ဆောင်းပါး

ဒေသတွင်းငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှု သို့မဟုတ် မဟာဘင်္ဂလားဒေ့ရှ် ခေါ်သံ

မဲခေါင် 4 Oct - 2024
ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအခြေအနေကတော့ လက်ရှိမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေရပါပြီ။ ယာယီအစိုးရ လက်ထဲ မှာ အစ္စလာမ္မစ်ပါတီတွေ အင်အားပြန် တောင့်တင်းလာတယ်။

လင်းမောင်

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအခြေအနေကတော့ လက်ရှိမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေရပါပြီ။ ယာယီအစိုးရ လက်ထဲ မှာ အစ္စလာမ္မစ်ပါတီတွေ အင်အားပြန် တောင့်တင်းလာတယ်။ ဆယ်စုနှစ်တစ်ခုကြာ ပိတ်ပင်ခံထားရတဲ့ Jamaat ပါတီတောင် ရွေးကောက်ခံနိုင်ငံရေးပါတီအဖြစ် ပြန်ဦးမော့လာတယ်။ ဒီလိုအခြေအနေတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကြည့်ရှုပြီး ဒါကာမှာ နိုင်ငံရေးအာဏာ အပြောင်းအလဲကြောင့် ဘယ်လို ထိခိုက်နိုင်သလဲဆိုတာကိုလည်း တိုင်းတာဖို့ လိုအပ်လာပါပြီ။

ရွေးကောက်ခံ ၀န်ကြီးချုပ် ရှိတ် ဟာဆီနာကို ရာထူးမှ ဖယ်ရှားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး မတည်ငြိမ်မှုတွေနောက်ကွယ်မှာ နိုင်ငံချဲ့ထွင်ရေးအစ္စလာမ္မစ်ပါဝါဒီတွေရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ရပါပြီ။ အစွန်းရောက် အစ္စလာမ္မစ်အုပ်စုတွေ အာဏာပြန်ထူထောင်လာခြင်းနဲ့အတူ သူတို့ဟာ မဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သစ်ပြန်ထူထောင်ရာမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေကိုပါ နိုင်ငံနယ်နိမိတ်ထဲ ထည့်သွင်းချဲ့တွင်လိုတဲ့ ဆန္ဒသဘောထားတွေကို လူသိရှင်ကြား ထုတ်ဖော်တောင်းဆိုလာကြ တယ်။

ဒီ မဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတော် အဆိုပြုမှုမှာ အနောက်ဘန်ဂေါ၊ ဘီဟာ၊ အိုဒီရှာ၊ ဂျာခန်း၊ ဆစ်ကင်၊ အရူနာချယ်ပရာဒက်ရှ်၊ အာသံ၊ မက်ဂါလာရာ၊ ထရီပူရ၊ မီဇိုရမ်၊ မဏိပူရ နာဂလန်းနဲ့ မြန်မာပြည် အစိတ် အပိုင်းတွေကိုပါ သူတို့နိုင်ငံပိုင်အဖြစ် ချဲ့တွင်ချင်လာကြတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ အိန္ဒိယကို တိုက်ရိုက် ကျူးကျော်သိမ်းပိုက်ဖို့ စစ်အင်အားနဲ့ ရင်းမြစ်ပိုင်း ချို့တဲ့လို့ မဖြစ်နိုင်ပေမယ့် နိုင်ငံလူဦးရေ ၁၇၁ . ၂ သန်းဆိုတဲ့ အရေအတွက်ဟာ အိန္ဒိယအရှေ့မြောက်ပိုင်း တစ်ဒေသလုံးက လူဦးရေထက်တောင် ပိုများနေတော့ သိသာ ထင်ရှားတဲ့ လူဦးရေဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်ပေါ်နေစေပါတယ်။

ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ အိန္ဒိယနိုင်ငံအတွင်း စိမ့်ဝင်နေမှုသမိုင်းက ဆယ်စုနှစ်ပေါင်းများစွာကတည်းက တည်ရှိ နေခဲ့တာဖြစ်တယ်။ အိန္ဒိယနယ်စပ်စည်းမလုံခြုံမှုနဲ့ အိန္ဒိယဘက်က လူမှုစီးပွားဘ၀ အခွင့်အလမ်းတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဆွဲဆောင်မှုအပြည့်ရှိစေလို့ သန်းပေါင်းများစွာသော ဘင်္ဂလားသားတွေ အိန္ဒိယ ထဲကို ဝင်ရောက်လာဖို့ လွယ်ကူစေခဲ့တာဖြစ်တယ်။ အများစုက တရားမဝင် ဝင်ရောက်နေထိုင်နေကြတယ်။ အရင် အိန္ဒိယအစိုးရအဆက်ဆက်ရဲ့ လောကီဝါဒ (တစ်နည်းအားဖြင့် လူလူချင်းငဲ့ညှာမှုဝါဒ) ကိုင်စွဲခဲ့ခြင်းက လည်း နိုင်ငံထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများစွာကို ဝင်ရောက်စေဖို့ အခွင့်အလမ်းကောင်းတွေဖြစ်စေခဲ့တယ်။

