မြန်မာ့နွေဦး

စစ်တပ် မီးရှို့လိုက်တဲ့ ရင်းကဲရွာ ဒေသခံ ၁,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ ဆေးဝါးတွေ လိုအပ်နေ

မဲခေါင် 28 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၈ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ရင်းကဲကျေးရွာကို စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး သွားတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့‌ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ရင်းကဲကျေးရွာကို စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး သွားတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့‌ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ ရင်းကဲကျေးရွာထဲကို စစ်တပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တာပါ။

အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိတဲ့ ရင်းကဲကျေးရွာကို စစ်တပ်က ရွာလယ် စာသင်ကျောင်းကနေစပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀ ဝန်းကျင်ပဲ ကျန်တော့တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုပါတယ်။

လက်ရှိ ရင်းကဲကျေးရွာ ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ တခြားကျေးရွာ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စစ်ဘေးရှောင်တွေ စုဝေးနေထိုင်ကြတဲ့ အရပ်တွေမှာ ဆက်လက် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“တရွာလုံးနီးပါး ပြာကျသွားပါတယ်။ ရွာသူရွာသား အားလုံး ထွက်ပြေးတိမ်းရှောင် နေရတုန်းပါပဲ။ YRCIDP အနေနဲ့လည်း ရန်ပုံငွေ အခက်ခဲကြောင့် ထိရောက်စွာ မလှူဒါန်းနိုင်သေးပါဘူး။ မိုးကာ၊ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ဆေးဝါး၊ ကုန်ခြောက်တွေ လိုအပ်ပါတယ်” လို့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင် ပြည်သူများ ကူညီရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေစုပြီး နေထိုင်တဲ့ ရင်းကဲရွာအနီးက ခင်ပြင်၊ တောင်ဘို့ကြီးရွာတွေမှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေမှာ နေရာမဆန့်တော့တာကြောင့် တခြားနေရာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ မိုးကာ၊ အဝတ်အစား၊ ဆေးဝါးနဲ့ ရိက္ခာခြောက်တွေ ပိုပြီး လိုအပ်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်း နယ်စပ်မှာရှိတဲ့ ရင်းကဲကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ပြီး မီးရှို့ခဲ့တာတွေကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး ခဲ့ရတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒေသတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာ ဒေသခံ တွေဟာ နီးစပ်ရာ တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ရင်းကဲရွာ မီးလောင်တဲ့ အခြေအနေကို သွားကြည့်တဲ့ ဒေသခံ ၂၀ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် လောင်းရှည်မြို့အထိ ဖမ်းသွားပါသေးတယ်။

“သူတို့တွေ အဖမ်းခံရတဲ့ညရဲ့ နောက်ရက်မှာ ပြန်လွတ်လာပါတယ်။ စစ်တပ်က မထင်ရင် မထင်သလို ရွာတွေ ဝင်ပြီး ကျွဲ၊ နွားတွေ သတ်တယ်။ လူတွေကို ဖမ်းဆီး ရိုက်နှက်ပြီး ပြန်လွှတ်တယ်။ ပိုက်ဆံနဲ့ ရွေးရတာတွေလည်း ရှိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရင်းကဲရွာထဲကို စစ်ကြောင်းဝင်ရောက်လာချိန်မှာ ဒေသခံတွေ ထွက်ပြေးရင်း အသက် ၇၅ နှစ်အရွယ် အဘိုး၊ အဘွား ၂ ဦး ရွာမှာကျန်ခဲ့ပြီး လက်ရှိအချိန်ထိပျောက်ဆုံးနေကာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦး သေဆုံးခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာတော့ ရင်းကဲရွာ စစ်ကြောင်းထိုးခံရချိန် တောထဲမှာပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ ရွာသား ဦးတိုးလွင် ၄၅ နှစ်ကို မီးလောင်ဗုံး ဒဏ်ရာတွေနဲ့ ပြန်တွေ့ပြီး တိုက်နယ် ဆေးအဖွဲ့က ဆေးကုသပေးနေတယ်လို့ ယောဒေသ စစ်ဘေးရှောင် ကူညီရေး ကော်မတီထံက သိရပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဆောမြို့နယ်က ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားရာ အထိနာတဲ့ စစ်တပ်က ရင်းကဲကျေးရွာကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကြောင်းကြောင့် ကျင်ဒွေးလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ မဆာတွီရွာ၊ မော‌ချောင်းရွာ၊ လှိုင်ဒုတ်ရွာဟောင်းနဲ့ လှိုင်ဒုတ်ရွာသစ်က ပြည်သူ ၁,၀၀၀ ဝန်းကျင် လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကန်ပက်လက် အခြေစိုက် Khonu Battalion က ထုတ်ပြန်ထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မကွေးတိုင်းထဲက ဒေသခံ ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဇူလိုင် ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MK-009

#MeKongNews

#ရင်းကဲကျေးရွာ

#မီးရှို့ဖျက်ဆီး

#UNOCHA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now