ဆောင်းပါး

၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ ထိုင်ဝမ်အချုပ်အခြာကို တရုတ်ပိုင်ခွင့်ပေးခဲ့တာ မဟုတ်ကြောင်း ကနေဒါ လွှတ်တော်အမတ်တွေ တစ်ညီတစ်ညွတ်တည်း ကန့်ကွက်

မဲခေါင် 26 Nov - 2024
~ လင်းမောင် ~ ကနေဒါလွှတ်တော်အမတ်တွေကတော့ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် (UN resolution) အမှတ် ၂၇၅၈ ဟာ ထိုင်ဝမ်ကို တရုတ်ကသာ အချုပ်အခြာအာဏာပိုင်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတ်မှတ်ချက်ကို တစ်ညီတစ်ညွတ် တည်း ကန့်ကွက်လိုက်ပြီး ထိုင်းဝမ်ဟာ တရုတ်ပိုင်မဟုတ်၊ ထိုင်ဝမ်ရဲ့ အနာဂတ်ကိုလည်း တရုတ်က ဆုံးဖြတ်ပိုင် ခွင့်မရှိကြောင်းနဲ့ ထိုင်ဝမ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO လို၊ နိုင်ငံတကာအရပ်ဘက်လေကြောင်း အဖွဲ့အစည်းလို အေဂျင်စီတွေမှာ အဖွဲ့ဝင်ခွင့် ရထိုက်တယ်လို့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။ ဒီ အဆိုကို တင်သွင်းသူက Bloc Québécois ဥက္ကဌ Yves Perron ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာပဲ ကနေဒါလွှတ်တော် အမတ်တွေက တရုတ်အစိုးရ

~ လင်းမောင် ~

ကနေဒါလွှတ်တော်အမတ်တွေကတော့ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် (UN resolution) အမှတ် ၂၇၅၈ ဟာ ထိုင်ဝမ်ကို တရုတ်ကသာ အချုပ်အခြာအာဏာပိုင်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတ်မှတ်ချက်ကို တစ်ညီတစ်ညွတ် တည်း ကန့်ကွက်လိုက်ပြီး ထိုင်းဝမ်ဟာ တရုတ်ပိုင်မဟုတ်၊ ထိုင်ဝမ်ရဲ့ အနာဂတ်ကိုလည်း တရုတ်က ဆုံးဖြတ်ပိုင် ခွင့်မရှိကြောင်းနဲ့ ထိုင်ဝမ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO လို၊ နိုင်ငံတကာအရပ်ဘက်လေကြောင်း အဖွဲ့အစည်းလို အေဂျင်စီတွေမှာ အဖွဲ့ဝင်ခွင့် ရထိုက်တယ်လို့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။ ဒီ အဆိုကို တင်သွင်းသူက Bloc Québécois ဥက္ကဌ Yves Perron ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာပဲ ကနေဒါလွှတ်တော် အမတ်တွေက တရုတ်အစိုးရ တွင်တွင်ပြောနေတဲ့ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၇၅၈ ရဲ့ ဆိုလိုရင်းမှာ ထိုင်ဝမ်အချုပ်အခြာအာဏာကို တရုတ်အစိုးရ ပိုင်တယ်လို့ ဆိုလိုခဲ့ခြင်း လုံး၀မဟုတ်ကြောင်း အတည်ပြုထုတ် ပြန်လိုက်ကြတာပဲဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်ကို သံတမန်နည်းလမ်းနဲ့ တရားဝင်ဆက်ဆံတဲ့ နိုင်ငံဟာ ၁၂ နိုင်ငံဘဲ ရှိပါတယ်။ ၁၉၇၁ အောက်တိုဘာ ၂၅ ရက်နေ့က ဆုံးဖြတ်ပေးလိုက်တဲ့ ကုလဆုံးဖြတ်ချက်မှာ တရုတ် နိုင်ငံသည်သာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ခွင့်၊ စီမံခွင့်ရှိတယ်လို့ သတ်မှတ်ပေးခဲ့တာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က တွင်တွင်ပြောသလို မကြာသေးခင်ကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကိုယ်တိုင်ကလည်း ကုလအစည်းအဝေးမှာ ဒီအကြောင်း မီးမောင်းထိုး ဖော်ထုတ်ပြောဆိုသွားပါတယ်။

ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ထိုင်ဝမ်အချုပ်အခြာ အာဏာကို ကုလ ဆုံးဖြတ်ချက်အရ ပိုင်ဆိုင်တယ်ဆိုတာကို နိုင်ငံတော်တော်များများက လက်မခံနိုင်ကြောင်း ဥပဒေပြုသူတွေနဲ့ လွှတ်တော်တွေကနေ ကန့်ကွက်ကြောင်း အဆိုတွေ တင်သွင်းမှုကို ကနေဒါ လွှတ်တော်ကပါ လက်မခံကြောင်း ထပ်မံ ဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ်။ ကနေဒါ လွှတ်တော်အမတ် ဂျူဒီက ဒီတစ်ညီတစ်ညွတ်တည်း တရုတ် အဆိုကို ကန့်ကွက်ရခြင်းအဆိုကို ထပ်ဆင့်ဆွေးနွေးတင်ပြရာမှာတော့ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်ရဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းနဲ့ ဖြစ်တည်လာတဲ့ ပြည်တွင်းစစ်ပွဲအလှည့်အပြောင်းတွေကြောင့် ဒီပြဿနာတွေ စတင်လာခဲ့တာ လို့ ဆိုတယ်။ တရုတ်ပြည်တွင်းစစ်ပွဲမှာ အမျိုးသားရေးဝါဒီ ကွန်မြူနစ်ပါတီက တရုတ်ပြည်မကြီးကို အောင်နိုင် ပြီးထိန်းချုပ်ခွင့်ရတော့ နိုင်ငံအမည်ကို တရုတ်သမ္မတနိုင်ငံ (Republic of China/ROC) အမည်ကနေ People’s Republic of China /PRC) လို ပြောင်းလဲ ခေါ်ဝေါ်လိုက်တယ်။ အဲဒီအချိန်က စစ်အေးခေတ် လှုပ်ခတ်မှုတွေကြား မှာ နိုင်ငံတော်တော်များများက PRC ဆိုတဲ့ တရုတ်နိုင်ငံကို မသိကြသလို အသိအမှတ်လည်း မပြုကြသေးပါဘူး။ UN resolution 2758 ကို ကုလဆုံးဖြတ်ချက်မှာ အောင်မြင်မှုပေးလိုက်တာက ROC ဆိုတဲ့ အမည်နာမအောက်မှာ ဖြစ်ပြီး ဒီနာမည်နဲ့ပဲ ၁၉၇၁ ခုနှစ်အထိ တရုတ်ဟာ ကုလလုံခြုံရေးကောာင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှာ ပါဝင် နေခဲ့တာဖြစ်ပါတယ်။ ၁၉၇၁ နောက်ပိုင်းမှာ ကုလသမဂ္ဂဟာ သူတို့အေဂျင်စီတွေမှာ နေရာယူထားတဲ့ ROC အစိုးရ တာဝန်ရှိကိုယ်စားလှယ်တွေကို ထုတ်ပယ်ပြီး PRC က ကိုယ်စားလှယ်တွေနဲ့ အစားထိုးခွင့်ပြုလိုက်တာ လည်းဖြစ်တယ်။

ဒါကို ဒီကနေအထိ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရဟာ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၇၅၈ အရ တရုတ် သည်သာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကိုပိုင်ဆိုင်တယ်လို့ တွင်တွင်ပြောနေခဲ့မှုဟာ မဟုတ်မှန်ကြောင်းနဲ့ အမည်နာမမတူတဲ့ နိုင်ငံနာမည်ကြားမှာ အကြုံးဝင်မှုလည်း မရှိ၊ ထိုင်ဝမ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာ ပါဝင်ခွင့်၊ ကိုယ့်တိုင်းပြည် ကိုယ် အုပ်ချုပ်ခွင့်၊ အနာဂတ် သံတမန်ဆက်ဆံရေး ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိတဲ့နိုင်ငံ လို့ ကနေဒါ လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။ တရုတ်ဟာ မေ ၂၀ ရက်က ထိုင်ဝမ်မှာ သမ္မတ သစ်အဖြစ် ရွေးကောက်ခံပြီး လီချင်းတီ တက်လာတော့ ပြည်မကြီးက ခွဲထွက်ရေးဝါဒီ သမ္မတဖြစ်လို့ ခွဲထွက် ရေးဝါဒီတွေကို သေဒဏ်အထိပေးလို့ရတဲ့ ဥပဒေသစ်ပြဌာန်းလိုက်တယ်။ ကနေဒါနဲ့ ဆက်ဆံရေးမှာ ထိုင်ဝမ် အတွက်ကိုယ်စားပြုတဲ့ ဟယ်ရီဟိုဂျန် စက်တင်ဘာ ၂၆ ရက်နေ့က ကနေဒါလွှတ်တော်မှာ ဒီအဆိုပြုမှုကို စတင် အသက်သွင်းပြီးနောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်း လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် ADIZ ထဲကို လေယာဉ်တွေ ဆက်တိုက် ကျူးကျော်ဝင်ရောက် စစ်ရေးပြ ခြိမ်းခြောက်တယ်။ စစ်သင်္ဘောများစွာလည်း ထိုင်ဝမ်ကျွန်းနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ အဆက်မပြတ်ဆိုသလို စေလွှတ်ပြီး ထိုင်ဝမ်ကို ရရှိထိန်းချုပ်နိုင်ရေး စစ်ရေးရည်မှန်းချက် အထမြောက်ဖို့ ဆက်ခါဆက်ခါ ခြိမ်းခြောက်လာခဲ့ပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေက ထိုင်ဝမ်ကိုမှမဟုတ်ဘဲ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှုတွေ လုပ်မြဲအတိုင်းလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် ကနေဒါလွှတ်တော်မှာ ဒီအဆိုသွင်းသူ Yves Perron က တရုတ်ရဲ့ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့တယ်။ ပြင်သစ်ဘာသာစကားနဲ့ သူ့ You Tube မှာ ထိုင်ဝမ်အတွက် စစ်မှန်ပြည့်၀တဲ့ နိုင်ငံတော် အကျိုးခံစားခွင့်၊ နိုင်ငံတကာအဖွဲ့တွေမှာ ပါဝင်ခွင့် ရဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြတ်သားစွာ ပြောဆိုသွားတယ်။ ကနေဒါလွှတ်တော်ရဲ့ တစ်သီးပုဂ္ဂလအမတ် Kevin Wong ကလည်း လူမှုကွန်ရက် X မှာ ထိုင်ဝမ်ဟာ ကမ္ဘာစင်မြင့်မှာ အခွင့်အရေးအပြည့်ရ နေရာ၊ သာတူညီမျှ ပူးပေါင်းခွင့်ရနိုင်ငံ၊ ဒီမိုကရေစီရေး ပြည့်၀တဲ့ ခံစားခွင့်ရှိတဲ့ နိုင်ငံဖြစ်အဖြစ်ကို ရောက်ရှိချိန်တန်ပြီလို့ ရေးတင်သွားခဲ့ပါတယ်။