အများစုသော စိမ့်ဝင်လာသူတွေက မွတ်ဆလင်ဘာသာဝင်တွေဖြစ်တယ်။ ဒီပြဿနာဟာ ရွှေ့ပြောင်းနေထိုင်လာ မှုသက်သက်မဟုတ်ဘဲ အိန္ဒိယနယ်စပ်ဒေသ ပြည်နယ်တွေက လူမှုနိုင်ငံရေးအခင်းအကျင်းကိုပါ လွှမ်းမိုးနိုင်တဲ့ အလားအလာတွေကို ဖြစ်တည်လာစေပြီး လူဦးရေဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်ဟာလည်း ပူးတွဲ ပတ်သက်လာပါတယ်။ တရားမဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းနေထိုင်သူတွေဟာ အိန္ဒိယရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေကိုပါ တွေ့ရှိခဲ့ပြီး ဒီလူတွေဆီက အခြေခံ မဲအသာရမှုကို အသုံးချဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံရေး ပါတီကြီးတွေကလည်း ရှိလာတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစ္စလာမ္မစ် အင်အားစုတွေ အာဏာပြန်လည် ကြီးထွား လာခြင်းနဲ့ သမိုင်းအစဉ်အလာမှာကို အိန္ဒိယနိုင်ငံထဲ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ သန်းချီ စိမ့်ဝင်လာနေခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေးကိုပါ ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာပါပြီ။

မဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတော် ချဲ့တွင်ဖို့ စစ်ရေးအရ ဖြစ်နိုင်ဖွယ်ရာအခြေအနေဟာ ဝေးလွန်းနေသေးပေမယ့် ဒေသတွင်း အစွန်းရောက်အယူ ဝါဒ ပျံ့နှံ့စိုးမိုးခြင်းကတော့ ရှိလာနေခဲ့ပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ သိပ်သည်းလွန်းခြင်းနဲ့ နယ်စပ်စည်းရိုးကျိုးပေါက်နေခြင်းဟာ ဒီနယ်စပ်ဒေသ ပြည်နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အစ္စလာမ္မစ် ဘာသာ ဝင်လူဦးရေနဲ့ ယဉ်ကျေးမှုလွှမ်းမိုးနိုင်ရေးမှာ ရေခံမြေခံကောင်းတစ်ခု ဖြစ်တည်လာစေပါတယ်။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်မဟာနိုင်ငံတော် ချဲ့တွင်ရေးအဆိုမှာ ဆွဲငင်အားကောင်းလာပြီဆိုရင် နဂိုကတည်းက လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တွေများနေ၊ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြား ရန်လိုတင်းမာမှုတွေမြင့်တက်နေ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှာ ပိုဆိုးတဲ့ ဖိအားတွေ ရှိလာတော့မှာပဲဖြစ်တယ်။ အာသံနဲ့ ထရိပူရလိုပြည်နယ်တွေမှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ အများအပြားတိုးပွားလာခြင်းကြောင့် သိသာ ထင်ရှားတဲ့ လူဦးရေအချိုးအစားပြောင်းလဲမှုတွေ ရှိနှင့်နေပြီး မကြာခဏဆိုသလို ဒီဒေသက မျိုးနွယ်စုတွေအကြား တင်းမာမှုနဲ့ ပဋိပက္ခတွေလည်း ဖြစ်ပွားနေရပါပြီ။

ဘင်္ဂလားဒေ့ရှ်ရဲ့ မျှော်မှန်းချက်တွေဟာ ဒေသတွင်း ကျယ်ပြန့်တဲ့ သက်ရောက်မှုများစွာ ရှိလာနိုင်ပါတယ်။ အနောက်ဘန်ဂေါ၊ ဘီဟာနဲ့ အိုဒီရှာပြည်နယ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာလုံခြုံရေးပိုင်းမှာ အဓိကကျတဲ့ ပြည်နယ်တွေပါ။ ကိုးလ်ကတ္တာက အိန္ဒိယအနောက်မြောက်ပိုင်းဒေသတစ်ခုလုံး အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်သွယ်တဲ့ ပင်မလမ်းကြောင်း ဆိပ်ကမ်းမြို့ဖြစ်တယ်။ ဒါကြောင့် ဒီဒေသမှာ ဘယ်လိုသော မတည်ငြိမ်မှုတွေဖြစ်တည်ခြင်းမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးဖြစ်စဉ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်ခြိမ်းခြောက်မှု ဖြစ်လာစေပါလိမ့်မယ်။

