အာစီယံဒေသတွင်း

၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို စွန့်လွှတ်မယ်လို့ စစ်ကောင်စီ ဆုံးဖြတ်

မဲခေါင် 17 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၇ အာဆီယံ အလှည်ကျ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျမှာ ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ဥက္ကဌ နေရာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ထိုင်း BPS မီဒီယာက ဩဂုတ် ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

မဲခေါင်၊ သြဂုတ် ၁၇

အာဆီယံ အလှည်ကျ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျမှာ ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ဥက္ကဌ နေရာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ထိုင်း BPS မီဒီယာက ဩဂုတ် ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အသိအမှတ်ပြု လက်ခံခြင်း မရှိတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အများအပြားရှိနေပြီး စစ်ကောင်စီကို ၂၀၂၆ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးပေးခဲ့ရင် အာဆီယံ အတွင်း အကွဲအပြဲများစွာ ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က တစ်နိုင်ငံလုံး အုံကြွတော်လှန် နေမှုကြောင့် ဥက္ကဌအဖြစ် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ အလက်အခဲ ရှိနေတာကြောင့် စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အမည် မဖော်ပြတဲ့ သံတမန် တစ်ဦးက အခိုင်အမာဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီဘက်က အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးနဲ့ ပတ်သက်လို့ ၂၀၂၇ ခုနှစ်အထိ ပါဝင်ပတ်သက်ဖို့ မရှိကြောင်း ဆုံးဖြတ်ထားပြီး သူတို့ တာဝန်မယူတဲ့ ၂၀၂၆ ခုနှစ် ဥက္ကဌ အလှည့်ကို ဖိလစ်ပိုင်က ရယူသွားမယ်လို့ ဒီသံတမန်က ဖွင့်ဟထားပါတယ်။ ဒီအကြောင်း စစ်ကောင်စီ ဘက်ကရော ဖိလစ်ပိုင် ဘက်ကပါ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ဝန်ခံခြင်း မရှိသေးပါဘူး။

မြန်မာ စစ်ကောင်စီဟာ ၂၀၀၆ ခုနှစ်ကလည်း အာဆီယံ အလှည့်ကျ ဥက္ကဌ နေရာကို စွန့်လွှတ်ခဲ့ဖူးပြီး အခုလည်း အုပ်ချုပ်မှု ယန္တရားဟာ ၂၀၂၇ ခုနှစ် အထိ အသင့်အနေအထား မရောက်နိုင်သေးတာ ကြိုသိတဲ့ အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်နိုင်ပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို အင်ဒိုနီးရှားက ရယူထားပြီး နောက်နှစ်မှာ လာအို၊ ၂၀၂၅ ခုနှစ်မှာ မလေးရှားတို့က လွှဲပြောင်း ဆက်ခံမှာ ဖြစ်ပါတယ်။

MKF-001

#Mekongnews

#အာဆီယံ

#စစ်ကောင်စီ

#ဖိလစ်ပိုင်

Ref: thediplomat

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now