အာစီယံဒေသတွင်း

မြန်မာလုပ်သားတွေကို နစ်နာကြေး အနည်းငယ်ပေးပြီး အလုပ်ထုတ်တဲ့ ထိုင်း ရော်ဘာလက်အိတ်စက်ရုံ Ansell ၀ိုင်း၀န်းဝေဖန်ခံရ

မဲခေါင် 14 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၄ ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး ရော်ဘာ လက်အိတ်တွေ အဓိက ဖြန့်ဖြူး ထုတ်လုပ်ရာ ဘန်ကောက် အခြေစိုက် Ansell စက်ရုံကြီးဟာ ကိုဗစ်ကာလ အလွန် အမှာနည်းပါးလွန်းလာချိန် စက်ရုံဝန်ထမ်း မြန်မာလုပ်သား ရာချီကို နစ်နာကြေး နည်းပါးစွာပေးပြီး အလုပ်ထုတ်နေလို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန် ဝေဖန်နေကြပါတယ်။

မဲခေါင်၊ သြဂုတ် ၁၄

ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး ရော်ဘာ လက်အိတ်တွေ အဓိက ဖြန့်ဖြူး ထုတ်လုပ်ရာ ဘန်ကောက် အခြေစိုက် Ansell စက်ရုံကြီးဟာ ကိုဗစ်ကာလ အလွန် အမှာနည်းပါးလွန်းလာချိန် စက်ရုံဝန်ထမ်း မြန်မာလုပ်သား ရာချီကို နစ်နာကြေး နည်းပါးစွာပေးပြီး အလုပ်ထုတ်နေလို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန် ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းက စက်ရုံ အကြီးအကဲတွေဟာ အလုပ် ဆက်မပေးနိုင်တော့လို့ မြန်မာလုပ်သားတွေ ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြဖို့နဲ့ နစ်နာကြေး ပေးမယ်ဆိုပြီး ခြိမ်းခြောက် အသိပေးခဲ့ကြောင်း မြန်မာ လုပ်သားတွေ ဘက်က တိုင်တန်းမှု ရှိလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ စစ်ဖြစ်ရာ နေရပ် ပြန်ပို့ခံရမှာ စိုးတာရယ်၊ သက်တမ်းလွန် အလုပ်ပါမစ်တွေကြောင့် နယ်စပ်ကနေ ပြန်ဝင်ရင် ဖမ်းဆီးခံရပြီး လူမှောင်ခိုကူးမှုနဲ့ ကြုံရမှာရယ်ကို စိုးရိမ်နေကြပြီး ၄၂ ယောက်သော မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ကတော့ ကြောက်ကြောက်နဲ့ အလုပ်က ထွက်ခဲ့ကြပြီး ၇ ယောက်ကလွဲလို့ ကျန်သူတွေဟာ နစ်နာကြေး ယူခဲ့ကြပြီး ဖြစ်တယ်လို့ စက်ရုံဘက်က ထုတ်ပြန်ပါတယ်။

ဒီစက်ရုံဟာ ကိုဗစ်ကာလမှာ ဝင်ငွေ ဒလဟော ရခဲ့တဲ့စက်ရုံ ဖြစ်ပေမယ့် ဆယ်စုနှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့တဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားပေါင်းများစွာ အတွက် အလုပ် ကထုတ်ခံရရင် လုပ်သက်နဲ့ တွက်ပြီး ထိုင်း အလုပ်သမား ဥပဒေ သတ်မှတ်နှုန်းထား အတိုင်း လျော်ကြေးငွေ ရရှိရမှာဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်က စက်ရုံတွင်း အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ အစည်အဝေး ပြုလုပ်တော့ မြန်မာနိုင်ငံ ပြန်မယ်ဆိုရင် သတ်မှတ် လျော်ကြေး ပေးမယ်လို့ တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ကြောင်း၊ ဒီလို ပေးရာမှာ ကုမ္ပဏီ တိုက်ရိုက်ခန့် အလုပ်သမားတွေကိုသာ လျော်ကြေးခွဲတမ်း သတ်မှတ်ပေးပြီး အလုပ်သမား ရှာဖွေရေး ကုမ္ပဏီ ဝန်ဝန်ဆောင်မှုတွေကနေ လာသူတွေကိုတော့ သူတို့ လုပ်သားအဖြစ် မသတ်မှတ်ဘဲ လက်ကျန်လစာနဲ့ တစ်လ နှစ်လ စာလောက်သာရှိတဲ့ လျော်ကြေးငွေပေးဖို့ အကြောင်းကြားခဲ့တာပါ။