အင်ဒို-ပစ္စိဖိတ်ပထဝီဝင်ဗျူဟာ ပိုင်စိုးမှုအားပြိုင်ခြင်းတွေ အရှိန်အဟုတ်မြင့်တက်နေသလိုမျိုးပါပဲ။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကိုယ်တိုင်က မဟာမိတ်ဖွဲ့ပြီးအရေးပါတဲ့ နိုင်ငံ ရေခံမြေခံကောင်းတစ်ခု ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါ။ ဘင်္ဂလားပင်လယ်မြောက်ဘက်မှာ မေးတင်တည်ရှိတယ်။ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာကို အိန္ဒိယလိုပဲ ပစ္စိဖိတ် သမုဒ္ဒရာနဲ့လည်း ဆုံရာအနီးမှာ တည်ရှိတဲ့ နိုင်ငံဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ အင်ဒို-ပစ္စိဖိတ်ဒေသမှာ ပိုမို ကျယ်ပြန့်စွာ ခြေကုပ်ယူချင်တဲ့ နိုင်ငံတိုင်းအတွက် မဟာဗျူဟာမြောက် တည်နေရာအနေအထားကို ပိုင်ဆိုင်ထား တယ်။ ပထဝီဝင်အနေအထားအရ ဘင်္ဂလားဒေ့ရှ်ဟာ ကုန်းတွင်းပိတ် ကုန်းတွင်းပိုင်း (အိန္ဒိယ၏အရှေ့မြောက်ဘက်၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေ) နဲ့ တရုတ်လို အိမ်နီးချင်းနိုင်ငံတွေဆီ ပင်လယ်ရေကြောင်းကနေ သွားလာဖို့ အဆင်ပြေတဲ့ စံပြနေရာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါ။

ဒါကြောင့် အစ္စလာမ္မစ်ချဲ့တွင်ရေးဝါဒီတွေဟာ သူတို့နိုင်ငံဟာ လက်ရှိ မျက်ကွယ်ပြုခံနေရတဲ့နိုင်ငံဖြစ်ပေမယ့် မလက္ကာ ရေလက်ကြားကို မဝင်ခင် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အရေးပါ လှတဲ့ စွမ်းအင်တင်သွင်းမှုတွေ၊ တခြားအရင်းအမြစ်တွေကို ရေကြောင်း ခရီးဖြတ်သန်းသွားလာမှု လမ်းကြောင်း မှာ အခရာကျနေတယ်ဆိုတာကိုလည်း သိထားကြတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှ လမ်းဆုံးမှာ ခွထိုင် ထားတဲ့ နိုင်ငံမို့ တောင်အာရှ ပုံစံခွက်ထဲကနေ ရုန်းထွက်ပြီး မြန်မာနိုင်ငံထဲကိုပါ ရိုဟင်ဂျာနယ်မြေချဲ့တွင်ခြင်း ကနေ အရှေ့တောင်အာရှဆီပါ နယ်မြေချဲ့တွင်နိုင်ရင် ပိုပြီး အင်အားကြီးထွားမယ့် နိုင်ငံဖြစ်လာရေးကို ရှေးရှု ဦးတည်နေကြတာဖြစ်ပါတယ်။

