ဆောင်းပါး

လက်ပံတောင်းမှာ လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေတဲ့ တရုတ်

မဲခေါင် 19 May - 2024
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်တန့်သွားတဲ့ မြန်မာ့ကြေးနီသတ္တုတွင်းလုပ်ငန်းကို ပြန်လည်ထူထောင်ဖို့ တရုတ်နိုင်ငံက နည်းပညာရှင် ၈၀နဲ့ ၁၀၀ ကြားဟာ မကြာသေးမီက ဆားလင်းကြီးကို ရောက်ရှိခဲ့ပါတယ်။

လင်းမောင်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်တန့်သွားတဲ့ မြန်မာ့ကြေးနီသတ္တုတွင်းလုပ်ငန်းကို ပြန်လည်ထူထောင်ဖို့ တရုတ်နိုင်ငံက နည်းပညာရှင် ၈၀နဲ့ ၁၀၀ ကြားဟာ မကြာသေးမီက ဆားလင်းကြီးကို ရောက်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင် – Wanbao Mining Co. Ltd. ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ မြန်မာဝမ်ပေါင် Myanmar Wanbao Mining Copper Ltd. နဲ့ Myanmar Yang Tse Copper Ltd. တို့ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းနဲ့ အခြားတွင်းထွက်သတ္တုပေါများတဲ့ ဇုန်တွေအတွင်းမှာ သတ္တုတူးဖော်နေကြတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် – Myanmar Economic Holdings Limited (MEHL) နဲ့ ဖက်စပ်လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ ကြေးနီလုပ်ငန်းက အလုပ်သမားတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM မှာပါဝင်ပြီး အလုပ်ထွက်တာကြောင့် လက်ပံတောင်းသတ္တုတွင်းရဲ့ လည်ပတ်နိုင်မှု ၈၀ ရာခိုင်းနှုန်းကျော် လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ပေါင်က ကြေးနီတွေကို ရန်ကုန်သို့ ပို့ဆောင်ပြီး တရုတ်နိုင်ငံနဲ့ လွှဲပြောင်းကာ ကြေးနီတွေကို ဆက်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အချိန်အတော်ကြာ ရပ်နားထားခဲ့တဲ့ စက်ပစ္စည်းကိရိယာတွေကို စစ်ဆေးတာနဲ့ ပြုပြင်ထိန်းသိမ်းတာတွေ ဆက်တိုက်လုပ်ဆောင်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီဘက်က ဧပြီလ ၁၇ ရက်မှာ ကြေညာထားပါတယ်။

“ဝမ်ပေါင်ကုမ္ပဏီဘက်က ကြေးနီကို ဆက်ပြီးထုတ်ယူနေတယ်။ စက်ရုံတွေအားလုံး ပြန်လည်လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လုံခြုံရေးအစီအမံတွေ လုပ်ဆောင်ပြီး လူနေရပ်ကွက်တွေမှာ လက်နက်ကြီးတွေပါချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက မြန်မာဝမ်ပေါင်နဲ့ ယန်စီတို့က တရုတ်အလုပ်သမားတွေ ရောက်ရှိလာတာကို တုံ့ပြန်တဲ့ အနေနဲ့ မေလ ၇ရက်နေ့ ဆန္ဒပြမှုအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

မကြာသေးမီက ကြေးနီသတ္တုတွင်းကို ရောက်လိုက်တဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံရေးအစောင့်တွေနဲ့ လုံခြုံရေးကားတွေ ထားရှိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးနားရှိ ကျေးရွာတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်တပ်က ရှင်းလင်းထားပြီး ကြေးနီတင်ဆောင်လာတဲ့ ယာဉ်တွေကို တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ စစ်တပ်က အကာအကွယ်တွေပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြေးနီတွေ တင်ဆောင်ပြီးတာနဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကြောင်းတွေ စေလွတ်ပေးတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဒေသခံက “သူတို့က လမ်းဘေးတလျှောက် ရွာတွေကို လက်နက်ငယ်တွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်၊ မီးရှို့တယ်၊ လုံခြုံရေးတွေ ချထားတယ်” လို့ ဆိုပါတယ်။

မေလ ၁ရက်နေ့မှာ မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက် ဂွေပင်တောရွာအနီးမှာ စစ်ကောင်စီအတွက် ၀င်ငွေအရင်းအမြစ်တစ်ခုဖြစ်တဲ့ ကြေးနီတန်ချိန် ၅၄၀ နီးပါး တင်ဆောင်လာတဲ့ ယာဉ်တန်းကို မြင်းမူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ရာမှာ တရုတ်နိုင်ငံသားတစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုမှာလည်း ယာဉ်နှစ်စီး ပျက်စီးခဲ့ပေမယ့် ဒီအပေါ် ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက တုံ့ပြန်မှုမရှိသေးပါဘူး။

ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ဝမ်ပေါင်ကုမ္ပဏီ ပြန်လည်လည်ပတ်ရင် မိုင်းခွဲဖြိုချပစ်မယ်လို့ ၂၀၂၂ခုနှစ် ဧပြီလတုန်းက ထုတ်ပြန်ထားပါတယ်။

နှစ်လအကြာမှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ အရေးပါတဲ့ ဝင်ငွေအရင်းမြစ်ဖြစ်တဲ့ ကြေးနီစီမံကိန်းကို ခုခံကာကွယ်သွားမယ်လို့ ပြန်လည်ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now