ကနေဒါဟာ တရုတ်တွင်တွင်ပြောနေတဲ့ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၇၅၈ ရဲ့ သူတို့သာလျှင် ထိုင်ဝမ် အချုပ်အခြာအာဏာကို ပိုင်ခွင့်ပေးတယ်၊ ပြည်မကြီးနဲ့ ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးအတွက် အခွင့်ရ တစ်နိုင်တည်းသော နိုင်ငံဖြစ်တယ်ဆိုတဲ့အဆိုကို ကန့်ကွက်တဲ့ တစ်နိုင်ငံတည်းသော နိုင်ငံမဟုတ်ပါဘူး။ ဩဂုတ် လကပဲ ဩစတြေးလျအထက်လွှတ်တော်ဟာ ကနေဒါလိုပဲ တရုတ်ရဲ့ အဆိုကို ကန့်ကွက်ရှုတ်ချကြောင်း အတည် ပြုခဲ့ပါတယ်။ ဒီအဆိုကို David Faucet နဲ့ Deborah O’Neal တို့က တင်သွင်းခဲ့တာဖြစ်ပြီး သံတမန်ဆက်ဆံရေးကို ထိုင်ဝမ်နဲ့ ဆက်လုပ်သွားရမှာပဲလို့ တရုတ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ကနေဒါနဲ့ ထိုင်ဝမ်ဟာ ကုန်စည်၊ ယဉ်ကျေးမှု၊ လူသားချင်းချည်နှောင်မှု၊ စီးပွားရေး အကျိုးအမြတ်မြင့်မားစွာနဲ့ ဆက်သွယ်ထားတဲ့နိုင်ငံဖြစ်ပါ တယ်။ ဒီလိုပဲ တရားဝင်မဟုတ်ပေမယ့် ထိုင်ဝမ်နဲ့ စီးပွားရေး၊ ကုန်စည်၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ကြတဲ့ နိုင်ငံ တွေလည်း အများကြီးရှိနေပါသေးတယ်။ Yves Perron ကတော့ ကနေဒါရဲ့ ထိုင်ဝမ်အပေါ် လွတ်လပ်သော နိုင်ငံ အဖြစ် ရပ်တည်ခွင့်အတွက် အသံကျယ်လောင်စွာ အော်ရမှာဖြစ်ကြောင်း၊ နိုင်ငံအားလုံး ပူးပေါင်းပါဝင်ပြီး ထိုင်ဝမ်ကို ကမ္ဘာ့အဖွဲ့အစည်းတွေမှာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးဖို့ ဆော်ဩသွားခဲ့တယ်။

နိဂုံးချုပ်ပြောရရင် ကနေဒါလွှတ်တော်အမတ်တွေဟာ ၁၉၇၁ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၇၅၈ အရဆိုပြီး ထိုင်ဝမ်ကို တရုတ်ပိုင်တယ်ဆိုတဲ့ အရိုးစွဲအမြင်ကို လက်မခံ၊ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးခြိမ်းခြောက်နေတာတွေကို လက်မခံနိုင်ကြောင်း သူတို့နဲ့အတူ နိုင်ငံတကာက ပူးပေါင်းဆန့်ကျင်ဖို့နဲ့ ထိုင်ဝမ်ရဲ့ သီးခြားရပ်တည်မှုကို နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင် အတည်ပြုပေးဖို့ တိုက်တွန်းနှိုးဆော်သွားမှုပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အဓိပ္ပါယ်ပြည့်၀လေးနက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရရေး ကနေဒါဘက်က ပြတ်သားစွာ ဥပဒေပြုပြီး တရုတ်အပေါ် နိုင်ငံအားလုံးက ဒီလိုပဲ ဆက်ဆံကြဖို့ လမ်းပြ တွန်းလှန်လိုက်ခြင်း ဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now