ဆောင်းပါး

ဘာကြောင့် ဆီဆိုင်မြို့နယ်ကို စစ်မီးကူးရသလဲ

မဲခေါင် 31 Jan - 2024
ဆီဆိုင်မြို့နယ်ဟာ စစ်မီးမကူးခင်ကာလ ကရင်နီပြည်နယ်မှ စစ်ဘေးရှောင် ၂၀၀၀၀ ကျော် မှီခိုနေတာ ၂၀၂၂ နှောင်းပိုင်းကတည်းကပါ။

စိုင်းခွန်

ဆီဆိုင်မြို့နယ်ဟာ စစ်မီးမကူးခင်ကာလ ကရင်နီပြည်နယ်မှ စစ်ဘေးရှောင် ၂၀၀၀၀ ကျော် မှီခိုနေတာ ၂၀၂၂ နှောင်းပိုင်းကတည်းကပါ။

အဲဒီစစ်ဘေးရှောင်များ လိုအပ်တဲ့ စားဝတ်နေရေးကိစ္စအဝဝကို PNLO ဆက်ဆံရေးရုံးက စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးနေတာကို တွေ့ရတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ပအိုဝ်းဒေသဟာ စစ်ဘေးရှောင်မှီခိုရာဇုံအဖြစ်သတ်မှတ်ရန် PNLO က ဖော်ဆောင်နေတာကို သိသာနေတယ်။

အကြောင်းက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကရင်နီပြည်နယ်မှ အသစ်ထပ်ရောက်လာတဲ့ စစ်ဘေးရှောင်များကို သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရလက်အောက်ရှိ အုပ်ချုပ်ရေးဌာနများနဲ့ PNO အုပ်ချုပ်ရေးအဖွဲ့များက ထပ်ရောက်လာတဲ့ စစ်ဘေးရှောင်များကို လက်မခံကြဖို့ ပအိုဝ်းကျေးရွာတွေကို အမိန့်နဲ့ လိုက်လံညွန်ကြားခဲ့သော်လည်း PNLO က ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်များကို လူသားခြင်း စာနာထောက်ထားမှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အလေးထားတဲ့အနေနဲ့ ပအိုဝ်းပြည်သူများက စစ်ဘေးရှောင်များကို တတ်အားသမျှ ကူညီပေးကြဖို့ ထုတ်ပြန်ကြေညာခဲ့တဲ့ နှိုးဆော်စာကိုလည်း တွေ့ခဲ့ရပါတယ်။

PNLA က တဘက်မှာလည်း ကရင်နီပြည်နယ်မှ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများရဲ့ လိုအပ်တဲ့လက်နက်ခဲယမ်းပစ္စည်းတွေကို ကူညီနေတယ်ဆိုတာ ယူဆရပါတယ်။ အဲလိုလုပ်ဆောင်ခြင်းဟာ ကရင်နီပြည်နယ်မှတော်လှန်ရေးအင်အားစုများက ဆီဆိုင်မြို့နယ်အတွင်း ဝင်မလာနိုင်အောင် ဟန့်တားနိုင်တယ်လို့ PNLO ဘက်က မှတ်ယူပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ၂၀ရက်နေ့ညမှာ ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ဖြတ်သန်းတဲ့ PNLA ရဲ့ လက်နက်ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ PNO အသွင်ပြောင်း ပြည်သူ့စစ်တို့ပူးပေါင်းပြီး ဟန့်တားခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွါးခဲ့တယ်။

အဲဒီညမှာ တိုက်ပွဲဖြစ်ကြပေမဲ့ ခေတ္တရပ်ပြီး နှစ်ဘက်တပ်က ယာဉ်တန်းဖြတ်သွားခွင့်ပြုဖို့ နောက်နေ့ ဇန်နဝါရီ ၂၁ရက်နေ့ထိ ဆက်လက်ညှိနှိုင်းပေမဲ့ အောင်မြင်မှုမရဘဲ အဲဒီနေ့ မွန်းတည့်ချိန်မှာ တိုက်ပွဲဖြစ်ပွားပြီးလက်နက်ခဲယမ်းတင်ထားတဲ့ PNLAကား ၅ စီးဟာလည်း မီးလောင်ပျက်စီးခဲ့တယ်။ နှစ်ဘက်ညှိနှိုင်းရာမှာ PNLO ဘက် ညှိနှိုင်းရေး ခေါင်းဆောင်တစ်ဦးက “ဖြတ်သန်းခွင့်မပြုပါက ရှမ်းပြည်တောင်ပိုင်းမှာ စစ်မီးကူးစက်နိုင်တဲ့အလားအလာများရှိကြောင်း” စကစ ဗိုလ်ချုပ်ထံသို့ သတိပေးခဲ့တယ်လို့ PNLO နဲ့နီးစပ်တဲသူတစ်ဦးက ပြောပြတာကိုလည်း သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ညမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ PNLO ဌာနချုပ်အနီးရှိ နောင်ထော်ရွာမှာ စစ်လေယာဉ်နဲ့ ဗုံးလာကြဲချပြီး စစ်ဘေးရှောင်နှစ်ဦး သေဆုံးခဲ့တယ်။

