မဲခေါင်၊ မတ် ၄
မြန်မာဘက်တွင် ဖမ်းဆီးရမိသည့် တရုတ်အရှိလို တရားခံ ၃ ဦးကို UWSA ကလွှဲပြောင်း ပေးအပ်လိုက်ကြောင်း UWSA နှင့်နီးစပ်သူထံမှ သိရသည်။
မတ် ၃ ရက်တွင် မြောက်ပိုင်းပန်ဆန်းရှိ မန်ခါးဂိတ်မှ တရုတ်နိုင်ငံသားတရားခံကျား ၂ ဦး၊ မတစ်ဦး စုစုပေါင်း ၃ ဦးကို UWSA က လွှဲပြောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်လို အရေးကြီး တရားခံတွေတော့မသိရဘူး။ လုံခြုံရေးတော့ အထူးတင်းကြပ်ထားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
ယင်းတရားခံများကို တရုတ်ဘက်မှ ကွမ်ရှီးတရား စီရင်ရေးကော်မရှင်မှ တရုတ်ရဲတပ်ဖွဲ့က လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ၎င်းတို့အလိုရှိ တရုတ်နိုင်ငံသား တရားခံများ၏ အမည်နှင့် အချက်အလက်များကို ပေးပို့ကာ ဖမ်းဆီးခိုင်းသည့် ဖြစ်စဥ်များ ရှိသည်။
#MeKongNews
#တရုတ်အလိုရှိ
#အရေးကြီး
#တရားခံ ၃ ဦး
#UWSA
#လွှဲပေး








