်အာဏာကို ထိန်းသိမ်းပေးဖို့အရေး စစ်မှန်တဲ့ ကုန်ကျစားရိတ်ဘယ်လောက်ရှိမလဲ၊ ဖွံ့ဖြိုးမှု သက်ရောက်ခြင်းအတိုင်းအတာ မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လားရာက ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကနေ ပြိုလဲခြင်းဆီ ဦးတည်နေခဲ့ပြီ ဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now