ပင်လယ်ကမ်းခြေ ဆက်စပ်ဧရိယာ ၅၈၀ ကီလိုမီတာရှိတယ်။ ဘင်္ဂလားပင်လယ်အော်ကို သူတို့ပိုင် ပင်လယ်ဆက် နယ်မြေတွေ ထပ်ချဲ့တွင်ဖို့ စဉ်းစားနေကြတယ်။ မတူးဖော်ရသေးတဲ့ ရေနံသိုက်တွေ၊ နိုင်ငံတကာ ရေးကြောင်းကုန်သွယ်မှုရဲ့ မဖြစ်မနေဖြတ်သန်းရမှု ၉၀ ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားပင်လယ်အော်မှာ နယ်မြေချဲ့တွင် နိုင်ရေးဟာ လက်ရှိ အစ္စလာမ္မစ် ဘင်္ဂလားဒေ့ရှ်ဝါဒီတွေရဲ့ ပထဝီဝင် ဗျူဟာဖြစ်နေတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာမွတ်ဆလင် သန်းနဲ့ချီကို အိမ်ရှင်အဖြစ် လက်ခံထားရှိနေပေမယ့် ယာယီအစိုးရ အပေါ် ထောက်ခံကြသူတွေ များပြားပြီး အစ္စလာမ္မစ်ပါတီတွေကလည်း ဒါကာဟာ ဒုက္ခသည်မူဝါဒတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်ဆပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ဗျူဟာမြောက်သရုပ်ဆောင်ပြနေခြင်းသက်သက် မဟုတ်ဘူးလို့ ယုံကြည်ထားကြတယ်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကော့ဘဇားမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကို လက်ခံထားတယ်။ အစ္စလာမ္မစ် အစွန်း ရောက်တွေက ဒီ ဒုက္ခသည်တွေကို အင်အားအဖြစ် အသုံးချပြီး မြန်မာဘက်အခြမ်းကို နပ်စပ်ဒေသ အသုံး ချလို့ ဆန့်ကျင်တိုက်ခိုက်ဖို့လည်း ကြံစည်အကောင်အထည်ဖော်နေကြတယ်။

အစွန်းရောက် အစ္စလာမ်စစ်တပ်ဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ် (ARSA) ကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် Jama’atul Mujahideen Bangladesh (JMB) လက်နက်ကိုင်အဖွဲ့က သင်တန်းတွေပေးတယ်။ JMB အဖွဲ့ဟာ ရခိုင်ဒေသမှာ ပဋိပက္ခဖြစ်ဖို့ လူပေါင်းများစွာကို အကြံနဲ့သတ်ဖြတ်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့ Jamaat-e-Islami အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့နဲ့ ချိတ် ဆက်ထားတယ်။ ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်နှစ်ဖက်မှာ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန် နေတဲ့အဖွဲ့၊ မူးယစ်ဆေး၊ လက်နက်မှောင်ခို၊ လူကုန်ကူးနဲ့ ပြန်ပေးဆွဲမှုတွေ လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။

ရက်ခြားဆိုသလို ဒီလက်နက်ကိုင်တွေနဲ့ မြန်မာဘက်က လက်နက်ကိုင်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိနေတယ်။ မြန်မာ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ လူမျိုးရေးတင်းမာ မှုတွေဟာလည်း ဘင်္ဂလားဒေ့ရှ်မှာ ပိုဆိုးလာတယ်။ ဒီအရေးဟာ မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်း ကြီးမားတဲ့ သက်ရောက်မှုကြီးဖြစ်နေတယ်။ ဒါကြောင့် နယ်စပ်နဲ့ ရခိုင်ဒေသတွင် အကြမ်းဖက်မှုတွေ မကြီးထွားရေး၊ လူမျိုးရေး တင်းမာမှုတွေကို ထိန်းချုပ်နိုင်စေရေးအတွက် အစိုးရရဲ့ နိုင်ငံရေး၊ မူဝါဒနဲ့ လုံခြုံရေး တုံ့ပြန်မှုတွေကို ချိန်ညှိ၊ ပေါင်းစပ်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအချိန် ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်ဒေသ နယ်မြေချဲ့တွင်ရေးအတွက် စစ်ရေးအင်အား ချို့ယွင်းအားနည်းချက် ရှိနေတယ်ဆိုပေမယ့် လူဦးရေးဆိုင်ရာ ဖိအားကတော့ အိန္ဒိယနဲ့မြန်မာနှစ်နိုင်ငံအတွက် အမှန်တကယ် သက်ရောက်တည်ရှိပြီး ပူပန်စရာအခြေအနေဖြစ်နေပါပြီ။ ဘင်္ဂလားဒေ့ရှ်မှာ အစ္စလာမ္မစ် ပါတီတွေ အာဏာ ပြန်လည် ထူထောင်လာခြင်းနဲ့အတူ မဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတော်အဖြစ် နယ်မြေကျူးကျော်ချဲ့တွင်လိုချင်း အိုင်ဒီယာကြောင့် အိန္ဒိယနဲ့မြန်မာနိုင်ငံက မူဝါဒချမှတ်သူခေါင်းဆောင်တွေ နိုးထမှဖြစ်တော့မယ်အနေအထား ကိုလည်းရောက်သင့်ပါပြီ။ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေး ကသောင်းကနင်း စဖြစ်ပြီးကတည်းက မြန်မာနိုင်ငံဘက် ကို ရွှေ့ပြောင်းနေထိုင်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေလည်း များပြားလာခဲ့ပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုမျိုးနွယ်စုတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကလည်း ပိုမိုတိုးပွားလာခြင်းနဲ့အတူ လူအများအပြား မြန်မာနိုင်ငံထဲကို နေအိမ်ရွှေ့ပြောင်းနေထိုင်လာမှုတွေလည်း အများအပြားတည်ရှိလာနေပါပြီ။

