တရုတ်ဆီ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကို ထိုင်ဝမ် ထောင်ဒဏ် ၁၂ နှစ်ချမှတ်
မဲခေါင်၊ ဇန်နဝါရီ ၃
တရုတ်ဆီ နိုင်ငံတော်လျှို့ဝှက်အချက်အလက်တွေ ရောင်းစားပေးပို့ခဲ့သူ အငြိမ်းစား စစ်ဗိုလ်ကြီး လီဟိုင်းပန်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်သလို အမှုတွဲမှာပါဝင်တဲ့ သား ၂ ယောက်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လီယုရှန်းကို ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ၊ တပ်ကြပ်ကြီးဟောင်း လီယုချင်းကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆ လ ချမှတ်ခဲ့ပါတယ်။
အငြိမ်းစား လေတပ်ဗိုလ်မှူး လီဝမ်းရှန်ကိုလည်း ရန်သူစပိုင်တွေကို ထောက်ပံ့ပေးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်တာပါ။
ဒီအမှုတွဲဟာ အရင်ချမှတ်ထားတဲ့ ထောင်ဒဏ်တွေထက် ပိုတိုးမြှင့်ချမှတ်လိုက်တာဖြစ်ပြီး ၂၀၂၄ ဩဂုတ်လတုန်းက တရားခံအားလုံးဟာ လီဟိုင်းပန်ကို ထောင်ဒဏ် ၄ နှစ်သားချမှတ်ထားရာက အယူခံ ဝင်ခဲ့ကြလို့ ဆက်လက်စုံစမ်းရာမှာ စစ်ရေး အထူးလျှို့ဝှက်ချက်တွေကိုပါ တရုတ်ဆီ ရောင်းစားကြောင်း တွေ့ရှိလို့ ပြစ်ဒဏ်တွေကို တိုးမြှင့်လိုက်တာဖြစ်ကြောင်း တရားရုံးက ထုတ်ပြန်သွားပါတယ်။
တရားခံတွေဟာ အမျိုးသားလုံခြုံရေး သတင်းအချက်အလက် ကာကွယ်မှု အက်ဥပဒေကို ၃ ကြိမ် ချိုးဖောက် တာတွေ့ရလို့ စွဲချက် ၃ ချက် ဖြစ်သွားပြီး ၁၉၉၀ ပြည့်နှစ် အနားယူမှုမတိုင်ခင် လီဟိုင်းပန်ဟာ တရုတ်ထောက် လှမ်းရေးဘက်က စေလွှတ်ထားတဲ့ စပိုင်ပီပီ ပင်စင်ယူပြီးချိန် တရုတ်အလိုကျ ထိုင်ဝမ်ဘက်က လက်ခံပေးရမယ့် အမြင်နဲ့ နှစ်ဖက်ညှိနှိုင်းရေးလုပ်ဖို့ပါ စေခိုင်းခံထားရသူဖြစ်ကြောင်း စုံစမ်းသိရှိရတာဖြစ်ပါတယ်။
ဒီလိုအတွင်းသူလျှို လုပ်ဆောင်ပေးမှုမှာ လီဟိုင်းပန်ဟာ တရုတ်ဆီက ဒေါ်လာ ၁၀၀၀၀ အပြင် တောင်ကိုရီးယား ခရီးစဉ်အတွက် ကုန်ချစားရိတ်တွေပါ ရရှိခဲ့ကာ ၂၀၁၂ ခုနှစ်က သားဖြစ်သူတွေနဲ့အတူ မလေးရှားမှာ တရုတ် ထောက်လှမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတုန်း နိုင်ငံတော် အထူးလျှို့ဝှက်ချက် ကော်ပီတွေကို ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အယူခံဝင်မှုနောက်မှာ ထပ်မံစုံစမ်းပေါ်ပေါက်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အားလုံးကို ကနဦး ထောင်ဒဏ်တွေကနေ အများအပြား ထောင်ဒဏ်နှစ်တိုးချမှတ်လိုက်တာဖြစ်ပါတယ်။
Ref: aninews
MKF-001
#MeKongNews