အဲ့ဒါတွေကြောင့် ဆီဆိုင်မြို့နယ်ကို စစ်ဘေးရှောင်ခိုလုံရာဇုံအဖြစ် ဖော်ဆောင်လိုတဲ့ PNLO ဟာ ပျက်ပြယ်ခဲ့ရပါတယ်။

အကြောင်းရင်းက ကရင်နီပြည်နယ်သို့ ပို့ဆောင်မဲ့ လက်နက်ခဲယမ်းအလက်ပေါင်း ၅၀၀ ကျော်ကို PNO အသွင်ပြောင်းပြည်သူ့စစ်က ဟိုပုံးမြို့နယ်မှာ ပထမအကြိမ်ဖမ်းဆီးပြီး ရပခ သို့ အပ်ခဲ့ခြင်း၊ ကရင်နီပြည်နယ်သို့ ထပ်ပို့မဲ့ လက်နက်အလက်ပေါင်း ၅၀၀ ကျော်ကိုလည်း PNO အသွင်ပြောင်း ပြည်သူ့စစ်က သတင်းပေးမှုကြောင့် ပင်လုံမြို့မှာ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရခြင်း၊ PNLO မိမိတပ်ဖွဲ့ကို တပ်ဆင်ဖို့အတွက် သယ်လာတဲ့ လက်နက်ခဲယမ်း ၅၀၀ ကျော်ကို PNO အသွင်ပြောင်းပြည်သူ့စစ်က နောက်ယောင်ခံပြီး ရပခ သို့မျက်နှာလိုမျက်နှာရဖြင့် သတင်းပို့ပြီး ဖမ်းဆီးဖို့ စကစ နဲပူးပေါင်းပြီး PNLO ယာဉ်တန်းသွားတဲလမ်းကြောင်းကို ပိတ်ဆို့ရာမှ တိုက်ပွဲဖြစ်ပွားတဲ့အထိဖြစ်ပွါးခဲ့တယ်။

အဲဒီလက်နက်သယ်တဲ့လမ်းကြောင်းကို လိုက်နှောက်ယှက်တဲ့ PNO ဟာ စစ်အာဏာရှင်စနစ်ကို ထောက်ခံတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ လက်နက်ကိုင်ခွင့်ရ မှတ်ပုံတင်ထားတဲ အခွင့်ထူးခံ နိုင်ငံရေးပါတီ တခုဖြစ်တယ်။

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက PNO ကြောင့်လက်နက်အမြောက်အများဆုံးရှုံးရတာကို အခဲမကြေဖြစ်ခဲ့ကြတယ်။

အဲဒီအင်အားစုများက ပအိုဝ်းဒေသကို စစ်ရေးဝင်ရောက်လှုပ်ရှားဖို့ ကြံစည်ခဲ့ပေမဲ့ စစ်ဘေးရှောင်ကို ကူညီပေးနေတဲ PNLO အဖွဲ့က ပအိုဝ်းဒေသကို စစ်ဘေးရှောင်မှီခိုရာဇုံအဖြစ် ဖော်ဆောင်သတ်မှတ်နေတယ်။

အဲဒီဒေသကို တိုက်ပွဲမဖော်ဆောင်ဖို့ PNLO က အဲဒီအင်အားစုထံ မေတ္တာရပ်ခံထားတယ်ဆိုတာ သိရတယ်။ စံဖူးကျေးရွာမှာ PNLO လက်နက်သယ်ကားတန်းကို လိုက်လံပိတ်ဆို့သတင်းပေးတဲ့ PNO တပ်ဖွဲ့ဟာ ခွန်ဗီးဦးဆောင်တဲ့တပ်ဖွဲ့ဖြစ်တယ်။

ခွန်ဗီးတပ်ဖွဲ့ဟာ တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်အနီးမှာ မူးယစ်ဆေးဝါးကားတစ်စီးစာသယ်လာပြီး စကစ စစ်တပ်ကဖမ်းဖို့ကြိုးစားရာမှာ နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့တယ်။

အဲဒီကိစ္စကို ခွန်ဗီးနဲ့နေဝင်းထွန်းက ကျပ်ငွေ သိန်း ၄၀၀၀ ကို ရပခမှာပေးပြီး အမှုပိတ်စေခဲ့တယ်ဆိုတာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။ လက်ရှိအခြေအနေမှာ PNO က စကစဘက်မှ ကူတိုက်ပေးတာဟာ ပအိုဝ်းဒေသမှာ စစ်မီးပိုမိုကျယ်ပြန့်နိုင်တယ်ဆိုတာ သုံးသပ်မိပါတယ်။

#MeKongNews

#ဆီဆိုင်

#စစ်မီး

#ကူးစက်

#PNLO

#PNLA

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now