ဆောင်းပါး

ရှမ်းမြောက် စစ်ရှုံးမြို့တွေ ပြန်ယူဖို့ အရေးပါနေတဲ့ နောင်ချို

မဲခေါင် 9 Nov - 2024
~ ခွန်ချိုင်း ~ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF (MDY-PDF) တို့ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ လချီနေပါပြီ။ ဇူလိုင် ၁၀ ရက်မှာ လက်လွတ်လိုက်ရတဲ့ နောင်ချိုမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဟာ လေကြောင်းရော၊ မြေပြင်ကပါ ခုခံတိုက်ခိုက်နေသလို လက်နက်ကြီးပစ်ကူတွေနဲ့လည်း တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ နောင်ချိုမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ (၁၁၄)၊ ခမရ (၁၁၅) နဲ့ ဒုံးတပ်ရင်း (၆၀၆) တို့ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီဘက်က

~ ခွန်ချိုင်း ~

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF (MDY-PDF) တို့ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ လချီနေပါပြီ။

ဇူလိုင် ၁၀ ရက်မှာ လက်လွတ်လိုက်ရတဲ့ နောင်ချိုမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဟာ လေကြောင်းရော၊ မြေပြင်ကပါ ခုခံတိုက်ခိုက်နေသလို လက်နက်ကြီးပစ်ကူတွေနဲ့လည်း တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နောင်ချိုမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ (၁၁၄)၊ ခမရ (၁၁၅) နဲ့ ဒုံးတပ်ရင်း (၆၀၆) တို့ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နောင်ချိုမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးမကြာမီ မြို့တောင်ဘက် မိုင် ၂၀ ခန့်ဝေးပြီး စစ်ရေးအရ အရေးပါတဲ့ တောင်ခမ်းရွာက စစ်ကောင်စီတပ်တွေကို ထပ်မံတိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေဟာ ထိုးစစ်ထပ်ဆင်ပါတယ်။

တောင်ခမ်းရွာဟာ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ကြားမှာရှိပြီး စစ်ကောင်စီရဲ့ အမှတ် (၉၀၂) အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်ရင်း ၂၀၆ နဲ့ ၄၀၆ တပ်ရင်း၊ အမှတ် (၃၅၄) ခြေလျင်တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။

အမြောက်တပ်ရင်းတွေဖြစ်တဲ့ ၂၀၆ နဲ့ ၄၀၆ တပ်ရင်းတွေကို သြဂုတ်လကုန်ပိုင်းမှာ TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။ ထိုအချိန်ထိ တောင်ခမ်းရွာမှာ ၉၀၂ အမြောက်တပ်ရင်းဌာနချုပ် နဲ့ ခြေလျင်တပ်ရင်း ၃၅၄ တို့သာ ကျန်ရှိခဲ့တာပါ။

တောင်ခမ်းကျလျှင် တပ်နယ်ဖြစ်တဲ့ ပြင်ဦးလွင်လည်း စစ်ရေးအရ သိမ်းပိုက်ခံရဖို့ရှိတာကြောင့် စစ်ကောင်စီဟာ တောင်ခမ်းမကျရေး ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်နဲ့ ကျောက်ဂူမြို့နယ်တွေက စစ်အင်အားနဲ့ လက်နက်ရိက္ခာတွေ ဖြည့်တင်းခဲ့ပါတယ်။

ဒါ့အပြင် တောင်ခမ်းရွာမှာ အမြောက်တပ်ရင်းက ဆုတ်ခွာလာတဲ့ အင်အား၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေက စစ်ကောင်စီတပ်ရင်းများမှ ဆုတ်ခွာလာတဲ့ အင်အား၊ စစ်ကူပို့တဲ့ အင်အားတွေ ပူးပေါင်းပြီး ထောင်ချီခန့်နဲ့ တော်လှန်ရေးတပ်တွေကို ခံစစ်ပြင်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ပါ စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန်ကို ခုခံခဲ့တာပါ။ တောင်ခမ်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ပါက စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်သည်လည်း မကြာခင် သိမ်းပိုက်ခံရဖွယ်ရှိတာကို စစ်ကောင်စီဘက်က သေချာတွက်ဆ ထားပုံရပါတယ်။

လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်ပြီးနောက် အရှက်ကွဲခဲ့တဲ့ စစ်ကောင်စီဟာ ပြင်ဦးလွင်ကိုသာ ထပ်မံဆုံးရှုံးခဲ့လျှင် တော်လှန်ရေးချိန်ခွင်လျှာ လုံးဝပြောင်းသွားနိုင်တဲ့အတွက် တောင်ခမ်းမကျရေး အင်အားအမြန်အဆန် ဖြည့်တင်းခဲ့တာလို့ ဆိုနိုင်ပါတယ်။

တောင်ခမ်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ချိန်မှာ ပြင်ဦးလွင်မှာရှိတဲ့ စစ်တပ်အကြီးအကဲတွေနဲ့ မိသားစုတွေဟာ မြို့ကိုစွန့်ခွာသွားကြပြီး ခံစစ်ပြင်တဲ့ အနေအထားထိပါ လှုပ်ခတ်ခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေရှိနိုင်မယ့် နေရာတွေကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသေဆုံးမှုလည်း များနေတာပါ။ ဒီလိုအခြေအနေတွေကြောင့် နောင်ချိုမြို့နယ်တဝိုက်က နေရာတွေမှာ စစ်ကောင်စီဘက်က ပြန်သိမ်းပိုက်နိုင်တာတွေရှိပြီး တော်လှန်ရေးတပ်တွေဘက်က လက်လွတ်လိုက်ရတဲ့ နေရာတွေလည်း ရှိလာပါတယ်။

နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ ဂန့်ကော်ရွာ၊ ဘန့်ဘွေးရွာ၊ ဆမ္မဆယ်ရွာ၊ အုံးမ္မတီး၊ အုမ္မခါးရွာတွေမှာ TNLA၊ မန္တလေး PDF နဲ့ စစ်ကောင်စီတပ်တို့ နေ့စဥ်တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားမှာ နေရာအတိုး၊ အဆုတ်တွေရှိတယ်လို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဝန်ခံပြောဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နောင်ချိုမြို့နယ်အတွင်းက ပြင်ဦးလွင်-မိုးကုတ်လမ်း၊ သံဘိုရွာ၊ တောင်ခမ်းရွာ၊ ဂန့်ကော်ရွာ၊ အုမ္မတီးရွာ၊ အုမ္မခါးရွာတွေဟာ အရေးကြီးတဲ့ စစ်မျက်နှာတွေဖြစ်ပြီး ဒီစစ်မျက်နှာတွေကတဆင့် ရှမ်းမြောက်က လက်လွတ်လိုက်ရတဲ့ မြို့တွေကို ပြန်သိမ်းပိုက်ဖို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အဆက်မပြတ် ရေးသားကြပါတယ်။

ရှမ်းမြောက်က နောင်ချိုမြို့သာ စစ်ကောင်စီက ပြန်သိမ်းပိုက်နိုင်ရင် တဆက်တည်းရှိပြီး TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေကိုပါ ပြန်သိမ်းပိုက်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာ ရေးသားကြပါတယ်။

ဒါပေမယ့် TNLA သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်သိမ်းပိုက်ဖို့ နေနေသာသာ အင်အားအလုံးအရင်း ပို့ထားတဲ့ နောင်ချိုမြို့နယ် တဝိုက်မှာ လချီဖြစ်နေတဲ့ တိုက်ပွဲတွေမှာတောင် အပြတ်အသတ် အသာစီးမရဘဲ ဘတစ်ပြန် ကျားတစ်ပြန်အနေအထားနဲ့ စစ်ကောင်စီဟာ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူများနဲ့သာ လက်လွတ်ဆုံးရှုံးသွားတဲ့ မြို့တွေကို ဖျက်ဆီးဗုံးကြဲမှုသာ လုပ်နိုင်ပါသေးတယ်။