တရားဝင် နှစ်ရှည်လုပ်သူတွေကို အနိမ့်ဆုံး တစ်နေ့လုပ်ခ ၃၈၈ ဘတ် (၁၇ ဒေါ်လာ) နှုန်းနဲ့သာတွက်ပြီး အများဆုံး ဘတ် ၄ သောင်း (ဒေါ်လာ ၁၇၅၀) သာပေးဖို့ သတ်မှတ်ကြောင်း၊ ဒါကြောင့် မြန်မာပြည်ပြန်ဖို့ မလုံခြုံသလို လုံလောက်တဲ့ ငွေလည်း မရဘဲ ဒုက္ခတွေရောက်ရကြောင်း အလုပ် သမားအခွင့်အရေးအဖွဲ့တွေထံ တိုင်ကြားကြတာ ဖြစ်ပါတယ်။

Ansell ပြောရေးဆိုခွင့်ရှိသူက အလုပ်မကောင်းတော့လို့ လက်ရှိ အလုပ်သမားတွေကို နစ်နာကြေး ပေးထုတ်စေပြီး ထိုင်းနိုင်ငံ အတွင်းမှာပဲ လုပ်ငန်းကို ဆက်လက်ရပ်တည်ကာ အလုပ်သမားသစ် တချို့ပြန်ခေါ်ရင် လည်ပတ်ချင်လို့ ဒီအတိုင်း စီစဉ်ရတာလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအလုပ်သမား ဥပဒေနဲ့ မညီတဲ့ နှိမ်ပြီး နစ်နာ ကြေးပေးမှုကြောင့် လွတ်လပ်သော ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကာကွယ်ပေးသူ အန်ဒီဟောက “ဒီစက်ရုံက မြန်မာလုပ်သားတွေဟာ အများစုက အလုပ်ပါမစ်၊ နေထိုင်ခွင့်စတဲ့ စာရွက်စာတမ်းတွေ သက်တမ်းကုန် ပြီးသားသူတွေချည်း များပါတယ်။ မြန်မာနိုင်ငံ ပြန်ပို့ရင်လည်း မြေအောက် ထိန်းသိမ်းရေးစခန်းမှာ နေရပြီး စစ်ဇုန် တွေထဲကို ပြန်ဖို့ ကြောက်ရွံ့နေကြရတယ်။ ကိုဗစ်ကပ်ဆိုးကာလမှာ အသေအလဲ အလုပ်အကြွေးပြုပြီး စက်ရုံ အတွက် အားလုံးက ငွေတွေအများကြီး ရှာပေးခဲ့လို့ ကန်ထရိုက်ခွဲအဖြစ် အလုပ်လုပ်သူတွေ၊ ပုဂ္ဂလိက အလုပ် သမားအေဂျင်စီကလာတဲ့ လုပ်သားတွေ ဖြစ်ပါစေ။ စက်ရုံ အလုပ်သမားတွေအဖြစ် သတ်မှတ်ရမှာပါပဲ။ ထုတ်မယ် ဆိုသူတို့အတွက် ထိုင်းအလုပ်သမား ဥပဒေနဲ့အညီ ပေးသင့်တဲ့ လျော်ကြေး ပေးကိုပေးရပါမယ်။ လက်ရှိပုံစံက အလုပ်လက်မဲ့ မြန်မာလုပ်သားတွေ အခြေအနေဟာ အဓမ္မအ လုပ်စေခိုင်းခံရခြင်း၊ လူကုန်ကူးခံရခြင်း အန္တရာယ်တွေကြုံတွေ့နိုင်ပါတယ်” လို့ ပြောကြားသွားပါတယ်။

MKF-001

#Mekongnews

#Ansell

#မြန်မာလုပ်သား

#နစ်နာကြေး

Ref: brisbanetimes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now