မဲခေါင်၊ ဧပြီ ၇
ထိုင်းနိုင်ငံမှာ ၂၀၂၇ ခုနှစ်ရောက်ရင် အခြေခံတစ်နေ့လုပ်ခလစာ ဘတ် ၆၀၀ ပေးဖို့ ရည်မှန်းထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး ပီပတ်ရတ်ချာကစ်ပရာကန်က ဧပြီ ၅ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။
သူ့အလုပ်သမားဝန်ကြီးသက်တမ်းအတွင်း အနိမ့်ဆုံးတစ်ရက်လုပ်ခကို ဘတ် ၄၀၀ အဖြစ် ဧပြီ ၁၃ နေ့ကနေ စတင်ပေးသွားဖို့ စီစဉ်ပြီးခဲ့ရာမှာ ခရိုင် ၁၀ ခုရှိ ကြယ် ၄ ပွင့်နဲ့အထက် ဟိုတယ်ဝန်ထမ်းတွေလောက်ကိုသာ ကနဦးတိုးပေးနိုင်ခြင်းက အားလုံးကို တိုးပေးလိုက်ရင် နိုင်ငံရဲ့ အများစုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲက ၇၁ ရာခိုင်နှုန်းရှိတဲ့ အလတ်စားနဲ့အသေးစားလုပ်ငန်းတွေက ရပ်တည်နိုင်ဖို့မလွယ်တော့ဘဲ ဒီ SME အလုပ်ပေါင်း ၄၀ ရာခိုင်နှုန်း၊ လုပ်သားပေါင်း ၅ သန်း အလုပ်လက်မဲ့ဖြစ်သွားမှာမို့ တစ်ဆင့်ချင်းတိုးပေးဖို့ စီစဉ်တာဖြစ်တယ်လို့ ပီပတ်က ဆက်လက်ရှင်းပြသွားပါတယ်။
ဟိုတယ် Skill Worker တွေကို ဦးတည်ပြီး ပထမဆုံး အခြေခံလစာတိုးပေးရခြင်းက နိုင်ငံရဲ့အဓိက စီးပွားရေး ဖြစ်တဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း ဝင်ငွေတိုးဖို့လိုအပ်တာကြောင့်ဖြစ်ပြီး ၂၀၂၇ မှာ အခြေခံတစ်ရက်လုပ်ခ ဘတ် ၇၀၀ အထိ တိုးပေးဖို့ ယုံကြည်ထားခြင်းမှာလည်း တစ်ဆင့်ချင်း စီးပွားရေးတည်ငြိမ်မှုကို ရှေးရှုလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပီပတ်က ရှင်းလင်းပြောဆိုသွားပါတယ်။
Ref:Bangkokpost
MKF-001