နောင်ချိုဒေသကို စစ်ကောင်စီဟာ စစ်ကြောင်း ၃ ခုအပြင် ဒရုန်းတပ်တွေနဲ့ပါ အပြင်းအထန်တိုက်ခိုက်နေပြီး နိုဝင်ဘာ ၅ ရက်မှာ အုမ္မတီး၊ အုမ္မခါးရွာတွေကို စစ်တပ်က ပြန်သိမ်းနိုင်ပြီလို့ စစ်ကောင်စီ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး TNLA ရော၊ မန္တလေး PDF ကပါ နိုဝင်ဘာ ၆ ရက်အထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရခိုင်တပ် (AA) တို့ ဦးဆောင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” မှာ ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ တပ်ရင်း ၁၀၀ ကျော်၊ မြို့ ၃၈ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုပါ သမိုင်းဝင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်တပ်သမိုင်းတလျှောက် အရှက်ရဆုံး စစ်ရှုံးမှုဖြစ်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်တိုက်ခိုက်ဖို့ စစ်ကောင်စီဘက်ကလည်း ပြင်ဆင်နေတာပါ။

စစ်ရှုံးသွားတဲ့ မြို့တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် နေ့ညမရွေး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေထဲမှာ MNDAA သိမ်းပိုက်တဲ့ထား လားရှိုးနဲ့ TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ သီပေါမြို့တွေကို အများဆုံးဗုံးကြဲနေပါတယ်။ ရှမ်းမြောက်က တခြားမြို့တွေကိုလည်း ဗုံးကြဲနေပြီး MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့ကိုတော့ တရုတ်ရဲ့ ကြားဝင်မှုပြီးနောက် ဗုံးကြဲတာ မတွေ့ရပါဘူး။

ဒီအခြေအနေကို ကြည့်လျှင် MNDAA ကို လားရှိုးမြို့ကနေ ဆုတ်ခွာပြီး သူရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေရမှာသာ နေဖို့နဲ့ TNLA ကိုလည်း သိမ်းပိုက်ထားတဲ့ မြို့တွေကနေ မူလနေရာမှာသာ လှုပ်ရှားဖို့ စစ်ကောင်စီက ရည်ရွယ်ထားပုံရပါတယ်။

ရှမ်းမြောက်က စစ်ရှုံးနယ်မြေတွေကို ပြန်သိမ်းဖို့ နောင်ချိုမြို့နယ်ဟာ စစ်ကောင်စီအတွက် ဝင်ပေါက်ဖြစ်နေတဲ့အတွက် နောင်ချိုကို အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

နောင်ချိုကိုသာ စစ်ကောင်စီ ပြန်ရခဲ့မယ်ဆိုရင် ရှမ်းမြောက်လမ်းကြောင်းကို စိုးမိုးနိုင်ဖွယ်ရှိတာကြောင့် TNLA အနေနဲ့ လွယ်လွယ်လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ တရုတ်နဲ့ စစ်ကောင်စီ၊ တရုတ်နဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အပေးအယူနဲ့ ဆွေးနွေးမှုတွေက အရေးပါလှပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံရောက်နေတဲ့ စစ်ခေါင်းဆောင်ကလည်း မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလိုချင်ကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြမှသာ ဆွေးနွေးမယ်လို့ အထက်စီးဆန်ဆန် ပြောခဲ့ပါတယ်။

တရုတ်ဘက်ကလည်း မြန်မာ့ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝထောက်ခံကူညီ သွားမယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်အပြီး TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပေါ် ဘယ်လောက်ထိ တရုတ်ရဲ့ဖိအားတွေ ကျရောက်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now