ဟာစီနာခေတ်လွန်မှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ အာဏာမသိမ်းနိုင်ဘူးလို့ မပြောနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နေစဉ်သတင်းစာဖြစ်တဲ့ Prothom Alo မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီသတင်းမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ဟာစီနာ အာဏာကျအောင် လုပ်ဆောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်သူတွေဖြစ်ကြောင်း၊ ဒီလိုလုပ်ဆောင်ရခြင်းက အစ္စလာမ္မစ်ထောက်ခံ အစိုးရတစ်ရပ်ကို ထူထောင်ချင်လို့ လမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင် တပ်တွေဟာ မြန်မာနဲ့ အိန္ဒိယအပေါ် သဘောထားတင်းမာလွန်းသူတွေဖြစ်နေခဲ့တာကလည်း အရင်ကတည်းကဖြစ်လို့ သူတို့ရဲ့ မဟာဘင်္ဂလားဒေ့ရှ် ချဲ့တွင်ရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ အကွက်ရွှေ့နေတာဖြစ်မယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။

မဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတော် အတွေးအခေါ်မှာကိုက အစ္စလာမ္မစ်တွေရဲ့ မဟာစီမံကိန်းအဖြစ် ဘင်္ဂလားဒေ့ရှ် ဟာ ဘင်္ဂလီယဉ်ကျေးမှု၊ ဘင်္ဂလီပိုင်မြေဖြစ်ရေးမူဝါဒ ချမှတ်ထားတယ်။ လက်ရှိမှာ အိန္ဒိယဟာ ဘင်္ဂါလီ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ဖျက်သိမ်းလိုရေး စီမံကိန်းချမှတ်လို့ ဟိန္ဒူအများစု နိုင်ငံတော်ဖြစ်ဖို့ ကြိုးပမ်း နေတယ်။ ဒါကြောင့် ဘင်္ဂါလီ အထောက်အထားကို တည်တံဖို့ အနောက်ဘန်ဂေါက ဘင်္ဂါလီတွေဟာ အိန္ဒိယ ကခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်ဆီ ပူးပေါင်းနိုင်ရေးက အစ္စလာမ္မစ်တွေရဲ့ ရည်မှန်းချက်ဖြစ်နေတယ်။ သူတို့အားလုံး တိုးတိုးတိတ်တိတ်နဲ့ စည်းလုံးမှုရယူပြီး မဟာဘန်ဂေါပြည်နယ်ဖြစ်လာရေး တွန်းအားပေးနေမှုဟာ တကယ့် တိုက်ပွဲကြီးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံဖြစ်တည်မှုအကျပ်အတည်းကို ဖန်တီးဖို့အရေး အနောက်ဘင်္ဂလားရှိ ပြည်တွင်းဖြစ် အစ္စလာမ္မစ်အစွန်းရောက်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို ဖန်တီးနေကြပါပြီ။

ဒါကြောင့် အိန္ဒိယဟာလည်း နယ်စပ်လုံခြုံရေးကိုမဖြစ်မနေ အင်အားမြှင့်တင် လုပ်ဆောင်ရပါမယ်။ တရားမဝင် ခိုးဝင်မှုတွေကို အမြစ်ဖြတ် နှိမ်နင်းရပါမယ်။ ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်တွေရဲ့ ချဲ့ထွင်ရေးစိတ်ကူးယဉ်ကို အိန္ဒိယရဲ့ နယ်မြေစိုးမိုးရေးအပေါ် အမှန်တကယ် ခြိမ်းခြောက်မှုအဆင့် ရောက်မလာရေး သေချာစေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ သံတမန်ရေးရာအရ ထိတွေ့ဆက်ဆံရမှာပါ။ တစ်ချိန်တည်းမှာပင်ပဲ တောင်အာရှရဲ့ သိမ်မွေတဲ့ တည်ငြိမ်မှုအပေါ် အစွန်းရောက်အယူဝါဒများတွေ ကူးစက်ပြီး မတည်မငြိမ်မဖြစ်စေဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရယူ အားဖြည့်ပေးရမှာ ဖြစ်ပါကြောင်း . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now